19/11/2025
သွေးကျဆေး၃မျိုးဟာကင်ဆာရောဂါဖြစ်ပွားစေနိုင်သည်ကိုအတည်ပြု....
စင်ကာပူမှာ လူနာပေါင်း ၁ သိန်းကျော်ဟာ
အဆိုပါ ဆေးများကို လက်ရှိ သောက်သုံးနေတာပါ။
(မြန်မာမှာလည်း အသုံးများပါတယ်)
စင်ကာပူမှာ သွေးတိုးအတွက် သောက်ဆေး
၃ မျိုးဟာ ကင်ဆာရောဂါဖြစ်စေနိုင်တာမို့ ကျန်းမာရေးဝန်ကြီးဌာနမှ အဆိုပါသွေးကျဆေးများ သောက်နေသူ လူနာများကို ပြန်ပြီး
ဆေးစစ်နိုင်ဖို့ စီစဉ်နေပါပြီ။
အဆိုပါ ဆေး ၃ မျိုးကတော့
(၁) Hyperten tablet
(၂) Losagan tablet
(၃) Losartas tablet. တို့ ဖြစ်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ ဆေးရုံ ဆေးခန်းများမှ သွေးတိုးရှိသူ လူနာများအတွက် အများဆုံး အသုံးပြုနေတဲ့ အဆိုပါ ဆေးမှာပါဝင်တဲ့ losartan postassium ဆေးပစ္စည်းဟာ သောက်သုံးသူလူနာများကို ရေရှည်မှာ ကင်ဆာရောဂါ ခံစားစေနိုင်တယ်ဆိုတာ စမ်းသပ်ချက်များအရ အတည်ပြုလိုက်ပြီမို့ လက်ရှိ သောက်သုံးရန် ညွှန်းထာသူ
လူနာများကို ဆေးများကို ဆက်ပြီး မသောက်ရန် အသိပေးထားပါတယ်။
အဆိုပါ losartan postassium ဆေးပစ္စည်းကို အိန္ဒိယနိုင်ငံ ဆေးဝါးစက်ရုံ တစ်ရုံမှ ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ မှတ်တမ်းအရ စင်ကာပူမှာ အဆိုပါ ဆေး ကို သောက်သုံးနေသူ လူနာပေါင်း ၁၃၇,၀၀၀ ရှိနေပါတယ်။
ဒါကြောင့် အဆိုပါဆေးများ သောက်နေတဲ့
လူနာများရဲ့ ကျန်းမာရေးအခြေအနေကိုစစ်ဆေးဖို့ သက်ဆိုင်ရာ ဆေးရုံ ဆေးခန်းများမှ တဆင့် အကြောင်းကြားပါလိမ့်မယ်။
ဆေးဝါးအတွက် အသုံးပြုတဲ့ ဆေးပစ္စည်းတွေထဲမှာ ပါဝင်တဲ့ nitrosamine inpurity, N-nitro-N-methyl-4-aminobutyric acid (NMBA) ဟာ နိုင်ငံတစ်ကာ ခွင့်ပြုတဲ့ သတ်မှတ်နှုန်းထားထက် ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ nitrosamines ဓာတ် သောက်သုံးမှုများလာပါက ကင်ဆာ ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ရှိတာကိုလည်း စင်ကာပူ HSA မှ သတင်း ဌာနကို ရှင်းပြထားပါတယ်။
မြန်မာတွေထဲမှာ အဆိုပါ ဆေး ၃ မျိုးကို သွေးတိုးရောဂါအတွက် သောက်သုံးနေရင်တော့ ဆက်မသောက်ဘဲ ဆရာဝန်ရဲ့ ဆေးစစ်ဆေးမှု
ခံယူသင့်ပါတယ်။
CrdTin Min
Via.Kyaw Swa Min
မေတ္တာဖြင့်