23/08/2025
မြန်မာစကားမှာ "မိကောင်းဖခင် သားသမီး" ဆိုတာရှိတယ်၊ ပညာရှင်တွေက ရှု့ထောင့်တစ်မျိုးကနေ ဒီစကားကို ဘယ်လိုအဓိပ္ပယ်ဖွင့်ဆိုလဲ ဆိုတော့ "သားသမီးဆိုတာ အမိကောင်း မှ အဖ ကို ခင်မယ်တဲ့"
တကယ်မှန်ပါတယ်၊ သားသမီးရင်ထဲ ဖခင်ရဲ့အချစ်ဝင်ဖို့ မိခင်ပေါ်မှာ အလွန်ရေးကြီးတယ်၊ မိခင်က သာသမီးရှေ့ဖခင်ရဲ့ ကြီးမြတ်မှု့များများ ပြောပေးရင် သားသမီးရင်ထဲ ဖခင် အချစ်ဝင်မယ်။
အဲ့လိုမဟုတ်ဘဲ သားသမီးရှေ့ ဖခင်မကောင်းကြောင်း နားသွင်းရင်တော့ အိမ်ထောင်ဦးစီးတို့ ငရဲကြပြီပဲ၊
ဇနီးသည်က ခင်ပွန်းသည်ကို သားသမီးနဲ့ မိတ်ဆက်ပေးတဲ့သူဖြစ်တယ်၊ သူ ဖွင့်ဆိုသလို သားသမီးက ဖခင်ကို သဘောပေါက်ကြရတယ်၊
နောက်တစ်မျိုးတွေးရင်
ဇနီးသည် အားမကိုးရတဲ့လင်ဟာ ဖခင်ကောင်းလည်း ဖြစ်မှာ မဟုတ်ပါ၊
ဒါကြောင့် အမျိုးသားတို့ အနေနဲ့ ဖခင်ကောင်းဖြစ်ချင်ရင် လင်ကောင်းအရင် ဖြစ်ဖို့ လိုပါမယ်၊
ဒါတွေက မိသားစုမှာ တင်မဟုတ်ပါ၊ အလုပ်မှာ လည်း ဒီအတိုင်းပဲ၊ မန်နေဂျာကြီးကြပ်သူ၊ ကျောင်းက ဆရာတွေက သူဌေး သို့မဟုတ် ကျောင်းအုပ် ကို ဘယ်လိုဆက်ဆံလဲ? ဘယ်လိုမြင်လဲ? သူဌေးကို ဘယ်လိုဖွင့်ဆိုလဲ .....
အလုပ်သမား(သို့) ကျောင်းသား အားလုံးက အဲ့လို ဆက်ဆံတယ်၊ အဲ့လိုပဲ မြင်တယ် ၊ အဲ့လိုပဲ သဘောက်ပေါက်ကြတယ်၊
ဒါကြောင့် အမျိုးသားတို့အနေနဲ့ ဇနီးသည်နေရာကို ပေါ့သေးသေး မမှတ်ပါနဲ့ အသင်တို့ကို ငရဲကော သုခကော ပေးနိုင်တဲ့သူတွေဖြစ်တယ်၊ သူတို့ကို ရွေးချယ်တဲ့အခါ မျိုးရိုးဆိုတာတွေ၊ အနေထိုင်၊စရိုက်တွေကို သေခြာ ကြည့်ရွေးမှ တော်ကာကြမယ်၊
#ဆရာဦးကျော်နိုင်(ဓနုဖြူ)