Goya - The Creations by Words

Goya - The Creations by Words အတွေးများ စာများ Words can create Marketing and others....

အွန်လိုင်းပေါ် တင်နိုင်တဲ့ လုပ်ငန်းက လူပိုသိပြီး ရောင်းအားကောင်းတာ ထုံးစံပါပဲ 💯💯ဒါကြောင့် အွန်လိုင်းပေါ် တင်ချင်တယ်ဘာတွေ...
25/11/2024

အွန်လိုင်းပေါ် တင်နိုင်တဲ့ လုပ်ငန်းက လူပိုသိပြီး ရောင်းအားကောင်းတာ ထုံးစံပါပဲ 💯💯

ဒါကြောင့် အွန်လိုင်းပေါ် တင်ချင်တယ်

ဘာတွေ တင်ရမယ်မှန်း မသိဘူးဆိုရင် ဒါတွေ တင်ပါ👇👇

နံပါတ် တစ် - ဆိုင်မှာ ရောင်းချတာတဲ့အရာတွေအကြောင်း

ဆိုင်မှာ ရောင်းတာတွေက customer တွေ လိုချင်၊ ဝယ်ချင်နေတဲ့အရာ ဖြစ်ကြောင်း ဖော်ပြနိုင်ရပါမယ်။✅

နံပါတ် နှစ် - ဆိုင်ပုံစံ အခင်းအကျင်း

ဆိုင်လေးရဲ့ ဆွဲဆောင်မှုကို ပေါ်အောင် ပြသရပါမယ်။ ဓာတ်ပုံရိုက်လို့ ကောင်းတာလား၊ လူစည်ကားတဲ့နေရာမှာ ရှိတာလား၊ customer လိုအပ်သမျှ ရှိတာမျိုးလား စသဖြင့် ပေါ်လွင်အောင် ပြသရမှာပါ။ ✅

နံပါတ် သုံး - အားသာချက်

ကိုယ့်ဆိုင်က ဈေးသက်သာတာလား၊ ဈေးမှန်တာလား၊ သွားလာရ လွယ်ကူတာလား၊ ပစ္စည်းစုံတာလား၊ ဘာဝယ်ဝယ် မေးဝယ်လို့ ရတာလား၊ အပြောချိုသာတာလား၊ ကုန်ပစ္စည်းအရည်အသွေး ကောင်းတာလား စသဖြင့် အားသာချက်တွေကို ပြနိုင်ရင် ကောင်းပါတယ်။ ✅

နံပါတ်‌ လေး - အမြဲ update ဖြစ်နေပါစေ

ဆိုင်အကြောင်း အမြဲ တင်ချင်တယ်၊ ရိုးလည်း မသွားချင်ဘူး၊ ဒါတွေချည်း ထပ်နေတယ်၊ အမြဲ သစ်လွင်ပြီး ဝယ်ချင်စိတ် ပေါက်နေစေတဲ့ ဆိုင် ဖြစ်ချင်ရင်တော့ ကိုယ့်လိုအပ်ချက်အလိုက် ကျွမ်းကျင်တဲ့ Digital Marketing Professionals တွေဆီ အလုပ်အပ်သင့်ပါတယ်။ ✅

Content တွေ လိုအပ်ရင်တော့ Goya ကိုသာ ဆက်သွယ်လိုက်ပါ။ 📌

ဈေးလည်း ပိုရောင်းကောင်းချင်တယ်ကိုယ့်ဆိုင်လည်း လူပိုသိစေချင်တယ် 💸💸ဒါမှမဟုတ် နာမည် ပိုရလာ‌ချင်တယ်ကိုယ့်ဆိုင်ကို လူတွေအကြား...
24/11/2024

ဈေးလည်း ပိုရောင်းကောင်းချင်တယ်
ကိုယ့်ဆိုင်လည်း လူပိုသိစေချင်တယ် 💸💸

ဒါမှမဟုတ် နာမည် ပိုရလာ‌ချင်တယ်
ကိုယ့်ဆိုင်ကို လူတွေအကြား အမြဲ active ဖြစ်နေစေချင်တယ်ဆိုရင် Digital marketing သေချာလေး Run ရမှာပါ။

စာလေး ဖတ်ရုံနဲ့ ကိုယ့်ဆိုင်ကို စိတ်ဝင်တစား ဝင်ကြည့်တာမျိုး🛍️

Design လေး မြင်ရုံနဲ့ ဝယ်ချင်စိတ် ပေါက်လာစေချင်တာမျိုးဆို CB လာခဲ့လိုက်တော့နော် 📩

ပရိုကျကျ ဘေထုပ်ရွေးတတ်ဖို့ဆိုရင် (၂)Written by Khamဘေထုပ်ဆိုင်တွေ ခေတ်စားနေမှတော့ ဒီအချက်တွေကို မဖြစ်မနေ သိထားသင့်တာပေါ့...
21/05/2023

ပရိုကျကျ ဘေထုပ်ရွေးတတ်ဖို့ဆိုရင် (၂)
Written by Kham

ဘေထုပ်ဆိုင်တွေ ခေတ်စားနေမှတော့ ဒီအချက်တွေကို မဖြစ်မနေ သိထားသင့်တာပေါ့။ အခုတခေါက်ကတော့ ဘေထုပ်ရွေးမယ်ဆိုရင် ဒုတိယအဆင့်လောက်ကျမယ့် ကျွမ်းကျင်သင့်တာတွေ ကြည့်သင့်တာတွေ ပြောမှာ ဖြစ်ပါတယ်။ ဘေထုပ်ကို စိတ်ဝင်စားပြီး အချိန်အများကြီး အကုန်မခံနိုင်တဲ့သူတွေ၊ အပြင်ဆိုင်မှာ ဝယ်လည်း လုမရ၊ online sale လည်း လက်မသွက်တဲ့သူတွေအဖို့ ဒီအချက်တွေသာ မှတ်ထားဖို့ လိုတယ်နော်။
👇👇👇👇👇

ပရိုကျကျ ဘေထုပ် ရွေးတတ်ဖို့ဆိုရင် (၁)
https://m.facebook.com/story.php?story_fbid=140951398877607&id=100088882421731&mibextid=Nif5oz

ပင်လယ်နဲ့ မနီးတဲ့ အရပ်ဒေသတွေလည်း မုန်တိုင်းအတွင်း ဒီအချက်လေး‌တွေ သတိပြုရမယ်နော်🙋🙋👉 မုန်တိုင်းမတိုက်ခင် ဖုန်း၊ power bank...
14/05/2023

ပင်လယ်နဲ့ မနီးတဲ့ အရပ်ဒေသတွေလည်း မုန်တိုင်းအတွင်း ဒီအချက်လေး‌တွေ သတိပြုရမယ်နော်🙋🙋

👉 မုန်တိုင်းမတိုက်ခင် ဖုန်း၊ power bank အားသွင်းထားပါ။
👉 အရေးကြီး စာရွက်စာတမ်းများကို ရေစိုခံအိတ်ထဲ တစုတစည်း ထည့်ထားပါ။
👉 မိုးလေဝသသတင်းများကို နားစွင့်ပါ။
👉 အိမ်ပြင် မထွက်ပါနဲ့။
👉 အမိုးအကာအောက်မှာပဲ နေပါ။
👉 မိုးရွာပြီး မုန်တိုင်းတိုက်နေစဉ် လျှပ်စစ်ပစ္စည်းများ ရှော့ခ် မဖြစ်စေရန် အထူးသတိထားပါ။
👉 မုန်တိုင်း တိုက်ခတ်စဉ် မိုးကြိုးပစ်မှုများ ဖြစ်ပေါ်၍ လျှပ်စစ်ပစ္စည်းများ ပျက်စီးမှု နည်းစေရန် မီးပလက်ပေါက်များ ဖြုတ်ထားပါ။
👉 ရေဝပ်သောနေရာများကို ဖြတ်သွားလျှင် လျှပ်စစ် စီးဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှ ဖြတ်သွားပါ။
👉 လျှပ်စစ်ကူးနိုင်သော နေရာများနှင့် ဝေးဝေးနေပါ။
👉 သစ်ပင်များ ကျိုးကျနိုင်သဖြင့် သတိဖြင့် နေပါ။
👉 အစားအစာ၊ ဆေးဝါးများကို အဆင်သင့် ဝယ်ယူထားပါ။
👉 ဖုန်းဘေလ် ဖြည့်ထားပါ။
👉 စိတ်တည်ငြိမ်ပါစေ။ (ဒါမှ အရေးကြုံရင် သေချာတွေးနိုင်မှာပါနော်။)

အားလုံးပဲ ဘေးကင်းကြပါစေ။ 🙏🙏🙏

ကိုယ်တွေလို မိုးမျှော်နေမိတဲ့သူတွေ ရှိလားမိုးရွာမလား မျှော်နေမိတယ်....😞😞
10/05/2023

ကိုယ်တွေလို မိုးမျှော်နေမိတဲ့သူတွေ ရှိလား
မိုးရွာမလား မျှော်နေမိတယ်....😞😞

:')
08/05/2023

:')

မန်းလေးက ကာပယ်တွေ အရိုက်သင့်ဆုံး 🤭🤭🤭
30/04/2023

မန်းလေးက ကာပယ်တွေ အရိုက်သင့်ဆုံး 🤭🤭🤭

ဘဝကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းချင်တော့တယ်။ 🥴
29/04/2023

ဘဝကို အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းချင်တော့တယ်။ 🥴

ပရိုကျကျ ဘေထုပ်ရွေးတတ်ဖို့ဆိုရင် (၁)အခုလို ခေတ်ကာလထဲမှာ ဖက်ရှင် ရေစီးကြောင်း လိုက်တတ်တဲ့ လူငယ်တွေအဖို့ thrift လုပ်တာက ပိ...
27/02/2023

ပရိုကျကျ ဘေထုပ်ရွေးတတ်ဖို့ဆိုရင် (၁)

အခုလို ခေတ်ကာလထဲမှာ ဖက်ရှင် ရေစီးကြောင်း လိုက်တတ်တဲ့ လူငယ်တွေအဖို့ thrift လုပ်တာက ပိုပြီး အဆင်ပြေလာပါတယ်။ thrift ဆိုင်တွေ တိုးလာသလို thrift လုပ်တဲ့သူတွေလည်း ပိုများလာတာ တွေ့ရတယ်။ အရင်ကဆိုရင် ဘေထုပ်ရွေးတာ၊ ဘေထုပ်ဝတ်တာက ရှက်စရာလို့ မြင်ကြတာ များပေမယ့် လက်ရှိမှာတော့ ဘေထုပ်ကို အတော် စိတ်ဝင်တစားရှိလာကြပါတယ်။ ဒါကြောင့် သိထားသင့်တဲ့ ဘေထုပ်ရွေးနည်းလေးတွေကို နည်းနည်းစီ ‌ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ အခု ပြောပြမယ့်အချက်တွေကတော့ fashion style အတွက်ကိုပဲ ဦးတည်တဲ့သူတွေနဲ့ ပိုကိုက်ညီမှာပါ။

(၁) ဘေထုပ်ဆိုင် သွားဖို့ မပျင်းပါနဲ့
Thrift တဲ့သူတွေက အချိန်ရှိရင် ရှိသလို ဖြတ်သွားမိတဲ့ လမ်းဘေးဘေထုပ်ဆိုင်ကအစ ဝင်ကြည့်သင့်ပါတယ်။ ၁၅၀၀နဲ့ ‌ကြိုက်တာယူရတဲ့ အပုံတွေထဲမှာ brand ကောင်းကောင်း တထည် ထွက်လာတာမျိုး၊ ဈေးသက်သက်သာသာနဲ့ ကိုယ်ကြိုက်တဲ့ အဝတ်တထည်လောက် တွေ့ရတာမျိုး ကြုံရတတ်ပါတယ်။ ဒါကြောင့် မပျင်းပါနဲ့။

(၂) ဈေးသင့်တင့်ပါစေ
ဘေထုပ်ဆိုင်တွေ မှိုလိုပေါက်လာတဲ့အခါ တချို့တွေက ဘေထုပ်အခေါ်အဝေါ်အစား vintage ဆိုပြီး ခေါ်ပြီး အသားအနားကောင်းတာတွေကို သောင်းဂဏန်အများအပြား ဈေးခေါ်ပြီး ရောင်းလာကြပါတယ်။ တကယ်တော့ ဘေထုပ်တိုင်းက used မဟုတ်သလို ဘေထုပ်တိုင်းက vintage မဟုတ်ပါဘူး။ brand ဆိုတိုင်းလည်း ဈေးကြီးပေးစရာ မလိုအပ်တာကလည်း ဘေထုပ်ရွေးရင် ရတဲ့ ပျော်စရာအချက်ပါပဲ။ ဖက်ရှင်အတွက်ပဲဆိုရင် brand ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရည်အသွေးကောင်းပြီး သားနားနေသေးတာကိုပဲ ရွေးသင့်ပါတယ်။

(Vintage ဆိုတာက ၂၀၀၀ခုနှစ် မတိုင်ခင်က ခေတ်စားခဲ့တဲ့ ထုတ်လုပ်ခဲ့တဲ့ အရာတွေကို ဆိုလိုကြပါတယ်။ ဒါကြောင့် အဟောင်း vintage တွေလည်း ရှိသလို ထိန်းသိမ်းထားသူပေါ် မူတည်ပြီး အရည်အသွေးကောင်းမွန်သေးတဲ့ vintage တွေလည်း ရှိနေတတ်ပါတယ်။)

(၃) ဈေးသိအောင် လုပ်ပါ
ဘေထုပ်ဆိုင်တွေ သွားတာများလာရင် ဘေထုပ်ဈေးတွေကို လေ့လာမိလာပါလိမ့်မယ်။ ဘေထုပ်တွေထဲမှာ ဘယ်လို အထည်အမျိုးအစားနဲ့ ဘယ်လို အရည်အသွေးက ဈေး ဘယ်လောက်ရှိတတ်လဲဆိုတာ မှန်းတတ်လာပါလိမ့်မယ်။ ဈေးသိမှ မှိုလိုပေါက်နေတဲ့ ဘေထုပ်ဆိုင်တွေဆီက ဂျင်းထည့်တာ မခံရမှာပါ။

(၄) vintage မလိုချင်ရင် ဈေးကောင်းပေးမဝယ်ပါနဲ့
ကိုယ်က vintage ဖက်ရှင်ကို လိုက်တဲ့သူမဟုတ်ရင် vintage တွေကို မြင်ရင် ဈေးအဆမတန်ကြီးတယ်လို့ပဲ ခံစားရမှာပါ။ brand ကို အသစ်နီးပါး အရည်အသွေးရှိနေရင်လည်း ဈေးကောင်းပေး ဝယ်ရနိုင်ပါတယ်။ ဒီလိုအချက်တွေ မရှိဘဲ ပုံမှန် စတိုင်မိုက်ပြီး အရည်အသွေးကောင်းတာမျိုးကိုတော့ brand ဈေး၊ vintage ဈေး ပေးပြီး မဝယ်သင့်ပါဘူး။ ဘေထုပ်ဆိုတာ တန်တန်လေးနဲ့ ကောင်းကောင်းလေး ‌ရ‌မှ ပျော်စရာ ကောင်းတာပါ။

(၅) ဈေးဆစ်ပါ ဈေးမနှိမ်ပါနဲ့
ဘေထုပ် ဝယ်တဲ့အခါ ဈေးဆစ်တတ်ဖို့က အရေးကြီးသလို ဈေးမနှိမ်မိဖို့လည်း အရေးကြီးပါတယ်။ ရောင်းသူနဲ့ ဝယ်သူအကြား ဆက်ဆံရေး ခိုင်မြဲရင် နှစ်ဖက်လုံး အကျိုးရှိပါတယ်။ ၇ထောင်တန်လောက် ဖြစ်သင့်တဲ့ ဘောင်းဘီတထည်ကို ၁သောင်းတန်လောက် ဖြစ်နေရင် ၇၅၀၀ သို့ ၈၀၀၀‌ လောက်ရအောင် ဆစ်ကြည့်လို့ မရရင် မယူသင့်ပေမယ့် ၁သောင်းတန်ကို ၁သောင်းရောင်းနေရက်နဲ့ ဆစ်တာဆိုရင် ဈေးနှိမ်တာပဲ ဖြစ်ပါတယ်။

Written by Kham
(ဆက်ပါဦးမည်။)

( ဘေထုပ်ဆိုတာ ကမ္ဘာကြီးမှာ အလေအလွင့် မများအောင် လုပ်တဲ့ အရာဖြစ်လို့ ဘေထုပ်ရွေးတာ ရှက်စရာမလိုပါဘူးနော်။ 😉)

လူတိုင်းမှာ အချိန် တစ်ချိန်မက ရှိကြပါတယ်။ 🕖 အပြင်သွားခါနီးရင် ဘာဝတ်လို့ ဝတ်ရမယ်မှန်း မသိတဲ့အချိန်🕢 ဖက်ရှင်တစ်မျိုး ခေတ်စ...
23/12/2022

လူတိုင်းမှာ အချိန် တစ်ချိန်မက ရှိကြပါတယ်။

🕖 အပြင်သွားခါနီးရင် ဘာဝတ်လို့ ဝတ်ရမယ်မှန်း မသိတဲ့အချိန်

🕢 ဖက်ရှင်တစ်မျိုး ခေတ်စားတိုင်း လိုက်ဝယ်ချင်တဲ့ အချိန်

🕗 ရှိပြီးသားတွေချည်း ဝတ်ရတာ ရိုးအီလာတဲ့ အချိန်

🕣 ဖက်ရှင်အသစ်တွေ စမ်းဝတ်ကြည့်ချင်တဲ့အချိန်

🕘 outfits အမိုက်စား ဝတ်ပြီး ဓာတ်ပုံရိုက်ချင်တဲ့ အချိန်

🕤 ကြိုက်တဲ့အထည်မြင်တိုင်း ဝယ်ချင်နေတဲ့အချိန်

‌ဒီအချိန်တွေ ဖြေရှင်းဖို့ဆိုရင် thrift ဆိုင်တွေဆီ ခြေဦးလှည့်တာ အကောင်းဆုံးပါ။

♻️ Thrift ဆိုတာက မလိုအပ်တဲ့ ပြုန်းတီးမှုတွေ မရှိအောင် လုပ်ထားတာမျိုးပါ။ ထုတ်ကုန် အသစ် အသစ်တွေ မြင်တိုင်း ဝယ်နေကြတဲ့ ကမ္ဘာကြီးမှာ ထုတ်ကုန် အဟောင်းတွေနဲ့ အကောင်းအတိုင်း ရှိနေတဲ့ အဝတ်တွေက ပစ်ပယ် ခံနေရပါတယ်။

💁 Thrift ဆိုတာ မလိုသူတွေက ပယ်တဲ့နေရာ ဖြစ်ပြီး လိုသူ ယူလို့ရတဲ့နေရာမျိုးပါ။ ဒါပေမယ့် Thrift ဆိုတာ အဟောင်းအနွမ်းချည်း ရှိတာ မဟုတ်ပါဘူး။ brand new တွေလည်း ပါတယ်။ ခေတ်မစားတော့တဲ့ ဖက်ရှင်ဖြစ်သွားလို့ အပစ်ခံရတဲ့ အသစ်ထည်တွေလည်း ပါတယ်။ တခါသုံးပြီး မကြိုက်တော့လို့ ပစ်ခံရတာတွေ ပါပါတယ်။ ဝယ်ပြီး size မတော်လို့ ပစ်လိုက်တဲ့အထည်တွေလည်း thrift ထဲ ပါတာပါပဲ။ ဝယ်ပြီးရင်း ဝယ်ချင်နေတဲ့သူတွေဆီက ပိုနေတဲ့ အဝတ်အသစ်တွေလည်း ပါပါသေးတယ်။

💯 Thrift ဆိုတာ သုံးတတ်တဲ့သူတွေအတွက်တော့ ရွှေလိုနေရာပါပဲ။ ဖက်ရှင်ရေစီးကြောင်းထဲ ဈေးတန်တန်နဲ့ စီးမြောလို့ ရတာမျိုးက သိပ်မိုက်ပါတယ်။

Thrift ဆိုင်ကောင်းကောင်းတွေဆီ သွားကြည့်လိုက်ပါ။ ပြန်ထွက်ဖို့တောင် ခက်ခဲသွားပါလိမ့်မယ်။

Address

Mandalay
05031

Opening Hours

Tuesday 09:00 - 19:30
Wednesday 09:00 - 19:30
Thursday 09:00 - 19:30
Friday 09:00 - 19:30
Saturday 09:00 - 19:30
Sunday 09:00 - 19:30

Website

Alerts

Be the first to know and let us send you an email when Goya - The Creations by Words posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Goya - The Creations by Words:

Share