Mr.Liam

Mr.Liam Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mr.Liam, Clothing Store, Mandalay.

08/12/2025

Hello!
December.

Natural Peridot💚 မိုးကုတ်တွင်းထွက်သဘာဝ ပြောင်ခေါင်းစိမ်း💚👑အောင်မြင်ခြင်းပျော်ရွှင်ခြင်းနဲ့ သစ္စာ တရားကို ကိုယ်စားပြုတဲ့P...
15/06/2024

Natural Peridot
💚 မိုးကုတ်တွင်းထွက်သဘာဝ ပြောင်ခေါင်းစိမ်း💚
👑အောင်မြင်ခြင်းပျော်ရွှင်ခြင်းနဲ့ သစ္စာ တရားကို ကိုယ်စားပြုတဲ့Peridot💚
✨ပြောင်ခေါင်းစိမ်းက ဝတ်ဆင်တဲ့သူကို ခွန်းအားနဲ့ယုံကြည်မှုတွေတိုးစေပါတယ်တဲ့ရှင့်✨
👉အထည်ခတ်ပုံလေးတွေ စုပေးထားပါတယ်ရင့်❤
Photo
Crd..

😍😍😍
28/05/2024

😍😍😍

01/10/2022
🙋Hello!ဒီနေ့မင်မင် ကျောက်ဆန်းလေးတစ်မျိုးနဲ့မိတ်ဆက်ပေးမယ်နော်💚 Mogok Natural Flourite Crystal လေးပဲဖစ်ပါတယ်ရှင့်💁Flourite...
07/06/2022

🙋Hello!
ဒီနေ့မင်မင် ကျောက်ဆန်းလေးတစ်မျိုးနဲ့မိတ်ဆက်ပေးမယ်နော်
💚 Mogok Natural Flourite Crystal လေးပဲဖစ်ပါတယ်ရှင့်💁
Flourite လေးရဲ့အစွမ်းကတော့....
👉Protection and Intuition ပါ
👉protects against stress and negative
energy.
👉Helps find balance in life and stabilises emotions.တွေကို ပေးစွမ်းနိူင်တဲ့ အဆောင်ကျောက်လေးလည်းဖြစ်ပါတယ်💚

Weight....16cts
Colour....Green
Price......50000
မိုးကုတ်သဘာဝ flourite လေးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စျေးတန်တန်လေးပါနော်❣

လူသိများပြီးအရောင်း-အဝယ်ဖြစ်နေသည့်သည့်မိုးကုတ်တွင်းထွက်ကျောက်အချို့******†(၁)Amethyst(သလင်းခရမ်းစွဲ)(၂)Apatite(နဂါးသွဲ့)...
01/05/2022

လူသိများပြီးအရောင်း-အဝယ်ဖြစ်နေသည့်သည့်မိုးကုတ်တွင်းထွက်ကျောက်အချို့******†
(၁)Amethyst(သလင်းခရမ်းစွဲ)
(၂)Apatite(နဂါးသွဲ့)
(၃)Aquamarine(မြပြာ)
(၄)Chrysoberyl(ခရိုင်ဆိုဗာရယ်)
(၅)Chrysoprase(သလင်းစိမ်း)
(၆)Citrine(သလင်းဝါ)
(၇)Danburite(ရွှေတွင်းဝါ)
(၈)Fibrolite(ထပ်ကွာစိမ်း)
(၉)Fluorite(ပုလဲပြာ)
(၁၀)Garnet(ဉဒေါင်)
(၁၁)Johachidolite(ဂျိုဟာချီဒိုလိုက်)
(၁၂)Lapis Lazuli(ဒုတ်တာ)
(၁၃)Moonstone(မြော)
(၁၄)Painite(ပိန်းနိုက်)
(၁၅)Peridot(ပြောင်ခေါင်းစိမ်း)
(၁၆)Poudretteite(ပေါ်ဒရက်တိုက်)
(၁၇)Quartz(သလင်းဖြူ)
(၁၈)Ruby(ပတ်တမွား)
(၁၉)Sapphire(နီလာ)
(၂၀)Sheelite(ရှီလိုက်)
(၂၁)Sillimanite(ထပ်ကွာ)
(၂၂)Spinal(အညံ့ပန်း)
(၂၃)Scapolite(သူယောင်)
(၂၄)Topaz(ထပ်တရာ)
(၂၅)Tourmaline(ဖရဲအူ)
(၂၆)zircon(ဂေါ်မိတ်)
အခြားတွင်းထွက်ကျောက် များ-များစွာရှိသေးပါသည်/
လူသိများပြီးလက်ရှိအရောင်း-အဝယ်ဖြစ်နေသည့်ကျောက်များကိုအလွယ်တကူသိနိုင်အောင်တင်ပေးလိုက်ခြင်းဖြစ်ပါသည်(မောင်ထွန်းဦး-မိုးကုတ်)

Hello🙋နှစ်သစ်အခါသမယလေးမှာ အားလုံပဲ ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းချွေလိုက်ပါရစေရှင်🙏အခုမင်မင်က 💁❤မိုးကုတ် ruby...
16/04/2022

Hello🙋
နှစ်သစ်အခါသမယလေးမှာ အားလုံပဲ ရွင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းချွေလိုက်ပါရစေရှင်🙏
အခုမင်မင်က 💁❤
မိုးကုတ် ruby လေးနဲ့ မိတ်ဆက်ပေးမယ်နော်
Mogok Natural Ruby...red color
ဘယက်ကြိုးပဲလုပ်ဝတ်မလား❓
ဆွဲသီးပဲလုပ်ဝတ်မလား❓
ချစ်တို့ကြိုက်တာလုပ်ဝတ်လို့ရအောင်လို့ လက်ဝတ်ရတနာဒီဇိုင်းပုံလေးတွေပါမင်မင်က တင်ထားပေးတယ်နော်❤
အခုမင်ပြပေးထားတဲ့ ruby လေးက တစ်ဆင်စာကြိုက်ရင် တဆင်စာလုပ်ဝတ်လို့ရပါတယ်နော်
အရည်ကောင်း၊ကျောက်သားသင့် အနီရည်ပါ..
အချိန်ပေးစုထားရတဲ့ ပွင့်ကောက်လေးတွေပါရှင်❣
Weight...22.5 cts
Pieces....208p
💁ဝယ်ယူဝတ်ဆင်ချင်တဲ့သူတွေအတွက်
သင့်တင့်မျှတတဲ့စျေးလေးနဲ့ရောင်းပေးပါ့မယ်ရှင့်
1ct........30000 စျေးလေးနဲ့ရောင်းချပေးမှာဖြစ်သလို
စျေးနှုန်းလေးကိုလည်း သင့်သလိုလေး ညှိပေးပါဦးမယ်ရှင့်❣
📱ဝယ်ယူအားပေးမယ်ဆိုရင် page cb ကနေတဆင့်မေးမြန်းစုံစမ်းဝယ်ယူနိူင်ပါတယ်ရှင့်🙏
💵မန်းလေးမြို့တွင်း cash on deli ရပါတယ်ရှင်
ကျန်မြို့နယ်များကတော့ ငွေလွှဲဝင်တာနဲ့ ပစ္စည်း ပို့ပေးပါတယ်ရှင့်❣

Hello 🙋မဂ်လာပါရှင့်🙏ဒီနေ့မင်မင်က မိုးကုတ်စိန်(ခေါ်  )ထပ်တရာကျောက်လေးနဲ့မိတ်ဆက်ပေးမယ်နော်💎💎Mogok Natural Topaz💎     မိုးက...
28/03/2022

Hello 🙋
မဂ်လာပါရှင့်🙏
ဒီနေ့မင်မင်က မိုးကုတ်စိန်(ခေါ် )ထပ်တရာကျောက်လေးနဲ့မိတ်ဆက်ပေးမယ်နော်💎
💎Mogok Natural Topaz💎
မိုးကုတ်သဘာဝ ထပ်တရာကျောက်
စိန်လေးအလား💎 bling bling လေးနော်
ပွင့်ဆူ အသန့်လေးတွေပါရှင့်
💁 မင်မင်က အထည်ပုံစံနမူနာလေးတွေလည်း ပြပေးထားတယ်နော်❤
💛 26 ct
💎 29 ပွင့်
💵 1 ကလပ် 5000 စျေး
📱cb ကနေ လိုချင်တာကို ပုံနှင့်တကွပြပြီး မှာယူအားပေးနိူင်ပါတယ်ရှင့်❣
👉cmt မှာ အပြင်ပုံ video လေးတင်ထား​ပေးတယ်နော်😘

ကျောက်မျက်ရတနာတို့၏အစွမ်းသတ္တိ နဲ့ အသုံးဝင်ပုံ 💎💍💎--------------------------------------------------ကျောက်မျက်ရတနာဟုဆိုလ...
19/03/2022

ကျောက်မျက်ရတနာတို့၏အစွမ်းသတ္တိ နဲ့ အသုံးဝင်ပုံ 💎💍💎
--------------------------------------------------

ကျောက်မျက်ရတနာဟုဆိုလိုက်သဖြင့်
အဖိုးတန်ပစ္စည်းဖြစ်ကြောင်းလူတိုင်းသိကြပါသည်
ကျောက်မျက်ရတနာတို့မည်သည် သူ့သဘာ၀နှင့်သူ
သူ့ဓာတ်နှင့်သူထူးကဲသောအစွမ်းသတ္တိများ
ရှိကြသည်သာဖြစ်၏။ထို့ကြောင့်လူတို့အား အကျိုးပြုသော ကျောက်မျက်ရတနာများ၏
အစွမ်းသတ္တိတို့ကိုလေ့လာမိသလောက်
မျှဝေလိုက်ပါသည်.. 💢

၁။ခရမ်းစွဲကျောက်(Amethyts)
ခရမ်းရောင်သန်းနေသော ကျောက်ဖြစ်၏
သစ္စာခိုင်မြဲခြင်း၊မူးယစ်ခြင်းဝေဒနာတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိသည်..

၂။ပယင်းကျောက်(Amber)
မျှော်လင့်ထားသည့်အရာမှန်သမျှ ပြီးမြောက်ပြည့်စုံအောင်မြင်နိုင်သော အစွမ်းရှိ၏..

၃။နဂါးသွဲ့ကျောက်(Blood Stone)
သတ္တိရှိစေ၏။တိုက်ပွဲထွက်သည့်အခါ ဆောင်ထားပါက အောင်မြင်နိုင်၏။ဒဏ်ရာရပါလျှင်လည်း သွေးအမြန်တိတ်စေ၏။မမျှော်လင့်သောဘေးအန္တရယ်
ရောဂါကပ်ဆိုးတို့မှ ကင်းလွတ်စေနိုင်သော အစွမ်းသတ္တိရှိ၏..

၄။မျက်ရွဲ(Benyl)အဝါရောင် သလင်းကျောက်အမျိုးအစားဖြစ်၏
မကောင်းသောသတင်းဆိုး၊ကောလဟာလသတင်းများ မကြားရအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏..

၅။ဂျက်စပါကျောက်(Jaspen)
မိမိပရောဂကြောင့်တစ်ပါးသူအန္တရာယ်မကျရောက်စေရန်အကာအကွယ်ပေး၏။ကုသိုလ်ပြုရာ၌ ထူးခြားထက်မြက်သော ကျောက်အမျိုးအစားဖြစ်၏..

၆။မဟူရာကျောက်(Omyx)
မြွေနှင့်အဆိပ်ရှိသတ္တဝါတို့ဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။အိမ်ထောင်ရေးသုခကို အပြည့်အ၀ရရှိစေနိုင်သော ကျောက်အမျိုးအစားဖြစ်၏..

၇။စိန်ကျောက်(Diamond)
မာကြောသောအစွမ်းသတ္တိရှိ၏
အင်အားကိုတောင့်တင်းစေ၏
ရိုးသားဖြူစင်စိတ်ကို ဖြစ်ပေါ်စေနိုင်၏..

၈။ကောနယ်လီယာကျောက်(Conneliam)
ကျန်းမာရေးကိုအထူးကောင်းမွန်စေ၏
အသက်အာယုကိုရှည်စေ၏။ကံကောင်းခြင်းကို
ဖြစ်ပေါ်စေသော ကျောက်အမျိုးအစားဖြစ်၏..

၉။ရွဲကျောက်(Opal)
တူရာသီနှင့်ဗြိစ္ဆာရာသီဖွားများအတွက်သာ ဆောင်ကောင်းသောကျောက်ဖြစ်၏။အဆိုပါရာသီဖွားများအတွက် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။အောင်မြင်မှုကို ပို့ဆောင်ပေး၏။(ကျန်ရာသီဖွားများအတွက် အကျိုးသိပ်မရှိလှပါ။)..

၁၀။ပဌဲကျောက်(Ganmet)
ကျန်းမာရေးကိုအထူးကောင်းမွန်စေ၏
အပူလောင်ခြင်းတို့မှကာကွယ်ပေးနိုင်၏
စိတ်ကိုရွှင်လန်းစေ၏။လူချစ်၊လူခင်၊မိတ်ဆွေသင်္ဂဟ
တို့ပေါများစေသော ကျောက်အမျိုးအစားဖြစ်၏..

၁၁။ကန်ဘူးမယ်လီကျောက်(Canbumele)
အနီရင့်ရောင် ကျောက်အမျိုးအစားဖြစ်၏
ကူစက်ရောဂါဘေးမှ ကင်းဝေးစေ၏။မိမိကိုယ်ကို ယုံကြည်စိတ်ဓာတ်များဖြစ်ထွန်းစေ၏။အခက်အခဲများကို အောင်မြင်စွာတွန်းလှန်နိုင်စေ၏..

၁၂။ပုလဲ(Pearl)
ကျန်းမာရေးကို ကောင်းမွန်စေ၏
မိမိကို ချစ်ခင်သူတွေ ပေါများစေနိုင်၏..

၁၃။ထပ်တရာကျောက်(Topaz)
နာတာရှည်ရောဂါဖြစ်မှုဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိသော ကျောက်အမျိုးအစားဖြစ်၏..

၁၄။နီလာကျောက်(Sapphire)
ကံကောင်းစေသောကျောက်ဖြစ်၏
ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏
စိတ်မရှည်မှု၊စိတ်တိုမှုတို့ကို ကွယ်ပျောက်စေနိုင်၏..

၁၅။ချာဆီမိုနီကျောက်(Moss Agare)
ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေနိုင်၏
စိုက်ပျိုးရေးသမားများ အထူးပင် ဆောင်ထားသင့်သည့် ကျောက်အမျိုးအစားဖြစ်၏..

၁၆။တာကွိုင်ကျောက်(Tunquoise)
ကံကောင်းစေသော ကျောက်အမျိုးအစားဖြစ်၏
ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းစေနိုင်၏..

၁၇။ပါလဒုတ္ထာကျောက်(Malachite)
ဘာသာရေးသမားများ ဆောင်ထားသင့်သော ကျောက်အမျိုးအစားဖြစ်၏
ရေကြောင်းသွားလာသူများအတွက်
ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်၏
နယ်သစ်ရှာဖွေမှုနှင့်စွန့်စားလိုသူများ၊စီးပွားရေးဈေးကွက် ချဲ့ထွင်လိုသူများအတွက် အကျိုးဖြစ်ထွန်းစေနိုင်၏..

၁၈။သန္တာကျောက်(Conal)
အိမ်ထောင်ရေးကိုသာယာမှုပေးစွမ်းနိုင်သော ကျောက်အမျိုးအစားဖြစ်၏။ကလေးသူငယ်များကို ဘေးအန္တရယ်မှ အကာအကွယ်ပေးနိုင်၏
လူငယ်လူရွယ်တို့အား မဖြစ်သင့်သည်တို့ မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏..

၁၉။မြပြာကျောက်(Aquamanine)
အစိမ်းနှင့်အပြာ ရောထားသော ကျောက်ဖြစ်၏။အာရုံ၀င်စားမှုကို မပျံ့လွင့်အောင် ထိန်းချုပ်ပေးနိုင်၏။ခရီးလမ်း၌ အန္တရာယ်တို့ကို
တားဆီးပေးနိုင်၏။ထိခိုက်ဒဏ်ရာရမှုတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိ၏..

၂၀။မြကျောက်(Emenald)
မျက်စိကို အထူးအားကောင်းစေ၏။ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်၏။မိမိဘက်မှ သစ္စာဖောက်ခဲ့ပါက မြကျောက်၏အရောင်မှာ မှေးမှိန်သွားကြောင်း မှတ်သားရ၏..

၂၁။ပတ်တမွား (Ruby)
မိတ်ဆွေကောင်းများနှင့်ဆုံစည်းရတတ်၏
ပူပင်သောကဘေးတို့မှ ကင်းဝေးစေ၏
ဆက်ဆံရေးကိုပြေပြစ်ကောင်းမွန်စေသော
ကျောက်အမျိုးအစားဖြစ်၏...။

💎Natural White Sapphire 💎✅သဘာဝမိုးကုတ်တွင်းထွက်နီလာဖြူ(ဥဿဖျားခဲရည်)✅ပွင့်ပွင့်ဆူဆူ အပြစ်အနာအဆာမရှိ✅စင်သန့်ပြီးစိန်လိုပဲပ...
16/03/2022

💎Natural White Sapphire 💎
✅သဘာဝမိုးကုတ်တွင်းထွက်နီလာဖြူ
(ဥဿဖျားခဲရည်)
✅ပွင့်ပွင့်ဆူဆူ အပြစ်အနာအဆာမရှိ
✅စင်သန့်ပြီးစိန်လိုပဲပွင့်ဆူနေတာ💙
🙋ကြာသပတေးသားသမီးတွေဆောင်ထားသင့်တဲ့
အဆောင်ကျောက်မျက်ရတနာပါရှင့်💎
မိုးကုတ်စိန်လို့ခေါ်ရလောက်အောင်ပွင့်ဆူပြီးတအားလှတာပါ❣
နားကပ်တရံစာနဲ့ ဆွဲသီးစာလေးပါရှင့်💙
💎 ကျောက်တွေကတစ်နှစ်ထက်တစ်နှစ်ရှားပါးလာတာမို့ စုကိုစုထားသင့်တဲ့ထဲမှာ နီလာဖြူလည်းပါပါတယ်ရှင့်❣
Weight = 2.5 cts
Pieces = 11 p
Price. = 100000
📲 ဝယ်ယူအားပေးမယ်ဆိုရင် page cb ကနေ ဝယ်ယူလို့ရပါတယ်ရှင့်
💁 ဝယ်ယူအား​ပေးမယ့်အချစ်တို့အဆင်ပြေအောင်လို့ စျေးလေးကိုလည်းအတတ်နိူင်ဆုံး ညှိပေးပါ့မယ်နော်❤
👉အပြင်ပုံကြည့်လို့ရအောင်လို့
cmt မှာလည်း video လေးတင်ထားပေးတယ်နော်❣

🍀🍀🍀ကျောက်မျက်အကြောင်း အရှည်ကြီးမဖတ်ချင်တဲ့သူတွေအတွက် အတိုအထွာလေးတွေ စဉ်းစားမိသလောက် ရေးပေးလိုက်ပါတယ်အသုံးဝင်မယ်လို့ မျှေ...
16/03/2022

🍀🍀🍀ကျောက်မျက်အကြောင်း အရှည်ကြီးမဖတ်ချင်တဲ့သူတွေအတွက် အတိုအထွာလေးတွေ စဉ်းစားမိသလောက် ရေးပေးလိုက်ပါတယ်
အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ် 🍀🍀🍀

✨ မိုးညှင်းနီလာ (Kyanite) ဟာ နီလာ မဟုတ်ပါ ဂုဏ်သတ္တိတွေ မတူညီသလို စျေးနှုန်းလဲ အများကြီးကွာပါတယ်

✨ မိုးကုတ်မြ (Diopside) ဟာ မိုးကုတ်ကထွက်သောမြ အစစ်ပါ

✨ ဥဿ ဖရားဆိုတာ စာထဲမှာ Topaz ဖြစ်ပြီး အပြင်မှာပြောနေကြတဲ့ ဥဿ ဖရားဆိုတာ yellow sapphire သို့မဟုတ် white sapphire ကို ရည်ညွန်းလေ့ရှိကြပါတယ် ဒါကြောင့် မြန်မာလို ဥဿဖရားလို့ပြောရင် English name ကို ပြန်မေးလိုက်တာက အကောင်းဆုံးပါ

✨ သူယောင်ဆိုတာ တကယ်တော့ Scapolite ကိုခေါ်တာဖြစ်ပြီး သူယောင်လို့ စျေးကွက်ထဲမှာ လူသိများတာက Rose Quartz (ပန်းရောင်သလင်း) ဖြစ်ပါတယ်
Scapolite ကို မျောနီ လို့လည်းခေါ်ပါတယ်
(ဒါဆို ယောက်ကျားချစ်တာ ဘယ်ကျောက်လဲ မေးရင် မသိပါဘူး 😬)

✨ ပြောင်ခေါင်းစိမ်းဆိုတာ မိုးကုတ်မြို့အနီး ပြောင်ခေါင်းရွာကနေ ထွက်ရှိရာက အစွဲပြုပြီး ခေါ်လာကြတဲ့ နာမည်ပါ သို့သော် အရွယ်သေးတဲ့ peridot တွေက အခြားနိုင်ငံကလဲ ထွက်ပါတယ်

✨ ခရမ်းဆွဲဟာ ဒေသစွဲထားစရာမလိုတဲ့ ကျောက်ဖြစ်ပါတယ် ဆိုလိုတာ ထွက်ရှိရာဒေသ အရေးမကြီးပါဘူး

✨ ကျောက်မျက်တိုင်းဟာ မိုးကုတ်မှ အကောင်းဆုံးဆိုတာ မဟုတ်ပါဘူး ပတ္တမြား နီလာ အရွယ်ကြီးမားတဲ့ ပြောင်ခေါင်းစိမ်းတွေကလွဲရင် အခြားနိုင်ငံကထွက်ပြီး ပိုလှတဲ့ကျောက်တွေ များစွာရှိပါတယ်

✨ အရောင်လေးကြိုက်လို့ ဝတ်ချင်တာဆို ကြိုက်တဲ့ကျောက်သာဝယ်ပါ
မဝတ်ချင်ဘူး စုထားချင်တာဆိုရင်တော့
Blue topaz အစား Aquamarine (မြပြာ/စလင်းစိမ်း)
Citrine (စလင်းဝါ) အစား Danburite (ရွေတွင်းဝါ) Yellow Sapphire (နီလာဝါ) တို့ကိုသာဝယ်ပါ

✨ ပတ္တမြားဟာ နီရဲပြီး စင်သန့်လွန်းနေရင် Too good to be true ဆိုတာကို သတိရပါ

✨ ဖန်နဲ့ တွင်းထွက်ကို အလွယ်ကူဆုံးခွဲခြားဖို့ ပါးမှာကပ်ကြည့်ပါ တွင်းထွက်ကျောက်ဟာ အေးနေပြီး ဖန်ကတော့ မအေးပဲနွေးနေတတ်ပါတယ်

✨ ပုလဲအတုနဲ့ အစစ်ကို အလွယ်ကူဆုံးခွဲခြားဖို့ အရှေ့သွားရဲ့ မျက်နှာပြင်ပေါ်မှာ ပုလဲကိုပွတ်ကြည့်ပါ ဂျစ်ဂျစ်နဲ့ gritty ခပ်ကြမ်းကြမ်းလေးဖြစ်နေရင် အစစ် ချောနေရင် အတုလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်

✨ သဘာဝ ခရမ်းဆွဲတွေဟာ ကြွေသားအဖြူရောင် ခွက်တစ်ခုခုထဲမှာ ရေထည့်ပြီး ကျောက်ကို မှောက်ပြီး ရေစိမ်ကြည့်ရင် အရည် (ကာလာ) လေးတွေ ချွန်းမှာလာစုပြီး ဘေးဘက်မှာ သိသိသာသာဖြူသွားတတ်ပါတယ်

✨ များသောအားဖြင့် သဘာဝခရမ်းဆွဲတွေဟာ ချွန်းထူမှ အရည်လှ အရည်ပြည့်တတ်ပြီး ချွန်းပါးပြီး အရည်ပြည့်နေရင် ချက်ကျောက်ဖြစ်နိုင်ပါတယ်

✨ ပယင်းအတုအစစ်ခွဲဖို့ ရေခွက်ထဲမှာဆားထည့်ဖျော်ပါ နောက်ထပ်ဆားထပ်မပျော်ဝင်တော့တဲ့ ပြည့်ဝဆားဖျော်ရည် (saturated) ဖြစ်ပြီဆို အဲ့ရေထဲ ပယင်းကို စိမ်ကြည့်ပါ ရေပေါ်ပေါ်ရင် အစစ် မပေါ်ရင် အတုပါ

✨ စိန်အစစ်နဲ့ ရုရှားစိန်ကိုခွဲခြားဖို့ သတင်းစာ ဂျာနယ်ပေါ်က စာလုံးတွေပေါ်မှာ စိန်ကို မှောက်ပြီးတင်လိုက်ပါ အောက်ကစာကိုမြင်ရရင် အတု မမြင်ရဘူးဆို အစစ် ဖြစ်ပါတယ်

✨ စိန်နဲ့ Moissanite ကိုအလွယ်ကူဆုံးခွဲခြားဖို့ဆိုရင်တော့ 10X lens လိုပါမယ်
10X lens နဲ့ မျက်နှာပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် ချွန်းဘက်မှာ မျဉ်းနှစ်ကြောင်းထပ်နေတာကို မြင်ရမယ်ဆိုရင် Moissanite ပါ

✨ ဒီနည်းတွေဟာ ကိရိယာလွတ် အလွယ်စမ်းသပ်နည်းတွေဖြစ်တာကြောင့် ဓါတ်ခွဲခန်းက အဖြေလောက် မမှန်ကန်နိုင်ပါဘူး
အကောင်းဆုံးကတော့ ပညာရှင်တွေဆီမှာ စစ်ဆေးပါ

✨ ကိုရီးယားစိန်လို့ ပြောရင် စိန်အတုပါ

✨ ပြင်သစ်ကျောက်လို့ပြောရင် ကျောက်အတုပါ

✨ 18 K ဆိုတာ ရွေ 75% ပါဝင်သော 12 ပဲရည် ဖြစ်ပါတယ်

✨ နေ့စဉ်ဝတ်ဆင်ဖို့အတွက်ဆိုရင် မာဆင့် 7 နှင့်အထက်ရှိသော တွင်းထွက်မှသာ ပိုသင့်တော်ပါတယ်

✨ နဝရတ်ကိုးပါးထဲမှာ ပါတဲ့ကျောက်တွေက ပတ္တမြား မြ စိန် ကြောင် နီလာ ဂေါ်မိတ် ဥဿ ဖရား သန္တာ ပုလဲ တို့ပဲဖြစ်ပါတယ်
(ဒီထဲမှာ ကျန်တဲ့ကျောက်တွေက ကြားဖူးနားဝ ရှိကြတာများပြီး ကြောင်က ဘာလဲလို့ မေးတတ်ကြပါတယ် ကြောင်က Chrysoberyl Cat’s eye ပါ)

✨ မိုးကုတ်မှာ နဝရတ်ကိုးပါးကို ဗူးစီထားတာလေးတွေဝယ်ရင် စိန်နေရာမှာ white sapphire ကြောင်နေရာမှာ moonstone ထည့်ထားလေ့ရှိပါတယ်
စျေးနွုန်းအားဖြင့်လဲ ပတ္တမြားတန်ဖိုးကိုသာ ယူလေ့ရှိကြပါတယ် (အားလုံးကိုမဆိုလိုပါ)

✨ most of the gemstones are minerals, but pearl, amber, coral and jet are organic gemstones.

✨ မီးဖုတ်ပြုပြင်တယ်ဆိုတာ ကာလာပိုလှအောင်သော်လည်းကောင်း ဂေါ်နည်းသွားအောင်သော်လည်းကောင်း ပြုပြင်ထားတာပါ ချက်ကျောက်လို အတုမဟုတ်ပါ။

Credit to the original uploader🙏🙏🙏

Hello🙋နွေပူပူမှာပျိုမေတွေကိုလန်းဆန်းအေးမြစေမဲ့💃နွေရာသီနဲ့အလိုက်ဖက်ဆုံးဖက်ရှင်လေး❤💵 11000
14/03/2022

Hello🙋
နွေပူပူမှာပျိုမေတွေကို
လန်းဆန်းအေးမြစေမဲ့💃
နွေရာသီနဲ့အလိုက်ဖက်ဆုံးဖက်ရှင်လေး❤
💵 11000

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Mr.Liam posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category