The Future Little Boss

The Future Little Boss Memories of ArPoe & ArKoe 🧸🏠

စိတ်ညစ်နေတဲ့မေမေဖတ်ဖို့စိတ်ပျက်လို့ အားလျော့နေပြီလားမေမေရေစိတ်မလျော့လိုက်ပါနဲ့ဦးနော်မိခင်တိုင်း မိခင်တိုင်းမှာ ဒီလိုအဖြစ...
17/11/2021

စိတ်ညစ်နေတဲ့မေမေဖတ်ဖို့

စိတ်ပျက်လို့ အားလျော့နေပြီလားမေမေရေ
စိတ်မလျော့လိုက်ပါနဲ့ဦးနော်
မိခင်တိုင်း မိခင်တိုင်းမှာ ဒီလိုအဖြစ်အပျက်တွေရှိပါတယ်

ကျွေးနေတဲ့ ထမင်းဇလုံနဲ့
ဒေါက်ခနဲ ခေါက်ချင်လိုက်တဲ့စိတ်တွေ

လမ်းမမှာငိုယိုဂျစ်ကျနေတဲ့ကလေးလက်ကိုလွှတ်
ဇောင့်ခနဲ ထွက်သွားချင်တဲ့အချိန်တွေ

အိပ်ချိန်မှာ မအိပ်ပဲဂျစ်ကျနေတဲ့အခါ
​ဖတ်ခနဲ နားရော မျက်လုံးရောပိတ်ပြီး အိပ်ချင်လိုက်ချိန်တွေ

ဆာလောင်နေတဲ့အခါ ကလေးကအရေးကြီးတယ်ဆိုပေမဲ့
မျက်စိရှေ့က စားစရာကိုပဲ တစ်ရှိန်ထိုးစားပစ်ချင်တဲ့အချိန်တွေ

ပြောစကားနားမထောင်တဲ့ကလေးကို
ဒေါက်ခနဲ ခေါင်းခေါက်လိုက်ချင်တဲ့အချိန်တွေ

ရေချိုးဖို့ခေါ်မရတဲ့ကလေးကို
မချိုးလည်းနေဟာလို့ ပစ်ထားလိုက်ချင်တဲ့အချိန်တွေ

အဝတ်လဲတာကို ဂျစ်တိုက်နေတဲ့အခါ
ရှိသမျှအဝတ်တွေအကုန် ဆွဲဖြဲပစ်ချင်တဲ့စိတ်တွေ

မိသားစုတွေက ကလေးနဲ့ပတ်သတ်ပြီး ကိုယ့်ကိုအပြစ်တင်တဲ့အခါ
ကလေးကိုပဲမဲပြီး ရိုက်ပစ်လိုက်ချင်တဲ့အချိန်တွေ

ရှိတာပေါ့မေမေရေ
ဒီလိုအချိန်တွေသိပ်ရှိတာပေါ့
မရှိဘူးလို့ပြောသူဟာ လိမ်နေတာပဲဖြစ်လိမ့်မယ်

ဒါပေမဲ့ ဒီလိုစိတ်တွေဖြစ်လာတိုင်း ထိန်းလိုက်နိုင်သူနဲ့ မထိန်းလိုက်နိုင်သူပဲကွာတာပါ

ဒီလိုစိတ်တွေဖြစ်လာရတာ မေမေက လူဆိုးမို့မဟုတ်ပါဘူးနော်
မေမေလည်းလူမို့ ဒေါသထွက်မယ် စိတ်မရှည်ဘူးဖြစ်မယ်
ဒါဟာ သဘာဝပါပဲ

ဒါပေမဲ့လည်းလေ ဒီလူသားသေးသေးလေးတွေအတွက်တော့ မေမေ့ကိုသာ ကမ္ဘာကြီးတစ်ခုထင်နေတာပါ
မေမေ့ကိုပဲဆိုးမယ်
မေမေ့ကိုပဲချစ်မယ်
မေမေ့ကိုပဲဂျစ်မယ်
မေမေ့ကိုပဲချစ်မယ်
မေမေ့ကိုပဲငိုယိုဂျီကျမယ်
ဒါပေမဲ့ မေမေ့ကိုသာ သူတို့ကမ္ဘာကြီးမှာ အချစ်ဆုံးပါနော်

ဒါကြောင့်လေ
ငါမွေးထားတဲ့ကလေး ငါမှစိတ်မရှည်ရင် မကြင်နာရင် မသွန်သင်ရင် လမ်းမှန်မပြရင် ဘယ်သူက မိခင်လိုစိတ်နဲ့ ချစ်ကြင်နာပေးနိုင်ပါ့မလဲနော်

အခိုက်အတန့်တွေဟာ ခက်ခဲပါတယ်
ဒါပေမဲ့ လက်မလျော့လိုက်ပါနဲ့ဦး

ဒီကမ္ဘာမှာ
ကိုယ့်ကိုအလိုအပ်ဆုံး
တန်ဖိုးအထားဆုံး
အချစ်ဆုံး
အချွဲဆုံး ကလေးလေးတွေအတွက် စိတ်တွေကို နည်းနည်းလေးရှည်ပေးကြရအောင်ပါနော်

Credit 💖

အိပိုးလေးဝတ်ထားတဲ့ အပြာဝမ်းဆက်လက်ရှည်ဘီရှည်လေးတွေ လသားကနေ ၆နှစ်လောက်ထိလာပါတယ်အသားအရမ်းကောင်းတယ် ရောက်ထားတာမကြာသေးပေမယ့်အ...
13/11/2021

အိပိုးလေးဝတ်ထားတဲ့ အပြာဝမ်းဆက်လက်ရှည်ဘီရှည်လေးတွေ လသားကနေ ၆နှစ်လောက်ထိလာပါတယ်

အသားအရမ်းကောင်းတယ်

ရောက်ထားတာမကြာသေးပေမယ့်အရမ်းရောင်းရတဲ့အထည်လေးမို့ သိပ်တော့မစုံတော့ဘူး

​သို့သော် မင်မင်အော်ဒါထပ်တင်ထားပါတယ် မကြာခင် ထပ်ရောက်ပါ့မယ်နော် 😘

#ကလေးဝမ်းဆက်

ကလေးတစ်ယောက်ကို ချီဖို့ အချိန် ( ၆ ) လပဲရှိတယ် ။အဲ့နောက်ပိုင်း သူ့ဟာသူ တွားသွားလိမ့်မယ်။ကလေးတစ်ယောက်ကို ချီဖို့အချိန် ( ...
12/10/2021

ကလေးတစ်ယောက်ကို ချီဖို့
အချိန် ( ၆ ) လပဲရှိတယ် ။
အဲ့နောက်ပိုင်း သူ့ဟာသူ
တွားသွားလိမ့်မယ်။

ကလေးတစ်ယောက်ကို ချီဖို့
အချိန် ( ၁ ) နှစ်ပဲရှိတယ် ။
အဲ့နောက်ပိုင်း သူ့ဟာသူ
လမ်းလျှောက်လိမ့်မယ်။

ကလေးတစ်ယောက်ကို
အချိန်ကြာကြာဖက်ဖို့
အချိန် ( ၂ ) နှစ်ပဲ ရှိတယ် ။
အဲ့နောက်ပိုင်း သူတို့ကို
အချိန် အကြာကြီး
အဖက်မခံတော့ဘူး။

ကလေးတစ်ယောက်နဲ့ အိမ်မှာ
အချိန် တော်တော်ကြာကြာနေဖို့
အချိန် (၁၀ ) နှစ် ပဲရှိတယ် ။
အဲ့နောက်ပိုင်း သင့် ထက်စာရင်
သူတို့သူငယ်ချင်းနဲ့ပဲနေရတာ
ပိုနှစ်သက်လိမ့်မယ်။

ကလေးတစ်ယောက်ကို
( ၁၅ ) နှစ် အထိပဲ ကိုယ်ဖိ ရင်ဖိ
ဂရုစိုက်ပေးလို့ရမှာ ။
အဲ့နောက်ပိုင်း
သူတို့ကိုအရမ်း ဂရုစိုက်ရင်
တင်းကျပ်တယ် ထင်ချင်
ထင်နေလိမ့်မယ်။

ကလေးတစ်ယောက်ကို
အနှစ် ( ၂၀ ) လောက် ပဲ
တွေ့ချင် တွေ့ရလိမ့််မယ် ။
တချို့က အဝေးမှာ
အိမ်ထောင်ကျပြီး ခွဲနေရသလို
ကိုယ့်ရဲ့သက်တမ်းလဲ
ရှိချင်မှရှိမယ် ။
ဘယ်သူမှကြို မသိနိုင်ဘူး။

မိသားစုရှိတဲ့သူတိုင်း
ကိုယ့်မိသားစုကို
အချိန်ပေးဖို့ မမေ့ပါနဲ့ ။
လူ့ဘဝက အချိန်တိုတယ် ။
ရှိတဲ့အချိန်လေးမှာ
ပျော်ရွှင်စွာ နေနိုင်ကြပါစေ။

Credit to original
လေးစားစွာဖြင့်
#မိုးဝသာန်

ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့.... အဝတ်အစားအသစ်တွေဆို မေမေတို့က လှစေချင်တဲ့စိတ်နဲ့ ဝယ်လာပြီး ဘေဘီလေးတွေကို တန်းဝတ်ပ...
11/09/2021

ဒီနေ့ sharing လုပ်ပေးချင်တာလေးကတော့....

အဝတ်အစားအသစ်တွေဆို မေမေတို့က လှစေချင်တဲ့စိတ်နဲ့ ဝယ်လာပြီး ဘေဘီလေးတွေကို တန်းဝတ်ပေးလေ့ရှိကြတယ်

အသစ်မှာလဲ ဖုန်တွေအမှုန်တွေပါနိုင်တာမို့
မေမေတို့အတွက် သိထားစရာလေးပြောပြပေးချင်လို့ပါရှင်

သိပြီးသားမေမေတို့ကတော့ ကျော်သွားပေးပါနော် 😘

ဒီမေမေကတော့ အိပိုးလေးကိုယ်ဝန်နဲ့တည်းက သူ့အတွက် ပစ္စည်းလေးတွေ အဝတ်လေးတွေကြိုပီးဝယ်စုလေ့ရှိပါတယ်

ဝယ်လာတဲ့အထည်အသစ်လေးတွေကိုလဲ သေချာလျှော်ဖွတ် မီးပူတိုက်ပြီး မှ သိမ်းပါတယ်

အခုချိန်ထိပေါ့နော် အသစ်မို့ဆိုပီး တန်းဝတ်မပေးပါဘူး

ဆိုင်တွေဘက်မှာ အထည်က ဘယ်လောက်ကြာ ဘယ်သူတွေဘယ်လိုကိုင်လဲဆိုတာ ကိုယ်မမြင်နိုင်တာမို့
ဝယ်လာပီး တန်းဝတ်ပေးဖို့ရာ စိတ်ကမသန့်ပါဘူး ဒီမေမေကိုယ်တိုင်လဲ အထည်ဆိုင်ဖွင့်ထားသူပါ
လူပေါင်းများစွာ ကိုင်ကြည့်ဝတ်ကြည့်နဲ့ဆိုတော့ နုနယ်တဲ့ဘေဘီလေးတွေအတွက်ကတော့ skin မှာ ဓာတ်မတည့်ယားယံမှုလေးတွေ အဖုလေးတွေထွက်တာဖြစ်တက်ပါတယ်

ဒါကြောင့် ဘယ်လောက်ဘဲ အသစ်ဖြစ်နေပါစေ အိမ်ရောက်လျှင် သေချာလျှော်ဖွတ်ပြီးမှ ဝတ်ပေးတာအကောင်းဆုံးပါ

မေမေတို့ရဲ့ သတိမမူတဲ့အရာလေးကနေ ဘေဘီလေးတို့အတွက် အဆင်မပြေမဖြစ်ရလေအောင် sharing လုပ်ပေးချင်းမို့ အမှားပါခဲ့ရင် နားလည်ပေးပါလို့ ကြိုမေတ္တာရပ်ခံပါတယ်ရှင်

💜 ချစ်တဲ့အိပိုးမေမေ 💜

ကလေးက ကိုယ့်ကို အမြဲ ကြည့်နေတာပါ။သူက အမြဲ ကိုယ့်ပုံတူကို ကူးချတတ်ပါတယ်။ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကို ခံယူတတ်ပြီး...
08/09/2021

ကလေးက ကိုယ့်ကို အမြဲ ကြည့်နေတာပါ။
သူက အမြဲ ကိုယ့်ပုံတူကို ကူးချတတ်ပါတယ်။
ဘေးပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုတွေကို ခံယူတတ်ပြီး
လွှမ်းမိုးခံရတဲ့ အတိုင်း ပြုမူနေထိုင်တတ်ပါတယ်။

ဒါ့ကြောင့်....
ကလေးကို ချစ်ရင် ကိုယ်လည်း
အဆိုးတွေကို ပြင်ပါ။
ကလေးကို ဖြစ်ထွန်းစေချင်ရင် ကလေးရဲ့ပတ်ဝန်းကျင်ကလည်း အကောင်းဘက်ကို အပြုသဘောဆောင် လိုက်ပြောင်းလဲရပါတယ်။

သူတပါးကို အပြစ်တင်တာတွေရပ်။
သူတပါးအကြောင်း ပြောတာတွေရပ်။
ဒေါသကြီးတာတွေ ဆင်ခြင်။
သင့်ကလေးကို သင်ကိုယ်တိုင်
အဆိပ်မခပ်မိပါစေနဲ့။

ကလေးမကြားသင့်တာ ကလေးရှေ့ မပြောပါနဲ့။
ကလေးမမြင်သင့်တာ ကလေးရှေ့ မလုပ်ပါနဲ့။
ကလေးနဲ့ မတန်တဲ့ အပြုအမူ အပြောအဆိုကို လူကြီးက ဆင်ခြင်ပါ။

ကလေးက သင့်ကိုကြည့်ရင်း သင်ယူနေတယ်။
သင့်ကလေးကို သင်ကိုယ်တိုင်
အဆိပ်မခပ်မိပါစေနဲ့။

Credit 💜 #မေမေသိမ့်

ဒီနေ့  နေ့လည်စာ snack ကတော့ သီးစုံနို့ကြက်ဥလိပ် ပါ ရှင် ❣️လုပ်နည်းလေးကိုတပုံချင်းမှာရေးထားတယ်နော် 🎀💜
29/08/2021

ဒီနေ့ နေ့လည်စာ snack ကတော့

သီးစုံနို့ကြက်ဥလိပ် ပါ ရှင် ❣️

လုပ်နည်းလေးကိုတပုံချင်းမှာရေးထားတယ်နော် 🎀💜

ဘေဘီလေးတွေ သေးတစ်ရွှတ်ရွှတ်ပေါက်လဲ မပူရတော့ဘူးနော် ဈေးသက်သာပီး ဝတ်လို့ကောင်းတဲ့ ဝါးသားဘောင်းဘီရှည်လေးတွေ မင်မင်ရောင်းပေး...
27/08/2021

ဘေဘီလေးတွေ သေးတစ်ရွှတ်ရွှတ်ပေါက်လဲ မပူရတော့ဘူးနော်

ဈေးသက်သာပီး ဝတ်လို့ကောင်းတဲ့
ဝါးသားဘောင်းဘီရှည်လေးတွေ မင်မင်ရောင်းပေးမှာမို့ မှာလို့ရပါပီ

၁ထည်မှ 650
၁၀ထည်ပါ၁ထုပ် မှ 6500

** ( ခွဲမရောင်းပါဘူးနော် ) **

ခါးသရေကြိုးပျော့ပျော့လေးမို့
လသားမှ ၁နှစ်ကျော် ၂နှစ်အရွယ်ထိရပါတယ်
ဘောင်းဘီအရှည် 15"

diaper နဲ့လဲ ဝတ်လို့ရတယ်နော် ဂွမကြပ်ပါဘူး

လက်ရှိ အိပိုးလေးသုံးနေပါတယ်
အရမ်းအဆင်ပြေလို့ပါ

အဆင်/အရောင်ရွေးလို့အဆင်မပြေတာ နားလည်ပေးပါနော်

သားသားမီးမီးပြောပီး မှာပေးပါ
သေချာလေးထည့်ပေးပါ့မယ် မေမေတို့ရေ

ကြာချိန် ၁ပတ်ပါ 💖

ဒီနေ့ အိပိုးလေးရဲ့ နေ့လည်စာ ရွှေရောင်ပုဇွန်ထမင်း ( ၁နှစ်အထက် ) 🍤🍤၁နှစ်အောက်ဆို salt မထည့်ပါနဲ့ ပုဇွန်စမ်းကျွေးပီးလို့ အဆ...
27/08/2021

ဒီနေ့ အိပိုးလေးရဲ့ နေ့လည်စာ ရွှေရောင်ပုဇွန်ထမင်း ( ၁နှစ်အထက် ) 🍤🍤

၁နှစ်အောက်ဆို salt မထည့်ပါနဲ့
ပုဇွန်စမ်းကျွေးပီးလို့ အဆင်ပြေရင် ကျွေးလို့ရပါတယ်ရှင်

ချက်နည်းလေးကို တပုံချင်းဆီမှာ ရေးပေးထားပါတယ်ရှင် ❣️

Address

Mandale

Telephone

+959789174466

Website

Alerts

Be the first to know and let us send you an email when The Future Little Boss posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Future Little Boss:

Share