Pan Hsu - Vintage Collection

Pan Hsu - Vintage Collection 🙏🙏တရားစာပေနှင့် ပတ်သက်သော အကြောင်းအရာများကို မျှဝေပေးမည့် sharing ပေးမည့် page ဖြစ်ပါသည်။🙏🙏🙏
(21-12-2025)

25/02/2026

ဆုတ်ယုတ်ပျက်စီးခြင်း အ​ကြောင်းတရား
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အခါတစ်ပါး၌ ဗုဒ္ဓရှင်တော်မြတ်သည်
သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌
သီတင်းသုံးနေတော်မူ၏။

ထိုအခါနတ်သားတစ်ဦးသည် လှပတင့်တယ်
နှစ်သက်ဖွယ်ကောင်းသော
အသွင်သဏ္ဍန်ဖြင့် သန်းခေါင်ယံအချိန်တွင် ဗုဒ္ဓထံသို့ချဉ်းကပ်လာ၏။

ထိုနတ်သားသည် ဗုဒ္ဓထံသို့ရောက်လျှင်
သင့်တင့်လျောက်ပတ်သောအရပ်၌ ရပ်တည်၍-

``အရှင်ဂေါတမ၊
ကျွန်ပ်အား
ဆုတ်ယုတ်ပျက်စီးခြင်း၏ အကြောင်းတရားများကို
ဟောကြားတော်မူပါလော´´ဟု
လျောက်ထားတောင်းပန်လေသည်...

ထိုအခါ ဗုဒ္ဓမှ-

``အို နတ်သား
ကြီးပွားမည့်သူကို လည်းကောင်း၊
ဆုတ်ယုတ်ပျက်စီးမည့်သူကို လည်းကောင်း
သိရန်လွယ်ကူလှပေ၏´´ဟု မိန့်ကြား၍

ကြီးပွားခြင်း ဆုတ်ယုတ်ခြင်းတို့၏
အကြောင်းတရားများကို တစ်ခုပြီးတစ်ခု
ဖော်ထုတ်ဟောကြားတော်မူလေသည်။

``နတ်သား
အကြင်သူသည်
တရားမျှတမှုကို လိုလားနှစ်သက်၏၊
ထိုသူသည် ကြီးပွားချမ်းသာ၏။
ထိုသူသည် တရားမျှတမှုများကို
လိုလားနှစ်သက်ခြင်းမရှိ၊
ထိုသူသည် ဆုတ်ယုတ်ပျက်စီး၏ ။ ´´

``အကြင်သူသည် သူယုတ်မာတို့ကို
ချစ်ခင်မြတ်နိုး၏။ သူတော်ကောင်းတို့ကို
ချစ်ခင်မြတ်နိုးခြင်းမရှိ၊ သူယုတ်မာတို့၏
တရားကို လိုလားနှစ်သက်၏။
သူတော်ကောင်းတို့၏ တရားများကို
လိုလားနှစ်သက်ခြင်းမရှိ၊ ထိုသူသည်
ဧကန်စစ်စစ် ဆုတ်ယုတ်ပျက်စီးမည့်သူ
ဖြစ်၏။´´

အအိပ်အနေများခြင်း၊ အပေါင်းအသင်းများဖြင့် ပျော်မွေ့ခြင်း၊
စကားပြောဆိုမှု၌ မွေ့လျော်ခြင်း၊
နိုးကြား ထကြွမှုမရှိ၊ ပျင်းရိခြင်း
ဆောလျင်စွာ
အမျက်ထွက်ခြင်းတို့သည်လည်း
ဆုတ်ယုတ်ပျက်စီးခြင်း
အကြောင်းတရားများဖြစ်ကုန်၏။

အကြင်သူသည်
အိုမင်း၍ တတိယအရွယ်သို့ ရောက်သော
မိဘတို့ကိုထောက်ပံ့ ကျွေးမွေးနိုင်ခြင်း ရှိသူ
ဖြစ်ပါလျက်
ထောက်ပံ့ ကျွေးမွေးခြင်းမပြု၊
ထိုသူသည် ဆုတ်ယုတ်ပျက်စီးမည့်သူသာ
ဖြစ်ပေ၏။

အကြင်သူသည် ရဟန်းသံဃာတို့ကိုလည်းကောင်း
ဖုန်းတောင်းယာစကာတို့ကိုလည်းကောင်း၊
ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးမှ
လှူဒါန်းခြင်းမပြုဘဲ လိမ်လည်လှည့်ဖြား၏။
ထိုသူသည် ဆုတ်ယုတ်ပျက်စီးမည့်သူဖြစ်၏။

စည်းစိမ်ဥစ္စာ ရွှေငွေအသပြာ
အလျှံအပယ်
ကြွယ်ဝချမ်းသာသူဖြစ်ပါလျက် ကောင်းမွန်သော
စားဖွယ်သောက်ဖွယ်တို့ကို တစ်ယောက်တည်း
စားသုံးခြင်းသည်လည်း ပျက်စီးဆုတ်ယုတ်ခြင်း၏
အကြောင်းတရားဖြစ်၏။

ထိုသူသည် အမျိုးမာန်၊ ဓနမာန်ခက်ထန်၏။
အနွယ်မာန်ခက်ထန်၏။
ဆွေမျိုးတို့ကို မထီမဲ့မြင်ပြု၏။
ထိုသူသည်လည်း
ဆုတ်ယုတ်ပျက်စီးမည့်သူဖြစ်၏။

``မိန်းမ သေရည်သေရက်
လောင်းကစားကြူးသူဖြစ်၍
ရတိုင်းရတိုင်းသောဥစ္စာတို့ကိုဖျက်ဆီး၍
သူတစ်ပါးသားမယား ပြည့်တန်ဆာတို့နှင့်
ပျော်ပါး၍ မိမိမယားနှင့် မရောင့်ရဲ
ထိုသူသည်ဆုတ်ယုတ်ပျက်စီးမည့်သူဖြစ်၏။

အရွယ်လွန်ပြီးသောယောက်ျားသည်
တည်သီးသဖွယ်ငယ်သော
သားမြတ်ရှိသော မိန်းမငယ်ကို
သိမ်းပိုက်ဆောင်ယူ အိမ်သူပြုလုပ်၏။
ထိုသူသည် မိန်းမငယ်အား
တစ်ပါးယောက်ျားဖြင့်စိတ်မချ ၍
အိပ်မပျော်နိုင်သော
ဆုတ်ယုတ်ပျက်စီးခြင်းသို့ရောက်ရ၏။

ထိုသူသည် အသား ငါးစသော
စားဖွယ်သောက်ဖွယ်တို့ကို မက်မော၍
ဖရို ဖရဲပြုလုပ်တတ်သောမိန်းမဖြစ်စေ
ယောက်ျားဖြစ်စေ အိမ်ထောင်ထိန်းအရာ၌ ထား၏ ။ ထိုသူသည် ဆုတ်ယုတ်ပျက်စီးမည့်သူသာဖြစ်၏။

အကြင်သူသည် ဓနဥစ္စာနည်းပါး၍
စည်းစိမ်ဥစ္စာတို့၌ တပ်မက်မှုကြီး၏
မင်းမျိုး၌သော်လည်းကောင်း
မိမိနှင့် မထိုက်တန်သော မင်းအဖြစ်ကို
လိုလားတောင့်တ၏ ထိုသူသည်
မင်းအဖြစ်သို့မရဘဲ
ဆုတ်ယုတ်ပျက်စီးမည့်သူသာဖြစ်၏။´´

ဤလောက၌ ဖြူ စင်ကောင်းမြတ်သော
ဥာဏ်အမြင်နှင့်ပြည့်စုံသော အကြင်ပညာရှိသည်
အထက်ပါ ဆုတ်ယုတ်ပျက်စီးခြင်း
အကြောင်းတရားများကို ကောင်းစွာရှု့ မြင်
ဆင်ခြင်၍ရှောင်ရှား၏။
ထိုပညာရှိသည်
သာယာချမ်းမြှေ့သော နတ်ပြည်သို့
ရောက်မည်မလွဲတည်း။

ဤတရားအဆုံး၌ ရာပေါင်းများစွာသော
နတ်ဒေဝါတို့သည် ဆုတ်ယုတ်ပျက်စီးခြင်း၏
အကြောင်းတရားများကို ကြားနာရသဖြင့်
မကောင်းမှုတို့ကို ထိတ်လန့်ကြောက်ရွံ့ သော သံဝေဂဥာဏ် ဖြစ်ပေါ်လာကြ၏။
ထိုသံဝေဂဥာဏ်ကို အခြေခံ၍
သင့်တင့်လျောက်ပတ်သော တရားကို
ထပ်ဆင့် ဆင်ခြင်ပွားများကြရာ
သောတာပန်စသည့်
အရိယာပုဂ္ဂိုလ်များအဖြစ်သို့ မဆိုင်းမတွ
ဆိုက်ရောက်သွားကြလေသည်။

ကိုးကား
မြတ်ဗုဒ္ဓ၏ ဓမ္မအမြူတေများ
သုတ္တနိပတ်
ဓမ္မာစရိယ ဦးမောင်မောင်လေး

👉 လူ ( ၃ ) မျိုး 👇👇
https://m.facebook.com/story.php?story_fbid=1161443290658599&id=838712306265034&mibextid=Nif5oz

👉 လောကပါလ ပျက်စီးခြင်း 👇👇
https://m.facebook.com/story.php?story_fbid=2303132693156314&id=838712306265034&mibextid=Nif5oz

👉 လူ ( ၁၀ ) မျိုးထဲ မပါစေနဲ့ 👇👇
https://m.facebook.com/story.php?story_fbid=1205068842962710&id=838712306265034&mibextid=Nif5oz

မူရင်းရေးသားပူဇော်သူကို
ဂါရဝပြုပါသည်။
ကုသိုလ်ကောင်းမှုများကို
မမေ့မလျော့ ပြု နိုင်ကြပါစေ။

08/02/2026

( English Version Below )
အားလုံးဟာ သံသရာအဆက်ဆက်က
ဆွေမျိုးတွေလို့ပဲ မြင်ကြည့်လိုက်မယ်ဆိုရင်
ရန်မဖြစ်တော့ပဲ ငြိမ်းချမ်းသွားမယ် ။

အားလုံးဟာ
သေမျိုးတွေလို့ပဲ မြင်ကြည့်လိုက်မယ်ဆိုရင်
အမုန်းတရားတွေဟာ ကင်းသွားမယ် ။

အရာရာဟာ ပျက်စီးခြင်းမှာ
အဆုံးသတ်သွားတယ်လို့မြင်ကြည့်လိုက်ရင်
မာနတရားတွေ လျော့နည်းသွားပါတယ် ။

အရာရာဟာ အခိုက်အတန့် ခဏလေးပါလို့
မြင်ကြည့်လိုက်နိုင်မယ်ဆိုရင်
ကိုယ့်အဆင်မပြေမှုဟာ သက်သာပါတယ်

အဆင်မပြေမှုဟာ
ကိုယ့်စိတ်နဲ့ ပတ်သက်နေတာကိုမ‌မေ့နဲ့
ချမ်းသာရမှုဟာ
ကိုယ့်စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်တာကိုမမေ့ပါနဲ့
မှန်မှန်ကန်ကန်သာ တွေးတတ်မယ်ဆိုရင်
မပြတ်ချမ်းသာမှုတွေဟာ ကိုယ်စီရနိုင်ပါတယ် ။

Hitadara Channel
Crd

If we see everyone as relatives throughout the endless cycles of existence,
hostility ceases and peace prevails.

If we see everyone as mortal beings,
hatred fades away.

If we perceive all things as ending in destruction,
pride diminishes.

If we can see everything as momentary and fleeting,
our own misfortunes feel lighter.

Do not forget that misfortune is connected to your own mind.
Do not forget that happiness is directly related to your own mind.
If we learn to think rightly,
each of us can attain enduring happiness.

Hitadara Channel
Crd

08/02/2026

( English Version Below )
မကောင်းတဲ့အလုပ်နဲ့ ကောင်းတဲ့အလုပ်ကို
ဘယ်လို သတ်မှတ် တိုင်းတာသလဲ။

(၁) မကောင်းတဲ့အလုပ်ဆိုတာ...
လုပ်ပြီးရင် စိတ်ပူနေရတယ်။ ကြောက်လန့် နေရ တယ်။လုံခြုံမှု မရှိ။လန့်ဖျပ်နေရတဲ့ အနေအထား။အကျိုးပေါ်လာတဲ့အခါ ရှိုက်ကြီးတငင်ငိုယိုပြီး ဆိုးကျိုးကို ကြိတ်မှိတ်ခံစားရတဲ့ အလုပ်မျိုး။နှစ်ဦးလုံးကို ပျက်စီးစေတယ်။အကုသိုလ် တိုးပွားစေတယ်။အဲ့ဒီ အကျိုးတွေ ရစေတာကို မကောင်းတဲ့ အလုပ်လို့ သတ်မှတ်တယ်။

(၂)ကောင်းတဲ့အလုပ် ဆိုတာ...
လုပ်ပြီးရင်ဘယ်တော့မှ စိတ်မပူရဘူး။လုပ်ပြီးတဲ့ နောက်မှာResultပေါ်လာတဲ့အခါ နှစ်ခြိုက်ပီတိဖြစ်တယ်။အကျိုး ခံစားရတဲ့အလုပ်မျိုးဟာ ကောင်းတဲ့အလုပ်။ကိုယ်ကော သူတပါးရော မထိခိုက်ဘူး။

ကောင်းတာ မကောင်းတာ ခွဲခြားသိပြီး မလုပ်မိဖို့် စောင့်ရှောက်ရမယ်။လူတစ်ယောက်က ကြီးပွားတိုးတက်ချင်တယ်။မကောင်းတဲ့ လုပ်ရပ် မကောင်းတဲ့ အပြုအမူတွေကို မလုပ်မိဖို့ သတိထားရမယ်။မကောင်းတဲ့ လုပ်ရပ် မကောင်းတဲ့ စိတ်ဓာတ်က ကောင်းတဲ့သူကိုဖျက်ဆီးတယ်။ငါသည် ငါ့ရဲ့မိတ်ဆွေ ရင်းချာသာ ဖြစ်ရမယ်။

ကိုယ့်ကိုယ်ကိုလေးစားမယ် မြတ်နိုးမယ် တန်ဖိုးထားမယ်။မကောင်းတဲ့အတွေးတွေ အပြောတွေ လုပ်ရပ် တွေ မဖြစ်ပါစေနဲ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
Crd.
🙏🙏🙏

How is bad work and good work defined and measured?

(1) Bad work refers to...
After doing it, one feels anxious. One feels frightened. There is no sense of security. A state of constant alarm. When the results appear, one weeps and sobs while silently enduring the negative consequences. It harms both parties. It increases demerit. Work that yields such results is defined as bad work.

(2) Good work refers to...
After doing it, one never feels worried. When the results appear afterward, one feels satisfied and joyful. Work that yields enjoyable results is good work. It does not harm oneself or others.

Having distinguished between good and bad, one must guard against doing wrong. If a person wants to prosper and progress, they must be mindful not to engage in bad actions and unwholesome conduct. Bad actions and unwholesome attitudes destroy even a good person. I must be my own true friend.

Respect yourself, cherish yourself, value yourself. Do not let bad thoughts, bad words, or bad deeds arise.

By the revered Chief Professor,
Venerable Dr. Ashin Nandamalabhivamsa
Crd.
🙏🙏🙏

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Pan Hsu - Vintage Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share