01/03/2026
ကိုယ့်ရဲ့အမှတ်တရလေးတစ်ခု❤️🥺
(28.2.2026) စနေနေ့ကထွက်တဲ့စံတော်ချိန်သတင်းစာမှာ SEL Handmade shop လေးရဲ့အမေးအဖြေလေးတွေပါ🥰
နောက်ထပ်က ဒီနေ့ဟာSEL Handmade shop ရဲ့ ၂နှစ်ပြည့်နေ့လေးပါ🥰
Page လေးဖြစ်ပေါ်လာပြီး crochet စထိုးခဲ့ပုံလေးပြောပြပေးပါမယ်နော်🤭😁
အမှတ်မထင်ပေးခဲ့လက်ဆောင်လေးကစတယ်ပြောရမယ်ပေါ့နော် မင်မင်ကောင်လေးက ချည်လုံးနဲ့အပ်လေး လက်ဆောင်ပေးခဲ့ရာကနေ crochet လောကထဲကိုဝင်ရောက်လာခဲ့တာပါ💕
အဲ့လက်ဆောင်လေးကြောင့် ချည်ထိုးအရုပ်လေးတွေကိုခုချိန်ထိဖန်တီးဖြစ်ခဲ့တာပါ လက်ဆောင်ပေးခဲ့တဲ့ကောင်လေးကိုလည်းကျေးဇူးအရမ်းတင်ပါတယ်🎀❤️
အစကနေ အခုထိ Support ပေးခဲ့တဲ့ Customer များအားလုံးကို အထူးကျေးဇူးတင်ပါတယ် 🙏
Like, Share, Comment လေးတစ်ခုချင်းစီကတောင် မင်မင်အတွက် အားပေးမှုကြီးတစ်ခုပါပဲ။
ရှေ့ဆက်လည်း ဒီထက်ပိုပြီး လှပပြီး အဓိပ္ပါယ်ရှိတဲ့ Crochet လက်မှုပစ္စည်းလေးတွေ ဖန်တီးသွားပါ့မယ်ရှင့်❤️🎀💕