16/07/2026
👋 မင်္ဂလာပါခင်ဗျာ။
Pa Pa Win ကို ယခင်ကတည်းက ယုံကြည်အားပေးခဲ့ကြတဲ့ မိတ်ဟောင်းမိတ်သစ်အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် Online ဝန်ဆောင်မှုကို အချိန်အတော်ကြာ ရပ်နားထားခဲ့ရပါတယ်။
အခုကစပြီးတော့ Pa Pa Win ကို ပြန်လည်အသက်သွင်းပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ
ဒီတစ်ခေါက်မှာတော့ ယခင်ကလို Sneaker တစ်ခုတည်းတင်မဟုတ်ဘဲ ကျနော်ရဲ့ ကာကာတွေစိတ်ကြိုက်ရွေးချယ်နိုင်ဖို့ Brand စုံ၊ ဒီဇိုင်းစုံ ကိုပါ တိုးချဲ့ပြီး ရောင်းချပေးသွားတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖိနပ်ရောင်းချခြင်းတစ်ခုတည်းတင် မဟုတ်ဘဲ—
👟 ဖိနပ်ရွေးချယ်နည်း
👟 အရည်အသွေးခွဲခြားနည်း
👟 Material အကြောင်း သိထားသင့်တာတွေ
👟 မဝယ်ခင် သိထားသင့်တဲ့ အချက်တွေ
စတဲ့ ဗဟုသုတအကြောင်းအရာတွေကိုလည်း အမြဲမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ဖိနပ်တစ်ရံဝယ်တိုင်း ယုံကြည်စိတ်ချပြီး တန်ဖိုးရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်စေဖို့ ကူညီပေးချင်တာပါ။
ယခင်ကလိုပဲ ယုံကြည်မှုအပြည့်နဲ့ ဝန်ဆောင်မှုပေးသွားမှာဖြစ်တဲ့အတွက် ဆက်လက်အားပေးပြီး အကြံပြုချက်တွေလည်း မျှဝေပေးကြပါဦးခင်ဗျာ။
ဖိနပ်နဲ့ပတ်သက်ပြီး သိချင်တာလေးတွေရှိရင်လည်း ကွန်မန့်မှာ ရေးပေးခဲ့လို့ ရပါတယ်နော်။ ❤️
ကျေးဇူးအများကြီးတင်ပါတယ်။