Attila Fashion Design School

Attila Fashion Design School Bunka Fashion College နှင့် Kalawin Fashion School တို့ရဲ့သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ပြပေးပါသည်။

မင်း လုပ် နိုင် ပါ တယ်သေချာတယ်နော် မင်းလုပ်ကိုလုပ်နိုင်တယ်ဘဝ ရဲ့ အဆင်မပြေမှုတွေကြား ပိတ်မိနေလား❓စိတ်ဓာတ် မကျလိုက်ပါနဲ့။တ...
25/11/2024

မင်း လုပ် နိုင် ပါ တယ်

သေချာတယ်နော် မင်းလုပ်ကိုလုပ်နိုင်တယ်

ဘဝ ရဲ့ အဆင်မပြေမှုတွေကြား ပိတ်မိနေလား❓
စိတ်ဓာတ် မကျလိုက်ပါနဲ့။

တချို့အရာတွေက ဖောက်ထွက်ဖို့ အချိန်လိုသလို။

တချို့အရာတွေက ကိုယ့်ရဲ့ သည်းခံစိတ်ရှည်မှုကို
စမ်းသပ် လိုက်တာလည်း ဖြစ်နေတတ်တယ်။
အားတင်းထားပါ မင်း လုပ်နိူင်ပါတယ်။

ကိုယ် အရမ်းမြတ်နိူးရတဲ့ လူတစ်ယောက်ကို သေကွဲ ၊
ရှင်ကွဲ ခွဲလိုက်ရလို့ အရမ်းခံစားနေရလား❓

ဘဝကို အရှုံးမပေးလိုက်ပါနဲ့
ရေစက်ဆိုတာ တစ်ဖက်တည်းက တန်ဖိုးထားရုံနဲ့
တည်မြဲနေတတ်တာ မဟုတ်သလို။

အရာအားလုံးက သူ မထားခဲ့လည်း
အချိန်တန်ရင်ကိုယ်က ထားခဲ့ရမှာချည်းပါပဲ
ဖြေပါနော်... မင်း လုပ်နိူင်ပါတယ်။

ကိုယ့်ဘဝကို စိတ်ပျက်နေလား❓
စိတ်မပျက် လိုက်ပါနဲ့။
လူဆိုတာ အရမ်း စွမ်းအားကြီးတဲ့ သတ္တဝါပါ

လူတစ်ယောက်က ကြိုးစားအားထုတ်မှု
မှန်ကန်ရင် ဘုရားတောင် ဖြစ်သွားနိူင်ပါတယ်။

ဖိနပ် မရှိတိုင်း ငိုနေရင်
ခြေထောက် မရှိတော့တဲ့ သူတွေကို အားနာလိုက်ပါ။

အထီးကျန်လွန်းလို့ စိတ်ဓာတ် ကျနေမိရင်
မိဘမဲ့ ကလေးငယ်တွေကို အားနာလိုက်ပါ။

ခံစား ရလွန်းလို့ မခံစားနိူင်ဘဲ ဖြစ်နေရင်
မသန်စွမ်းသူတွေရဲ့ ဘဝကို မျက်နှာပူလိုက်ပါ။

ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်ရင်
ကိုယ့်ရဲ့ ဘဝကို ကိုယ်ကိုယ်တိုင်ပဲ
အကောင်းဆုံး ရုန်းထရပါလိမ့်မယ်။
ကြိုးစားပါ မင်း လုပ်နိူင်ပါတယ်။

လောကမှာ ကြီးမားလွန်းတဲ့
အရှက်ကွဲမှုကြောင့်
လူတောမတိုးရဲသလို ဖြစ်နေလား

လူဆိုတာ အမှားအယွင်း အပြစ်ကင်းစင်သူ ဆိုတာ
အရမ်းရှားပါတယ်။

အပြစ် အနာ /အဆာ အနည်းနဲ့အများပဲ ကွာခြားတာပါ။

ကိုယ့်ရဲ့ အားနည်းချက်ကို အမြဲတွေးပြီး...
ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေတာက
ကိုယ့်ဘဝကို အရှုံးပေးနေရုံတင်မကဘဲ။

ကိုယ့်ရဲ့ကျေးဇူးရှင် မိဘနှစ်ပါး
ကိုယ့်ကြောင့် များစွာ ထိခိုက်သွားစေနိူင်ပါတယ်။

ကိုယ့်ရဲ့စိတ်ကို အမြဲ အကျဉ်းချနေမယ့်အစား။
ကိုယ့်ရဲ့မိဘမျက်နှာကို ထောက်ထားရင်
ရုန်းထွက်ဖို့ ကြိုးစားပါတော့နော်။

လူ့ဘဝမှာ အရှက် သိက္ခာဆိုတာ
အသက်ထက် အရေးကြီးတယ်ဆိုပေမယ့်။

ရှင်လျက်နဲ့ ဘဝသေနေတာက
အရှက်ကွဲလိုက်တာထက်
ပိုဆိုးနေတတ်ပါတယ်။

ဖြစ်နိူင်ရင် မြန်မြန်ရုန်းထပြီး
ကိုယ့်အတွက် မဟုတ်ရင်တောင်မှ
ကိုယ့်မိသားစု / ကိုယ်နိုင်ငံ အတွက်
ကိုယ့်ရဲ့ ရှင်သန်မှုကို အကျိုးရှိရှိ အသုံးချပါ။
မင်း လုပ်နိူင်ပါတယ်။

သူငယ်ချင်း ဘာကိုပဲလုပ်လုပ် / ဘာတွေပဲဖြစ်ဖြစ်
ဘယ်လို အရာတွေပဲကြုံကြုံ ဘယ်လို
စိတ်ဖိစီးမှုတွေပဲ ခံစားနေရပါ့စေ။

ငါ လုပ်နိူင်ပါတယ်လို့
စိတ်ထဲက ခိုင်ခိုင်မာမာခံယူပြီး ကြိုးစားပါ...💪

မင်း ဘဝက တစ်ရက်ပြီးတစ်ရက်
တစ်နှစ်ပြီးတစ်နှစ် အများကအားကျ လေးစားလောက်တဲ့
ဘဝတစ်ခုကို ပိုင်ဆိုင်နိူင်တယ်ဆိုတာ
ဗေဒင် မေးစရာမလိုအောင် မှန်နေပါလိမ့်မယ်။

"သေချာတယ်နော် မင်းလုပ်နိုင်တယ်"

ရှေ့မဆက်ချင်လောက်အောင် အရမ်းပင်ပန်းလာတဲ့အခါတစ်ခုပဲ တွေးကြည့်ပါ ...ကျွန်တော်တို့တွေရှေ့မဆက်ပဲ နေလိုက်လို့ရလား မရဘူးဆိုရင်...
20/11/2024

ရှေ့မဆက်ချင်လောက်အောင်
အရမ်းပင်ပန်းလာတဲ့အခါ
တစ်ခုပဲ တွေးကြည့်ပါ ...

ကျွန်တော်တို့တွေ
ရှေ့မဆက်ပဲ နေလိုက်လို့ရလား

မရဘူးဆိုရင်
ကျွန်တော်တို့မှာ ရွေးချယ်စရာမှ မရှိတာ

ပင်ပန်းလွန်းနေရင်
ခဏနားပေါ့
ပြီးရင်
ခရီးဆုံးတဲ့အထိ ကျွန်တော်တို့ဆက်လျှောက်မယ်လေ

တစ်နေရာရာမှာတော့
နားခိုရာဆိုတာ ရှိမှာပါ ။

#ကျေးကို

👘 Kimono (Yukata; 浴衣) 👘➖ အခုခေါတ် လူငယ်တွေ ကျား/မ မရွှေးဝတ်ဆင်နေကြတဲ့ Kimono Jacket လေးတွေက တကယ်တော့ Kimono ဆိုတဲ့ Japan...
17/11/2024

👘 Kimono (Yukata; 浴衣) 👘
➖ အခုခေါတ် လူငယ်တွေ ကျား/မ မရွှေးဝတ်ဆင်နေကြတဲ့ Kimono Jacket လေးတွေက တကယ်တော့ Kimono ဆိုတဲ့ Japan ရိုးရာဝတ်စုံကနေခွဲထွက်လာတဲ့ Casual Wear တမျိုးဖြစ်ပါတယ်။

➖ အခုဖော်ပြပါ Kimono (Yukata Design) များကိုတော့ ဂျပန်မှာဆို အိမ်နေရင်းဝတ် သို့မဟုတ် ထသွားထလာ အပေါ်ဝတ် လေးတွေအနေနဲ့ ဖက်ရှင်ကျကျ ဝတ်ဆင်လေ့ရှိပါတယ် …

➖ Yukata Design များကိုတော့ ကျား/မ (အသက်အရွှယ်) မရွှေး ဝတ်ဆင်လေ့ရှိပါတယ်။ Japan နိုင်ငံမှာဆိုရင် Summer Festival ပွဲတော်တွေလိုမျိုးမှာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ကြပါတယ်။

➖ Japan နိုင်ငံရဲ့ Traditional Inn (တည်းခိုဆောင်) များမှာလည်း ရိုးရာဝတ်စုံကို အခြေပြုပြီး Night Dress သဘောမျိုး ဧည့်သည်တော်တွေ အတွက် Yukata Jacket များကို ထားရှိလေ့ရှိပါတယ်။

➖ Yukata Kimono Jacket များကဝတ်ဆင်ရတာလွယ်ကူတယ် .. ပေါ့ပါးတယ် .. အပေါ်ဝတ်အနေနဲ့ နွေရာသီနဲ့ မိုးဦးရာသီ တွေမှာ ဖက်ရှင်ကျကျ အလန်းစားနဲ့မိမိုက်နိုင်ပါတယ်။

➖ မိမိတို့ရဲ့ Fashion Idea များအပေါ်မူတည်ပြီး ဒီဇိုင်းအမျိုးမျိုးကို ဖန်တီးနိုင်ပါသည်။ Fashion Designer လေးတွေလည်း pattern က အရမ်းလွယ်လို့ ကိုယ်တိုင် ဖန်တီးနိုင်တာပေါ့ ထို့အပြင် Fashion Ease ကိုလည်း ဦးစားပေးလို့ Size မရွှေး ဝတ်ဆင်နိုင်ပါတယ်။

#ဖက်ရှင်ဒီဇိုင်နာသင်တန်း #စက်ချုပ်သင်တန်း

စက်ချုပ် သင်တယ် ဆိုတာ....ဇွဲရှိရမယ်စိတ်ရှည်ရမယ်မပျင်းရဘူးထပ်ခါတလဲလဲ လေ့ကျင့်ရမယ်ပင်ပန်းခံနိုင်ရမယ်စက်နင်းတက်ရုံနဲ့ စက်ချ...
16/11/2024

စက်ချုပ် သင်တယ် ဆိုတာ....
ဇွဲရှိရမယ်
စိတ်ရှည်ရမယ်
မပျင်းရဘူး
ထပ်ခါတလဲလဲ လေ့ကျင့်ရမယ်
ပင်ပန်းခံနိုင်ရမယ်
စက်နင်းတက်ရုံနဲ့ စက်ချုပ် တတ်တာမဟုတ်
မိမိ ချုပ်သော အထည် ပေါ် လေးနက်မှုဖြင့် သေသပ် အောင် ချုပ်ရမယ်
လက်ရာ သေသပ် သော အင်္ကျီတထည်ပြီးမြောက်မှု၏ အဓိကသည်
မိမိ၏စိတ်မိမိ၏လက်များပင် ဖြစ်သည်။
မိမိ စိတ် မိမိ လက် များသည်
လက်ရာသေသပ်သော အထည် မျိုးကို ဖန်တီးမည်လား?
လက်ရာ မသေသပ် မညီညာ သော အထည်မျိုးကို
ဖန်တီးမည်လား?

ပညာတခုတက်မြောက်ရန်
စိတ်ရှည် သည်းခံ ဇွဲနဲ့မာန်ဖြင့်လျှောက်ပါ
ဘယ်ပညာမှ ပင်ပန်းမခံပဲလွယ်လွယ်နဲ့မရပါဘူး

ပင်ပန်းတယ် စိတ်ဓာတ်ကျပြီး
နောက်ပြန်လှည့်မယ် ဆိုရင်တော့

နောက်မှ သိတဲ့ နောင်တပဲ
အကျိုးခံစားခွင့်ရှိမယ်

ဒီလိုမှမဟုတ်ပဲ ပင်ပန်းမှုစိတ်ဓာတ်ကျ မှုတွေကို အံတု၍
ဆက်လျှောက်ပြီးသင်ယူတတ်မြောက် ပြီးလျှင်တော့ မိမိ လျှောက်သောလမ်း မှန်ကန်ခဲ့ပါလားး ဆိုတဲ့
အတွေး နဲ့ အပြုံးပီတိ က မိမိ မျက်နှာ မှာ
ထင်ဟပ်စေ မှာပါလေ....
#အလုပ်တခု၏တန်ဖိုး

💙 ဆရာ့ဖန်တီးမှုများ။*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣Fashion Design and Dress Making Course ( အဆင့်မြင့် ဖက်ရှင...
12/11/2024

💙 ဆရာ့ဖန်တီးမှုများ။

*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣*️⃣
Fashion Design and Dress Making Course ( အဆင့်မြင့် ဖက်ရှင်ဒီဇိုင်း နှင့် ဝတ်စုံချုပ်လုပ်ဖန်တီးခြင်းသင်တန်း)🎉🎉

🔛🔛 ဘာသာရပ်များ အားလုံးကို Bunka Fashion College ရဲ့ သင်ရိုးညွန်တမ်းနှင့်အညီ ကျောင်းသားဗဟိုပြုနည်းစနစ်ဖြင့် သင်တန်းသား တဦးတယောက်ချင်းစီသေချာစွာ သင်ကြားပြသပေးပါသည်။

🌟🌟 ဝါသနာပါ တဲ့ အလုပ်နဲ့ပဲ ခြေစုံ ရပ်ပြီး Life Style ပြောင်းမယ် ဆိုရင် Professional Fashion Designer တစ်ယောက် အဖြစ် ယုံ ကြည်မှု့ အပြည့်နဲ့ အောင်မြင်မှု့ တွေ ရယူနိုင်ဖို့ Hiro’s Fashion Design School သင်တန်း မှ စောင့်ကြိုနေပါတယ် ....

‼️သင်တန်းပီးဆုံးသည် နှင့်တပြိုင်နက် Fashion Designer ကောင်း တစ်ယောက်အဖြစ် ရပ်တည်ဖို့ မရှိမဖြစ်သော ပညာရပ်များကို အကောင်းဆုံး သင်ကြားပေး၍ မိမိ ကြိုက်နှစ်သက်သော ဒီဇိုင်းများစွာကိုProfessional ကျကျဖန်တီးနိုင်ပြီး မိမိကိုယ်ပိုင် ဆိုင်ဖွင့်နိုင်သည် အထိ အပြည့်အဝ တာဝန်ယူသင်ကြားပေးပါသည်။

‼️Fashion Show နှင့် Photo Shooting အတွေ့အကြုံများစွာ ရရှိစေပြီး သင်တန်းတွင် သင်ကြားပြသသော အထည်များအား ကောင်းမွန်သေသပ်စွာ ပြသနိုင်သော သင်တန်းသားများအား သင်တန်းဆင်းပွဲ အခမ်းနားဖြင့် သင်တန်းဆင်း လက်မှတ်များ ပေးအပ်ပါမည်။

🌟 Attila Fashion Design School
‼️True style will be alive ..
🏘သင်တန်းနေရာ🏘
18လမ်း နှင့် 87လမ်းထောင့်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့ ။
☎️ သင်တန်းစုံစမ်းရန် ☎️
- 09782003278 / 09670415551

#ဖက်ရှင်ဒီဇိုင်နာသင်တန်း #စက်ချုပ်သင်တန်း

Address

37 St/Between Of 68x69 Rd/Maharaungmyay
Mandalay
05032

Telephone

+959782003278

Website

Alerts

Be the first to know and let us send you an email when Attila Fashion Design School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Attila Fashion Design School:

Share