Shwe Chake Online Sale

Shwe Chake Online Sale Silk and Cotton

ကျမတို့ ရဲ့ 💐Shwe Chake Handmade အထည်လေးကို မြတ်မြတ်နိုးနိုးအမြဲ ဝတ်ဆင်ပေးသော မန်းသူချောညီမလေးကို ကျေးဇူးတင်ပါတယ်🥰😍အရမ်း...
27/02/2022

ကျမတို့ ရဲ့ 💐Shwe Chake Handmade အထည်လေးကို မြတ်မြတ်နိုးနိုးအမြဲ ဝတ်ဆင်ပေးသော မန်းသူချောညီမလေးကို ကျေးဇူးတင်ပါတယ်🥰

😍အရမ်းလှပါတယ် ညီမလေးရေ😍

ခေတ်တွေဘယ်လိုပြောင်းလဲ
တန်ဖိုးတစ်ခုနဲ့အမြဲရှင်သန်နေသော Handmade အထည်လေးတွေကို ဝတ်ဆင်ချင်သော ချစ်မိတ်ဆွေများလဲ
💐Shwe Chake မှာ မိမိစိတ်တိုင်းကျ အော်ဒါမှာယူနိုင်ပါတယ်ရှင်🥰

💐Shwe Chake💐
💐Handmade 💐

Shwe Chake မှာ 💐Handmade 💐လှလှလေးတွေ အားပေးနိုင်ပါတယ်ရှင်☺️ခေတ်တွေဘယ်လောက်ပဲပြောင်းပါစေခေတ်မှီဒီဇိုင်းသစ်တွေဘယ်လောက်ပဲပေ...
28/01/2022

Shwe Chake မှာ 💐Handmade 💐
လှလှလေးတွေ အားပေးနိုင်ပါတယ်ရှင်☺️

ခေတ်တွေဘယ်လောက်ပဲပြောင်းပါစေ
ခေတ်မှီဒီဇိုင်းသစ်တွေဘယ်လောက်ပဲ
ပေါ်ပေါက်လာပါစေ

🌷Handmade 🌷
လေးတွေရဲ့တန်ဖိုးကတော့
ယနေ့ခေတ်တိုင်အောင်
တန်ဖိုးလေးတစ်ခုနဲ့
အမြဲရှင်သန်နေခဲ့ပါတယ်...

💐Handmade 💐
စစ်စစ်လေးတွေက
ကိုယ့်ဒီဇိုင်းနဲ့ကိုယ်သီးသန့်ဝတ်ချင်သူတွေ
အတွက်ပိုပြီးအဆင်ပြေပါတယ်👌🏻

🌷Handmade🌷
တစ်ထည်ကောင်းကောင်း
ထွက်လာဖို့ဆိုရင်လဲ အချိန်တွေအများကြီး
ပေးရပါတယ်🙂

💐Handmade💐
လေးတွေက စက်ကထွက်သလို
မြန်မြန်မထွက်လာနိုင်ပါဘူးရှင်
လက်လေးနဲ့ပဲ အနုစိတ် အချိန်ယူထိုးရတာမို့
အချိန်လဲပေးရသလို 🤩တန်ဖိုးလဲ🤩ရှိပါတယ်ရှင်

💗Handmade 💗
ကိုတကယ်နှစ်သက်မြတ်နိုးသူများအတွက်
ရွှေချိတ်မှအမြဲ ဂုဏ်ယူစွာဖြင့် အော်ဒါများလက်ခံဆောင်ရွက်ပေးနေပါတယ်ရှင်...🙂

🌿Shwe Chake🌿 ကလဲဝယ်ယူအားပေး
သူတိုင်းစိတ်ကျေနပ်မှုရရှိနိုင်အောင် အစဉ်အမြဲကြိုးစားပေးလျက်ရှိပါတယ်ရှင်🙏🏼

ပုံစံအသစ်လေးတွေထိုးပြီးရင်လဲ
တင်ပေးပါမယ်နော်☺️

💐Handmade 💐
လှလှလေးတွေ အားပေးနိုင်ပါတယ်ရှင်☺️

Shwe Chake 💗 ရွှေချိတ်

08/12/2021
မိတ်ဆွေအိမ်ရှင်မကြီးများအတွက်ပါနော်🥰
01/12/2021

မိတ်ဆွေအိမ်ရှင်မကြီးများအတွက်ပါနော်🥰

💐Handmade 💐လှလှလေးတွေ အားပေးနိုင်ပါတယ်ရှင်☺️ခေတ်တွေဘယ်လောက်ပဲပြောင်းပါစေခေတ်မှီဒီဇိုင်းသစ်တွေဘယ်လောက်ပဲပေါ်ပေါက်လာပါစေ🌷H...
10/11/2021

💐Handmade 💐
လှလှလေးတွေ အားပေးနိုင်ပါတယ်ရှင်☺️

ခေတ်တွေဘယ်လောက်ပဲပြောင်းပါစေ
ခေတ်မှီဒီဇိုင်းသစ်တွေဘယ်လောက်ပဲ
ပေါ်ပေါက်လာပါစေ

🌷Handmade 🌷
လေးတွေရဲ့တန်ဖိုးကတော့
ယနေ့ခေတ်တိုင်အောင်
တန်ဖိုးလေးတစ်ခုနဲ့
အမြဲရှိနေခဲ့ပါတယ်

💐Handmade 💐
စစ်စစ်လေးတွေက
ကိုယ့်ဒီဇိုင်းနဲ့ကိုယ်သီးသန့်ဝတ်ချင်သူတွေ
အတွက်ပိုပြီးအဆင်ပြေပါတယ်👌🏻

🌷Handmade🌷
တစ်ထည်ကောင်းကောင်း
ထွက်လာဖို့ဆိုတာလဲ အချိန်တွေအများကြီး
ပေးရပါတယ်🙂

💐Handmade💐
လေးတွေက စက်ကထွက်သလို
မြန်မြန်မထွက်လာနိုင်ပါဘူး
လက်လေးနဲ့ပဲ အနုစိတ် အချိန်ယူထိုးရတာမို့
အချိန်လဲပေးရသလို 🤩တန်ဖိုးလဲ🤩ရှိပါတယ်

💗Handmade 💗
ကိုတကယ်နှစ်သက်တဲ့
သူတွေအတွက် ရွှေချိတ်မှာယုံကြည်စွာအပ်နှံနိုင်ပါတယ်ရှင်🙂

🌿Shwe Chake🌿 ကလဲဝယ်ယူအားပေး
သူတိုင်းရဲ့စိတ်မှာစိတ်ကျေနပ်မှုအမြဲဖြစ်စေချင်ပါတယ်ရှင်🙂

ပုံစံအသစ်လေးတွေထိုးပြီးရင်လဲ
တင်ပေးပါမယ်နော်☺️

💐Handmade 💐
လှလှလေးတွေ အားပေးနိုင်ပါတယ်ရှင်☺️

Shwe Chake 💗 ရွှေချိတ်

Shwe Chake Handmade အထည်လေး နှင့် လှပေးသောမီးငယ် ကျေးဇူးပါ💖🙂Order မှာယူမယ်ဆိုရင်.......🗓️Order ပန်းထိုးချိန်🗓️💰Price ဈေး...
30/10/2021

Shwe Chake Handmade အထည်လေး နှင့်
လှပေးသောမီးငယ် ကျေးဇူးပါ💖🙂

Order မှာယူမယ်ဆိုရင်.......

🗓️Order ပန်းထိုးချိန်🗓️

💰Price ဈေးနှုန်း💰

🧚ပိတ်စအမျိုးအစား (ချည်ပေါင်းသား/ချည်ပိုးယုံအထူး/ပိုးယုံ/ထိုင်းပိုး)🧚

✏️Design ပုံစံ✏️များကို ညှိနှိုင်းဆောင်ရွက်ပေးပါတယ်ရှင်😊

🧚🧚🧚ပန်းထိုးချည်က ရေလျှော်ရင်ဖွာထွက်တက်တဲ့ ချည်အမျှင်အသေးမဟုတ်ပါဘူးနော် 🙅‍♀️
🧚‍♂️🧚‍♂️🧚‍♂️ Design ပေါ်မူတည်ပြီး ချည်အကောင်းကို 👍🏽သုံးပင်လိမ်နဲ့🥰ထိုးပေးထားတာဖြစ်လို့ 👍🏽 ပန်းချည်ဖွာမထွက်ဖဲ အချိန်ကာလကြာမြင့်သည်အထိ သပ်သပ်ရပ်ရပ်ဝတ်နိုင်ပါတယ်နော်😍

🌸Shwe Chake🌸 မှာ
🙂Handmade လှလှလေးများ
💝Order မှာယူနိုင်ပါတယ်ရှင်🙏🏻

အားလုံးသောမိတ်ဆွေများ ကျန်းမာပါစေ ဘေးရန်ကင်းပါစေကြောင်း ရွှေချိတ်မိသားစုမှအစဉ်အမြဲမေတ္တာပို့သပါသည် 🙏🏼

Shwe Chake
Traditional Handmade




သီတင်းကျွတ်တွက် ဓာတ်ပုံလှလှလေးတွေနဲ့အမှတ်တရပြိုင်ပွဲဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်🥰🎉👸👸📸📸
19/10/2021

သီတင်းကျွတ်တွက် ဓာတ်ပုံလှလှလေးတွေနဲ့
အမှတ်တရပြိုင်ပွဲဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှင်🥰🎉👸👸📸📸

အားလုံးမင်္ဂလာပါရှင်🙏

📸👸အလှဓာတ်ပုံပြိုင်ပွဲလေးကို 👸📸
ဖိတ်ခေါ်လိုက်ပါပြီနော်

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

🎉သီတင်းကျွတ်မုန့်ဖိုးလက်ဆောင်လေး🤑ရယူနိုင်ရန်အတွက် ခိုင်လင်းထွန်း ဆန်၊ ဆီ အရောင်း Page တွင် အလှဓာတ်ပုံပြိုင်ပွဲလေးကို ပါဝင်လိုက်ကြပါဦးနော်...🤩🤩

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ပြိုင်ပွဲဆုကြေး🤩

ပထမဆု 🥇 ၅၀၀၀ ကျပ်ဖိုး ဖုန်းဘေလ်

ဒုတိယဆု 🥈၄၀၀၀ ကျပ်ဖိုး ဖုန်းဘေလ်

တတိယဆု 🥉၃၀၀၀ ကျပ်ဖိုး ဖုန်းဘေလ်

တစ်ဆုလျှင်တစ်ဦးနှင့် စုစုပေါင်း (၃ ဦး) သာရွေးချယ် ဆုချီးမြှင့်ပါမယ်ရှင်

(ရွေးချယ်ရာတွင် Like အများဆုံးနှင့် comment များများရသော ပုံများကို ပိုမိုဦးစားပေးရွေးချယ်ပါမယ်ရှင်)🥰

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

ပြိုင်ပွဲဝင်ရမည့်သတ်မှတ်ချက်---📜📜

(၁)- ယခုကြော်ငြာပေးထားသော ကြော်ငြာ Post ကို မိမိ facebook တွင် အနည်းဆုံး လူ (၃ ဦး) ကို Tag လုပ်၍ Public နှင့် Share လုပ်ပေးထားရပါမည် (Share လုပ်ပေးထားခြင်း ရှိ / မရှိကို ဝင်ရောက်စစ်ဆေးပေးပါမည်)

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

📸ပြိုင်ပွဲဝင်ရမည့်ဓာတ်ပုံ​၏
သတ်မှတ်ချက်စည်းကမ်း📸

(၁)- ယခု Post အောက်ရှိ Comment တွင် မိမိ​၏ အလှဓာတ်ပုံကို (၁ ပုံ) သာတင်ပေးရပါမည်

(၂)- လူပုံနှင့်ယှဉ်တွဲ၍ သဘာဝရှုခင်းတောတောင်များ (သို့) စပါးခင်းပုံများ (သို့) သီတင်းကျွတ်မီးပုံး များနှင့်အတူယှဉ်တွဲရိုက်ကူးထားသောပုံများဖြစ်ရပါမည်။ (လူပုံသီးသန့်များဖြစ်ပါက ရွေးချယ်မှုတွင်မပါဝင်နိုင်ပါ)

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

🛎️ဆုကြော်ငြာမည့်ရက်🛎️

ပြိုင်ပွဲဝင်ရွေးချယ်မှုကို 20.Oct.2021 သီတင်းကျွတ်လပြည့်နေ့ နံနက် ၉:၀၀ နာရီတွင် ခိုင်လင်းထွန်း ဆန် ၊ ဆီ ရောင်းဝယ်ရေး Page တွင် ဆုရရှိသူများကိုပုံနှင့်တကွ ပြန်လည်တင်ပြကြော်ငြာပေးသွားမည်ဖြစ်ပြီး ၊ ဆုကြေးဖုန်းဘေလ်ကိုပါ
ထိုနေ့တွင် ကာယကံရှင်များထံဖြည့်ပေးသွားပါမယ်ရှင်😍

🎉သီတင်းကျွတ်ပွဲတော်နှင့်အတူ 📸ဓာတ်ပုံပြိုင်ပွဲလေးကိုပျော်ရွှင်စွာ ပါဝင် ဆင်နွှဲပေးကျရန်ချစ်ခင်လေးစားစွာဖိတ်ခေါ်လိုက်ပါတယ်နော်🙏🏽☺️

ခိုင်လင်းထွန်း
ဆန် ၊ ဆီ ရောင်းဝယ်ရေး

#မြေပဲဆီစစ်စစ်
#မြေပဲဆီသန့်
#ပဲဆီနှမ်းဆီလက်လီလက်ကား







ပဲဆီစစ်စစ် လိုအပ်သူများအတွက်ပါ👍🏼
01/10/2021

ပဲဆီစစ်စစ် လိုအပ်သူများအတွက်ပါ👍🏼

အားလုံးသောမိတ်ဆွေများရွှေမိုးငွေမိုးရွာသွန်းဖြိုးသကဲ့သို့စီးပွားဥစ္စာ ရွှေငွေများ တိုးပွားရရှိကြပါစေ🙏🏻ကပ်ရောဂါဝေဒနာဆိုးန...
05/09/2021

အားလုံးသောမိတ်ဆွေများ

ရွှေမိုးငွေမိုးရွာသွန်းဖြိုးသကဲ့သို့
စီးပွားဥစ္စာ ရွှေငွေများ တိုးပွားရရှိကြပါစေ🙏🏻

ကပ်ရောဂါဝေဒနာဆိုးနှင့် အနာမျိုးကိုးဆယ့်ခြောက်ပါးရောဂါများကင်းဝေးကြပါစေ🙏🏻

ရွှေချိတ်မိသားစုမှ
ဆုမွန်တောင်းမေတ္တာပို့သအပ်ပါသည်🙏🏼💖🙏🏼

🙇‍♂️မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး​🙇‍♀️🙇‍♂️မဟာဗောဓိမြိုင် ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ- ဦးဘ...
31/08/2021

🙇‍♂️မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး​🙇‍♀️

🙇‍♂️မဟာဗောဓိမြိုင် ဆရာတော်သည် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းရွာ- ဦးဘစံ + ဒေါ်မေ တို့မှ ၁၃၀၃-ခုနှစ်၊ ဝါဆိုလပြည့်နေ့ ည(၁)နာရီ၊ အင်္ဂါနေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ်သည်။

၁၃၁၇-ခုနှစ်၊ တပိုတွဲ လပြည့်ကျော် (၆) ရက်၊ စနေနေ့တွင် မိခင်ဒေါ်မေ၏ ပစ္စယာနုဂ္ဂဟဖြင့် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ထံတွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့အမည် ရှင်ဉေ ယျ ဟု ကိုယ်တိုင် ခံယူခဲ့သည်။

၁၃၂၃-ခုနှစ်၊ ဝါဆိုလဆန်းတွင် မင်းကုန်းတောရ ဆရာတော် ဘဒ္ဒန္တအာစာရ ကို ဥပဇ္ဈာယ်ပြု၍ ထန်းတစ်ပင်- ရွှေဖောင်တော်ဦး ကျောင်းတိုက် ခဏ္ဍသိမ်၌ (ပထမအကြိမ်) ရဟန်းဖြစ်သည်။ ရဟန်းဒကာ ဦးဘသန်း + ဒေါ်စောဉာဏ်တို့ ဖြစ်ကြသည်။

၁၃၁၈-ခုနှစ်၊ ကဆုန်လပြည့်ကျော်(၁၀)ရက်၊ တနင်္ဂနွေနေ့တွင် ရွှေဘိုမြို့၊ ဝေဠုဝန် ပါဠိတက္ကသိုလ် စာသင်တိုက်သို့ ပိဋကတ် စာပေများသင်ယူရန် ရောက်ရှိ။

၁၃၁၉-ခုနှစ်တွင်- ရွှေဘို-ဝေဠုဝန်ပါဠိတက္ကသိုလ်မှ အစိုးရပထမငယ်တန်း အောင်မြင်သည်။
၁၃၂၁-ခုနှစ်၊ ဝါဆိုလဆန်း(၁၁)ရက်၊ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၊ ကျောက်ပန်းတောင်းကျောင်းတိုက်သို့ စာပေသင်ကြားရန် ရောက်ရှိ။
၁၃၂၁-ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော်(၃)ရက်၊ ဗုဒ္ဓဟူးနေ့တွင် မော်လမြိုင် စိန်မမပါဠိတက္ကသိုလ်သို့ ပညာသင်ကြားရန် ရောက်ရှိ၊ ထိုနှစ်မှာပင် အစိုးရပထမလတ်တန်း အောင်မြင်သည်။
၁၃၂၅-ခုနှစ်၊ နွေဦးကာလတွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့-သာသနရံသီ ပါဠိတက္ကသိုလ်သို့ ရောက်ရှိသည်။ ထိုနှစ်မှာပင် အစိုးရ ပထမကြီးတန်းကို အောင်မြင်သည်။ (🙇‍♀️တိုင်းတွင် ဒုတိယ ရသည်။)🙇‍♀️

၁၃၂၇-ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်နေ့တွင်- စာသင်တိုက်တွင် နေဖို့ရန် ခက်ခဲခြင်းကို အကြောင်းပြု၍ လူဝတ်လဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဆေးလိပ်ခုံတွင် စာရေးဝင်လုပ်သည်။
၁၃၂၉-ခုနှစ်၊ နယုန်လတွင် မိခင်ဒေါ်မေ၊ အမဒေါ်ကြည် တို့၏ သဘောတူ ချက်ဖြင့် တစ်ရွာတည်းနေ ဒေါ်စိန်မေနှင့် အိမ်ထောင်ကျခဲ့သည်။လူဘဝတွင် ရန်ကုန်၊ သင်္ကန်းကျွန်း၌ နေကာ ဈေးဆိုင်၊ အထည်ဆိုင်၊ ဆေးဆိုးပန်းရိုက်၊ မဲနယ်ထုတ်လုပ်ခြင်းများ ပြုလုပ်ခဲ့သည်။ရပ်ကွက်အတွင်း လူမှုရေးများနှင့် (ရ.လ.က အဖွဲ့) ဦးဆောင်ကော်မတီ အမှုဆောင်လူကြီး၊ ပါတီကိုယ်စာလှယ်၊ တရားရေးကော်မတီဥက္ကဋ္ဌ၊ အုပ်စု ခေါင်းဆောင်၊ အရံပါတီဝင် စသည်များ ထမ်းဆောင်ခဲ့သည်။
ဘဝဒုက္ခကို သံဝေဂ ရသည်ဖြစ်၍ ၁၃၃၇-ခုနှစ်မှစ၍ ပုတီးစိပ်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်း၊ တောတောင်များသို့ လှည့်လည်ခြင်း၊ ဘုရားတည်ခြင်း၊ ပြုပြင်ခြင်း၊ မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည်။
၁၃၃၉-ခုနှစ်တွင် ကျိုက်လတ်မြို့နယ်၊ ကြီးချောင်းရွာ၊ ဆင်ကူးရွာရှိ "ပြည်လုံးချမ်းသာ ဖောင်တော်ဦးစေတီတော်" ကို ပြုပြင်မွမ်းမံသည်။ ပြာသိုလ လပြည့်နေ့တွင် ပန္နက်ချမင်္ဂလာ ပြုလုပ်ပြီး တပေါင်းလပြည့်နေ့တွင် ထီးတော်တင် မင်္ဂလာပြုလုပ်နိုင်ခဲ့သည်။
၁၃၄၁-ခုနှစ်၊ ဝါဆိုလဆန်း (၁) ရက်၊ တနင်္ဂနွေနေ့တွင် ရန်ကုန်-မဟာစည် သာသနရိပ်သာကြီးတွင် ၄၉-ရက် တရားစခန်းဝင်ခဲ့သည်။
၁၃၄၁-ခုနှစ်၊ ဝါခေါင်းလပြည့်ကျော် (၇) ရက်နေ့၊ ည (၅) နာရီတွင် ဉာဏ်စဉ် တရားများ နာကြားခွင့်ရခဲ့သည်။
၁၃၄၁-ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ တနင်္ဂနွေနေ့၊ နံနက် (၈:၄၅) နာရီတွင် ဘောက်ထော်-သီရိရတနာလမ်း၊ သာသနာ့ ဗိမာန် ဆရာတော် ဘဒ္ဒန္တဝိမလကို ဥပဇ္ဈယ်ပြု၍ ခေမာသီဝံကျောင်းတိုက် ခဏ္ဍသိမ် တွင် (ဒုတိယအကြိမ်) ရဟန်းဖြစ်သည်။
၁၃၄၁-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ အင်္ဂါနေ့မှ အစပြုကာ အရညဝါသီ တောရမှီလျက် သီတင်းသုံး နေတော်မူလျက်ရှိသည်။
(သီတင်းသုံး တော်မူရာ နေရာများကို သီးသန့် ဖော်ပြထားပါသည်။)
၁၃၄၁-ခုနှစ်တွင် သာစည်မြို့နယ် ရွှေကျောင်းကုန်း တောင်ထိပ်၌ 'လောကမုနိစေတီတော်' ကို တည်ထားခဲ့သည်။ အုတ်မြစ်ချမင်္ဂလာနှင့် ဌာပနာပိတ်ပွဲကို တပို့တွဲလပြည့်နေ့တွင် ပြုလုပ်ပြီး၊ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်ပွဲကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။
၁၃၅၃-၅၄-၅၅ ခုနှစ်များတွင် ပျဉ်းမနား (ယ္ခုနေပြည်တော်) ရှိ လက်လုပ်တောင်တောရတွင် သီတင်းသုံးစဉ် ကာလအတွင်း 'လက်လုပ်တောင် ဆရာတော်ဈာန်ပျံသည်' ဟူသော ကောလဟာလကြောင့် ဆရာတော်၏ အကြောင်း တစ်နိုင်ငံလုံး ပျံံ့လွင့်ခဲ့သည်။
၁၃၅၇-ခုနှစ်၊ တပေါင်းလပြည့်၊ ဗုဒ္ဓဟူးနေ့တွင် သုဝဏ္ဏသျှံတောင်တွင် လားဟူ(၂၂)ရွာ၊ လီရှော(၄)ရွာတို့မှ လူနှစ်ထောင်ကျော်၏ ဗုဒ္ဓဘာသာခံယူပွဲကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။
ယင်းတိုင်းရင်းသားများ ဒေသန္တရ ဗဟုသုတရ တိုးပွားရန် ရည်သန်၍ ၁၃၅၈-ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်နေ့တွင် သာစည်၊ ပျဉ်းမနား၊ မန္တလေး၊ ရွှေဘို၊ ရန်ကုန်မြို့များသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့သော အကြောင်းများ ကြောင့် 'မဟာဗောဓိမြိုင် ဆရာတော်' ဟူ၍ နိုင်ငံအနှံ့ လူသိများ ထင်ရှား ခဲ့သည်။
၁၃၅၉-ခုနှစ်တွင် နတ်တလူတောရကို စတင်တည်ထောင်၍ ဝါဆိုလပြည့် နေ့မှ တော်သလင်းလပြည့်နေ့ထိ (၂) လတိတိ တရားစခန်းဖွင့်လှစ်ပေးခဲ့သည်။ စခန်းပွဲအတွင်း ဝေယျာဝစ္စ ဆောင်ရွက်သူများအတွက် တော်သလင်းလပြည့်မှ သီတင်းကျွတ်လပြည့်နေ့ထိ (၁) လ စခန်းကို ပြုလုပ်ပေးခဲ့သည်။၁၃၅၉-ခုနှစ်တွင် နတ်တလူတောရ၌ 'မင်းဘိသိက်ခံ' ဘုရားတည်ထား ပူဇော်သည်။ နှောင်းတန်ခူးလပြည့်နေ့တွင် အုတ်မြတ်ချမင်္ဂလာ၊ ၁၃၆၀-ခုနှစ် ကဆုန်လပြည့်နေ့တွင် ဌာပနာပိတ်ပွဲ၊ တပေါင်းလဆန်း (၄) ရက်တွင် ထီးတော် တင်ပွဲနှင့် တပေါင်းလပြည့်နေ့တွင် အနေကဇာတင်တော်မူသည်။
၁၃၆၁-ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မွေးရာချက်မြှုပ်အိမ်နေရာတွင် 'ဉေ ယျဓခ် ရွှေချက်သို တံခွန်တိုင်'ကို တည်ထားခဲ့သည်။ တစ်ချိန်တည်းမှာပင် နတ်တလူတောရ၌ နှစ်လတရားစခန်း ထပ်မံ ဖွင့်လှစ်ပေးခဲ့သည်။

🙇‍♂️မဟာဗောဓိမြိုင်ဆရာတော် သီတင်းသုံးတော်မူခဲ့သည့် ဒေသများ
၁။ သာသနဗိမာန်ကျောင်း ရန်ကုန် (၁) ဝါ
(၁၃၄၁-ခု)
၂။ ရွှေကျောင်းကုန်းတောင် သာစည် (၁) ဝါ
(၁၃၄၂-ခု)
၃။ ဇင်းကျိုက်တောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၃-ခု)
၄။ မင်းတစ်ရာ့တစ်ပါးတောင် ဇင်းကျိုက် (၁) ဝါ
(၁၃၄၄-ခု)
၅။ ကျောက်ခမောက်ဂူ ဇင်းကျိုက် (၁) ဝါ
(၁၃၄၅-ခု)
၆။ သံသုမာရတောင် ဖူးကြီး၊ မှော်ဘီ (၂) ဝါ
(၁၃၄၆,၄၇-ခု)
၇။ အရှေ့ပရက္ကမဂူ စစ်ကိုင်း (၂) ဝါ
(၁၃၄၈,၄၉-ခု)
၈။ ရွှေကျောင်းကုန်းတောင် သာစည် (၃) ဝါ
(၁၃၅၀ မှ ၁၃၅၂-ခု)
၉။ လက်လုပ်တောင် ပျဉ်းမနား နေပြည်တော် (၃) ဝါ
(၁၃၅၃ မှ ၁၃၅၅-ခု)
၁၀။ ဘုန်းတော်ပြည့် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၁) ဝါ
(၁၃၅၆-ခု)
၁၁။ မဟာဗောဓိမြိုင် သုဝဏ္ဍသျှံ-ရှမ်းပြည်နယ် (၂) ဝါ
(၁၃၅၇,၁၃၅၈-ခု)
၁၂။ နတ်တလူ(ဇာတိမြေ) ကန့်ဘလူ (၁) ဝါ
(၁၃၅၉-ခု)
၁၃။ ဝေဒလ္လ ပြင်ဦးလွင် (၁) ဝါ
(၁၃၆၀-ခု)
၁၄။ မဇ္ဈိမ ဓမ္မမောနိဂူ လယ်ဓမ္မပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၁-ခု)†
၁၅။ မောနိယျတော စကားပိုင်၊ ဂန့်ဂေါ (၁) ဝါ
(ပုံတောင်ပုံညာ)(၁၃၆၂-ခု)†
၁၈။ ပဋိပတ္တိတော ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၃- ခု)
၁၇။ စံရိပ်ငြိမ်ကျောင်း ပုလဲနယ်၊ ကျော်တော (၁) ဝါ
(၁၃၆၄- ခု)
၁၈။ ခေါင်နန်းပလ္လင် ကလေးဝမြို့နယ် (၉) ဝါ
(၁၃၆၅ မှ ၁၃၇၃ ခု) မဟာမြိုင်တော။
၁၉။ ဉေ ယျဓမ်တောရ မင်းဘိသိက်ခံအနီး
ကန့်ဘလူမြို့နယ်†
(၃၃) ဝါ

ခေတ္တသီတင်းသုံးရာဒေသ။
၁။ ရသေ့မဂူ ဇင်းကျိုက် သုံးလခန့်
၂။ ဖရုံညှာ စခန်း ဇင်းကျိုက် တစ်လ
၃။ တောင်စဉ် မိတ္ထီလာ တစ်လ
၄။ ကျောက်ထီးတောင် ကျောက်ဆည် နှစ်လ
၅။ ဝါးသုံးရုံစခန်း ပုလဲ ၇၂ - ရက်
၆။ မပဒန်ဂူ ညောင်နီရွာ၊ မိုးမိတ် နှစ်လ
(သုဝဏ္ဏသျှံတောင်ထိပ်တွင် (၆) လမျှ နေခဲ့သည်။ တရား နှစ်ကြိမ် ပြသခဲ့သည်။)

🙇‍♀️ဆရာတော်သည်ဤ†မနေသုံးချက် တစ်ချက်ချက်တို့ကြောင့် ရွေ့ပြောင်းခဲ့ရသော နေရာပေါင်း ကား သုံးဆယ်ဝန်းကျင် ရှိခဲ့ပြီး ဖြစ်ပါသည်----

(၁) 🙇‍♀️ဘယ်နေရာရောက်ရောက် ဌာနေသံဃာများ စိတ်ငြိုငြင်ကြောင်း ကြားသိရက ထိုနေရာ၌ ငါမနေ။
(၂) 🙇‍♀️ဘယ်နေရာရောက်ရောက် လူရှုပ်- လာဘ်ပေါ- ကျော်ဇော- ခြွေရံ ဤလေးတန် အခံရှိနေက ငါမနေ။
(၃) 🙇‍♂️ဘယ်နေရာရောက်ရောက် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရက ထိုနေရာ၌ ငါမနေ။

Credit # မဟာဗောဓိမြိုင်

ပြန်လည်တင်ပြခြင်းဖြစ်၍ လိုအပ်ချက်များရှိရင် တောင်းပန်ပါတယ်။

🙇‍♀️🙇‍♂️ရွှေချိတ်မိသားစုကောင်းမှု🙇‍♂️🙇‍♀️

လမင်းကြီး ပြည့်ပြည့်ဝဝရွှေရောင် ထိန်လင်းလို့နေပါသည်....ခုနှစ်ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာ ဘေးရန်ကင်းပါစေ...သတ္တဝါအပေ...
27/05/2021

လမင်းကြီး ပြည့်ပြည့်ဝဝ
ရွှေရောင် ထိန်လင်းလို့နေပါသည်....

ခုနှစ်ရက်သားသမီးအပေါင်း
ကျန်းမာချမ်းသာ ဘေးရန်ကင်းပါစေ...

သတ္တဝါအပေါင်း ဘေးရန်ကင်းပါစေ...

🌸🙏🏻ရွှေချိတ်🙏🏻🌸

27.May.2021

``  ကဆုန်လပြည့် ဗုဒ္ဓနေ့. ´´`` ဆု . ဖွား . ပွင့် .စံ ဤလေးတန်    မှတ်ရန် ကဆုန်လပြည့်နေ့ ´´ ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့...
25/05/2021

`` ကဆုန်လပြည့် ဗုဒ္ဓနေ့. ´´

`` ဆု . ဖွား . ပွင့် .စံ ဤလေးတန်
မှတ်ရန် ကဆုန်လပြည့်နေ့ ´´

ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။
ဘာကြောင့်လဲဆိုတော့

(၁) " ဆု "
------

ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရား စစ်စစ်
ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ
ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။

(၂) " ဖြား "
------

ဂေါတမဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသားလေး
မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

(၃) " ပွင့် "
-------

ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရား
ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊
ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။

(၄) " စံ "
------

ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း
မဟာသက္ကရာဇ် (၁၄၈)ခု ၊ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ် ။

ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော
ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွားများလာအောင် အားထုတ်နိ ုင်ကြပါစေ။

အရှင်သုနန္ဒ (မစိုးရိမ်).............
ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
××××××××××××××××××××××××××××××××××××
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ကဆုန်လပြည့်နေ့၏ထူးခြားချက်မှာ(ဗျာဒိတ်၊ ဖွားမြင၊် ဗောဓိပင်၊ စံဝင် နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-

ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း
ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း
ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း
ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း

ဤထူးခြားချက်လေးမျိုးတို့နှင့်တိုက်ဆိုင်နေပါသည်။ဤကဲ့သို့ ထူးခြားချက်လေးမျိုးတို့နှင့်ပြည့်စုံသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်ဗုဒ္ဓနေ့ "ဟုအမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင်မာရ်နတ်ရန်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ကို "ကဆုန်လပြည့်မာန်အောင်နေ့" အဖြစ်ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်တွင်စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ဖွားမြင်တော်မူခြင်း၊
ပရတ်နိဗ္ဗာန်စံတော်မူခြင်းများကိုအကြောင်းပြ၍ ကဆုန်လပြည့်နေ့ကို "ဝိဆခ်ဒေး"ဟုခေါ်ကြပါသည်။ ဝိသာခါဒေးဟုဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သောနေ့ထူးနေ့မြတ်ကိုအာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်းလေ့ရှိကြပါသည်။

၅။ ဗောဓိပင်သည်သဗ္ဗုညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖတ်တော်၇ပါးတွင်စာရင်းဝင်ခြင်းဖြစ်သောကြောင့် ထူးခြားသောသစ်ပင်တစ်မျိုးဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့်တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက်ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာဆယ့်နှစ်ရာသီပွဲတော်များအနက် ကဆုန်လ ၌ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓ်ိပင်ကိုစိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌နတ်ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်လေးပါးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်)ကျမ်းဂန်၌ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကိုနံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည့်၌ဖြစ်ရခြင်း၊ အနာရောဂါမဖြစ်ခြင်း၊ သောကကင်းဝေးခြင်း၊ စသောအကျိုးများကိုခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် "ကဆုန်လပြည့်နေ့"ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်၊ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ အမူ့ကိုပြုလုပ်၍ "ကဆုန်လပြည့်ဗုဒ္ဓနေ့ကိုအမှတ်တရဆင်နွှဲကြပါသည်။

မာဂဓီ(သာစည်)၏
[အခါတော်နေ့များ]စာအုပ်မှ.......
ကုဆုန်လပြည့်နေ့ အကြောင်း သိကောင်းစရာများ။
(ဒေါက်တာ အရှင်ရာဟုလာ)
=============== ."မၽွေဝပါ၏"
ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့-

(၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
(၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။

(၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က”သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ

ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။

မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား

ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။

ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။

ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ
==================
ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။
သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ

သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့
==========
သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။

အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။

သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။ (သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)

ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။

၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။

ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရု့ံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောကကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။

လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”

“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ

မောင်မောင်မြတ်သူ မျှဝေသည်။
“လပြည့် ကဆုန်”
•••••••••••••••••••••
ကဆုန်လကို ပုဂံခေတ်က
ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊
ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို
ကျောက်စာများအရ သိရှိကြပါတယ်။
❦ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး
ကဆုန်-စသော ကျန်ဝေါဟာရများမှာ
ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ
ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ
ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညို့၊
ကတောက် စသော ဝေါဟာရတို့ရှိ ကု၊က
ပုဒ်တို့ကဲ့သို့“ရေ”ဟု အဓိပ္ပာယ်ရပါတယ်။

❦“စုန်” မှ ဆင်းသက်လာသော “ဆုန်”မှာ
သွန်းခြင်း၊လောင်းခြင်း၊ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။
ထို့ကြောင့် “ကဆုန်လ” အဓိပ္ပာယ်မှာ
“ရေသွန်းသောလ၊ရေလောင်းသောလ၊
ရေဖျန်းသောလ” ဟု ဆိုလိုပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို
ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား၊
ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်။
●(၁)။ ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင်
ဒီပင်္ကရာ မြတ်စွာ ဘုရားထံတော်မှ “နောင်သောအခါတွင်
ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု
နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည်
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။

●(၂)။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊
သောကြာနေ့မှာပင် ဘုရားအလောင်းကို
ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို
ဖွားမြင်တော်မူသည်နှင့် တပြိုင်နက်
“ယသောဓရာ မင်းသမီး၊အာနန္ဒာမင်းသား၊
ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ကဏ္ဍကမြင်း၊
ရွှေအိုးကြီး လေးလုံး နှင့် မဟာဗောဓိပင်”ဟူသော
ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း
ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။မဟာဗောဓိသည်
မဇ္စျိမဒေသ ဥရုဝေလတောတွင်ဘုရားရှင်တို့
ပွင့်တော်မူရာ ဗဟိုအချက်အချာ
အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။

●(၃)။ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌
ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌
သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍
သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။
ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော်
ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင်
ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌
အသုံးပြုတော်မူသော အပင်ဖြစ်၍
ပရိဘောဂစေတီလည်း ထိုက်ပါတယ်။
ထို့ကြောင့် ဗုဒ္ဓဘာသာ၀င် အပေါင်းတို့သည်
ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌
စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။

မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင်
စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန်ရှိပါတယ်။
နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏
ကဆုန်လကား နေပူပြင်း လှပါတယ်။
“တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင်
အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍
ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့်
အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး
ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ
ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။
ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊
သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော
အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုး ဖြစ်ပါတယ်။
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာ၀င် မြန်မာတို့သည်
ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို
မညှိုးမနွမ်း၊ လန်းဆန်းရှင်သန် စေရန်ဟူသော
ဆန္ဒမွန်ဖြင့် ရေသွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။
ဤသို့ဖြင့် ဘုရားအလောင်းတော်
ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊
မဟာဗောဓိပင် ပေါက်တော်မူခြင်း၊
ဘုရားဖြစ်တော်မူခြင်း တို့သည်
ကဆုန် လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။

●(၄)။ ထို့ပြင် ကဆုန်လပြည့်နေ့မှာပင် ဘုရားရှင်
ပရိနိဗ္ဗာန် စံ၀င်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို
“ဗုဒ္ဓနေ့” ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

“ကဆုန်လပြည့်၏ ထူးခြားချက် (၅) ရပ်”
•••••••••••••••••••••••••••••••••••••••••
(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေးသင်္ချေနှင့်
ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

တောရိပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊
ပွင့်ချိန်ကြုံက၊ ကဆုန်လပြည့်၊ ဆင်မင်းနေ့၀ယ်၊
မြေ့ပရမေ ၊ ပလင်ဗွေထက်၊ ရွှေညောင်တော်ကြီး၊
ဗိမာန်ထီးနှင့် မငြီးကြည်ဖြူ၊ နေတော်မူလျက်၊
ရန်မြူခပင်း၊ အမှိုက်သင်းကို၊ အရှင်းပယ်ပျောက်၊
အလင်းပေါက်က၊ထွန်းတောက်ဘုန်းမော်၊
သောင်းလုံးကျော်သည်၊ သုံးဖေါ်လူတို့ ငြမ်းပါကို။
[၁၀၃-ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ ဘုရားအဖြစ်သို့
ရောက်တော်မူသည်။]

“လပြည့် နွေကဆုန်”
••••••••••••••••••••••
“ဆုပန်နေ့”
•••••••••••••••••
“လေးသင်္ချေကိန်း၊ တစ်သိန်းကပ်ကြုံ၊
သူမေဓာလောင်း၊ ညွန်ပျောင်းဗွက်အုံ၊
ဒီပင်ထံပါး၊ ၀မ်းလျားမှောက်ခုံ၊
ဆုပန်နေ့၊ လပြည့်နွေကဆုန်။

“ဖွားမြင်နေ့”
••••••••••••••
မဟာသက္ကရာဇ်၊ ခြောက်ဆယ့်ရှစ်ကြုံ၊
လုမ္ဗနီတော၊ သာမောရဂုံ၊
လောင်းတော်သိဒ္ဓတ်၊ ထွက်လတ်ကြာငုံ၊
ဖွားမြင်နေ့၊ လပြည့်နွေကဆုန်။

“ဗုဒ္ဓနေ့”
••••••••••••
တစ်ရာ့သုံးနှစ်၊ သက္ကရာဇ်ကြုံ၊
ဗောဓိပင်မင်း၊ မှီတင်းခိုလှုံ၊
မာန်စွယ်ငါးစင်း၊ အောင်ခြင်းဖုံဖုံ၊
ဗုဒ္ဓနေ့၊ လပြည့်နွေကဆုန်။

“နိဗ္ဗူနေ့”
••••••••••••••
ရာ့လေးဆယ့်ရှစ်၊သက္ကရာဇ်ကြုံ၊
မလ္လာမင်းတို့၊ အင်ကြင်းရဂုံ၊
ဇာတ်တော်သိမ်းလို့၊အေးငြိမ်းခိုလှုံ၊
နိဗ္ဗူနေ့၊ လပြည့်နွေကဆုန်။

“ကဆုန်လပြည့် ဗုဒ္ဓနေ့”
••••••••••••••••••••••••••
မြန်မာများရဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။
ဒီနေ့သည် မြန်မာဗုဒ္ဓဘာသာ၀င်တို့ရဲ့
နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ပဲ ဖြစ်
ပါတယ်။
ကဆုန်လပြည့်နေ့ဟာ ဘုရားလောင်း သုမေဓာ
ရှင်ရသေ့က ဒီပင်္ကရာမြတ်စွာဘုရားထံမှ
ဘုရားစင်စစ် ဧကန်ဖြစ် လိမ့်မည်ဟု နိယတဗျာဒိတ်ကို
စံတော်မူခြင်း၊ ဘုရားလောင်း ဖွားမြင်တော်မူခြင်း၊
သစ္စာလေးပါးကို သိမြင်ပြီး ဘုရာဖြစ်တော်မူခြင်း၊
မဟာဗောဓိပင်ပေါက်ခြင်းနှင့် ပရိနိဗ္ဗာန်၀င်စံတော်မူခြင်း
ဆိုတဲ့ အလွန်ထူးခြားပြီး ဗုဒ္ဓ၀င်မှတ်တိုင်ကြီးများ
စိုက်ထူခဲ့သော နေ့ထူးနေ့မြတ်ကြီးဆိုလည်း မမှားပါဘူး။
ဗုဒ္ဓဘာသာ၀င် မြန်မာတို့က ကဆုန်လပြည့်နေ့ကို
ဗုဒ္ဓနေ့ဟု သတ်မှတ်ကာ အခါတော်
နေ့ကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အနယ်နယ်မှာ ကျင်းပကြမြဲမို့
ကဆုန်လနဲ့ပတ်သက်သမျှ မှတ်သားစရာလေးတွေ
အနည်းငယ် တင်ပြချင်ပါတယ်။
ကဆုန်လဆိုတာ ဘာသာ သာသနာ ရှုထောင့်က ကြည့်ရင်
အံ့သြစရာကောင်း တဲ့ အဖြစ်သနစ်လေးတွေ
တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့နိုင်ပါတယ်။

“ဗျာဒိတ်, ဖွား, မြင်၊ ဗောဓိပင်၊ စံ၀င် နန်းနိဗ္ဗာန်”
လင်္ကာအရ ဂေါတမဘုရား အလောင်းတော်အဖြစ်နဲ့
သုမေ ဓာရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ
ဘုရားစစ်စစ်၊ ဧကန်ဖြစ်လိမ့်မည်”ဆိုတဲ့
ဗျာဒိတ်တော် ကို ခံယူခဲ့ခြင်း၊ဘုရားအလောင်းတော်
အမိ၀မ်းမှ ဖွားမြင်တော်မူခြင်း၊သစ္စာလေးပါးကို သိမြင်လို့
ဘုရားဖြစ် တော်မူခြင်း၊မဟာဗောဓိပင် ပေါက်ခြင်း၊
ပရိနိဗ္ဗာန် ၀င်စံတော်မူခြင်းဆိုတဲ့ ဗုဒ္ဓနဲ့ပတ်သက်လို့
သာသနာ့မှတ်တိုင် ကြီးများက ဒီကဆုန်လမှာ
ဖြစ်ခဲ့တာမို့ ထူးခြားတဲ့ “လမြတ်ကဆုန်”လို့
တင်စားခေါ်ဆိုကြပါတယ်။

ဒါကြောင့်ပဲ ဗုဒ္ဓနဲ့ ပတ်သက်တဲ့ ရက်မြတ်များ ဆုံစည်းရာ
ကဆုန်လ ရောက်ပြီဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့စတဲ့
ပွဲတော်များကို အမွန်အမြတ်ပြုကာ
ကျင်းပပြုလုပ်ကြပါတယ်။

ကဆုန်လမှာ ဗုဒ္ဓနေ့နဲ့အတူ ကဆုန်ညောင်ရေသွန်း
ပွဲတော်ကိုလည်း ကျင်းပပြုလုပ်ကြပါတယ်။
မြတ်ဗုဒ္ဓဟာ ဗောဓိပင်ကို အမှီပြု၍ သစ္စာလေးပါးကို
သိမြင်တော်မူခဲ့၊ သဗ္ဗညုတဥာဏ်တော်ကို ရတော်မူခဲ့
တာဖြစ်လို့ ပူဇော် ထိုက်သော သစ်ပင်အဖြစ်
ဗောဓိပင်ကို အမွှေးနံ့သာထုံသော ရေချမ်းများနဲ့
ကဆုန်ညောင်ရေသွန်းလောင်းပွဲ များကို
ကျင်းပပြုလုပ်ကြပါတယ်။
တနည်းအားဖြင့်လဲ ဗောဓိပင်ဟာ မြတ်ဗုဒ္ဓက
မာရ်နတ်မင်းကို အောင်တော်မူခဲ့ရာ ထူးမြတ်တဲ့
နေရာလည်းဖြစ်ပါတယ်။
ထိုသို့အောင်မြင်မှုကို ပူဇော်ကြတာလည်း ဖြစ်ပါတယ်။

ဗောဓိရဲ့ အဓိပ္ပါယ်က သိခြင်းလို့ အဓိပ္ပါယ်ထွက်ရှိပါတယ်။
သစ္စာလေးပါးကို သိမြင်တဲ့နေရာဖြစ်လို့ ဗောဓိ မည်တာပါ။
ဝေဿဘူ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ
ဘုရားရှင်တို့ ပွင့်တော်မူရာ သစ်ပင်များဖြစ်တဲ့
အင်ကြင်းပင်၊ ကုက္ကိုပင်၊ ရေသဖန်းပင်၊ ပညောင်ပင်
တို့သည်လည်း ထိုဘုရားရှင်များ ပွင့်တော်မူရာ
သာသနာတော်အတွင်း၌ ဗောဓိပင်များအဖြစ်
အမည်ရပြီး ဂေါတမဘုရားရှင် သာသနာ
ယခုကာလမှာကဲ့သို့ ဗောဓိပင်လို့ ခေါ်ဝေါ်ကာ
ပူဇော် ကြပါတယ်။ ထိုဘုရားရှင်များ လက်ထက်မှာလည်း
ကဆုန်ညောင်ရေသွန်းမှုတွေ ရှိမှာအမှန်ပင် ဖြစ်ပါတယ်။

တနည်းအားဖြင့် ဗောဓိပင်သည် မြတ်ဗုဒ္ဓရဲ့ ကိုယ်စား
ကိုးကွယ်ရာလည်း ဖြစ်ပါတယ်။ ဘုရားရှင်
လက်ထက်တော်အခါက ဘုရားကျောင်းတော်သို့
ဖူးမျှော်ရန် သွားကြတဲ့ ရှင်လူရဟန်းတို့ ကျောင်းတော်သို့
ရောက်တဲ့အခါမှာ ဒေသစာရီကြွချီတော်မူတဲ့
အချိန်အခါနဲ့ ဆုံလို့မို့ ဖူးမြင်ခွင့်မရရှာဘဲ
သူတို့တွေ ပြန်သွားခဲ့ရပါတယ်။
ဒါကို အရှင်အာနန္ဒာ မထေရ်မြတ်က
မြတ်ဗုဒ္ဓအား လျှောက်ထားပေးမှုကြောင့် မူရင်းဗောဓိပင်က
ကြွေလုလု အစေ့တလုံးကို ရှင်မောဂ္ဂလ္လာန်မထေရ်မြတ်က
သင်္ကန်းတော်နဲ့ ခံယူတော်မူခဲ့ပြီး သာ၀တ္ထိပြည်၊
ဇေတ၀န်ကျောင်းတော် သို့ သယ်ဆောင်ပေးခဲ့ပါတယ်။

ရှင်အာနန္ဒာက ဘုရားကိုယ်စား ဗောဓိပင်စိုက်ပျိုးရေးမှာ
တာ၀န်ယူခဲ့ပြီး ကောသလမင်းနဲ့ အနာထပိဏ်သူဌေး၊
၀ိသာခါတို့က ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
ရှင်မောဂ္ဂလ္လာန်ဆောင်ယူတော်မူခဲ့တဲ့ ဗောဓိပင်မျိုးစေ့ကို
ဇေတ၀န် ကျောင်းတော် တံခါး၀အနီးမှာ စိုက်ပျိုးကာ
ရှင်လူအများက ဘုရားကိုယ်စား ကိုးကွယ်ခဲ့ကြပါတယ်။
ရှင်အာနန္ဒာ မထေရ်မြတ်ကို အကြောင်းပြုကာ
စတင်ဖြစ်တည်ခဲ့တဲ့ ဗောဓိပင်မို့
“အာနန္ဒာဗောဓိပင်” လို့ အမည်တွင်ခဲ့ပါတယ်။

ဒါ့အပြင် သီဟိုဠ်ကျွန်းက ဗောဓိပင်ကိုတော့ မူရင်းဗောဓိပင်ရဲ့
တောင်ဘက်က အကိုင်းကြီးကို ဖြတ်ယူဆင့်ပွားခဲ့ပြီး၊
စိုက်ပျိုးခဲ့လို့ “ဒက္ခိဏသာခါ” လို့ခေါ်ပါတယ်။
ဒက္ခိဏသာခါဗောဓိပင်များ သီဟိုဠ်ကျွန်းမှာ နေရာအနှံ့
ပွားများပြီး ပေါက်ရောက်ခဲ့ပါတယ်။
ရာသီဥတုဒဏ်ကြောင့် ကျိုးပြတ်ခဲ့တဲ့ ဒက္ခိဏသာခါဗောဓိပင်
များရဲ့ အကိုင်း များကို ဘုရား ဆင်းတုတော်များ ထုလုပ်ကာ
ကိုးကွယ်ခဲ့ကြရာ ယနေ့ဆို ကမ္ဘာအနှံ့မှာ
“ဒက္ခိဏသာခါဆင်းတုတော်” ပြန့်နှံ့လျက်ရှိ ပါတယ်။
မြန်မာပြည်မှာလည်း မြောက်များစွာ ရှိပါတယ်။

နောက်ခံသမိုင်းကြောင်းများနဲ့ အဓိပ္ပါယ်ပြည့်စုံလေးနက်နေတဲ့
လကဆုန်ဟာ ဗုဒ္ဓဘာသာ၀င်များအတွက်
မမေ့နိုင်စရာပင်ဖြစ်ပါတယ်။ ဘုရားပေးကမ်းခဲ့တဲ့
နိဗ္ဗာန်လမ်းသို့ လျှောက်လှမ်းသူ သူတော်စင်များအဖို့
ဘုရား ကျေးဇူးကို သိ၍ ကျေးဇူးတော်အနန္တကို
တုန့်ဆပ်သောအားဖြင့် ကဆုန်ပွဲတော်များကို
ကျင်းပနေကြတာဖြစ် ပါတယ်။

မင်္ဂလာရှိသောပွဲတော်ပင်ဖြစ်ပါတယ်။
ကျင်းပသူ၊ ကြွရောက် ကုသိုလ်ပြုသူ၊
အားလုံးဟာ သူတော်ကောင်း စိတ်ဓာတ် အကျင့်မြတ်နဲ့မို့
ကုသိုလ်မင်္ဂလာ အဖြာဖြာတို့ ပွားများလျှက်
ကျက်သရေတိုးတက်နေပါတယ်။
ကိုယ့်ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်တဲ့ပွဲမို့ ကျင်းပနိုင်လေ
ကောင်းလေဆိုတဲ့ ပွဲတော်တခုပင်ဖြစ်ပါတယ်။ ။

-【အရှင်သုဝီရ ၊ (ဝိနယဝိဒူ၊ သာသနဓဇဓမ္မာစရိယ၊
မဟာဂန္ဓာရာမိက ဓမ္မာစရိယ)】
Credit to all

ရွှေချိတ်🙏🏻🌸

Address

Mandalay. Myanmar
Mandalay

Website

Alerts

Be the first to know and let us send you an email when Shwe Chake Online Sale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Chake Online Sale:

Share