Royal IVY Collection

Royal IVY Collection မိုးသီရိ ဆွဲသားလက်လီ/လက်ကား(မန္တလေးပင်ရင်း) ၆၃(A)လမ်း,၂၀x၂၁လမ်းကြား,သမစိတ္တလမ်း,မန္တလေး။09-444146653

"ခေတ်မှီပြီး အထာကျကျနဲ့လှချင်တဲ့ မောင့်မမတို့အတွက်"မောင့်သက်လျာ"ဒီဇိုင်းလေးကို "မိုးသီရိ"မှာပဲရနိုင်တဲ့ အဆင်သစ်လေးတွေနဲ့...
05/07/2026

"ခေတ်မှီပြီး အထာကျကျနဲ့လှချင်တဲ့ မောင့်မမတို့အတွက်
"မောင့်သက်လျာ"ဒီဇိုင်းလေးကို "မိုးသီရိ"မှာပဲရနိုင်တဲ့
အဆင်သစ်လေးတွေနဲ့ထုတ်ပေးထားတာမို့
နောင်တမရချင်အမြန်လာမှာလိုက်တော့နော်😍

အင်္ကျီလေးကို ကိုရီးယားချည်ဖွန်အသားကောင်းလေးသုံးပေးထားပါတယ်ရှင့်"
ဈေးနှုန်းလေးတွေကတော့(အင်္ကျီသီးသန့်)
M--------22000 105~115 ပေါင်
L. --------22500 120~135 ပေါင်
XL. --------23000 140~150 ပေါင်
2Xl---------24000 155~175 ပေါင်
3Xl---------25000 175~190 ပေါင်
မြန်မာပြည်ရဲ့ဆွဲသားဘုရင်မ

CB တွင် မှာယူလို့ရပါပြီရှင့် 📣📣📣📣

မိန်းကလေး အရမ်းဆန်သောဒီဇိုင်းလေးကိုဗိုက် Cover ဖြစ်တာလေးစောင့်နေကြတဲ့ချစ်မတို့အတွက်"စွယ်တော်-၂" ဒီဇိုင်းလေးရှိပါမယ်နော် ...
03/07/2026

မိန်းကလေး အရမ်းဆန်သောဒီဇိုင်းလေးကို
ဗိုက် Cover ဖြစ်တာလေးစောင့်နေကြတဲ့ချစ်မတို့အတွက်
"စွယ်တော်-၂" ဒီဇိုင်းလေးရှိပါမယ်နော် 😍
အင်္ကျီကို ANC ဆွဲသားလေးသုံးပေးထားပြီး
စကဒ်လေးကိုတော့ ကိုရီးယား ITY ဆွဲသားအစစ်လေးကိုသုံးပြီးချုပ်ပေးထားပါတယ်ရှင်

ဘယ်ဖုံးညာဖုံးရပါတယ်ရှင့်
ဘယ်ဖုံးက ဘယ်ပေါင်ပေါ်မှာရှိတဲ့အဖုံး (မန္တလေးဖုံး)ပါ
ညာဖုံးကညာပေါင်ပေါ်ရှိတဲ့အဖုံး (ရန်ကုန်ဖုံး)ပါ

ဈေးနှုန်းလေးတွေကတော့ (အင်္ကျီသီးသန့်)
S--------16000 90~105 ပေါင်
M--------16000 105~115 ပေါင်
L. --------16500 120~135 ပေါင်
XL. --------17000 140~150 ပေါင်
2Xl---------17500 155~175 ပေါင်
3Xl---------18000 175~190 ပေါင်

ဈေးနှုန်းလေးတွေကတော့(စကဒ်သီးသန့်)
S--------28000 95~105 ပေါင်
M--------28000 105~115 ပေါင်
L. --------28500 120~135 ပေါင်
XL. --------29000 140~150 ပေါင်
2Xl---------30000 155~175 ပေါင်
3Xl---------31000 175~190 ပေါင်
“မြန်မာပြည်ရဲ့ဆွဲသားဘုရင်မ”

ချစ်ကာကာတို့အတွက် မင်မင်တို့ Online အရောင်းလေး ပြန်လည်ဖွင့်လှစ်လို့ပါပြီရှင့်မင်မင်ကိုပျောက်နေလို့ မေးနေကြတဲ့ ချစ်ကာကာလေ...
03/07/2026

ချစ်ကာကာတို့အတွက် မင်မင်တို့ Online အရောင်းလေး ပြန်လည်ဖွင့်လှစ်လို့ပါပြီရှင့်

မင်မင်ကိုပျောက်နေလို့ မေးနေကြတဲ့ ချစ်ကာကာလေးတို့ရေ မင်မင်လည်း ချစ်ရတဲ့ ကာကာလေးတို့ကို အမြဲအမှတ်ရ သတိရနေပါတယ်ရှင့်

ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနှင့်အတူ မင်မင်တို့ Royal IVY Team ပြန်လာပါပြီနော်
ဆိုင်အရောင်းလေးကိုတော့ ဆက်လက်ပိတ်ထားမှာဖြစ်ပြီး Online အရောင်းလေးပဲ ဖွင့်လှစ်မှာဖြစ်ပါတယ်ရှင့်

အားပေးဖို့ အသင့်ပဲလား ချစ်တို့ရေ😍😍😍
🥳🥳🥳🥳🥳🥳🥳🥳🥳🥳

  ၁၉နှစ်ထိစောင့်ရပြီးမှတစ်ခါပြန်ရမဲ့နေ့ကိုမသိလိုက်ရင်နှမြောစရာကောင်းပါတယ် #ဒီလိုရက်မျိုးထပ်ရဖို့နောက်ထပ်၁၁နှစ်ထပ်စောင့်ရ...
06/05/2026


၁၉နှစ်ထိစောင့်ရပြီးမှတစ်ခါပြန်ရမဲ့နေ့ကိုမသိလိုက်ရင်နှမြောစရာကောင်းပါတယ်

#ဒီလိုရက်မျိုးထပ်ရဖို့နောက်ထပ်၁၁နှစ်ထပ်စောင့်ရမှာ

မ လို့လက်လွတ်မခံသင့်တဲ့

အဲ့ဒီနေ့ကတော့ 7.5.2026 ရက်နေ့ ကြာသပတေးနေ့

ကဆုန်လဆုတ် ၇ရက်ပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့သိအောင်သေချာလေးရှင်းပြပေးပါမယ်

အဲဒီနေ့ကသာမန်နေ့တစ်နေ့မဟုတ်ဘူးဆိုတာ

7.5.2026ရက်နေ့က မြန်မာလိုဆိုရင် ပိုဆိုရင် ၁၃၈၈ခုနှစ်ဝါ ကဆုန်လဆုတ်၇ရက်အခါသမယဖြစ်ပါတယ်။

သို့သော် သာမန်လဆုတ်ညမဟုတ်ပါဘူး အဲ့ဒီနေ့ကို 7/7လို့ခေါ်ပြီး အဂ်လိပ်လို့လဲ ၇ရက် မြန်မာလလိုလဲ ၇ရက်ဖြစ်လို့ပါ

သို့သော် စွမ်းအားအမြင့်ဆုံးကတော့ 7ရက်5လ ဟာ လဆုတ်ညကျမှ စွမ်းအားအမြင့်ဆုံး ဖြစ်ပြီးသာမန်နှစ်တွေ နဲ့မတူပဲ အရမ်းကို ကောင်းတဲ့အချိန်ဖြစ်ပါတယ်။

ကျနော်တို့တွေဟာ ဒီလိုရက်မျိုးရဖို့အတွက်

19နှစ်လောက်စောင့်ခဲ့ရပါတယ်

တာတစ်ကယ်ဟုတ်ပါတယ်

7/7ကို ကျနော်တို့က လဆုတ်နေ့အဖြစ်ကြုံခဲ့ရတာ

2006ခုနှစ်may လ ၆ရက်နေ့ကဖြစ်ပြီး

အဲ့လိုရက်ကို အခုကျနော်တို့က 2026ခုနှစ်5လ 7ရက် နေ့မှာပြန်ရမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဒီနေ့ကို လုံးဝလက်လွတ်လို့မဖြစ်ပါဘူး အကယ်၍ လက်လွတ်မီတယ်ဆိုရင်

အဲ့ဒါကို သိပြီဆိုရင် လက်လွတ်မခံဖို့ ရဲရဲသာ ဆုံးဖြတ်

လိုက်ပါတော့ဗျာ

ဒီ7ရက်ဆိုတဲ့ရက်က ဘာကြောင့် ကောင်းနေတာလဲဆို ရင်

အဲ့နေ့မှာ ကြယ်က အရမ်းတောက်ပလာပြီး ကမ္ဘာ မြေကြီးနဲ့နေမင်းနဲ့ တိုက်ရိုက်ချိတ်ဆက်သွားတယ်။ တစ်နည်းအားဖြင့်အားကောင်းဖြစ်လာပါတယ်။

ဒီလို ကြယ် ကမ္ဘာမြေ နေမင်းသုံးခုချိတ်ဆက်သွားတာ ကို တော်သလင်းလပြည့်လို့ခေါ်ပြီ အဲ့ကာလမှာ ကိုယ့် ကံမြင့်

အောင်ဘဝတစ်ဆစ်ချိုးပြောင်းလဲအောင်လုပ်လို့ရတာပဲဖြစ်ပါတယ်။

နတ်တော်လဆန်း၁၁ရက်နေ့ညမှာ ဖြစ်ချင်တဲ့ဆန္ဒကို အဓိဌာန် ပြု ဆုတောင်းရင်အရမ်းပြည့် တာပါ။

အဲ့ဒီ 7/7မှာဘာတွေလုပ်ကြမလဲဆိုရင်

အမှု့အခင်းဖြစ်နေတာပဲဖြစ်ဖြစ်

ကျန်းမာရေးအရမ်းညံ့နေတာပဲဖြစ်ဖြစ်

စီးပွားရေးလာဘ်ပိတ်နေတာပဲဖြစ်စေ

စီးပွားလုပ်ငန်းအောင်မြင်ချင်တာပဲဖြစ်စေ အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေချင်တာပဲဖြစ်စေ အကြွေး

တွေ အားလုံးကျေချင်တာပဲဖြစ်စေ အိမ်ပိုင်အိုးပိုင်ဖြစ် ချင်တာပဲ

ဖြစ်စေ

ကျနော်တို့က အနေမှာအဓိဌာန်ပွဲတင်ပြီး လုပ်

ရ မှာဖြစ်ပါတယ်။အဲ့လိုလုပ်ရင်သေချာပေါက်ကို မြေကြီးလက်ခတ်မလွဲအောင်မြင်စေပါတယ်

သာသနာပွဲရှိတယ်၊လောကပါလနတ်မင်းလေးပါးထဲမှာ တင်

တာရှိတယ်၊သိကြားမင်းဆီမှာတင်တာရှိတယ်၊နီးစပ်ရာ ဘုမ္မိစိုးရုက္ခစိုးတွေဆီမှာတင်တာရှိတယ်ဒါတွေလုပ်လို့ရ တယ်။

အဓိဌာန်ပွဲကတော့

ကျွန်တော်ကတော့

သာသနာပွဲ

သိကြားပွဲ

မန်းလေးတောင်တော်ဘုရား

ကုသိုလ်တော်ဘုရား

ရွှေသိမ်တော်ဘုရား

စတဲ့အဓိဌာန်ပွဲတွေ လှူဒါန်းလို့ရပါတယ်

အဲ့ဒီနေ့မှာတင်တဲ့အဓိဋ္ဌာန်ပွဲက အခြားရက်တွေမှာ တင် တဲ့ ပွဲနဲ့ လုံးဝမတူပဲ သေချာပေါက် အကျိုးခံစားရစေမှာဖြစ်ပါတယ်

ဒါကြောင့်လည်း ကျနော်တို့က ၁၉နှစ်လောက်စောင့်နေ ခဲ့ရ တာပေါ့ဗျာ

ကိုယ်တိုင်လုပ်ရမဲ့အရာက ဘာလုပ်ရမလဲဆိုရင်

ကဆုတ်လဆုတ် ၇ရက်နေ့မှာ

မနက်၈နာရီ တိတိမှာဖြစ်စေ

ညဘက် ၈နာရီတိတိမှာဖြစ်စေ စလုပ်ရပါမယ်။

ပြုလုပ်ရမှာက

ရွှေထီးတလပ် တစ်ခုကို ယူပြီး ထိုရွှေထီးပေါ်မှာ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ရေးပါ။

ပြီးရင်နေ့သားအလိုက် ဒီအရွက်အခက်တွေနဲ့ ပေါင်းပြီး

အပ်ချည်ကြိုးနဲ့ 7ပါတ်ပါတ်ကာအစည်းလိုက်

လှူရမယ်

တနင်္ဂနွေသားသမီး
(ပုဆိုးတထည် အနက်အနီမှလွဲ၍ တခြားအရောင်အသစ်ကိုလှူပါ)

တနလာ်သားသမီး
(ဖိနပ်အသစ်လှူပေးပါ)

အင်္ဂါသားသမီး
(အကျီအနက်ရောင်တထည်အသစ်လှူပေးပါ)

ဗုဒ္ဓဟူးသားသမီး
(ခိုငှက်များကိုအစားကျွေးပေးပါ)

ကြာသပတေးသားသမီး
(ငါးစားကျွေးပေးပါ)

သောကြာသားသမီး
(စတီလ်လက်စွပ်တကွင်း သို့ စတီလ်ဆွဲကြိုတကုန်လှူပေးပါ)

စနေသားသမီး
(နာရီတလုံး သို့မဟုတ် စက်ပစ္စည်းတခုလှူပေးပါ)

ရာဟုသားသမီး
(မရှိသောလူ လိုအပ်နေသော မုန့် သို့မဟုတ် ဆန်လှူပေးပါ)

စတာတွေကို ကိုယ့်နေ့နာမ်ထောင့်မှာဖြစ်စေ အိမ်မှာဖြစ် စေ လှူပါ။

အိမ်မှာ လှူရင် ၃ ရက်ပြည့်မှစွန့်ပါ။(ပစ္စည်းများကိုလှူဒါန်းပေးပါ)

လှူတန်းပြီးရင် စိတ်အညစ်အကြေးသန့်စင်အောင်

တရားစထိုင်ပါမယ်

ဒီလိုအဆင့်ဆင့်လုပ်ပါ

တရားမထိုင်ခင်ရေမိုးချိုးသန့်စင်ထားကာအဝတ်အသစ် ဖြစ်စေသန့်စင်သောအဝတ်ဖြစ်စေဝတ်ပါ။

သောက်တော်ရေကပ်လှူပါ။

သီလဆောက်တည်ပါ။

ဂုဏ်တော်ကိုးပါးသက်စေ့ရွတ်ပါ။

ပြီးမှတရားစထိုင်ပါ။

ဒါဆိုရင် သင့်ကံအရက တစ်ဆင့်မြင့်လာပြီး

လိုရာဆန္ဒပြည့်ပါလိမ့်မယ်။

#မြင်ပါများပီးချစ်ကျွမ်းဝင်အောင်လို့ #ဒီတစ်ပုဒ်တော့fypပေါ်ရောက်ချင်တယ်

30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့မြတ်မှာ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ🙏🙏🙏

30/04/2026

ကဆုန်လပြည့်နေ့ထူးနေ့မြတ်
ဗျာဒိတ်တော်ခံ ဖွား+ပွင့်+စံ
အစစအရာရာ အဆင်ပြေ ချောမွေ့အောင်မြင်ကြပါစေ🙏🙏🙏

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတ...
17/04/2026

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတယ်။ မိမိတို့ရဲ့ ဘဝခရီးကို ဖြတ်သန်းတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူတရားတွေ လွှမ်းမိုးခြင်းမခံရဘဲ အသိဉာဏ် (ပညာ) ကို ရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။

နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ဘယ်လိုလောကဓံမျိုးနဲ့ ကြုံရပါစေ၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့ ကျော်ဖြတ်နိုင်ကြပါစေ။ မိမိတို့ ပြုလုပ်သမျှသော အလုပ်ကိစ္စတိုင်းမှာလည်း အတ္တကို ရှေ့မထားဘဲ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် စေတနာကောင်းတွေနဲ့ အောင်မြင်မှုကို ရယူနိုင်ကြပါစေ။ အဓိကကတော့ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ ရှိတဲ့ ကိုယ်ကျင့်တရား (သီလ) ကို မြဲမြံအောင် ထိန်းသိမ်းခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ငြိမ်းအေးစွာ အသက်ရှင်နေထိုင်နိုင်ကြပါစေလို့ အလေးအနက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ဆုတောင်း2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်ကူး #မေတ္တာ #အေးချမ်းမှု #တရားတော် #ဘဝခရီး #ဓမ္မရသ

13/04/2026

မဂ်လာနှစ်သစ်မှာ ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ လုပ်ဆောင်သမျှ အောင်မြင်ကြပါစေ🙏🙏🙏

Eid Mubarak To You All Fri🕋🕌အသိမိတ်ဆွေ သူငယ်ချင်းအားလုံး"ဒီအီးဒ်နေ့မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာများ သင့်အပေ...
21/03/2026

Eid Mubarak To You All Fri
🕋🕌
အသိမိတ်ဆွေ သူငယ်ချင်းအားလုံး
"ဒီအီးဒ်နေ့မှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာများ သင့်အပေါ် သက်ရောက်ပါစေ။ သင်ပြုသမျှ ကောင်းမှုကုသိုလ်တွေကို အရှင်မြတ်လက်ခံတော်မူပြီး သင့်ဘဝကို ငြိမ်းချမ်းမှုတွေနဲ့ လွှမ်းခြုံပေးပါစေ။"

16/02/2026

Gong Xi Fa Cai
Happy Chinese New Year 2026
စီးပွားရေးများဒီရေအလားတိုးတက်အောင်မြင်ကြပါစေ🙏🙏🙏

Address

63(A)Street, Between 20 X 21 Street, Aung Myay Tha Zan Tsp
Mandalay
05024

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959444146653

Website

Alerts

Be the first to know and let us send you an email when Royal IVY Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal IVY Collection:

Shortcuts

Share