BKK T Shirt SAN THIT

BKK T Shirt SAN THIT High Quality Made In Thailand T Shirt

25/01/2023

သားကြီး မင်းတို့ဘယ်အချိန်နေထိရောက်နေပြီးလဲ 😂

24/01/2023

ဒီလောက်တူအောင်ညှပ်ပေးထားတာကိုကွာ...😂

လက်သန့်ဆေးထည့်ပြီး သုံးရတဲ့ ကာတွန်းပုံHand Gel Bottle လေးတွေပါ ခရီး သွားရင် အပြင်ထွက်သွား ရင် အိတ်အဆောင် အနေနဲ့ ယူသွားရင...
04/01/2021

လက်သန့်ဆေးထည့်ပြီး သုံးရတဲ့ ကာတွန်းပုံ

Hand Gel Bottle လေးတွေပါ ခရီး သွားရင်

အပြင်ထွက်သွား ရင် အိတ်အဆောင် အနေနဲ့

ယူသွားရင် အဆင်ပြေပါတယ် ....

ဖန်စီကျပြီး ချစ်စရာလေး တွေပါ ... ... ..

ပြန်ရောင်းချင်တဲ့သူများ အတွက် အခုရေ ၁၀၀ မှာ

စတင်ပြီး အော်ဒါတင် ...

လိုရပါပြီး ... .... ...

ကြာမြင့်ချိန် 10 ရက်ပါ ....

အသေးစိပ်ကို စုံစမ်းနိူင်ပါတယ်....

Welcome to SAN THIT 🙏

🤙(chat Box)

 #ဘဝင်မြင့်ရောဂါ...🤳🤳🤳🤦‍♂️🤦‍♂️🤦‍♂️🕴ပိုက်ဆံလေး နည်းနည်းရှိလာတော့တိုက်နေကြ ဆပ်ပြာတောင်ယားသလို ခံစားရတယ်သုံးနေကြ shampoo တွ...
07/07/2020

#ဘဝင်မြင့်ရောဂါ...
🤳🤳🤳🤦‍♂️🤦‍♂️🤦‍♂️🕴
ပိုက်ဆံလေး နည်းနည်းရှိလာတော့
တိုက်နေကြ ဆပ်ပြာတောင်
ယားသလို ခံစားရတယ်
သုံးနေကြ shampoo တွေဟာ
quality သိပ်မကောင်းတော့ဘူးလို့
တွေးမိတယ်....

စားနေကြ ၅၀တန် ဝက်သားဒုတ်ထိုးတောင်
နံတယ်ထင်ပြီး
ခုတွဲနေတဲ့ ရည်းစားတောင်
ရွံစရာကြီးလို့ ထင်မိတာ..

အပေါစားတွေ သုံးခဲ့မိတဲ့
ကိုယ့်ကိုကိုယ် ရှက်မိပြီး
သူဌေးတွေနဲ့ပဲ ရွေးပေါင်းဖို့
ဆုံးဖြတ်လိုက်တယ်...

ဖူးနေကြ ဘုရားတောင်
သိပ်တန်ခိုးမကြီးတော့သလို တွေးမိပြီး
နိုင်ငံခြားကဘုရားပဲ ဖူးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်...

၂၀၀ထဲနဲ့ ဆူးလေရောက်နိုင်တာကို
အံ့အားတွေသင့်နေပြီး
ညစာအတွက် ဆိုင်မထပ်အောင် ရွေးရတာကို
ဒုက္ခတစ်ခုလို မြင်မိတယ်...

ရုပ်ရှင်ကို အပေါ်ထပ်ကကြည့်မှ
ပိုကြည်တယ်လို့ ခံယူပြီး
လမ်းဘေးစာတွေကို
နှာခေါင်းရှုံ့ပြီး
ခပ်ဝေးဝေးက ရှောင်လာပြန်ရော...

အရင်လူတွေက
ကိုယ့်ကို အရင်လိုဆက်ဆံနေတာကို
မသက်မသာ ခံစားမိတယ်
ကိုယ့်ကို တရိုတသေ လေးလေးစားစား
ဆက်ဆံသင့်တယ်လို့ တွေးမိတယ်..

တော်ရုံလူတွေရဲ့ comment တွေကို
reply မပြန်တော့ဘူး
အနေအထားတစ်ခု ရှိတဲ့သူတွေကိုပဲ
အဖက်လုပ်တော့မယ်လို့ တွေးထားတယ်
ကိုယ့် account ဟာ
ကမ္ဘာ့အဆင့်အတန်းအရှိဆုံး
account ဖြစ်ရမယ်လို့
ဆုံးဖြတ်ထားတယ်

လူတွေရဲ့အနံ့ဟာ နံလာတယ်
Brandedပစ္စည်းတွေရဲ့
အသစ်ရနံ့က ပိုမွှေးလာတယ်
ကိုယ်တိုင်က
သိပ်မလှဘူး သိပ်ပညာမတက်ဘူး
ဒါပေမယ့် တကိုယ်လုံးငွေကြောင့်
တဖိတ်ဖိတ်တောက်နေတယ်လို့ ထင်မိတယ်..

fb မှာလာ add ရင်
နောက်က ထရံကာ တွေပါရင် လက်မခံဖြစ်ဘူး
ကိုယ့် acc ဟာ ခရိုနီနဲ့ cele များသာ
ပြည့်နေစေရမယ်လို့ ခံယူထားတယ်...

cmt မှာ ဗရုတ်သုက္ခလာမန့်ရင်
ကိုယ့်ကိုမလေးမစား လာပေါင်းတယ်လို့
ခံစားမိတယ်
"မင်္ဂလာပါ အကို"
"မင်္ဂလာပါ ညီလေးရေ"
"အရမ်းချောတယ်အမ"
"ညီမလေးလည်း ရမ်းချော"
"ကျေးဇူးပါ ညီမရေ"
"ညီလေးလည်း အရမ်းချော" စတဲ့
အပေါ်ယံတွေကို ပိုကြိုက်လာတယ်

ကိုယ်နဲ့ထိုက်တန်တဲ့ ပတ်ဝန်းကျင်အသစ်
မိတ်ဆွေအသစ်
အသုံးအဆောင် ပစ္စည်းအသစ်
လက်တွဲဖော် အသစ်တွေဟာ
ခုမှရောက်လာတာဆိုပြီး ပျော်မိတယ်...

နှာစေး ခေါင်းကိုက်တာကို
အရင်လို ဒီကိုလ်ဂျင်တွေ မသောက်သင့်တော့ဘဲ
Medical check up သွားလုပ်ဦးမှလို့
တွေးမိတယ်
လူတွေဟာ ငါ့လိုဘာ့ကြောင့်ကျန်းမာရေးကို
ဂရုမစိုက်တာလဲလို့
စိတ်မသက်မသာ တွေးမိတယ်

အဲလိုနဲ့
medical check up အဖြေရလာတော့
ဖတ်ကြည့်လိုက်တယ်
"ဘဝင်မြင့်ရောဂါ" တဲ့
အရမ်း ကျေနပ်သွားတယ်
ဒီရောဂါနဲ့ သေရင်တောင်
သေပျော်ပြီလေ။

ကဲ...
ဘဝင်မြင့်ရောဂါသည်တွေအတွက်
ရေးတင်လိုက်ပါသည်။

 ဆယ်ကျော်အသက်ရွယ်ဝတ် တီရှပ်အမျိုးမျိုး...::::::::::: size (inch) ::::::::::::S ရင်ဘတ် 32"M ရင်ဘတ် 36"L ရင်ဘတ် 40"XL ရင်ဘ...
06/06/2020



ဆယ်ကျော်အသက်ရွယ်ဝတ် တီရှပ်အမျိုးမျိုး...
::::::::::: size (inch) ::::::::::::
S ရင်ဘတ် 32"
M ရင်ဘတ် 36"
L ရင်ဘတ် 40"
XL ရင်ဘတ် 44"
XXL ရင်ဘတ် 48"

(ထိုင်းနိူင်ငံ ရှိစက်ရုံမှာ တိုက်ရိုက် တင်သွင်းရောင်းချသညအရည်အသွေးမြင့် တီရှပ် များ လက်လီ၊လက်ကား ​ဈေး
ဝယ်ယူရရှိနိူင်ပါသည်။)

ဖုန်း +959762091955

.+66944048174

[email protected]




NOW NEAR YOU! FREE UP YOUR STYLE.




#ဖောက်သည်များ_စိတ်တိုင်းကျမှုသည်တို့ရဲ့အောင်မြင်မှုပါ...

#ဆန်းသစ်တီရှပ်ဆိုင်

https://www.facebook.com/santhitbbktshirt

Chat Box.

😁😁😁နှစ်ပေါင်း ၁၈၀ ဆိုင်ပိတ်လိုက်တယ်
10/04/2020

😁😁😁
နှစ်ပေါင်း ၁၈၀ ဆိုင်ပိတ်လိုက်တယ်

BKK_T_Shirt_San_Thitထိုင်းနိူင်ငံ ရှိစက်ရုံမှာ တိုက်ရိုက် တင်သွင်းရောင်းချသညအရည်အသွေးမြင့် တီရှပ် များ လက်လီ၊လက်ကား ​ဈေး...
06/04/2020

BKK_T_Shirt_San_Thit
ထိုင်းနိူင်ငံ ရှိစက်ရုံမှာ တိုက်ရိုက် တင်သွင်းရောင်းချသညအရည်အသွေးမြင့် တီရှပ် များ လက်လီ၊လက်ကား ​ဈေး
ဝယ်ယူရရှိနိူင်ပါသည်။

ဘဲပုံလေးတွေ order အပြီးသတ် 😍
21/03/2020

ဘဲပုံလေးတွေ order အပြီးသတ် 😍

၂ စုံတစ်ရာပါ
04/03/2020

၂ စုံတစ်ရာပါ

အမေပြောပြတဲ့ ဒီပဲယင်းအတွေ့အကြုံကျွန်မရဲ့အတွေ့အကြုံကိုပြောရမယ်ဆိုရင် "ဒီပဲယင်း" ၂၀၀၃ ကပေါ့ကျွန်မတို့ အထက်မြန်မာပြည်ကို စည...
01/03/2020

အမေပြောပြတဲ့ ဒီပဲယင်းအတွေ့အကြုံ

ကျွန်မရဲ့အတွေ့အကြုံကိုပြောရမယ်ဆိုရင် "ဒီပဲယင်း" ၂၀၀၃ ကပေါ့ကျွန်မတို့ အထက်မြန်မာပြည်ကို စည်းရုံးရေးဆင်းတုန်းကစည်းရုံးရေးက ရက်ကြာလာတာနဲ့အမျှ ပြည်သူတွေရဲ့ထောက်ခံအားပေးမှုက ပိုများလာပါတယ်။

တစ်ညနေတော့ လမ်းခုလတ်တစ်နေရာမှာ ကျွန်မတို့ကားကို
ဘုန်းကြီးတစ်ပါးက လာတားပါတယ်။
ပြီးတော့ သူက ကျွန်မကို မိန့်ခွန်းပြောစေချင်တယ်တဲ့။
အချိန်ကလည်း နေဝင်ချိန်ပါ။
ခရီးစမထွက်ခင်ကတည်းက ပြဿနာတွေရှိလာနိုင်တယ်လို့
ကျွန်မတို့ကို သတိပေးထားတာလည်းရှိတော့ ကျွန်မက သူ့ကို
"မဖြစ်နိုင်ပါဘူး...အရမ်းနောက်ကျနေပါပြီ...
ဒီနေရာမှာဟောပြောဖို့စီစဉ်ထားတာလည်းမရှိပါဘူး..ဆက်သွားစရာရှိလို့ပါ" ပြောတော့ဒါပေမယ့် သူက မရပ်ရပ်အောင် အတင်းကိုပြောနေပါတယ်။

အဲဒီမှာ ကျွန်မတို့ကားတန်းနောက်က လူတစ်ယောက်ပြေးလာပြီး
အကြောင်းကြားပါတယ်။ လူအုပ်ကြီးရောက်ချလာပြီး
ကျွန်မတို့လူတွေကို ရိုက်နှက်နေပြီတဲ့....။
ဒါတွေအားလုံးက ဒီပဲယင်းမှာဖြစ်ပျက်ခဲ့တဲ့ဟာတွေပါ။

ဒီလိုနဲ့ ဝိုင်းရိုက်တဲ့လူအုပ်ကြီးမှာ...
"သင်္ကန်းတွေခြုံထားတဲ့ လူတွေလည်းပါပါတယ်"
သေချာတာကတော့ သူတို့က ဘုန်းကြီးမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးရဲ့ လက်မောင်းတစ်ဖက်စီမှာ
အဖြူရောင်လက်ကိုင်ပဝါတွေ စည်းထားကြပါတယ်။
ကြည့်ရတာကတော့ သူတို့က အဖွဲ့အစည်းတစ်ခုတည်းက လူတွေ
အချင်းချင်းသိဖို့ ဆင်တူပတ်ထားတာနဲ့ တူပါရဲ့....။
သူတို့လက်ထဲမှာလည်း တုတ်တွေ၊ဓားတွေ ကိုင်ထားပါတယ်။
ဒီလိုနဲ့ ကျွန်မတို့လူ ၄ ယောက်လည်း သူတို့ရိုက်သတ်လို့ သေသွားပါတယ်။
ကျွန်မတို့ ကားမှန်ကိုလည်း ရိုက်ခွဲကြပါတယ်။

ကျွန်မကားမောင်းသူက တော်တော်လေးအားကိုးရပါတယ်။
အစက ကျွန်မ ထွက်မသွားဘဲ နောက်ကလူတွေကို စောင့်မယ်...
သူတို့ အနောက်မှာ အရိုက်ခံနေရတာကို ဒီအတိုင်းမထားနိုင်ဘူးဆိုပြီးတော့ပေါ့။
နည်းနည်းကြာတော့ ကျွန်မကားကိုမောင်းတဲ့ လူငယ်လေးက
"ဟိုမှာကြည့်ပါဦး ကျွန်တော်တို့သွားမယ့်လမ်းကို ပိတ်နေကြပြီ"လို့ ပြောပါတယ်။
ကျွန်မလည်း အဲဒါကိုမြင်တော့....
ဟိုဘက်ကလာတဲ့ ကျွန်မတို့လူတွေနဲ့ ပြတ်တောက်သွားအောင်
လုပ်တာနဲ့တူပါတယ်လို့ တွေးမိတယ်။ ဒရိုင်ဘာလေးက...
"ကျွန်တော် တားထားတာကို ဖြတ်မောင်းရမလား" တဲ့။
ကျွန်မလည်း မောင်းတော့... ဒါမှ ဟိုဘက်ကလာတဲ့
ကျွန်မတို့လူတွေနဲ့ ပေါင်းမိမှာလို့ ပြောလိုက်တယ်။

အဲဒီမှာ အတွေ့အကြုံက တော်တော်လေးကို သည်းထိတ်ရင်ဖို့ပါပဲ။
ကျွန်မ အရင်က ပိတ်ထားတဲ့ အတားအဆီးကို ကားနဲ့ ခုန်ပျံကျော်လွှား
မောင်းသွားတာမျိုး တစ်ခါမှ မလုပ်ဖူးဘူး။
ဒါပေမယ့် တကယ်တမ်းဟိုဘက်ရောက်တော့ လူတစ်ယောက်မှမရှိဘူး။

သူတို့က ဘေးပတ်ပတ်လည်ကို ပိတ်ဖို့ ကြိုးစားနေကြတာပါ။
သူတို့ရည်ရွယ်ချက်က ဘာလဲဆိုတာ
ကျွန်မလည်း သေသေချာချာ မသိပါဘူး။
ကြည့်ရတာ ပါလာတဲ့သူအားလုံးကို ပိတ်ပြီး ရိုက်မလို့လား...?
ပိတ်ပြီး ဖမ်းမလို့လား...? တစ်ခုခုပါပဲ။

ဒီလိုနဲ့ ဟိုဘက်ရောက်တော့ ဘာမှမတွေ့တာနဲ့
ကျွန်မတို့လည်း ဆက်မောင်းလာလိုက်တာ
နောက်တစ်မြို့လည်းရောက်ရော အဖမ်းခံရတော့တာပဲ။

အဲဒီမှာ ပြောချင်တာက....
"အရိုက်ခံလိုက်ရတာတာ ကျွန်မတို့ပါ
အဖျက်သမားဆိုပြီး ထောင်ချခံလိုက်ရတာလည်း ကျွန်မတို့ပါပဲ"

ကျွန်မ စဉ်းစားလို့မရတာက ထောင်ချခံလိုက်ရအောင်
ကျွန်မတို့ ဘာများ လုပ်မိခဲ့လဲလို့....
ကျွန်မတို့ လက်ညှိုးလေးနဲ့ တောင်သူတို့ကို ရွယ်တောင်မရွယ်ပါဘူး....။

ဒါပေမယ့် အဲဒီအတွက်ကြောင့်
ကျွန်မကို နောက်ထပ် ၆ နှစ် အကျယ်ချုပ်ချလိုက်ပြန်ပါတယ်....။

Thet Paing

Address

Mandalay

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959762091955

Website

Alerts

Be the first to know and let us send you an email when BKK T Shirt SAN THIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BKK T Shirt SAN THIT:

Share