Now & Ever

Now & Ever Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Now & Ever, Baby Goods/Kids Goods, Mandalay.

19/07/2025
သင့်ဘဝမှာ သင့်ဇနီးတစ်ဦးတည်းကသာသင့်ကို  တစိမ်းပြင်ပြင်ကနေသူချစ်ရတဲ့မိသားစုကို စွန့်ပြီး ချစ်တာပါ။သင့်အမေကသင့်ကို သူ့သားမ...
25/05/2025

သင့်ဘဝမှာ သင့်ဇနီးတစ်ဦးတည်းကသာ
သင့်ကို တစိမ်းပြင်ပြင်ကနေ
သူချစ်ရတဲ့မိသားစုကို စွန့်ပြီး ချစ်တာပါ။

သင့်အမေက
သင့်ကို သူ့သားမို့ ချစ်တာ။

သင့်သွေးချင်းတွေက
သင့်ကို သွေးသားတော်စပ် မောင်နှမရင်းမို့ ချစ်တာ။

သင့်ကလေးတွေက
သင့်ကို သူတို့အဖေမို့ ချစ်တာ။

သင့်ဇနီးက သင့်ကို သွေးသားမတော်ပဲ ချစ်တာ။
ဒါကြောင့် သင့်ဇနီးကို ပိုချစ်ခင်ပေးပါ။

📖✍

မိဘများအား သတိပေးချက်😊!!!ကျောင်း ဆရာမတစ်ဦးဟာ  သူ့ကျောင်းသားများရဲ့  အိမ်စာ‌‌ တွေကို စစ်ဆေးနေချိန်မှာတော့သူ့ယောက်ျားက အကြ...
16/05/2025

မိဘများအား သတိပေးချက်😊!!!

ကျောင်း ဆရာမတစ်ဦးဟာ သူ့ကျောင်းသားများရဲ့ အိမ်စာ‌‌ တွေကို စစ်ဆေးနေချိန်မှာတော့

သူ့ယောက်ျားက အကြိုက်ဆုံးဂိမ်းကိုဖုန်းတစ်လုံးဖြင့် စွဲလမ်းစွာ ဆော့နေသည်။

ဆရာမကတော့ နောက်ဆုံးအိမ်စာကို စစ်ဆေးရာတွင် တိတ်တဆိတ် ငိုကြွေးလာခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူက သတိထားမိပြီး --
"ဘာဖြစ်တာလဲ?"

သူမက —
"မနေ့က ကျွန်မရဲ့ ကျောင်းသားတွေကို 'ကျွန်ုပ်၏ ဆန္ဒ' ဆိုတဲ့ ခေါင်းစဉ်နှင့် စာစီစာကုံးရေးဖို့ အိမ်စာတစ်ပုဒ် ပေးခဲ့တယ်။"

ခင်ပွန်းဖြစ်သူက—
"အိုကေ၊ ဒါပေမယ့် ဘာလို့ ငိုနေရတာလဲ?"

မျက်ရည်များကို ထိန်းရင်း ဆရာမက ဖြေလိုက်သည်—
"နောက်ဆုံးစာကိုဖတ်မိတော့ မျက်ရည်မထိန်းနိုင်တော့လို့ပါ။" 🥹

အံ့ဩသွားသော ခင်ပွန်းဖြစ်သူက မေးလိုက်သည်—
"ဘာကြောင့် ဒီလောက်စိတ်ထိခိုက်စရာကောင်းတာလဲ?" လို့မေးတော့

ဇနီးဖြစ်သူက ကျောင်းသားရဲ့ စာစီစာကုံးအားဖတ်ပြလိုက်သည်—

"ကျွန်ုပ်၏ ဆန္ဒမှာ စမတ်ဖုန်းတစ်လုံးဖြစ်လာဖို့ပါ။
ကျွန်ုပ်၏ မိဘများသည် သူတို့၏ဖုန်းများကို အလွန်ချစ်ကြသည်။
သူတို့သည် ဖုန်းများကို အလွန်ဂရုစိုက်ကြပြီး တစ်ခါတစ်ရံ ကျွန်ုပ်ကို ဂရုမစိုက်ကြပါ။
အဖေသည် အလုပ်မှ ပင်ပန်းလာချိန်တွင် ဖုန်းအတွက် အချိန်ရှိသော်လည်း ကျွန်ုပ်အတွက် အချိန်မရှိပါ။
မိဘများသည် အရေးကြီးသောအလုပ်လုပ်နေစဉ် ဖုန်းမြည်လာပါက ချက်ချင်းဖြေကြသည်—
သို့သော် ကျွန်ုပ်ငိုနေသည့်တိုင် သူတို့သည် ထို့အတူမလုပ်ကြပါ။
သူတို့သည် ဖုန်းပေါ်တွင် ဂိမ်းကစားကြသည်၊ သို့သော် ကျွန်ုပ်နှင့် မကစားကြပါ။
ဖုန်းဖြင့် တစ်စုံတစ်ဦးနှင့် စကားပြောနေစဉ်၊ ကျွန်ုပ်တွင် အရေးကြီးသောစကားများရှိပါကလည်း သူတို့သည် နားမထောင်ကြပါ။
ထို့ကြောင့်၊ ကျွန်ုပ်၏ ဆန္ဒမှာ စမတ်ဖုန်းတစ်လုံးဖြစ်လာဖို့ပါ။"

ဤစကားလုံးများကို ကြားပြီးနောက် ခင်ပွန်းဖြစ်သူသည် အံ့ဩ လှုပ်ခတ်သွားကာ
"ဒီစာကို ဘယ်သူရေးခဲ့တာလဲ?" လို့ မေးလိုက်သည်။

မျက်ရည်များနှင့် ဇနီးဖြစ်သူက ဖြေလိုက်သည်မှာ—
"ကျွန်မတို့ရဲ့ သားပါ။" တဲ့🥺

မိဘများ သတိပြုပါ—
အီလက်ထရွန်နစ်ပစ္စည်းတွေဟာ
အသုံးဝင်‌ပေမယ့်၊ ၎င်းတို့က ကျွန်‌တော်တို့ ဘဝကို လွယ်ကူစေရန်အတွက်သာ ဖြစ်ပြီး၊ မိသားစုနှင့် ချစ်ခင်သူများအား ပေးအပ်ရမည့် မေတ္တာနှင့် အစားထိုးရန် မဟုတ်ပါဘူး။

ကလေးတွေက ဈေးကြီးတဲ့ပစ္စည်းတွေမတောင်းကြပါဘူး— သူတို့လိုချင်တာက မိဘရဲ့ အာရုံပြုမှု၊ အချိန်နဲ့ ချစ်ခြင်းမေတ္တာသာဖြစ်ပါတယ်။

ကလေးတွေနဲ့ အချိန်ယူပါ။ သူတို့ရဲ့ကလေးဘဝက တစ်သက်မှာ တစ်ခါပဲရှိမှာပါ။

ကလေးတွေက သူတို့ထက် ဖုန်းက ပိုအရေးကြီးတယ် ဆိုတဲ့ ခံစားချက် ရှိဖို့ မဖြစ်သင့်ပါဘူး။
အခုပဲ ရွေးချယ်ကြရအောင်❤️🥰

Crd

သားသမီးတွေဟာ မိဘကို ရွေးချယ်ခွင့်မရှိဘူး၊ပစ္စည်းဥစ္စာပြည်စုံသူတွေဆီ ဝင်ခိုခွင့်ရသူကရ၊ပညာတတ်မိဘတွေဆီ ခိုတွယ်ခွင့်ရသူကရ၊ဆင...
16/10/2024

သားသမီးတွေဟာ မိဘကို ရွေးချယ်ခွင့်မရှိဘူး၊
ပစ္စည်းဥစ္စာပြည်စုံသူတွေဆီ ဝင်ခိုခွင့်ရသူကရ၊
ပညာတတ်မိဘတွေဆီ ခိုတွယ်ခွင့်ရသူကရ၊
ဆင်းရဲနွမ်းပါးပြီး အသိပညာမရှိသူထံ တွယ်ဝင်ခွင့်ရသူကရပါပဲ…..

ဒီနေရာမှာတော့ သူ့ကံနဲ့သူ လာတယ်လို့ ဆိုရမှာပါ…..

အများအားဖြင့် ဦးဆောင်သူ မိဘတွေရဲ့လက်ငုတ်လက်ရင်း အလုပ်ကို ဆက်ခံကြတာများပါတယ်…..

အနီးစပ်ဆုံး ဥပမာပြရရင် အဖေလုပ်သူက စာရေးဆရာ ဒါရိုက်တာဆိုရင် သားတွေဖြစ်တဲ့ မောင်ဝဏ္ဏ၊သုမောင်၊မင်းလူ၊အာယုတို့က ဒါရိုက်တာတွေ စာရေးဆရာတွေဖြစ်ကုန်တယ်…..

အဖေလုပ်သူ ရင်ဂိုက အဆိုတော်ဆိုတော့ သားကလည်း အဆိုတော် ကျားပေါက်ဖြစ်လာတယ်…..

ကိုယ့်ဆီမှာ ကားလာမောင်းဖူးတဲ့ ဒရိုင်ဘာလေးကိုတစ်ခါက မေးဖူးတယ် မင်းအဖေ ဘာလုပ်လဲ မင်းတို့ မောင်နှမဘယ်နှယောက်ရှိသလဲဆိုတော့ အဖေဖြစ်သူက လိုင်းကားမောင်းတယ်၊သူတို့ညီအစ်ကိုလေးယောက်လုံးလည်း လိုင်းကားမောင်းတယ်တဲ့ ခုဆရာ့ဆီမှာ အိမ်ကားတစ်လှည့်လာမောင်းကြည့်တာတဲ့….

မြောင်းမြဒေါ်ချို မုန့်ဟင်းခါးအောင်မြင်လာတော့ သားစဉ်မြေးဆက် ဆိုင်ခွဲ အလီလီဖွင့်ပြီး မုန့်ဟင်း ခါးပဲရောင်းကြတယ်…..

အမှိုက်လှည်းတွန်းတဲ့ မိဘကမွေးတော့ သားသမီးတွေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ အမှိုက်လှည်းတွန်းနေတာကိုမြင်တော့ စိတ်မကောင်းတောင်ဖြစ်မိတယ်၊

ဘာအပြစ်မှ မရှိတဲ့ကလေးတွေရဲ့ အနာဂတ်က
မိဘပုံသွင်းပေးထားတဲ့ အမှောင်အတိ….

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးဖတ်မိတော့ သားသမီးတွေကို ပျိုး​ထောင်တာ ဘယ်လောက်အရေးပါတယ် ပိုသေချာသွားတယ်….

အဖေဆရာဝန် အမေဆရာဝန် မွေးလာတဲ့ သားသမီးငါးယောက်လုံးဆရာဝန် ဒါတွေဟာ ကံမဟုတ်ဘူး အလကားနေ ကံကိုပုံချချင်တဲ့ သူတွေကိုလည်း အံ့ဩမိတယ်

မိဘတွေရဲ့ အရိပ်ဟာ သားသမီးတွေ တဘဝလုံးအတွက် အုပ်မိုးထားတယ်ဆိုတာ သိစေချင်တယ်…..
တာဝန်ယူချင်စိတ်မရှိရင် အစကတည်းက သားသမီးမယူတာ အကောင်းဆုံးပဲ……

မွေးပြီးသွားပြီဆိုရင်တော့ သားသမီးတွေကို သူ့ကံနဲ့သူလာတာတို့၊ကံ ကံ၏အကျိုးတို့ တာဝန်မဲ့စကားမပြောနဲ့ မိဘ သောက်သုံးမကျရင် သားသမီးခံရမှာပဲ….

သူတို့ဘဝ သာယာဖြောင့်ဖြူးအောင် ထုဆစ်လမ်းခင်းပေးဖို့က မိဘတွေရဲ့တာဝန်၊သားသမီးတွေ ဘဝအသိရှိအောင် သွန်သင်ဆုံးမဖို့က မိဘဝတ္တရား၊ကျောင်းထားပေးရုံမကဘဲ အဆင့်ဆင့်ပျိုးထောင်ပေးနိူင်မှ သူတို့ဘဝလန်းဆန်းမှာ….

Credit to Kyaw Win(စာရေးဆရာဗျူး)

မိဘတွေ သားသမီးကို ရင်ထဲကပဲ ချစ်မနေဘဲ အပြင်မှာ ချစ်ပြတတ်ဖို့ လိုကြောင်းပြလိုက်တဲ့ အဖြစ်ဒီပုံလေးက နိုင်ငံခြားပေ့ တစ်ခုမှာ ...
08/08/2024

မိဘတွေ သားသမီးကို ရင်ထဲကပဲ ချစ်မနေဘဲ အပြင်မှာ ချစ်ပြတတ်ဖို့ လိုကြောင်းပြလိုက်တဲ့ အဖြစ်

ဒီပုံလေးက နိုင်ငံခြားပေ့ တစ်ခုမှာ တင်ထားတာ၊ တင်တဲ့သူက မေးထားတယ်။ ဒီပုံထဲမှာ မင်းတို့ရော ဘယ်တစ်ယောက်လဲတဲ့။ ပုံထဲမှာ သူတို့ငယ်ဘဝက မိဘတွေ သူတို့အပေါ် ပြုမူဆက်ဆံပုံကို ပြောပြနေကြတာ မိဘတွေက သူတို့အပေါ် ချစ်ခင်တာ အားပေးဂုဏ်ယူတာ မြေတောင်မြှောက်ပေးကမ်းတာတွေပေါ့။ ဘယ်စွန်ကတစ်ယောက်ကတော့ ကျန်သုံးယောက်ပြောတာကို နားထောင်အားကျပြီး သူတွေးနေတာတော့ သူ့ကို မိဘတွေက လိုက်ရို-က်နေတာပဲ

ပို့စ်အောက်မှာ ဖြေထားသူအများစုက Asian (အာရှတိုက်သား) တွေများတယ်။ သူတို့ ဘာတွေပြောထားလဲဆိုတော့ ဖတ်မိသလောက် တော်တော်များများက ပြောတယ်။

(၁) ဘယ်စွန်က တစ်ယောက်က ငါပါပဲ။ မိဘတွေက ငါ့ကို ချစ်မှာပါ။ ဒါပေမယ့် တစ်ခါမှတော့ ဖက်ထားတာ အားပေးတာလဲ မရှိဘူးတဲ့

(၂) ဘာမှမပြောနိုင်တဲ့သူက ငါပဲ။ ငါဘယ်လောက်ကြိုးစားကြိုးစား အကောင်းမပြောဖူးဘူး။ ငါ့ကွယ်ရာတော့ ငါကတော်သာပဲလို့ပြောတာ ပြန်ကြားရတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ဘာလို့ ငါ့ကို မပြောခဲ့တာလဲ။

(၃) ငါ့ငယ်ဘဝက မနွေးထွေးဘူး။ ပျော်စရာလဲ မကောင်းဘူး။ အခု ငါ့အမေရိကန်သူငယ်ချင်းကို အားကျတယ်။ သူတို့မိဘတွေက တအားချစ်တတ်တယ်တဲ့။

(၄) ငယ်ငယ်က ငါမိဘတွေက တစ်ခုခုဆို ရို-က်တယ်၊ န-ာအောင်ပြောတယ်၊ တခါမှ ငါ့ခံစားချက်ကို ထဲ့မတွက်ဘူး။ တစ်ခါမှလဲ နားမထောင်ပေးဘူး။ ငါဝမ်းနည်းတယ် တဲ့။

Asian တော်တော်များများက အဲလို comment တွေချည်းပဲ။ အဲကြားထဲမှာတော့ အနောက်တိုင်းသားတွေက သူတို့မိဘတွေ သူတို့ကို နားလည်ပေးခဲ့တာ ချစ်ခင်ပေးတာ လက်ခံပေးတာတွေကို ကျေးဇူးတင်ကြောင်းပြောတာတွေ လဲ တွေ့တယ်။

အနောက်တွေ အရှေ့တွေမှ မဟုတ်ဘူး မိဘတိုင်းက သားသမီးတိုင်းကို ချစ်ကြတာချည်းပဲ။ ဒါပေမယ့် ကျွန်မတို့ အရှေ့တိုင်း ဓလေ့က မိဘတော်တော်များများက သားသမီးကို ချစ်ပြလိုက်ရမှာ ပွေ့ဖက်ရမှာ နမ်းရှုံ့ရမှာ ချီးကျူးလိုက်ရမှာ နဲ့ သားသမီးကို အလျော့ပေးလိုက်ရမှာ မှားပါတယ်လို့ ဝန်ခံလိုက်ရမှာ သေမလောက်ကြောက်ကြတယ် အသက်ကြီးသွားတဲ့ သားသမီးကိုဆို ချစ်ပြစရာကို မလိုဘူး မှတ်ကြတာ အဲလိုတွေ လုပ်စရာမလိုဘူး ကန်းတက်မယ် ထင်ကြတယ် ချစ်ပေမယ့် မချစ်တတ်ရင် တဖက်လူမှာ မေတ္တာမခံစားရဘူးရှင် လူတွေစုံလို့ ကိုယ့်မိဘတွေအကြောင်း ကိုယ်စီကြွားနေချိန်မှာ ကိုယ့်ကလေးတွေက ပြောစရာမရှိဖြစ်နေရင် တကယ်ရင်နာစရာပါ

ဒါမို့ ကိုယ့်ကလေးတွေကို ချစ်ပြဖို့ ဝန်မလေးပါနဲ့ ချီးကျူးဖို့ မမေ့ပါနဲ့ ပွေ့ဖက် နမ်းရှုံ့ဖို့ မတွန့်တိုပါနဲ့ စိတ်ထဲက ချစ်နေလို့ဖြင့် နွေးထွေးမှု ဘယ်ရှိမှာလဲ ချစ်တတ်ဖို့ ချစ်တာကို ထုတ်ပြတာ ရှက်စရာမဟုတ်ပါဘူး သားသမီးလေး ပျော်ရွှင်ပါစေ နွေးထွေးမှုကို ခံစားကြရပါစေရှင်။ သင်ကိုယ်တိုင်ရော ဘယ်တစ်ယောက်ဖြစ်ခဲ့ပါသလဲ (Yadanar Phome Thwal)

#မိဘ
#သားသမီး

💟ကလေးတွေနဲ့ ပက်သက်ရင်  သူတို့ရဲ့ ကောင်းတဲ့အကြောင်းလေးတွေများများပြောပေးပါ။ကောင်းတဲ့စကားတွေ များများကြားရတဲ့ကလေးဟာ ကောင်း...
01/03/2024

💟ကလေးတွေနဲ့ ပက်သက်ရင် သူတို့ရဲ့ ကောင်းတဲ့အကြောင်းလေးတွေများများပြောပေးပါ။ကောင်းတဲ့စကားတွေ များများကြားရတဲ့ကလေးဟာ ကောင်းတဲ့အတွေးတွေ အများဆုံးတွေးဖြစ်လိမ့်မယ်။

💟မိဘတွေ ပြောလိုက်တဲ့စကားတွေဟာ သူတို့ရဲ့ ရင်ထဲက inner voice လေးတွေ ဖြစ်လာကြတယ်။

💟တခြားသူတွေအကြောင်း ပြောတဲ့အခါမှာလည်း ကောင်းတဲ့အကွက်လေးတွေ ရွေးချယ်ပြီးပြောပြပေးပါ။အဲဒါဆို သူများတွေရဲ့ ကောင်းကွက်လေးတွေကို သူတို့ အလွယ်တကူမြင်နိုင်လာပါလိမ့်မယ်။

💟ကလေးဆိုတာ သူတို့မြင်တဲ့အရာတွေအတိုင်း လေ့လာသင်ယူတာမို့ သူတို့ရှေ့မှာ အတတ်နိုင်ဆုံး ကောင်းမွန်တဲ့ အမူအကျင့်တွေသာ ပြုမူပြောဆိုဖို့ အရမ်းအရေးကြီးပါတယ်။

Translated from Unknown Original post
Photo Crd:

01/03/2024

မိုးလင်းလာရင်ဆူပူအော်ဟစ်နေတဲ့ အိမ်မဖြစ်ရဘူး။ဟိုဟာမရှိဘူး ဒီဟာမရှိဘူး ကုန်ပြီဆိုတဲ့အသံတွေ မထွက်ရဘူး။

ညနေကတည်းက ဘာကုန်တတ်လဲအမြဲစစ်တတ်တဲ့အကျင့် လုပ်ပါ။ ကြိုဝယ်ထားပါ ။

တစ်ချို့အိမ်တွေက လူကြီးတွေနဲ့ မိမိကိုယ်တိုင်ကပွစိပွစိ လုပ်မိတတ်နေတတ်တယ်။သတိထား ပြုပြင်ပါ။

မထိန်းတတ်သေးရင် အိမ်အလုပ်စလုပ်ရင်း
သံဗုဒ္ဓေ 108 ခေါက် စိတ်ထဲကနေ ရွတ်ရင်း လုပ်ကြည့်ပါ ။

ကလေးတွေ ငိုသံမကြားရအောင် ဂရုပြုပါ။
ကလေးနိုးလာတာနဲ့ စားဖို့ ကြိုပြင်ထားပါ။
ဆော့စရာလေးတွေ ဘေးနားထားပါ။
ကလေးရယ်သံလေးတွေ လွင်နေပါစေ။

ဘုရား သောက်တော်ရေကပ်ပါ။ ဘုရားဝေယျာဝစ္စ လုပ်ပါ။မေတ္တာသုတ် တရားသံတိုးတိုးလေး ဖွင့်လိုက်ပါ။

နေ့စဉ် ဘုရားကို 500 ကျပ် ဝတ္ထုငွေလှူပါ။
လကုန်ရင် ပြန်စွန့်ပြီး ဘုရား အတွက် လိုတာဝယ်ပါ။

နေ့စဉ်အိမ်ရှေ့ဘက်ကို ဆန်လက်တဆုပ် ပက်လိုက်ပါ။ငှက်ကလေးတွေကို ကုသိုလ်ပြုပါ။

မနက်ဆိုရှေ့ဘက်ကနေ နောက်ဘက်ကို တံမြက်လှည်းပါ။ ညနေကိုနောက်ဘက်ကနေ ရှေ့ဘက်ကို တံမြက်လှည်းပါ။

ဖိနပ်အစုတ် ထီးအစုတ် ကျိုးပဲ့နေတာတွေ အိမ်မှာမထားရပါဘူး။မီးဖိုချောင်မှာ မလိုအပ်တာမထားပါနဲ့။

စားသလောက် ပန်းကန်အရေအတွက်ပဲထားပါ။အပိုတွေသိမ်းပစ်လိုက်ပါ။လင်မယား စောစောစီးစီး စကားမများမိပါစေနဲ့။

မနက်မိုးလင်းမှာကုသိုလ်တရားနဲ့ အစပြုပါ။
ညအချိန်မှာကုသိုလ်တရားနဲ့ အိပ်ယာဝင်တတ်အောင်နေပါ။

တနေ့တာပြီးတိုင်းဒီနေ့ ကောင်းမှု တစ်ခု ဘာလုပ်ခဲ့လဲတွေးပါ။မကောင်းတာ ဘာလုပ်မိလဲ ဆင်ခြင်ပါ။

နောက်နေ့ ကုသိုလ်တစ်ခု ပြုဖို့ အားစိုက်ပါ။🙏🙏🙏

ခွေးလေးကို ထမင်းကျွေးတာလည်း ကုသိုလ်ပါပဲ။ငှက်လေးတွေကို ဆန်စေ့ပက်ပေးတာလည်း ကုသိုလ်ပါပဲ။

ဂုဏ်တော်ရွတ်မိတာလည်း ကုသိုလ်ပဲ။
မိသားစုကို မေတ္တာနဲ့ ချက်ကျွေးတာလည်း ကုသိုလ်ပါပဲ။

Tr Bright Bella Lay ...
# # # # # # # # # #

မေမေတို့ရဲ့တနေ့တာတနေကုန်ပင်ပန်းနေပေမဲ့ ကိုယ့်ကလေး အိပ်နေတာ‌ေလးကိုကြည့်ပြီး ပီတိဖြစ် ကြည်နူးနေရင်း တနေ့တာကုန်ဆုံးရပြန်ပါပ...
03/11/2023

မေမေတို့ရဲ့တနေ့တာ

တနေကုန်ပင်ပန်းနေပေမဲ့ ကိုယ့်ကလေး အိပ်နေတာ‌ေလးကိုကြည့်ပြီး ပီတိဖြစ် ကြည်နူးနေရင်း
တနေ့တာကုန်ဆုံးရပြန်ပါပြီ 👶❤️

Crd Art

မိသားစုရဲ့ တန်ဖိုး➖➖❣➖➖မိသားစုဆိုတာ..... ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့ အရာတွေထဲက အကောင်းဆုံး အနုပညာပါ တန်ဖိုးထား မြတ်နိုးတ...
24/10/2023

မိသားစုရဲ့ တန်ဖိုး

➖➖❣➖➖

မိသားစုဆိုတာ.....
ကံတရားရဲ့ ဖန်တီးပေးလိုက်တဲ့
အရာတွေထဲက အကောင်းဆုံး အနုပညာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတာ.....
ဒုက္ခအပူတွေကို မျှဝေယူ ခံစားရင်း
ကြီးပြင်းလာခဲ့ကြတဲ့ ဆိုးတူကောင်းဖတ်
သစ္စာတရားရဲ့ အငွေ့အသက်တွေပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတာ.....
အမျိုးမျိုး အထွေထွေ စရိုက်တွေ
ကြားထဲက နားလည် ပေးနိုင်ဆုံးသော
အသိုက်အဝန်းလေး တစ်ခုပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

မိသားစုဆိုတဲ့ ရိပ်မြုံဟာ.....
ခိုလှုံစရာ များစွာထဲက
အအေးချမ်းဆုံးနဲ့ အလုံခြုံဆုံး နားခိုရာပါ
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

ပြည့်စုံတဲ့ မိသားစုဆိုတာ မရှိပါဘူး
အတွေ့အကြုံတွေ စုစည်းပြီး
ခရီးကြမ်းတွေကို ငြိမ်းချမ်းစွာ
ဖြတ်သန်းနိုင်မှုရဲ့ စတင်ရာ
အားအင်တွေ ဖြစ်ပါသည်
တန်ဖိုးထား မြတ်နိုးတတ်ပါစေ ။

➖➖❣➖➖


#လူငယ်ဆရာလေး
#စာဖတ်ခြင်း
- Maung Soe Naing Oo

မူရင်းစာရေးသူအားလေးစားစွာမျှဝေပါတယ်ရှင်🙏🙏🙏

ကလေးငယ်ကို ချော့သိပ်ဖို့ အချိန် ၇လ လောက် ကျွန်တော်တို့မှာ ရှိတယ်။အဲ့တာပြီးတဲ့နောက် ကလေးငယ်ဟာ သူ့ဘာသာ အိပ်တတ်သွားပြီ…😴ကလေ...
14/10/2023

ကလေးငယ်ကို ချော့သိပ်ဖို့ အချိန် ၇လ လောက် ကျွန်တော်တို့မှာ ရှိတယ်။
အဲ့တာပြီးတဲ့နောက် ကလေးငယ်ဟာ သူ့ဘာသာ အိပ်တတ်သွားပြီ…😴

ကလေးငယ်ကို လမ်းလျှောက်တာမှာ ကူညီပေးဖို့ ကျွန်တော်တို့မှာ အချိန် တစ်နှစ်ဝန်းကျင်ပဲရှိတယ်။
အဲ့ဒီနောက်မှာ ကလေးငယ်ဟာ သူ့ဘာသာသူ လမ်းလျှောက်တတ်သွားပြီ 🚶

ကျွန်တော်တို့ ဘာပြောပြော ကလေးငယ် ငြိမ်ပြီးပြုံးပြီးနားထောင်နေမယ့် အချိန် ၃နှစ်ရတယ်။
အဲ့ဒီနောက် ကလေးငယ်က ကျွန်တော်တို့ပြောတဲ့စကားတွေ အကုန်လုံးကို နားမထောင်ချင်တော့ဖူး 😂

ကလေးငယ်လေးလို့ ခေါ်ပြီး အမြဲပူးပူးကပ်ကပ်လေးနေဖို့ အချိန်၁၀နှစ်ရတယ်။
အဲ့ဒီနောက် ကလေးငယ်က ကျွန်တော်တို့နဲ့နေရတာထပ် သူငယ်ချင်းတွေနဲ့နေရတာကို ပိုနှစ်သက်လာတတ်ပြီ…😎

ကလေးငယ်ဘဝကို ကိုယ့်ဘဝလိုသဘောထားဖို့ အချိန်၁၅နှစ် ဝန်းကျင်ပဲရှိပါတယ်။
အဲ့ဒီနောက် ကလေးငယ်က ‘သားကိစ္စပါ’ ‘သမီးprivacyပါ’ ဆိုပြီး သူ့ဘဝကို အကန့်တစ်ခုခြားပြီး နေချင်လာလိမ့်မယ် 🤫

သင့်မှာ ကလေးငယ်တစ်ယောက် ရှိခဲ့ရင်… သူ့ကိုအချိန်ပေးပါ။
အချိန်တွေက အရမ်းမြန်မြန်ရွေ့လျားကြတယ်။

မနက်ဖြန်တွေက အရမ်းမြန်ပြီး
ကလေးငယ်တွေက မြန်မြန်ကြီးထွားကြတယ်

👨‍👩‍👧‍👦သားသားမီးမီးလေးတွေကိုထိန်းရတာအရမ်းပင်ပန်းပေမဲ့ အရမ်းတန်ဖိုးရှိတဲ့ အချိန်လေးတွေပိုင်ဆိုင်နေရတယ်ဆိုတာလည်းမမေ့နဲ့နော်👨‍👩‍👧‍👦
❤️ထာဝရထက် တစ်ရက်ပိုပီးချစ်နိုင်ကြပါစေ

အမျိုးသမီးတော်တော်များများဟာကလေးအမေဖြစ်သွားရင်………💟  ကလေးရဲ့ အီး၊သေး ပေသွားတဲ့ အင်္ကျီနဲ့လည်း မြို့တစ်ပတ် ပတ်နိုင်သွားမယ်...
13/10/2023

အမျိုးသမီးတော်တော်များများဟာကလေးအမေဖြစ်သွားရင်………

💟 ကလေးရဲ့ အီး၊သေး ပေသွားတဲ့ အင်္ကျီနဲ့လည်း မြို့တစ်ပတ် ပတ်နိုင်သွားမယ်။

💟 ကိုယ် ထမင်းစားနေတုန်း ကလေးအီးပါရင် အမြန်အီးအီးကုန်းပေးပြီး ထမင်းကိုဆက်စားနိုင်မယ်။

💟 အပျိူတုန်းက ဘယ်လောက်ရှက်တတ်တဲ့မိန်းမဖြစ်ဖြစ် မိခင်ဘဝရောက်ရင် နေရာစုံမှာ နို့လှန်တိုက်နိုင်တယ်။

💟 ‌၁၅မိနစ်လောက် နေ့ခင်း အိပ်လိုက်ရရင် ဘဝကြီးမှာ ဇိမ်အရမ်း ခံလိုက်ရသလို ခံစားရမယ်။

💟 အမေ အပြင်သွားလို့ အိတ်ထဲက တစ်ရှုးဖြစ်ဖြစ် ထုတ်ရင် ကလေး အရုပ်တို့၊wet tissueတို့၊diaper တို့ ထွက်လာတတ်တယ်။

💟 ကလေးရဲ့ အီးအီးကို ကြည့်ပြီး ကလေး ဘာဖြစ်နေလဲ လေ့လာစူးစမ်းတတ်သွားမယ်။

💟 ကလေးကို ဖြည့်စွက်စာ စကျွေးပြီဆိုတာနဲ့ တစ်သက်လုံး မသိခဲ့တဲ့ အစာအုပ်စု သုံးစုကို အရိုးထိစွဲအောင် သိသွားမယ်။

💟 ကလေးက ကိုယ်ထည့်ထားသလောက် အကုန်စားရင် ထီပေါက်တာထက် ပျော်တတ်သွားလိမ့်မယ်။

💟 အပြင်သွားရင် diaper ထဲမှာ အီးအီးပါလိုက်ပြီလား ကလေးဖင်လေးကို နမ်းကြည့်မိမယ်။

💟 အစားကောင်းအသောက်ကောင်း‌တွေထက် စိတ်ကြိုက်အိပ်ခွင့်ရဖို့ကိုသာ လိုချင်မယ်။

💟 ညဖက် အိပ်တဲ့အခါ ဘယ်တော့မှ တစ်ချိူးတည်း အိပ်မပျော်တော့ပဲ ကလေးပဲ ထ ထကြည့်မိလိမ့်မယ်။

💟 ဒေါက်ဖိနပ်ပဲ ကြိုက်တယ်ဆိုတဲ့ မိန်းမဘဝကနေ မြန်မြန်စွပ်လို့ ရတဲ့ ခြေညှပ်ဖိနပ်အပါးသား အသည်းစွဲဖြစ်သွားမယ်။

💟 တစ်ခါ မိတ်ကပ်ပြင်ရင် ၂နာရီလောက်ကြာတဲ့ skill ကနေ ၁၀မိနစ်နဲ့ တစ်ကိုယ်လုံး အပြီး ပြင်တတ်တဲ့ skill ရသွားမယ်။

💟 အပျိုဘဝတုန်းက ရေဘူးအဖုံးတောင် လှည့်ဖွင့်ဖို့ အားမရှိခဲ့ပေမယ့် အိမ်ထောင်ကျ ကလေးရသွားရင် ပေါင် ၃၀ ကလေးကို လက်တစ်ဖက်ကချီ၊တစ်ဖက်က ပစ္စည်းထုတ်ဆွဲ ၆လွှာထိလည်း တတ်နိုင်သွားမယ်။

💟 အပျိူတုန်းက နှာစေးတာလောက်ကို ၂ရက်လောက်မထပဲကွေးနေခဲ့ပေမယ့် ကလေးအမေဖြစ်ပြီဟေ့ဆိုရင် အဖျား ၁၀၄လည်း ကလေးကောင်းကောင်းထိန်းနိုင်သေးမယ်။

💟 ကိုယ့်ပုံတွေနဲ့ပဲ ပြည့်နေခဲ့တဲ့ ဖုန်း gallery က ရှုထောင့်မျိူးစုံကရိုက်ထားတဲ့၊နေရာမျိူးစုံမှာ ရိုက်ထားတဲ့ ကလေးပုံတွေနဲ့ပဲ အပြည့်ဖြစ်လာမယ်။

အမယ်လေး မောလိုက်တာ။ 😁
ကလေး အမေဖြစ်ပြီဟေ့ဆိုတာနဲ့ ပြောင်းလဲခြင်းများစွာနဲ့ မွေ့လျော်ရတော့မယ်ဆိုတာ တွေးထားလိုက်တော့။
ဒါပေမယ့် မပူနဲ့။
အမျိုးသမီးပေါင်းတို့လိုကလေးအမေတွေက superwomen တွေ။🥰
ဒီလို ပင်ပန်းမူပေါင်းစုံ ခံစားပြီး ကိုယ့်ဘဝကို ဖြတ်သန်းနေရတာကိုပဲ ဂုဏ်ယူလိုက်။
ဒါ တို့ကလေးတွေကို ချစ်လွန်းလို့ အပင်ပန်းခံနိုင်သွားတာ။
မပစ်ထားနိုင်လို့ အပင်ပန်းခံရတာ။
အဲဒီ့တော့ ဆက်ပြီး superwomen ကြမယ်။😁

"WE ARE SUPERWOMEN."

မိခင်များအတွက်

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959785749437

Website

Alerts

Be the first to know and let us send you an email when Now & Ever posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share