Jasmine Fashion and Design

Jasmine Fashion and Design high street fashion
ready-to-wear
haute couture
(4)

25/01/2026

Jasmine Fashion

09/01/2026

Fashion

ဖက်ရှင်လောကဟာ စက်ချုပ်သင်တန်းတစ်ခုတည်းလား ?ဖက်ရှင်လောကကို စက်ချုပ်သင်တန်းတစ်ခုတည်းလို့ ထင်နေကြတဲ့သူတွေအတွက် ဒီနေ့ Knowle...
31/12/2025

ဖက်ရှင်လောကဟာ စက်ချုပ်သင်တန်းတစ်ခုတည်းလား ?

ဖက်ရှင်လောကကို စက်ချုပ်သင်တန်းတစ်ခုတည်းလို့ ထင်နေကြတဲ့သူတွေအတွက် ဒီနေ့ Knowledge sharing လေး လုပ်ပေးချင်ပါတယ်ရှင်။
Fashion ဆိုတာ အဝတ်အစားတစ်ခုတည်းကို ပြောတာမဟုတ်ဘဲ အရမ်းကျယ်ပြန့်တဲ့ Ecosystemကြီးတစ်ခုပါ။
မချယ် သိထားတာတွေထက် ဖက်ရှင်လောကရဲ့ အဓိကလိုင်းတွေက ပိုများပြားတာမို့ ဒီလောက်နဲ့တင် မရပ်သွားဘဲ လေ့လာကြည့်ဖို့ကိုလည်း တိုက်တွန်းပါရစေ။

🔥Fashion Industry ရဲ့ Core Lines များ🌟🫶💜

၁။ Custom-Made / Made-to-Measure🌻
လူတစ်ဦးချင်းစီရဲ့ ကိုယ်တိုင်းကိုယူပြီး စိတ်ကြိုက်ချုပ်ပေးရတာပါ။ အော်ဒါချုပ်လုပ်ငန်းတွေရဲ့ အခြေခံပါ။

၂။ Ready-to-Wear🌻
စံသတ်မှတ်ထားတဲ့ Size တွေ (S, M, L, XL) နဲ့ အမြောက်အမြားထုတ်ပြီး ဆိုင်တွေမှာ အသင့်ရောင်းတာပါ။ အခုခေတ် Brand တော်တော်များများ သွားနေတဲ့လမ်းပါ။

၃။ Haute Couture (High Fashion)🌻
အနုပညာအဆန်ဆုံးနဲ့ ဈေးအကြီးဆုံးပါ။ စက်နဲ့ချုပ်တာတင်မကဘဲ လက်နဲ့အနုစိတ် ဖန်တီးရတာဖြစ်ပြီး ကမ္ဘာ့အဆင့်မီ ပွဲတက်ဝတ်စုံကြီးတွေ ချုပ်လုပ်တာမျိုး ဖြစ်ပါတယ်။

၄။ Fashion Stylist🌻
အဝတ်အစား မချုပ်ပါဘူး။ ဒါပေမယ့် ဝတ်စုံနဲ့ လိုက်ဖက်မယ့် ဖိနပ်၊ အိတ်၊ မိတ်ကပ်၊ ဆံပင်ကအစ အလှဆုံးဖြစ်အောင် "ပေါင်းစပ်ညှိနှိုင်း" ပေးရတဲ့ ပညာရှင်ပါ။

၅။ Fashion Merchandiser🌻
ဘယ်ဒီဇိုင်းက ရောင်းရမလဲ၊ ဘယ်အချိန်မှာ ဘာထုတ်ရမလဲ၊ ဈေးနှုန်းဘယ်လောက် သတ်မှတ်မလဲဆိုတာကို Business အမြင်နဲ့ တွက်ချက်ရသူပါ။

၆။ Fashion Illustrator / Sketcher🌻
ဒီဇိုင်းတွေကို ပုံကြမ်းဆွဲပေးရသူပါ။ အိုင်ဒီယာတွေကို စက္ကူပေါ်မှာ အသက်ဝင်အောင် ဖန်တီးပေးရတာပါ။

၇။ Pattern Maker / Grader🌻
ဒီဇိုင်းတစ်ခုကို လက်တွေ့ချုပ်လို့ရအောင် ပုံစံခွက် (Pattern) ဖော်ပေးရသူပါ။ ဖက်ရှင်ရဲ့ အင်ဂျင်နီယာလို့ ခေါ်လို့ရပါတယ်။

၈။ Technical Developer🌻
အထည်တစ်ထည်ရဲ့ တည်ဆောက်ပုံ၊ Fit ဖြစ်မှုနဲ့ နည်းပညာပိုင်းဆိုင်ရာ ခိုင်ခံ့မှုကို တာဝန်ယူရသူပါ။ ဒီဇိုင်းတစ်ခုကို လက်တွေ့ဝတ်လို့ရအောင် နည်းပညာနဲ့ ပေါင်းစပ်ပေးရတဲ့ "ဖက်ရှင်အင်ဂျင်နီယာ" ပါပဲ။

၉။ Tailor (ကျွမ်းကျင်အပ်ချုပ်ပညာရှင်)🌻
ပေးထားတဲ့ Pattern နဲ့ ဒီဇိုင်းအတိုင်း အနုစိတ်ချုပ်လုပ်ပေးရသူပါ။ လက်ရာသေသပ်ဖို့နဲ့ အထည်ချုပ်ပညာကို အခြေခံကအစ ကျွမ်းကျင်ရသူ ဖြစ်ပါတယ်။

၁၀။ Fashion Event Organizer🌻
Fashion Show တွေ၊ Runway တွေ၊ Product Launch တွေဖြစ်မြောက်အောင် စီစဉ်ရသူပါ။

၁၁။ Visual Merchandiser🌻
Showroom ဒါမှမဟုတ် ဆိုင်ရဲ့ ပြတင်းပေါက် (Window Display) တွေမှာ ဝတ်စုံတွေကို လူတွေမြင်တာနဲ့ ဝယ်ချင်စိတ်ပေါက်အောင် ခင်းကျင်းပြသရသူပါ။

၁၂။ Fashion Journalist / Blogger🌻
ဖက်ရှင်အကြောင်းတွေကို စာရေးတာ၊ ဝေဖန်သုံးသပ်တာ၊ မီဒီယာမှာ တင်ဆက်တာတွေကို လုပ်ဆောင်သူပါ။

၁၃။ Textile Designer🌻
အဝတ်အစား မဟုတ်ဘဲ "ပိတ်စ" ရဲ့ ဒီဇိုင်း၊ အပွင့်၊ အရောင်နဲ့ အသားတွေကို ဖန်တီးရသူပါ။

၁၄။ Fashion Photographer🌻
ဖက်ရှင်အမြင်ရှိရှိနဲ့ အထည်ရဲ့ အလှကို ပေါ်လွင်အောင် ဓာတ်ပုံရိုက်ကူးပေးရသူပါ။

၁၅။ Fashion Consultant🌻
လုပ်ငန်းရှင်တွေ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို သူတို့ရဲ့ Image နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ အကြံပေးရသူပါ။

၁၆။ Fashion Educator / Instructor🌻
ဒါကတော့ မချယ်ပြောတဲ့ သင်တန်းဆရာပါ။ အထက်က နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်မှုရှိပြီးမှ သူများကို ပြန်လည်သင်ကြားပေးရသူ ဖြစ်ပါတယ်။

၁၇။ Fashion Accessories Designer / Retailer🌻အဝတ်အစားမဟုတ်ဘဲ ဖိနပ်၊ အိတ်၊ ခါးပတ်၊ ဦးထုပ်နဲ့ လက်ဝတ်ရတနာတွေကို သီးသန့်ဒီဇိုင်းထုတ်ပြီး ရောင်းချသူတွေပါ။ Brand တစ်ခုမှာ ဒါတွေက အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါပဲ။

၁၈။ Sourcing & Supply Chain Manager (Import / Export)🌻
ဒါက ကုန်သွယ်မှုပိုင်းပါ။ ပြည်ပကနေ ပိတ်စတွေ၊ ကုန်ကြမ်းတွေ (ဇစ်၊ ကြယ်သီး) သွင်းတာ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ Local Brand ကို ပြည်ပကို တင်ပို့ဖို့ ချိတ်ဆက်ဆောင်ရွက်ရသူတွေပါ။

၁၉။ Textile & Fabric Trader (အထည်အလိပ် ရောင်းဝယ်ရေး)🌻
ဒီဇိုင်နာတွေနဲ့ အထည်ချုပ်လုပ်ငန်းတွေဆီကို လိုအပ်တဲ့ ပိတ်စ (Fabric) တွေ၊ ကုန်ကြမ်းတွေကို လက်ကား (Wholesale) ရောင်းချပေးတဲ့သူတွေပါ။ သူတို့က အသားအကြောင်း အင်မတန် ကျွမ်းကျင်ရပါတယ်။

၂၀။ Fashion Tech & Digital Fashion🌻
အခုခေတ်မှာ ခေတ်စားလာတဲ့ 3D ဒီဇိုင်းဆွဲတာ၊ AI သုံးပြီး ဖက်ရှင်ဖန်တီးတာနဲ့ E-commerce Platform တွေပေါ်မှာ နည်းပညာနဲ့
ရောင်းချတဲ့အပိုင်းပါ

၂၁၊၊ Fashion Media (Fashion PR & Marketing)🌻
ဖက်ရှင်လောကရဲ့ "အသံနဲ့ ပုံရိပ် (Voice & Image)" ပါပဲ။ အဝတ်အစားတွေကို မချုပ်ပါဘူး၊ ဒါပေမယ့် ဖက်ရှင်အကြောင်းတွေကို လူအများသိအောင်၊ စိတ်ဝင်စားလာအောင် ချပြရတဲ့ နယ်ပယ်ကြီးတစ်ခုပါ။Fashion Media ရဲ့ အခန်းကဏ္ဍက ဒီနေ့ခေတ်မှာ Designer တစ်ယောက်အတွက် အသက်တမျှ အရေးကြီးပါတယ်။
Fashion Media ထဲမှာ အဓိက ပါဝင်တာတွေကတော့-
• Fashion Journalism (ဖက်ရှင်သတင်းစာပညာ): ဖက်ရှင်မဂ္ဂဇင်းတွေ၊ Website တွေမှာ ဖက်ရှင်အကြောင်း ဆောင်းပါးရေးတာ၊ Trend တွေကို ဝေဖန်သုံးသပ်တာတွေပါ။ (ဥပမာ- Vogue, Harper's Bazaar လိုမျိုးပေါ့)။
• Fashion Content Creation (Digital Media): အခု မချယ် လုပ်နေတဲ့အလုပ်မျိုးပါ။ Facebook, TikTok, Instagram တွေမှာ ဖက်ရှင်ဗဟုသုတတွေ၊ အိုင်ဒီယာတွေကို Video ဒါမှမဟုတ် စာသားနဲ့ ဖန်တီးပြသတာပါ။
• Fashion Broadcasting/PR: ဖက်ရှင်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ Interview တွေ၊ ပွဲလမ်းသဘင်တွေကို ရုပ်သံဒါမှမဟုတ် လိုင်းပေါ်ကနေ တိုက်ရိုက်တင်ဆက်တာတွေ ပါဝင်ပါတယ်။

၂၂၊၊ Fashion Model🌻
ဒီဇိုင်နာရဲ့ လက်ရာတွေကို အသက်ဝင်အောင် ဝတ်ဆင်ပြရသူ၊ Runway ပေါ်မှာဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်ကူးရာမှာဖြစ်ဖြစ် အထည်ရဲ့ Concept ကို ပေါ်လွင်အောင် လုပ်ပေးရသူပါ။

၂၃၊၊ Fashion Blogger/ Fashion Influencer 🌻
Fashion Media အောက်မှာ အကျုံးဝင်သလို၊ အခုခေတ်မှာတော့ သီးသန့်လဲရပ်တည်လာကြပါတယ်။ အဝတ်အစားတွေကို ဘယ်လိုဝတ်ရမလဲ (Styling Tips) တွေ ပေးတာ၊ Brand တွေကို Review ပေးတာမျိုးတွေ လုပ်ဆောင်သူပါ။

"ဖက်ရှင်လောကမှာ ဒီလောက် လမ်းကြောင်းတွေ အများကြီး ရှိနေတာပါ။ ကိုယ်က ဘယ်လိုင်းကို လိုက်မှာလဲ? အကုန်လုံးကို လိုက်လုပ်နေမယ့်အစား တစ်ခုခုမှာ Specialist ဖြစ်အောင် အရင်လုပ်ပါ။ ကိုယ်သွားချင်တဲ့လမ်းကို မှန်မှန်ကန်ကန် ရွေးချယ်ရင်း Fashion Ecosystem ထဲမှာ အောင်မြင်ကြပါစေရှင် 🌻🫠🫶
Crd by….
ချစ်တဲ့
မချယ်








ရောင်းချတဲ့အပိုင်းပါ။
စာသားလေး credit ပေးပါတယ်ရှင့်

Address

55A Street, Between 125 & 126
Mandalay
05051

Telephone

+959773579122

Website

Alerts

Be the first to know and let us send you an email when Jasmine Fashion and Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jasmine Fashion and Design:

Share