Mogok Thae Thae

Mogok Thae Thae ​Sew with love. Look cute. Stay funny.
ဖက်ရှင်လှလှလေးတွေ ဖန်တီးရင်း စက်ချုပ်ပညာကို လွယ်ကူစွာ အတူသင်ယူမျှဝေကြမယ်
(1)

အထည်ချုပ်သမားတို့ရဲ့ အကျင့်အတိုင်း ပိတ်စတစ်စရပြီဆိုရင် အစအနလေးတောင် မကျန်အောင် ချုပ်ရမှ ကျေနပ်တာမျိုးပါပဲ! 🤍​ဒီတစ်ခါတော့...
18/06/2026

အထည်ချုပ်သမားတို့ရဲ့ အကျင့်အတိုင်း ပိတ်စတစ်စရပြီဆိုရင် အစအနလေးတောင် မကျန်အောင် ချုပ်ရမှ ကျေနပ်တာမျိုးပါပဲ! 🤍

​ဒီတစ်ခါတော့ ပထမဆုံးအကြိမ် စမ်းဝယ်ဖူးတဲ့ "ချင်းမိုင်ချည်" လေးအကြောင်း Review ပေးချင်ပါတယ်။
အနံကြီး တစ်ကိုက်ကို ၅,၆၀၀ ကျပ်နဲ့ စမ်းသုံးကြည့်ဖို့ ၁၀ ကိုက်စီ နှစ်ရောင် ဝယ်ခဲ့တာပါ။
အသားလေးက မထူမပါး၊ ပေးရတဲ့ဈေးနဲ့ တကယ့်ကို သုံးပျော်ပြီး ဝတ်လို့ ကောင်းပါတယ်။

​ဒီချင်းမိုင်ချည် ၁၀ ကိုက်နဲ့ ကိုယ်တိုင်စိတ်ကြိုက် ချုပ်ပစ်လိုက်တာ အထည်တွေ ဒီလောက်တောင် ထွက်တယ်ဆိုရင် ယုံမလားရှင်... 👇

​ဘောင်းဘီအရှည် (၃) ထည်
​ဘောင်းဘီအတို (၃) ထည်
(ဘယ်လိုပုံစံတွေ ချုပ်ထားလဲဆိုတာကိုတော့ သင်တန်းအတွက်မို့လို့ နောက်ရက်တွေကျရင် သေချာထုတ်ပြပေးပါမယ်နော် 😉)

​အခုပုံထဲက လျှောလက်အင်္ကျီ (၁) ထည်

​ဒါတောင် ပိတ်စအစအနလေးတွေ ထပ်ပိုနေသေးလို့... ယောက်ျားဝတ် (ကျားဝတ်) ဘောင်းဘီတိုတစ်ထည်ပါ ထပ်ညှပ်ဖို့ လျာထားပါသေးတယ် 🤭။

စက်ချုပ်ဝါသနာရှင်တွေအတွက် တကယ်ကို Recommend ပေးချင်တဲ့ ပိတ်စလေးပါပဲရှင်။

#ချင်းမိုင်ချည်အထည်များ #စက်ချုပ်ဝါသနာရှင်များ #အဝတ်အထည်ဒီဇိုင်း #ကိုယ်တိုင်ချုပ်ရအောင်_DIY

⏱️ နာရီဝက်ပဲအချိန်ပေး! ကိုယ်တိုင်းစရာမလိုတဲ့ လျှောလက်အင်္ကျီချုပ်ကြမယ် ✨​အင်္ကျီချုပ်နည်း အခြေခံမရှိတဲ့သူတွေအတွက်တောင် လ...
18/06/2026

⏱️ နာရီဝက်ပဲအချိန်ပေး! ကိုယ်တိုင်းစရာမလိုတဲ့ လျှောလက်အင်္ကျီချုပ်ကြမယ် ✨

အင်္ကျီချုပ်နည်း အခြေခံမရှိတဲ့သူတွေအတွက်တောင် လွယ်ကူစေရမယ်! 🥰
​ကိုယ်တိုင်းစရာမလို၊ ကိုယ်ထည် Frame ဆွဲစရာမလိုဘဲ နာရီဝက်လေးအတွင်း အလွယ်တကူ ချုပ်နိုင်မယ့် "လျှောလက်အင်္ကျီ" ချုပ်နည်း၊ ဆွဲနည်းကို ပညာဒါန (DIY) အနေနဲ့ အသေးစိတ် သင်ပေးပါမယ်ရှင်။

​(ဒါနဲ့ ဂျင်းဦးထုပ်လေးကို မှတ်မိကြသေးလားဟင်? 😉 အဲ့ဒါလေးကလည်း အရင်က ပညာဒါန သင်ပေးထားတဲ့ ကိုယ်တိုင်ချုပ် ဦးထုပ်လေးလေ။
ချုပ်ဖြစ်ကြလားဖြေပေးအုံး)

ဒီ အင်္ကျီလေးကို ကိုယ်တိုင်ချုပ်ဝတ်ချင်တယ် (သို့) လေ့လာချင်တယ်ဆိုရင်တော့...
"သင်" လို့သာ Comment မှာ မန့်ပေးခဲ့တော့ကွယ်။ 💬👇

#လျှောလက်အင်္ကျီအလွယ်ချုပ်နည်း
#ပညာဒါနချုပ်နည်းသင်တန်း
#အခြေခံမလိုအင်္ကျီချုပ်နည်း
#ကိုယ်တိုင်ချုပ်ရအောင်_DIY
#စက်ချုပ်နည်းလမ်းများ

ကိုယ်တစ်ယောက်တည်း ဒီလိုမေ့တတ်တာ မဟုတ်ဘူးမလား? လာဝန်ခံကြစမ်းပါဦး...       #အွန်လိုင်းစက်ချုပ်သင်တန်း
11/06/2026

ကိုယ်တစ်ယောက်တည်း ဒီလိုမေ့တတ်တာ မဟုတ်ဘူးမလား? လာဝန်ခံကြစမ်းပါဦး...




#အွန်လိုင်းစက်ချုပ်သင်တန်း

11ရက်နေ့ အက်မင်မွေးနေ့  အထူးPromotion သင်တန်းကြေး  #18000ကျပ်RTW Summer Dress Online ClassFacebook group ,Telegram Group...
10/06/2026

11ရက်နေ့ အက်မင်မွေးနေ့ အထူးPromotion သင်တန်းကြေး #18000ကျပ်

RTW Summer Dress Online Class
Facebook group ,Telegram Group နှစ်မျိုးနှင့်သင်လို့ရပါသည်။
လက်မသီးသန့် ၊စင်တီသီးသန့် တက်လို့ရပါတယ်။

ယခင်သင်တန်းကြေး 👉 #48000ကျပ်
အက်မင်မွေးနေ့အထူးDiscount 👉 #18000ကျပ်
တည်းနဲ့အပ်လို့ရပါတယ်။

အဆင့်မြင့်မြန်မာဝတ်စုံ Body Frameကို အခြေခံပြီး
ကိုယ်တိုင်းအတိအကျဖြင့် ဆွဲရသောနည်းစနစ် နှင့်
Ready To Wear Pattern (ကိုယ်တိုင်းမလိုသော နည်းစနစ်) နှစ်မျိုးဖြင့် သင်ပါမည်။

ပါဝင်သောသင်ခန်းစာ အသေးစိတ်
- အ‌ခြေခံကိုယ်တိုင်းနည်း ၊ကိုယ်တိုင်းတွက်နည်း။
- အခြေခံ Body Frame Patternအတိအကျဆွဲနည်း။
-Ready to wear Body Frame ဆွဲနည်း။
-အခြေခံလက်ဆွဲနည်းနှင့် ကုတ်လက်ဆွဲနည်း။
-အခြေခံ စကတ် Pattern ဆွဲနည်းအပါအဝင်

** ဂါဝန် ၁၀မျိုး ဆွဲနည်း၊ချုပ်နည်း ၊ညှပ်နည်း၊ တိုင်းနည်းနှင့် တွက်နည်း အပြီးအစီးသင်ကြားပေးပါမည်**

၁။ ရင်စေ့လက်တို နှင့် Readymade စကတ်
၂။ Tweed(ကုတ်လက်) နှစ်ထပ်ချုပ်နည်း နှင့် RTW စကတ်အတို
၃။ လည်ပင်းလေးထောင့် ကိုယ်ကပ် +ဆက်တင် စကတ်
၄။ ပခုံးပျောက်+အတွန့်စကတ်ဝဲ
၅။ Milkmaid ရင်တွန့် +ရှေ့ကွဲစကတ်
၆။ Straight Milkmaid တည့်ရင်ရှုံ့+ရေသူမစကတ်
၇။ Twist +စကတ်အဝဲရှည်
၈။ ရင်ခံ+ထီးစကတ် (no bra)
၉။ ကျောပျောက် ကြိုးချည် +သုံးဆင့်စကတ်အဝဲ (no bra)
၁၀။ Corset+ထီးစကတ် (no bra)

#အထူးလျှော့စျေး #ဂါဝန်ချုပ်ကြမယ်
အသေးစိတ်မေးမြန်းရန်
Cb (Messenger)
Phone -09-454-495-691

အင်မင်မွေးနေ့ အတွက်🔥 အထူး Discount! 49,000 ကျပ်တန် သင်တန်းကို 27,000 ကျပ်ထဲနဲ့ အပ်နှံနိုင်ပါပြီ 🔥11ရက်နေ့မှာ ကျရောက်မဲ့ ...
09/06/2026

အင်မင်မွေးနေ့ အတွက်🔥 အထူး Discount!
49,000 ကျပ်တန် သင်တန်းကို 27,000 ကျပ်ထဲနဲ့ အပ်နှံနိုင်ပါပြီ 🔥
11ရက်နေ့မှာ ကျရောက်မဲ့ 36နှစ်ပြည့် အမှတ်တရ
​10-11-12 (၃ ရက်တာအတွင်း) အပ်နှံသူတွေအတွက်ပဲ ဒီစျေးနဲ့ ရမှာနော်!

​👖 "Pants Made Easy" Online Class
"ရှေ့ခါးပတ်ပြား၊ နောက်မျှော့စတိုင်လ်" မတူညီတဲ့ ဘောင်းဘီဒီဇိုင်း (၇) မျိုး ကို အခြေခံကစပြီး အသေးစိတ် သင်ပေးမယ့်အတန်း ဖြစ်ပါတယ်။

​✨ သင်တန်းအသေးစိတ်
​တစ်ထည်ချင်းစီရဲ့ တိုင်းနည်း၊ ဆွဲနည်း၊ ညှပ်နည်း၊ ချုပ်နည်း အသေးစိတ် ဗီဒီယိုဖိုင်များ။
​လက်မ နဲ့ စင်တီမီတာ Group (၂)ခုခွဲထားပါတယ်။

​Facebook Group + Telegram Group နှစ်ခုလုံးမှာ သင်ခန်းစာများ တင်ပေးထားမှာမလို့ စိတ်ကြိုက်အချိန် လေ့လာနိုင်ပါတယ်။

​ပုံသေကားချပ်တွေမပါဘဲ ဝတ်ရတာလည်း သက်တောင့်သက်သာရှိ၊ ချုပ်ရတာလည်း လွယ်ကူစေမယ့် ဘောင်းဘီချုပ်နည်းတွေကို တစ်သက်စာ လေ့လာချင်တယ်ဆိုရင် အခုပဲ Chat Box မှာ အပ်နှံလိုက်တော့နော်။ 📩
​ #အွန်လိုင်းစက်ချုပ်သင်တန်း #အထူးလျှော့စျေး #ရှေ့ခါးပတ်ပြားနောက်သရေကြိုးစတိုင်ဘောင်းဘီ

သူငယ်ချင်းချင်းပဲဟာ... အလကားချုပ်ပေး လို့ လာပြောတဲ့အခါ #စက်ချုပ်သမားတို့ဘဝ
06/06/2026

သူငယ်ချင်းချင်းပဲဟာ... အလကားချုပ်ပေး လို့ လာပြောတဲ့အခါ

#စက်ချုပ်သမားတို့ဘဝ

ပန်းစည်းမလိုဘူး... ပုံထဲကဟာတွေ အကုန်ယူခဲ့စက်ချုပ်သမားရဲ့ အားနည်းချက်ကဘာလဲသိလား... ပုံထဲကဟာတွေ အကုန်လုံးပဲ 😭🧵ဈေးတွေအရမ်းတ...
05/06/2026

ပန်းစည်းမလိုဘူး... ပုံထဲကဟာတွေ အကုန်ယူခဲ့
စက်ချုပ်သမားရဲ့ အားနည်းချက်ကဘာလဲသိလား... ပုံထဲကဟာတွေ အကုန်လုံးပဲ 😭🧵
ဈေးတွေအရမ်းတက်

#စက်ချုပ်သမားဘဝ 🧵✂️😆

05/06/2026

အလုပ်လုပ်ချင် စက်ချုပ်ချင်တဲ့ ဆေး
လောကမှာ တကယ်ရှိရင် တစ်ပုလင်းလောက် လာပေးကြအုံ

#ရှေ့ခါးပတ်ပြားနောက်သရေကြိုးစတိုင်ဘောင်းဘီ
#စက်ချုပ်သမားတို့ဘဝ #ပညာဒါနစက်ချုပ်သင်တန်း #ပျင်းလို့

(5-6-7) ၃ရက်ကို Discount ထပ်တိုးပေးထားပါတယ်။ရှေ့ခါးပတ်ပြား နောက်သရေကြိုး စတိုင်ဘောင်းဘီ 7မျိုး အွန်လိုင်းသင်တန်း။ဒါပြီးရ...
04/06/2026

(5-6-7) ၃ရက်ကို Discount ထပ်တိုးပေးထားပါတယ်။
ရှေ့ခါးပတ်ပြား နောက်သရေကြိုး စတိုင်ဘောင်းဘီ 7မျိုး အွန်လိုင်းသင်တန်း။
ဒါပြီးရင် သင်တန်းအသစ်အတွက် အချိန်ပေးတော့မှာမို့ သင်တန်းလက်ခံပေးဖို့ မအားတော့ ပိတ်ပါမယ်‌ရှင်။
49000ကျပ်ကနေ 27000ကျပ်နဲ့ အပ်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး။
စိတ်ဝင်စားရင် အသေးစိတ်ကို cbကနေမေးပေးပါ စာရှည်ရင် မဖတ်ကြလို့ပါ။

#အထူးလျှော့စျေး #ရှေ့ခါးပတ်ပြားနောက်သရေကြိုးစတိုင်ဘောင်းဘီ #ပညာဒါနစက်ချုပ်သင်တန်း

စက်ချုပ်သမားတစ်ယောက်ရဲ့ ရင်တွင်းဖြစ် သံဝေဂတွေ စုပေးထားတာ။ဖတ်ကြည့်ပြီး ဘယ်နှစ်ချက် ကိုက်ညီလဲ Comment မှာ ပြောခဲ့ဦး... ကို...
03/06/2026

စက်ချုပ်သမားတစ်ယောက်ရဲ့ ရင်တွင်းဖြစ် သံဝေဂတွေ စုပေးထားတာ။
ဖတ်ကြည့်ပြီး ဘယ်နှစ်ချက် ကိုက်ညီလဲ Comment မှာ ပြောခဲ့ဦး... ကိုယ်ကတော့ အကုန်လုံးပဲ

#စက်ချုပ်သမားတို့ဘဝ

Address

Mandalay

Telephone

+959454495691

Website

Alerts

Be the first to know and let us send you an email when Mogok Thae Thae posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share