05/01/2026
တစ်မေးတည်း မေးနေတဲ့ Hanley shirt လေး အပ်ထည်လက်ခံပါဦးမယ်ခင်ဗျာ
waffle knit ပိတ်စကို အရင်ထုတ်ဖူးတဲ့ကွာလတီတွေထက် ပိုကျစ်တဲ့ အသားကျော သုံးပေးထားတာဖြစ်လို့ ဝတ်ဆင်တဲ့အခါ အရမ်းပျော့သွား , ရွဲသွားတာမျိုး မဖြစ်ပဲ ဘော်ဒီနဲ့တစ်ထပ်တည်းကျသွားတဲ့ခံစားချက်မျိုးလေးရစေမှာဖြစ်တဲ့အပြင်
မြင်ဖူးနေကျ hanley shirt တွေလို လည်ပင်းမှာ စတစ်ပြားပုံစံအစား အနားလုံးကွပ်အသေးလေးနဲ့ပဲချုပ်ပေးထားလို့ လည်ပင်း ပြည့်တဲ့သူရော ပိန်တဲ့သူပါ ဝတ်ဆင်ရအဆင်ပြေစေမှာဖြစ်ပါတယ်ခင်ဗျာ
အညိုရောင်တစ်မျိုးပဲ ရပါဦးမယ်
အသားကျောမတူတဲ့ထဲကဆို ရွေးချယ်စရာအရောင်တွေရှိပါမယ်
ကိုယ်တိုင်းနဲ့အပ်ထည်လက်ခံပါတယ် ကိုယ်တိုင်းရခက်ခဲသူများ ဆိုဒ်မှန်းပြီးချုပ်ပေးပါတယ်
ကိုယ်နှစ်သက်ရာ fit or casual ကြိုက်တဲ့ cutting ရွေးချယ်နိုင်ပါတယ်
သဘောကျတယ်ဆိုရင် အမြန်လေးအော်ဒါတင်စေချင်ကြောင်းပါ ညိုကီတို့ရေ