25/08/2023
Export ထည်ဆိုတာ
အဟောင်းလည်း မဟုတ်
အတုလည်းမဟုတ်တဲ့ အသစ်ပါ❗
Exportထည်ဘယ်လိုဖြစ်လာလဲ❓
ပြည်ပက နာမည်ကြီး Brand Companyတွေက
မြန်မာပြည်မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ
အထည်လာအပ်တဲ့အခါ
အထည် ၁၀၀၀အပ်ရင် ပိတ်စကို
၁၁၀၀စာလောက် ပိုပေးပြီးအပ်ကြတယ်
စက်ရုံက ၁၁၀၀စာချုပ်ပေးရတယ်
အဲ့ဒီ့ထဲကမှ
အကောင်းဆုံးအထည် ၁၀၀၀ကိုပဲ ရွေးထုတ်ပြီး
official siteမှာရောင်းကြတယ်
ကျန်တဲ့ ၁၀၀ ထဲမှာတော့
ချည်ကျော်တာ၊ကြယ်သီးrejectဖြစ်တာ၊
Cuttingပုံမက်တတ္တာ
ဘောပင်ခြစ်ရာ နဲ့အစွန်း ပါတာ
စတဲ့ Error မျိုးရှိတတ်ပေမဲ့
လုံး၀errorမပါတဲ့ အထည်တွေက ပိုများပါတယ်
အဲ့ဒီမှာ မြန်မာစက်ရုံက
အထည်ချုပ်ခဖိုး ၁၀၀၀စာပဲရတာ ကြောင့်
အလုပ်သမားခ နဲ့ တခြားစရိတ်တွေ
ပြန်ကာမိအောင် ပယ်လိုက်တဲ့အထည်တွေကို
အောက်စျေးနဲ့ ပြန်ရောင်းရင်း
exportထည်ဆိုတာ ဖြစ်လာတယ်။
Exportထည်တွေဘာလို့ တံဆိပ်ဖြတ်ထားလဲ❓
ပယ်လိုက်တဲ့ အထည်တွေဖြစ်တာကြောင့်
အနာအဆာလည်း ပါနိုင်လို့
Brandထည်တွေနဲ့ ဈေးတန်းတူထားရောင်းဖို့လည်း
မသင့်တော်တဲ့အတွက် ဈေးချရောင်းတယ်။
ဒီလိုဈေးချရောင်းတဲ့အတွက်
Brand imgaeထိခိုက်မှာစိုးတာကြောင့်ရော
တံဆိပ်ကိုဖြုတ်ပြီးမှ ရောင်းကြတယ်။
တစ်ခါတစ်လေ တံဆိပ်ဖြတ်ထားပေမဲ့
တစ်ခါတစ်လေ tagအပြည့်အစုံပါ,ပါတယ်
brand tagတွေမှာ ကပ်တဲ့
စျေးတောင် ပါလေ့ရှိပါတယ်။
Errorပါနိုင်တဲ့အထည်တွေမို့ ပိုင်ရှင်ကတောင်
သူတို့Brand imageက်မွာစိုးလို့
မယူပဲ ပယ်ခဲ့တဲ့အထည်တွေကို
စက်ရုံဘက်က ပိုင်ရှင်ခွင့်မပြုပဲ
Brand တံဆိပ်ကို Coverလုပ်ပြီး
ပြန်မရောင်းသင့်တဲ့အတွက်
ကျန်ခဲ့တဲ့အထည်တွေကို
တံဆိပ်ဖြုတ် ရောင်းရခြင်းဖြစ်ပါတယ်။
(အတိုချို့ရရင်တော့ Ethicပေါ့ဗျာ)
ဒါပေမဲ့ official site ကနေ
ဝယ်ပီးသုံးရတဲ့feelingမျိုး ကြိုက်ရင်
official site က ဝယ်ပါ
စျေးသက်သက်သာသာနဲ့
ချွေတာရာလည်းရောက်တယ်
အစစ်လည်းဝတ်ချင်ရင်တော့
Exportထည် ဝယ်ပါလို့ ပြောချင်ပါတယ်။
😔😔Export oulet ထည်၀ယ်ပြီး
Error သေးသေးလေးမှလက်မခံနိုင်ရင်
Export outlet မ၀ယ်ပါနဲ့
Wesite မှာ၀ယ်ပါ😔😔
Photo crd