Win Lae Shwe Ye

Win Lae Shwe Ye Welcome From Win Lae Shwe Ye - Kid Fashion. You can always believe buy fix price and real products from my Win Lae Shwe Ye - Kid Fashion Shop.

09/05/2025
💕❤️💕ပုလဲရှန်ဇာ စကတ်တွဲ
27/04/2024

💕❤️💕ပုလဲရှန်ဇာ စကတ်တွဲ

မင်မင် ဘန်ကောက်ရောက်တုန်းကိုယ်တိုင်စိတ်ကြိုက်ရွေးဝယ်လာတဲ့ အထည်လေးတွေပါရှင့်။🎀Ribbon series🎀ဈေးနှုန်းလေးတွေ တပုံချင်းအောက...
27/02/2024

မင်မင် ဘန်ကောက်ရောက်တုန်း
ကိုယ်တိုင်စိတ်ကြိုက်ရွေးဝယ်လာတဲ့
အထည်လေးတွေပါရှင့်။

🎀Ribbon series🎀

ဈေးနှုန်းလေးတွေ တပုံချင်းအောက်မှာ
ရေးထားပေးပါတယ်ရှင်

Price range : 18000 ~ 25000 ks
cash & kpay available

Direct from BKK
ပုံများအားလုံး ကိုယ်တိုင်ရိုက်ထားတာမို့
ပုံနဲ့အပြင် Quality လုံးဝတူပါတယ်ရှင့်။

မြန်မာတပြည်လုံး Delivery စနစ်ဖြင့်
ပို့ဆောင်ပေးနေပါတယ်ရှင့်။
ဝင်းလဲ့ရွှေရည်(ဈေးချို)
Viber - 09797354638
092005761
095135325

23/02/2024
🎀Ribbon series🎀ဖဲပွင့်လေးတွေ အရမ်းလှ အကုန်လုံး instock မလို့ Valentine's Day အတွက်ကြိုမှာမယ်ဆိုရင်လဲ မှီပါတယ်ရှင်🙆🏻‍♀️🤍 ...
17/01/2024

🎀Ribbon series🎀

ဖဲပွင့်လေးတွေ အရမ်းလှ
အကုန်လုံး instock မလို့ Valentine's Day အတွက်ကြိုမှာမယ်ဆိုရင်လဲ မှီပါတယ်ရှင်🙆🏻‍♀️🤍

ဈေးနှုန်းလေးတွေ တပုံချင်းအောက်မှာရေးထားပေးပါတယ်ရှင်

Price range : 18000 ~ 25000 ks
cash & kpay available

direct from bkk
all pics are outside quality
delivery available all over myanmar🇲🇲

💕Happy New Year 2024💕            💕Good Luck💕                          😍
31/12/2023

💕Happy New Year 2024💕
💕Good Luck💕
😍

တာထွက်ချိန်ချင်းမတူကြပါ***************************အိုဘားမားက အသက်၅၅နှစ်မှာ အနားယူတယ်။ဒေါ်နယ်ထရမ့်ပ်က အသက်၇၀မှာ စတင်တာဝန်...
03/12/2023

တာထွက်ချိန်ချင်းမတူကြပါ
***************************

အိုဘားမားက

အသက်၅၅နှစ်မှာ အနားယူတယ်။

ဒေါ်နယ်ထရမ့်ပ်က

အသက်၇၀မှာ စတင်တာဝန်ထမ်းဆောင်တယ်။

အခုကျွန်တော်ရောက်နေတဲ့
ဘန်ကောက်က

စင်ကာပူထက် တစ်နာရီပိုစောတယ်။

ဒါပေမယ့်

ဘန်ကောက်တစ်နေ့တာနဲ့

စင်ကာပူတစ်နေ့တာဟာ

ကြာချိန်ချင်းတော့ အတူတူပါပဲ။

ဘန်ကောက်က

ပို..........မမြန်သလို

စင်ကာပူက

ပို..........မနှေးပါဘူး။

တချို့က

အသက်၂၂နှစ်မှာ ဘွဲ့ရကြတယ်။

ဒါပေမယ့်

ဘဝအာမခံချက်ရှိတဲ့အလုပ်မျိုးရဖို့

၅နှစ်လောက် အချိန်ယူနေရတယ်။

တချို့က

အသက်၂၅နှစ်လောက်နဲ့ CEOဖြစ်လာတယ်။

အသက်၅၀လောက်ကျတော့ အနိစ္စရောက်ရော။

တချို့ကျတော့

အသက်၅၀ကျမှ CEOနေရာရောက်တယ်။

ပြီးတော့

အသက်၉၀လောက်ထိ နေသွားရတယ်။

တကယ်တော့

ကမ္ဘာပေါ်ကလူတစ်ဦးချင်းစီဟာ

သူတို့ရဲ့ ကိုယ်ပိုင်Time Zoneကိုအခြေခံပြီး

အလုပ်လုပ်နေကြတာပါ။

ဥပမာ-

ကျွန်‌ေတာ်အခု

ဒီစာကိုရေးနေတဲ့အချိန်က

Sundayနေ့ မနက် ၉နာရီခွဲဝန်းကျင်။

ကျွန်တော် Business အတွက် contents တွေရေးနေရတယ်။

ဒါပေမယ့်

မြန်မာပြည်က

သူတစ်ယောက်အတွက်တော့

9နာရီဝန်းကျင်။

သူလည်းတခုခု‌ေတာ့လုပ်‌ေနမှာဘဲ‌ေလ။

ကျွန်‌ေတာ်တို့အနေနဲ့

ကိုယ့်ပတ်ဝန်းကျင်ကိုတစ်ချက်ပြန်ကြည့်ရင်

လူတချို့က

ကျွန်‌ေတာ်တို့ထက် ရှေ့ရောက်နေတယ်။

တချို့ကတော့

ကျွန်‌ေတာ်တို့နောက်မှာကျန်ခဲ့တယ်ဆိုတာမျိုး

ခံစားရပါလိမ့်မယ်။

ဒါပေမယ့်

တကယ်တမ်းတော့ တစ်ယောက်ချင်းစီဟာ

သူတို့ရဲ့ကိုယ်ပိုင်ပြေးလမ်းအတိုင်း

ပြေးနေကြတာပါ။

#တစ်ယောက်နဲ့တစ်ယောက်ပြေးလမ်းချင်းမတူကြဘူး။*********

ပိုအရေးကြီး တာက***

တာထွက် ချိန်. ချင်း မ တူ ကြ တာ ပဲ

တစ်စုံတစ်ယောက်ဟာ အမြင်အားဖြင့်

ကျွန်‌ေတာ်တို့ရှေ့ကိုရောက်နေသည်ပဲဖြစ်စေ

နောက်မှာကျန်ခဲ့သည်ပဲဖြစ်စေ

မနာလိုစရာ / ဝမ်းနည်းစရာ မလိုအပ်ပါဘူး ။

သူ.......

ဘယ်နေရာကစပြီးတာထွက်တယ်

ဘယ်နေရာမှာပန်းဝင်မယ်ဆိုတာ

ကျွန်‌ေတာ်တို့သိနိုင်ကြလို့လား။

သူတို့က

သူတို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

ကျွန်‌ေတာ်တို့က

ကျွန်‌ေတာ်တို့Time Zoneကိုအခြေခံပြီး

အလုပ်လုပ်တယ်။

အရေးကြီးတာက

# ကိုယ့်အတိုင်းအဆနဲ့ကိုယ်ပုံမှန်ကြိုးစားနေဖို့ပါပဲ။

အချိန်တန်ရင် ပန်းတိုင်ရောက်ပါလိမ့်မယ်။

အဲဒါကြောင့်

စိတ်အေးအေးထားပါ။

ကျွန်‌ေတာ်တို့ ကြိုရောက်မနေပါဘူး။

ဒီလိုပဲ

ကျွန်‌ေတာ်တို့ နောက်ကျမနေပါဘူး။

" ရပ် မ နေ ဖို့ ပဲ လို အပ် ပါ တယ်။ "

writer ကို credit ပေးပါတယ်..

*မေတ္တာအခါတော်နေ့**********************ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်လေသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်...
31/08/2023

*မေတ္တာအခါတော်နေ့*
*********************

ဝါခေါင်လပြည့်နေ့သည် မေတ္တာအခါတော်နေ့ ဖြစ်လေသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် မြတ်စွာဘုရားထံမှ ကမ္မဌာန်းတောင်း၍ ဟိမဝန္တာနှင့် တစ်စပ်တည်း တည်ရှိသော တောအုပ်တစ်ခုတွင် တရား အားထုတ်၍ နေကြလေရာ ရဟန်းတော်တို့၏ သီလ သမာဓိ ပညာဂုဏ်တို့ကြောင့် နတ်တို့သည် သစ်ပင်များပေါ်တွင် မနေနိုင်ကြတော့ဘဲ မြေပြင်၌ ဆင်းသက်၍ အချိန်ကြာမြင့်စွာ နေကြရသောကြောင့် သည်းမခံနိုင်တော့သဖြင့် ညဉ့်အခါတွင် ရဟန်းတော်များအား အမျိုးမျိုး ခြောက်လှန့်ပြီး ရောဂါအန္တရာယ် ထူပြောအောင် သမာဓိမရအောင် အမျိုးမျိုး ဖန်တီးကြလေရာ ရဟန်းငါးရာတို့လည်း ဤအရပ်သည် ပဋိရူပဒေသ မဟုတ်ဟု တိုင်ပင်ကြပြီး မြတ်စွာဘုရားထံ သွားရောက်ကာ အကျိုးအကြောင်း လျှောက်ထားရာမှ မြတ်စွာဘုရားက ကိုယ်ခံအဖြစ် မေတ္တသုတ် ဒေသနာတော်ကို ချီးမြှင့်တော်မူလိုက်ရာ မေတ္တသုတ် တန်ခိုးကြောင့် နတ်များက မခြောက်လှန့်တော့သည့်အပြင် ချစ်ခင်မြတ်နိုး အကြည်ညိုတိုးပြီး ဝတ်ကြီးဝတ်ငယ်များဖြင့် စောင့်ရှောက် ကူညီကြသောကြောင့် ရဟန်းငါးရာတို့သည် တစ်ဝါတွင်းဖြင့် အားလုံး ရဟန္တာ ဖြစ်တော်မူခဲ့လေသည်။

ဤတွင် ရဟန်းတော်များ မြတ်စွာဘုရားထံ ပြန်ကြွသွားသည်မှာ ပထမဝါဆိုပြီး ဖြစ်သည့်အပြင် ရဟန်းတော်များ ဤတောအုပ်ပင် ဒုတိယဝါဆိုပြန်ကြကြောင်း ကျမ်းဂန်များတွင် ပြသဖြင့် မေတ္တသုတ် ဟောသောလသည် “ ဝါခေါင်လ “ ဖြစ်ကြောင်း သိသာလေသည်။ ထို့ကြောင့် အထွတ်အမြတ်ထားသော လပြည့်နေ့ကိုယူ၍ “ ဝါခေါင်လပြည့် - မေတ္တာအခါတော်နေ့ “ ဟု သတ်မှတ်ခဲ့ကြလေသည်။ ဤ မေတ္တသုတ်တော်သည် ဗုဒ္ဓဘာသာရေး နယ်ပယ်တွင် အလွန် ခေတ်စား လူသိများသော သုတ်တော် ဖြစ်ခဲ့သော်လည်း မေတ္တသုတ်၏ သရုပ်ကို ထုတ်နုတ်ပြီး လေ့လာသူ ကျင့်ကြံသူကား နည်းပါးသယောင်ရှိ၏ဟု ယူဆပေသည်။ အများအားဖြင့် မေတ္တာပို့ခြင်းကို မြတ်မြတ်နိုးနိုး ပြုကြသော်လည်း မေတ္တသုတ်ကို အနက် အဓိပ္ပာယ်နှင့် တကွ အသေးစိတ် ကြည့်ရှု သုံးသပ်ရန်ကား မေ့လျော့နေတတ်ကြလေရာ “ လယ်ထွန်သွား နွားမေ့ “ ဟူသကဲ့သို့ ဆိုဖွယ်ရာ ဖြစ်နေလေသည်။ မေတ္တာဘာဝနာကို ပွားများသူတို့သည် မေတ္တသုတ်ကို စနစ်တကျ လေ့လာ၍ ထို သုတ်တော်က ညွှန်ကြားချက်များကို အတတ်နိုင်ဆုံး ကြိုးစား ဖြည့်ဆည်းဖို့ လိုအပ်လှပေသည်။ မေတ္တသုတ်တော်တွင် မေတ္တာဘာဝနာ ပွားသူတို့ လိုက်နာရမည့် မေတ္တာမူ ၁၅-ချက်သည် အလွန်နှစ်သက် မြတ်နိုး ကျင့်ကြံဖွယ်ကောင်းသည့်အပြင် စနစ်တကျ မေတ္တာပို့သနည်းများ၊ မေတ္တာပို့သူ၏ စိတ်ထားပုံထားနည်း၊ မေတ္တာဘာဝနာ၏ အပိုင်းအခြား၊ မေတ္တာပွားသူ၏ ရည်ရွယ်ချက်၊ မေတ္တာကြောင့် ဈာန်ရနိုင်ပုံ၊ ထိုဈာန်တွင် ယစ်မူးမနေဘဲ ထိုဈာန်ကို အခြေခံထား၍ ဝိပဿနာတရားဖြင့် မဂ်ပေါက်ဖိုလ်ဝင် ကျင့်စဉ်များကို အတိုဆုံး အကျဉ်းဆုံး အလွယ်ဆုံး နည်းများဖြင့် လမ်းညွှန်တော်မူထားလေသည်။ ထို့ကြောင့်လည်း ထိုစဉ်က ရဟန်းတော် ငါးရာတို့သည် ဤမေတ္တာသုတ်၏ ညွှန်ကြားချက်အတိုင်း မေတ္တာကို အခြေခံ၍ ဝိပဿနာဉာဏ်စဉ်ဖြင့် နိဗ္ဗာန်သို့ စံဝင်နိုင်ခဲ့ခြင်း ဖြစ်လေရာ ဤမျှ တန်ဖိုးကြီးမားလှသော သုတ်တော်ကို ကျွန်ုပ်တို့သည် အဘယ့်ကြောင့် ပေါ့ပေါ့တန်တန် သဘောထားနေကြပါသနည်း၊ ဗုဒ္ဓဘာသာရေးနယ်ပယ်တွင် “ ကရဏိယာ “ ဟူသော မေတ္တသုတ်သံသည် အစဉ်ထာဝရ ပဲ့တင်ဟည်းနေသည်မှာ မှန်သော်လည်း သုံးစွဲသူတို့၏ စနစ်မကျမှုကြောင့် ယနေ့ “ ကရဏိယာ “ သည် တန်ဖိုးရှိသင့်သလောက် မရှိဖြစ်နေသည်မှာ မေတ္တသုတ်နှင့် မကင်းသော ရဟန်းရှင်လူတိ်ုင်း၏ တာဝန် ဖြစ်လေသည်။

ထို့ကြောင့် “ တို့သားအဖတစ်စု ပြင်ထိုင်ကြဦးစို့ “ ဆိုသကဲ့သို့ အချိန်မနှောင်းသေးသော ယခုအချိန်၍ ဘာသာရေးနယ်ပယ်တွင် ယောင်ဝါးဝါးနှင့် စခန်းသွားနေသော ကိစ္စရပ်ဟူသမျှကို ရပ်တန်းက ရပ်ပြီး ဟောသူနာသူ ကျင့်သူ ကြံသူတို့သည် တိတိကျကျ မိမိရရလေး စခန်းသွားဖို့ ကောင်းကြပေပြီ၊ ဘုန်းတော်ကြီးများကလည်း လူဒကာများ သိလိမ့်နိုးနိုး၊ လူဒကာများကလည်း ဘုန်းတော်ကြီးများ တတ်လိမ့်နိုးနိုးဖြင့် တစ်ဦးနှင့်တစ်ဦး “ နိုးနိုး “ ဖြင့် စခန်းသွားနေကြသော်လည်း တချို့နေရာများတွင်မူ ဘုန်းကြီးကလည်း မတတ်၊ လူကလည်း မသိဘဲ အစဉ်အလာ အရသာ ဝါးချသွားတတ်သဖြင့် ယနေ့ သိပ္ပံခေတ်နှင့် ဘာသာရေးသည် ဝိရောဓိ ဖြစ်လာရပေရာ ဤအချက်ကို “ သာသနာတော်ကို မြတ်နိုးပါသည် “ ဆိုသူတိုင်း ကြီးမားစွာ သတိထားသင့်ပေပြီ။

အချုပ်ကို ဆိုပါမည်၊ ဝါခေါင် လပြည့်သည် မေတ္တာအခါတော်နေ့ ဖြစ်သည့်အားလျော်စွာ ထိုနေ့တွင် သာသနာတော်ကို များစွာ ကျေးဇူးပြုသည့် မေတ္တသုတ်တော်ကို ထုတ်ဖော် ပူဇော်သောအနေဖြင့် ကျောင်းတိုင်း ကျောင်းတိုင်း၊ ဓမ္မာရုံတိုင်း ဓမ္မာရုံတိုင်းတွင် “ မေတ္တာအခါတော်နေ့ “ ကို ကျင်းပပြီး မေတ္တသုတ်တော်၏ အနက်အဓိပ္ပာယ် အနှစ်သာရတို့ကို ထုတ်ဖော်၍ လောဘမီး ဒေါသမီး မောဟမီးတွေ တောက်လောင်နေသည့် ယနေ့ကမ္ဘာကြီးကို မေတ္တာရေစင်ဖြင့် စုပေါင်း ပက်ဖျန်းနိုင်ကြပါစေဟု မေတ္တာဖြင့် ဆန္ဒပြုလိုက်ရပေသည်။
မူရင်းပိုင်ရှင်

Address

Mandalay

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00
Saturday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959797354638

Website

Alerts

Be the first to know and let us send you an email when Win Lae Shwe Ye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Lae Shwe Ye:

Share

Category