17/09/2024
❝ ဂရုဓမ္မ အခါတော်နေ့ တော်သလင်းလပြည့်နေ့ ❞
မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်
တော်သလင်းလပြည့်နေ့
၂၀၂၄ စက်တင်ဘာ (၁၇)ရက် (အင်္ဂါ)နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ဂရုဓမ္မအခါတော်နေ့
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ရက်ကောင်းရက်မြတ်တွေထဲက
တစ်ခုအပါအဝင် ဖြစ်ပါတယ်။
• ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူတဲ့
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ "ကုရုဓမ္မဇာတက" ဇာတ်တော်ကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
"ဂရုဓမ္မ" ဆိုတာကတော့ ငါးပါးသီလ စင်ကြယ်လုံခြုံအောင် စောင့်ထိန်းခြင်းကို ဆိုလိုပါတယ်။
• ဒါကြောင့် ဗုဒ္ဓဘာသာဝင်များအနေနဲ့
အထွဋ်အမြတ်ထားရာ တော်သလင်းလပြည့်နေ့ ( ဂရုဓမ္မ အခါတော်နေ့) မှာ ငါးပါးသီလ ခံယူဆောက်တည်ကြရင်း တရားဘာဝနာပွားများနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🏻🙏🏻🙏🏻
#ဂရုဓမ္မနေ့
#တော်သလင်းလပြည့်နေ့