10/12/2021
☘️အပ်ထည်တွေကချုပ်နေပေမယ့် အမြဲပုံနေတယ်ဆိုတဲ့ အမ/ညီမ တွေကို တီချယ်ကိုယ်တိုင်သုံးခဲ့တဲ့ နည်းလမ်းကောင်းလေးတခုပြောပြပေးမယ်နော်❤️
၁.အင်္ကျီချုပ်ဖို့အတွက် လိုအပ်တဲ့အတိုင်းတွေကိုကြိုတွက်ထားပြီး Pattern ဆွဲမယ့်ခုံရဲ့အရှေ့မှာကပ်ထားပါ။ဥပမာ...ပခုံးဆို ၁၃"ကနေ ၁၈"ထိ အတိုင်းတွေကို ပုံသေနည်းထဲထည့်ပြီးတွက်ထား ပြီးရင်အဖြေသီးသန့်ရေးထား
ပခုံ ၁၃"= ၇(တွက်ပီးသား) အဲ့လိုမျိုး တခြားအတိုင်းတွေကိုပါ ထည့်တွက်ထား
အဲ့တာဆို patternဆွဲခါနီး အချိန်ကုန်သက်သာတယ်မြန်တယ်
အမ အပ်ထည်စချုပ်တုန်းက ညဘက်ကို Patternဆွဲ/ပတ်စညှပ်တယ်။ပိတ်စညှပ်တဲ့အချိန် အခြားအင်္ကျီမှာ ထည့်မယ့် အတွန့်/ကြယ်သီကွင်း/အစွေစ/ကွပ်စာ တခါတည်းတထည်စာအဆင့်သင့်လုပ်ထားတယ်။
မနတ်အိမ်အလုပ်ပြီးတာနဲ့းက်ခုံပေါ်စထိုင်တယ်။စက်ခုံပေါ်ထိုင်တာနဲ့ ဖုန်းမှာ Timerပေးတယ် ဝမ်းဆက်၁စုံ အချိန်ဘယ်လောက်ကြာအောင်ချုပ်မှာလဲပေါ့။အမဆို ချိတ်စကပ်နဲ့ဝမ်းဆက် ၂နာရီ/၃လွှာ,၄လွှာနဲ့ဆို ၂နာရီခွဲချုပ်တယ်..ပုံဆန်းရင် နာရီဝက်အချိန်ပိုယူတယ်..ဝမ်းဆက်(၁)စုံမပြီးမချင်း လုံးဝစက်ခုံပေါ်ကမထနဲ့။
ချုပ်ရင်းမီးပူတိုက်တဲ့အကျင့်ရအောင်လုပ်ပါ။အထည်ထွက်ရင် လက်ရာသပ်ရပ်မှု အရမ်းကွာတယ်❤️ဖြေးဖြေးနဲ့မှန်မှန်လေးချုပ်။မှားလို့ပြန်ဖြုတ်ရရင် အချိန်ပိုကြာတယ်။
အဲ့လို Plan ထားပြီးချုပ်တာ ပုံရိုးရင်တနေ့(၄)စုံထွက်တယ်ပုံဆန်းရင်တော့(၃)စုံလောက်ပဲထွက်တယ်
တနေ့သက်မှတ်ထားတဲ့အထည်အရေအတွက်ပြည့်ပြီးဆို ညနေဘက်လေးရုပ်ရှင်ကြည့်ရင်း လက်ချုပ်လိုက်ကြယ်သီးတပ်ပေါ့
အမကတော့အိမ်ရှေ့မှာ အပ်ချုပ်တန်းရှိတော့ လက်ချုပ်လိုက်/ကြယ်သီးတပ်ကို အဲ့မှာအထည်စားနဲ့အပ်လိုက်တယ်။အဲ့ဒီတော့ ညနေပိုင်းလေးအနားရတာပေါ့
အထည်ချုပ်ရင် ထဘီတွေအရင်ချုပ်ပီးမှအင်္ကျီချုပ်ဆိုပြီး မလုပ်စေချင်ဘူး။ဝမ်းဆက်လိုက်ချုပ်သွားတာ ပိုပြီးမြန်တယ်ထင်တယ် အမစိတ်ထဲမှာ❤️
အမအခုပြောပြတဲ့နည်းလေး အသုံးပြုကြည့် အပ်ထည်တွေအကုန်မပြိုရင်တောင် အရင်လိုတော့ မပုံလောက်တော့ဘူး🥰
❤️အားလုံးအဆင်ပြေကြပါစေ❤️
နောက်ပိုင်း အပ်ထည်ကိုဘယ်လိုစီမံခန့်ခွဲပြီး ချုပ်ရမလဲပြောပြပေးမယ်နော်
Di_Ko_စက်ချုက်သင်တန်း