M mandaly online

M mandaly online Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M mandaly online, Men's clothes shop, Mandalay.

30/06/2017
30/06/2017

hi

ထောင်မတ်ခြင်းကိုခက်ခဲစေတဲ့ အချက်(၅)ချက်အရက်နဲ့မူးယစ်ဆေးဝါးလိင်အင်္ဂါပုံမှန် မထောင်မတ်ခြင်းရဲ့ အဓိကကြေင်းကတော့ အရက်အလွန်အကျ...
10/06/2017

ထောင်မတ်ခြင်းကိုခက်ခဲစေတဲ့ အချက်(၅)ချက်

အရက်နဲ့မူးယစ်ဆေးဝါး

လိင်အင်္ဂါပုံမှန် မထောင်မတ်ခြင်းရဲ့ အဓိကကြေင်းကတော့ အရက်အလွန်အကျွံသောက်ခြင်းကြောင့်ပါ။ သွေးထဲမှာ အရက်ဝင်သွားတာနဲ့ တစ်ပြိုင်နက် အဲဒီအရက်ကဦးနှောက်ရဲ့ လိင်ဆက်ဆံမှုကိုလှုံ့ဆော်ပေးတဲ့ ခံစားမှုအာရုံကိုလျော့ချလိုက်လို့ပါ။ အရက်သောက်ခြင်းသည်ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးစေတဲ့အတွက်ကြောင့် ထောင်မတ်ခြင်းကိုလည်းခက်ခဲစေတာပါပဲ။

စိတ်ဖိစီးမှု

အလုပ်ခွင်မှာအလုပ်တွေအရမ်းရှုပ်နေတာဒါမှမဟုတ် အိမ်မှာမိဘနဲ့စကားများလာတာစတဲ့ စိတ်ဖိစီးမှုတွေကလည်းအကိုတို့ရဲ့ ညီလေး နှိုးထမှုကိုခက်ခဲစေနိုင်ပါတယ်။
နောက်ပြီးအဲ့ဒီစိတ်ဖိစီးမှုကြောင့် မထောင်မတ်နိုင်တဲ့အခါ ငါဘာလို့မထောင်မတ်နိုင်ရတာလဲဆိုပြီးပို၍စိတ်ဖိစီးမှုတွေရနိုင်လာပြီးဒီသံသယထဲမှာမထွက်နိုင်ဘဲဒုက္ခတွေ ကြုံတွေနိုင်ပါတယ်။

စွမ်းဆောင်မှုကိုစိုးရိမ်ခြင်း

အကယ်၍အကိုဟာ “ငါလုပ်တာမှန်ရဲ့လား” “ငါ့ရဲ့ဆက်ဆံဖော်ကျေနပ်ရဲ့လား” ဒါမှမဟုတ် “ ငါ့ စွမ်းဆောင်ရည်ကောင်းရဲ့လား” ဒီလိုမျိုးတွေသာအမြဲတမ်းစဉ်းစားစိုးရိမ်နေမယ်ဆိုရင် သာယာတဲ့လိင်ဆက်ဆံမှုကိုမရနိုင်ပါဘူး။
လိင်ဆက်ဆံခြင်းဟာရုပ်ပိုင်းဆိုင်ရာတင်သာမကစိတ်ပိုင်းဆိုင်ရာနဲ့ပါ တိုက်ရိုက် ချိတ်ဆက်နေပါတယ်။
အကိုတို့ စိတ်အာရုံဟာအပေါ်ကဖော်ပြထားသလိုစိတ်ဖိစီးများနေမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်ကလည်းကောင်းစွာစွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။

ဆေးလိပ်သောက်ခြင်း

တစ်နေ့ကိုဆေးလိပ်တစ်လိပ်လောက်မီးညှိလိုက်ခြင်းဟာအကိုတို့ရဲ့အဆုတ်ကိုထိခိုက်ရုံတင်မကဘဲအကိုတို့ရဲ့ လိင်မှုဘ၀ဆက်ဆံရေးကိုပါထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကသွေးလွတ်ကြောများကိုကျဉ်းမြောင်းစေတဲ့အတွက် လိင်တံမှာရှိတဲ့ သွေးကြောတွေကိုပိတ်ဆို့စေပါတယ်။ အစိုးဆုံးကတော့ဆေးလိပ်သောက်ခြင်းကသွေးကြောတွေကိုထိခိုက်စေတဲ့အတွက် လိင်စွမ်းဆောင်ရည်ကိုပါ အမြဲလိုလိုလျော့ကြစေနိုင်ပါတယ်။
ဆေးလိပ်သောက်တဲ့လူတစ်ယောက်ဟာပုံမှန်ဆေးလိပ်မသောက်သူတွေထက် ထောင်မတ်ခြင်းကိုပိုမိုခက်ခဲစေပြီး လိင်ဆက်ဆံချင်တဲ့စိတ်ကိုပါ ပိုလျော့နည်းပါတယ်။ ဆေးလိပ်သောက်ခြင်းကလိင်ဆက်ဆံမှု လိုလားခြင်းနဲစိတ်ကျေနပ်မှုတွေကိုလျော့ကျစေတဲ့အတွက် အမျိုးသားတွေရဲ့ လိင်မှုစွမ်းဆောင်လိုစိတ်ကိုထိခိုက်နိုင်ပါတယ်။

အချစ်ရေး ပြသာနာ

အကယ်၍ အစ်ကိုတိုရဲ့ စုံတွဲကြားမှာပြဿနာလေးတွေ ( ဥပမာ။ ။ အကိုတို့စုံတွဲကြားအချင်းချင်းစိတ်ဆိုးတာမျိုးဒါမှမဟုတ် အဆင်မပြေမျိုးတွေ) ဖြစ်နေမယ်ဆိုရင် အကိုရဲ့ လိင်ဆက်ဆံလိုစိတ်နှိုးကြွရန် ခက်ခဲစေနိုင်ရုံသာမကလိင်ဆက်ဆံတဲ့အခါမှာလည်းတက်ကြွမူ့မရနိုင်​ပါဘူး

ချစ်တင်းနှောခြင်းဟာ ရေရှည်မှတ်ဥာဏ် ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဆဲလ်ကြီးထွားမှုအတွက် အထောက်အကူပြု....................ချစ်တင်းေ...
10/06/2017

ချစ်တင်းနှောခြင်းဟာ ရေရှည်မှတ်ဥာဏ် ဖွံ့ဖြိုးမှုနဲ့ ဦးနှောက်ဆဲလ်ကြီးထွားမှုအတွက် အထောက်အကူပြု....................
ချစ်တင်းနှောခြင်းဟာ ဦးနှောက်ဆဲလ်ကြီးထွားမှုနဲ့ ရေရှည်မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ သိပ္ပံပညာရှင်တွေက လေ့လာမှုတစ်ရပ်ပြုပြီး ပြောခဲ့ပါတယ်။ သက်လတ်ပိုင်း ကြွက်တွေဟာ မိတ်လိုက်ပြီးတဲ့နောက် ဦးနှောက်ဆဲလ် အရေအတွက် သိပ်များနေတာကို လေ့လာမှုမှာ တွေ့ရှိခဲ့ကြရပါတယ်။

Hippocampus လို့ခေါ်တဲ့ ဦးနှောက်အပိုင်းထဲမှာ neuron(အာရုံကြောဆဲလ်) တွေ ပွားများလာတာပါ။ ဦးနှောက်ဆဲလ် အရေအတွက် များလာတဲ့အတွက် မှတ်ဉာဏ်၊ သိမြင်တတ်မှု၊ သဘောပေါက်လွယ်မှု စတာတွေ ပိုကောင်းလာပါတယ်။

ချစ်တင်းနှောတဲ့ လှုပ်ရှားမှုတွေကို ဖြတ်တောက်လိုက်တဲ့ နောက်မှာတော့ ဦးနှောက်စွမ်းရည် တိုးတက်မှုဖြစ်စဉ်တွေဟာလည်း ဆုံးရှုံးသွားပါတယ်။ ချစ်တင်းနှောခြင်းဟာ စိတ်ဖိစီးမှုကိုလည်း တိုက်ဖျက်ပေးတယ်လို့ နောက်ထပ် လေ့လာမှု တစ်ရပ်အရ သိရပါတယ်။

Credit: Trend Myanmar

အမျိုးသားတိုင်း သိထားရမယ့် လိင်အင်္ဂါသန့်ရှင်းရေး*********************အမျိုးသားတိုင်း မိမိလိင်အင်္ဂါကို တန်ဖိုးထားတတ်ကြပါတယ်...
10/06/2017

အမျိုးသားတိုင်း သိထားရမယ့် လိင်အင်္ဂါသန့်ရှင်းရေး
*********************
အမျိုးသားတိုင်း မိမိလိင်အင်္ဂါကို တန်ဖိုးထားတတ်ကြပါတယ်။ အဲ့လိုဂရုတစိုက်တန်ဖိုးထားခြင်းဟာ မိမိအတွက်သာမက မိမိရဲ့အဖော်အတွက်ပါ ကောင်းမွန်ပါတယ်။ လိင်အင်္ဂါကို မှန်ကန်စွာ ဂရုစိုက်တတ်ပါက ကာမသုခ ပြည့်ဝမှာ သေချာပါတယ်။

ဒါကြောင့် အမျိုးသားတိုင်း သိထားသင့်တာကတော့ လိင်အင်္ဂါကို နေ့စဉ် စနစ်တကျ သန့်ရှင်းရေး ဘယ်လိုလုပ်မလဲဆိုတာ ဖြစ်ပါတယ်။ လိင်အင်္ဂါကို နေ့စဉ်ဆေးကြောပီး သန့်ရှင်းစွာထားမှသာ အနံ့အသက်ကင်းဝေးပီး ရောဂါကင်းစင်ကာ ဒေါင်ဒေါင်မြည်ဖြစ်လာမှာပါ။

နေ့စဉ်လုပ်ဆောင်သင့်တဲ့ လိင်အင်္ဂါသန့်ရှင်းရေး အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆပ်ပြာရွေးချယ်ပါ။

- အနံ့မပါတဲ့ ဆပ်ပြာအပျော့စားမျိုးကို အသုံးပြုသင့်ပါတယ်။ ရေချိုးဆပ်ပြာများ၊ လက်ဆေးဆပ်ပြာများဟာ လိင်အင်္ဂါကို ယားယံမှုတွေ အနီကွက်တွေ ဖြစ်စေနိုင်ပါတယ်။

၂။ ရေချိုးပါ။

- ဖြစ်နိုင်ရင် ရေနွေးနွေးလေးနဲ့ ချိုးတာပိုကောင်းပါတယ်။ ပုံမှန်ရေချိုးတဲ့အတိုင်း တကိုယ်လုံးကို ဆပ်ပြာပွတ်တိုက်ပီး ရေချိုးပါ။

၃။ လိင်အင်္ဂါတဝိုက်ကို ဆေးကြောပါ။

- ဆပ်ပြာကို လက်နှစ်ဖက်နဲ့ ပွတ်တိုက်ပီး အမြှပ်ထအောင်လုပ်ပါ။ ပြီးရင် လိင်တံ ကပ်ပယ်အိပ်နဲ့ ပေါင်ခြံတဝိုက်ကို ဆပ်ပြာမြှပ်များနဲ့ ပွတ်တိုက်ပါ။ ထိပ်ငုံအရေပြား မဖြတ်ထားသူများအတွက် အရေးကြီးတာက ထိပ်ငုံအရေပြားကို နောက်သို့ဆွဲလှန်ပီး ဆေးကြောဖို့ပါပဲ။ ထိပ်ငုံအရေးပြားကို ဆွဲလှန်တဲ့နေရာမှာ အားသုံးပီး မဆွဲပါနဲ့။ သဘာဝတိုင်း ရသလောက်သာ ဆွဲလှန်ပါ။ ဒစ်တဝိုက်နဲ့ အရေပြားအောက်မှာရှိနေတဲ့ အညစ်အကြေး အဖတ်များကို ပွတ်တိုက်ဆေးကြောပါ။ ပြီးရင် သေချာပြောင်စင်အောင် ရေဆေးချပါ။ ပြီးရင် ထိပ်ငုံအရေပြားကို နဂိုအတိုင်း ပြန်ဆွဲတင်ပါ။

- နောက်ထပ်သတိပြုရမှာက လိင်တံအရင်းနဲ့ ကပ်ပယ်အိတ်ကို ဂရုတစိုက် ဆေးကြောဖို့ မမေ့ပါနဲ့။ အဲ့ဒီ့နေရာတွေဟာ တနေကုန် အတွင်းခံထဲမှာရှိနေပီး အမွှေးအမျှင်များ၊ ချွေးများကြောင့် အနံ့ဆိုးများကို ဖြစ်ပေါ်စေလို့ပါပဲ။ နောက်တခုက ကပ်ပယ်အိတ်နဲ့ စအိုကြားက နေရာကိုလည်း သေချာစွာဆေးကြောသင့်ပါတယ်။

၎။ လိင်အင်္ဂါကို ခြောက်သွေ့အောင်လုပ်ပါ။

- ဆေးကြောပီးရင် ခြောက်သွေ့အောင် လိင်အင်္ဂါကို ခပ်ဖွဖွ သုတ်ပေးပါ။ ရေမခြောက်ပါက ဂျီးများဖြစ်လာပီး ဘတ်တီးရီးယားများ ပေါက်ဖွားလာတတ်ပါတယ်။

၅။ လိင်အင်္ဂါကို နေ့တိုင်းသန့်ရှင်းစွာထားပါ။

- လိင်အင်္ဂါကို နေ့စဉ် ဆေးကြောပီး သန့်ရှင်းစွာထားပါ။ သို့သော် မကြာခဏ အလွန်အကျွံ မဆေးကြောပါနဲ့။ အထူးသဖြင့် ဆပ်ပြာအပြင်းစားများ၊ မသန့်ရှင်းတဲ့ ရေများနဲ့ မဆေးပါနဲ့။ ယောင်ယမ်း နာကျင် ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်လိမ်းပေါင်ဒါသုံးသူများ သတိပြုရမှာက ပေါင်ဒါကို ကပ်ပယ်အိတ်ပေါ်ကိုပဲ လိမ်းပါ။ လိင်တံပေါ်ကို မလိမ်းမိပါစေနဲ့။

📌📌📌ထိင်ငုံအရေပြား မဖြတ်ထားသူများအတွက် အရေပြားအောက်က အညစ်အကြေးများကို ပြောင်စင်အောင် ဆေးကြောဖို့က အထူးအရေးကြီးပါတယ်။ မဟုတ်ရင် ယောင်ယမ်းနာကျင်တာမျိုး ယားယံတာမျိုး နောက်ဆုံးမှာ ရောဂါပိုးဝင်တာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

Photo credit:

Address

Mandalay
02

Telephone

09 420597878

Website

Alerts

Be the first to know and let us send you an email when M mandaly online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share