Khit May May Online Shop

Khit May May Online Shop ကလေးပစ္စည်းနှင့် လူ့အသုံးအဆောင် ပစ?

31/08/2021

ချစ်ရတဲ့ Customer လေးတို့ရေ အားလုံးကျန်းမာကြပါစေရှင် လတ်တလော မင်မင်တို့ရဲ့ Online Shop လေးကို ခေတ္တရပ်နားခွင့်လေးပြုပါရှင်
အားလုံးသော ပြည်သူ ပြည်သားများ အားလုံး ကျန်းမာကြပါစေရှင်
စိတ်ဝင်တစား ဖုံးဆက်၍သော် လည်းကောင်း cb မှသော်လည်းကောင်း လာရောက် ၍ စုံစမ်းပေးကြပါသော မိတ်ဆွေများ အထူး ကျေးဇူးတင်ရှိပါတယ်ရှင် 😍😍😍

01/01/2021

Happy New Year 2021မှာ အားလုံးသော 7ရက်သားသမီးများ ကိုဗစ်ရန်ဘေး ကင်းစင်ဝေးပြီး စီးပွားလာဘ်လာဘတွေ တိုးတတ်ပါစေကြောင်း
Khit May May Online Shop မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် အခုထိ ယုံကြည်စွာအားပေးခဲ့သော ချစ်မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါတယ်ရှင့်

ဗဟုသုတ ရစေမဲ့ စာလေး မင်မင်လဲ ဖတ်မိလို့ ဗဟုသုတရစေဖို့ တင်ပေးလိုက်ပါတယ်နော်မူလစာရေးသူကို creditပေးပါတယ်ရှင်Credit post For...
16/11/2020

ဗဟုသုတ ရစေမဲ့ စာလေး မင်မင်လဲ ဖတ်မိလို့ ဗဟုသုတရစေဖို့ တင်ပေးလိုက်ပါတယ်နော်
မူလစာရေးသူကို creditပေးပါတယ်ရှင်

Credit post

For Covid

သတိပြုရန်များ...

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++

- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။

မေတ္တာဖြင့်

မေနှင်းဆီ

အားလုံးရောဂါကပ်ဆိုးကြီးမှကင်းဝေးကြပါစေ။

Crdပါ

Edit: Out of InstockTiktokမှာအရမ်းခေတ်စားနေတာကနေ လူသုံးများလာတာသူကသူ့မှာအကောင်းဆုံးအချက်က အရမ်းသုံးရလွယ်တာပဲသူ့အထဲမှာလိပ...
01/11/2020

Edit: Out of Instock
Tiktokမှာအရမ်းခေတ်စားနေတာကနေ လူသုံးများလာတာသူက

သူ့မှာအကောင်းဆုံးအချက်က အရမ်းသုံးရလွယ်တာပဲ
သူ့အထဲမှာလိပ်တဲ့အတံလေးပါတယ် အဲ့ဘေးကိုကိုယ်ကောက်ချင်တဲ့ဆံပင်ပမာဏလောက်ပဲယူပြီးထည့်၊
ပြီးရင်လိပ်လိုက်ရုံပဲ အရမ်းလွယ်တယ်နော်❣️
ဒါဆိုရင်မေးကြတယ် ထည့်လိုက်လို့ ဆံပင်ညပ်သွားတဲ့အခါမျိူးမှာ ဘယ်လိုလုပ်မလဲ ဆံပင်တွေပြတ်ထွက်ကုန်ရင်ရော😣

No no no! လုံးဝမဖြစ်ပါဘူးနော် ကိုယ့်ထည့်တာနည်းမမှန်လို့ညပ်တော့မယ်ဆိုရင်တောင် သူကအချက်ပေးသံမြည်ပြီး အလိုလိုရပ်သွားမှာပါ❗️

ကောက်လိုက်လို့ရလာတဲ့ resultကတော့ လုံးဝစိတ်ကျေနပ်မှုရစေအသေအချာပဲ
အသုံးမပြုခင် ဆံပင်ကိုHair coatလေးဖြစ်ဖြစ် Hair oilလေးဖြစ်ဖြစ် လိမ်းပေးဖို့တော့ recommend ပါတယ်🥰
Crd

Price- 33000ပါ
Preorderလေးပါ အပတ်စဥ် တနဂ်နွေနေ့တိုင်း အော်ဒါ ပိတ်ပါတယ်ရှင်

Edit: Out of Instockတိုးတက်နေတဲ့ ခေတ်ကြီးမှာ Air Fryer တလုံးတော့တကယ်ကိုလိုအပ်တယ်နော် ဆီတွေ တအားသုံးစရာမလိုပဲ ကြော်မလား က...
01/11/2020

Edit: Out of Instock
တိုးတက်နေတဲ့ ခေတ်ကြီးမှာ Air Fryer တလုံးတော့တကယ်ကိုလိုအပ်တယ်နော် ဆီတွေ တအားသုံးစရာမလိုပဲ ကြော်မလား ကင်မလားလာထားပဲနော် အာလူးချောင်းကြော် ကြက်ကင် ဘက်စုံသုံး Air Fryerလေးပါ Mondila တံဆိပ် 5Lလေးပါ ပစ္စည်းကောင်းလေးနော် Dis တွေချနေတုံးလေးမို့ ဒီစျေးရတာပါနော်
Price - 71000ပါနော်

Edit: Out of Instockမီးဖိုချောင်သုံးပစ္စည်းလေးတွေပါရှင် Preorderပစ္စည်းလေးတွေပါ အပတ်စဥ် တနဂ်နွေနေ့တိုင်း orderပိတ်ပါမယ်ရ...
01/11/2020

Edit: Out of Instock
မီးဖိုချောင်သုံးပစ္စည်းလေးတွေပါရှင်
Preorderပစ္စည်းလေးတွေပါ အပတ်စဥ် တနဂ်နွေနေ့တိုင်း orderပိတ်ပါမယ်ရှင်

Edit: Out of Instockဆီးချိုသမားတွေအတွက် အသင့်လျော်ဆုံး ထမင်းပေါင်းအိုးလေးပါရှင် Smart home တံဆိပ် low suger rice cooker ...
01/11/2020

Edit: Out of Instock
ဆီးချိုသမားတွေအတွက် အသင့်လျော်ဆုံး ထမင်းပေါင်းအိုးလေးပါရှင်
Smart home တံဆိပ်
low suger rice cooker လေးရဲ့ပုံအသစ်လေးအရမ်းမိုက်
Price - 65000

💯သကြားဓာတ်​လျော့(သို့)ဆီးချိုဝေဒနာရှင်များအတွက် အထူးသင့်တော်သော ထမင်းပေါင်းအိုး💯

သကြားပမာဏကိုထိန်းချုပ်လိုသောသို့မဟုတ် ကိုယ်အလေးချိန်ကို ထိန်းချုပ်လိုသောဆီးချိုရောဂါနှင့်ကျန်းမာရေးချစ်သူများအတွက်အထူးသင့်တော်ပါတယ်နော် 😘

ထမင်းချက်ပြုတ်ရာမှာလဲ ရေခမ်းချက်လို့ရသလို ငှဲ့ချက်သလိုမျိုး ထမင်းရည်သက်သက်ထုတ်ပီးလဲချက်လို့ရတာမို့ ငှဲ့ချက်တာကိုကြိုက်တဲ့ မမ တီတီ ဖွားဖွားတို့အတွက်လဲ အဆင်ပြေ 😊

အထူးအပူခံ သံမဏိဖြင့်ပြုလုပ်ထားသော ထမင်းပေါင်းအိုးဖြစ်သောကြောင့် အကြမ်းခံပီး စိတ်ချစွာချက်ပြုတ်နိုင်ပါသည်။

ချက်ပြုတ်နေစဉ်သကြားဓာတ်ကိုအလိုအလျောက်ဖယ်ရှားနိုင်သည်။

ဆန်အမျိုးမျိုးကိုမြန်မြန်ဆန်ဆန်ချက်ပြုတ်နိုင်ပီး ဟင်းချို၊အသားပြုတ်၊ ကိတ်မုန့် အစရှိသဖြင့် အမျိုးမျိုးချက်ပြုတ်ရာတွင်လဲ အသုံးပြုနိုင်ပါတယ်ရှင့်

Edit: Out of InstockSmart Home တံဆိပ် Air Fryer 2Lလေး တွေရပါပြီနော် ပစ္စည်းလေး instockပြတ်သွားရင် ခဏတော့ စောင့်ပေးရပါ့မယ...
01/11/2020

Edit: Out of Instock
Smart Home တံဆိပ် Air Fryer 2Lလေး တွေရပါပြီနော်
ပစ္စည်းလေး instockပြတ်သွားရင် ခဏတော့ စောင့်ပေးရပါ့မယ်ရှင့်
Price - 55000ပါရှင်

ကိတ်မိုလှလှလေးတွေကို Khit May May Online Shopမှာ ဝယ်ယူရရှိနိုင်ပါပြီရှင်
01/11/2020

ကိတ်မိုလှလှလေးတွေကို Khit May May Online Shopမှာ ဝယ်ယူရရှိနိုင်ပါပြီရှင်

Edit: ကုန်သွားပါပြီရှင် 😍Ukoeo ovenလေး instockပါရှင် Priceလေးကတော့ 70000ကျပ်ပါနော် မီးခွဲပြီးလဲ ဖုတ်လို့ရ အပေါ်မီးအောက်မ...
01/11/2020

Edit: ကုန်သွားပါပြီရှင် 😍
Ukoeo ovenလေး instockပါရှင် Priceလေးကတော့ 70000ကျပ်ပါနော်
မီးခွဲပြီးလဲ ဖုတ်လို့ရ အပေါ်မီးအောက်မီးနဲ့ ဖုတ်လို့လဲရ အကြမ်းလဲခံလူကြိုက်လဲများနော်

ကုန်သွားပါပြီရှင် 😘
26/10/2020

ကုန်သွားပါပြီရှင် 😘

Edit: ပစ္စည်း လေးကုန်နေပါသေးတယ်ရှင်သားသားမီးမီးတို့အတွက် ဥာဏ်ရည်ကောင်းပြီး တွေးခေါ်ဥာဏ်လေးတွေလဲ ရင့်သန်စေမယ် သံလိုက်ရဲ့ ...
12/10/2020

Edit: ပစ္စည်း လေးကုန်နေပါသေးတယ်ရှင်
သားသားမီးမီးတို့အတွက်
ဥာဏ်ရည်ကောင်းပြီး တွေးခေါ်ဥာဏ်လေးတွေလဲ ရင့်သန်စေမယ်
သံလိုက်ရဲ့ သဘောတရားတွေလဲ သိလာမယ်
အရောင်လေးတွေလဲ သင်ယူကြမယ်နော်
ဆော့ရင်းနဲ့ပဲ သင်ယူလို့ ရမဲ့ Game လေးပါနော် မင်မင်အိမ်က Babyလေးတွေရဲ့ အသဲစွဲ ကစားနည်းလေးပါ
68ခုပါတာလေးကိုမှ Price- 23000 ပါရှင်

Address

Takaung Street
Mandalay

Telephone

+959683647470

Website

Alerts

Be the first to know and let us send you an email when Khit May May Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share