27/12/2023
၂၀၂၄ အတွက် ကံအကောင်းဆုံး မွေးနေ့ရှင်များ
ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ကံတရား ကောင်း မကောင်းကို ကြိုတင်သိချင်လေ့ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဗေဒင်ကြည့်တာတွေ၊ ကံကြမ္မာဖတ်တာတွေကို သိပ်မယုံကြည်ပေမယ့် ကံကောင်း၊ မကောင်း ဆိုတာတော့ သိချင်စိတ်ရှိတာပါပဲ။
ကျွန်တော် နှစ်တိုင်းဝင်ကြည့်နေကျ ဂျပန် blog website မှာ ၂၀၂၄ အတွက် ကံတရားဇယားလေး ထွက်ပေါ်လာပြန်ပါပြီ။ ကမ္ဘာပေါ်က ကံတရားတွက်ချက်နည်း အများကြီးထဲမှာ ဂျပန်ဘက်က တွက်ချက်နည်းတွေဟာ အမှန်ကန်ဆုံးလို့သတ်မှတ်ထားကြပါတယ်။
မွေးနေ့အလိုက် ကိုယ့်ရဲ့ကံတရားအခြေအနေကို စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အရှေ့က ဂဏန်းက လ (month) ၊ နောက်က ဂဏန်းက ရက် (day) ဖြစ်ပါတယ်။
ဇယားမှာ ထိပ်ဆုံးက ကံအကောင်းဆုံးမွေးနေ့ဖြစ်ပြီး အောက်ဆုံးကတော့ ကံ့အညံ့ဆုံး မွေးနေ့ပါ။ အဆင့် ၁ ကနေ ၁၅၀ အတွင်း မွေးနေ့ရှင်တွေဆို ကံကောင်းတယ်လို့ သတ်မှတ်လို့ရပါတယ်။
ကျွန်တော့်မွေးနေ့က January 16 ဖြစ်ပြီး
အဆင့် ၁၉၂ မှာ ရှိပါတယ်။
၂၀၂၁ တုန်းက အဆင့် ၁၀၁
၂၀၂၂ မှာ အဆင့် ၂၂၄
၂၀၂၃ မှာ အဆင့် ၂၇၁
၃ နှစ်ဆက်တိုက် ကံပိုညံ့လာရာကနေ ဒီနှစ်မှာ အနည်းငယ် ကံပြန်တက်လာတယ်ပေါ့။
၂၀၂၂ တုန်းက ၂၀၂၁ ထက် ကံ့ညံ့တယ်။
၂၀၂၃ တုန်းက ၂၀၂၂ ထက် ကံညံ့တယ်။
ဒီလိုကံညံ့လာတိုင်းမှာ ကျွန်တော်က ကံတရားအပေါ် စိတ်ဓာတ်မကျသွားဘဲ ဉာဏ်နဲ့ ဝီရိယကို ပိုအားကိုးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဇယားကသာ အောက်ဆင်းနေပေမယ့် ဘဝက အပေါ်ကို တက်ခဲ့ပါတယ်။ ၂၀၂၁ ထက် ၂၀၂၂ ဟာ ပိုအောင်မြင်ခဲ့ပါတယ်။ ၂၀၂၂ ထက် ၂၀၂၃ ဟာ ပိုအဆင်ပြေခဲ့ပါတယ်။ အဆိုးတွေကြားထဲ ကောင်းတာတွေအများကြီး ဖြစ်တည်ခဲ့ပါတယ်။
"ကံ = အလုပ်" ဖြစ်တဲ့အတွက် ကံအားနည်းတယ်လို့ သိရတဲ့အခါ အလုပ်ကို ၂ ဆ လုပ်ရုံပါပဲ။ ကိုယ်ကံညံ့နေလို့ဆိုပြီး စိတ်ညစ်နေစရာတော့ မလိုပါဘူး။ ဘယ်အရာမဆို ကိုယ်လုပ်သလောက်၊ ကိုယ်ကြိုးစားသလောက် အောင်မြင်ပါတယ်။ ကံဆိုတာ အထောက်အပံ့တစ်ခုသာ ဖြစ်ပါတယ်။
ကဲ...
ကိုယ့်ရဲ့ ၂၀၂၄ ကံအခြေအနေလေးတွေကိုလည်း ဇယားမှာ အပျော်အနေနဲ့ တိုက်စစ်လိုက်ကြပါဦး။ အပျော်အနေနဲ့နော်။
AD
December 26, 2023
မင်မင်လဲကာကာလေးတွေကြည့်ရအောင်လို့ သူများဆီကပြန်တင်ပေးတာပါရှင့်