Cocoon -Baby Product

Cocoon -Baby Product Happy Baby : Happy Family

Cocoon Baby Productတွေထဲ က Product of Myanmar မြန်မာပြည်မှာပဲ မြန်မာ့ဝါဂွမ်းစစ်စစ် များဖြင့် ဂုဏ်ယူစွာ ထုတ်လုပ်ထားတဲ့ ဂွ...
13/05/2026

Cocoon Baby Productတွေထဲ က Product of Myanmar မြန်မာပြည်မှာပဲ မြန်မာ့ဝါဂွမ်းစစ်စစ် များဖြင့် ဂုဏ်ယူစွာ ထုတ်လုပ်ထားတဲ့ ဂွမ်းလုံးလေးတွေအကြောင်း အတိုချုံးပြောပြပါမယ်။

၁။ ထုတ်ကုန်အမျိုးအစား

​၁၀၀% ဝါဂွမ်းစစ်စစ် (Pure Cotton) ကို အသုံးပြုထားပြီး High Temperature နဲ့ ပိုးသတ်ထားတဲ့ အဆင့်မြင့် ကလေးသုံးဂွမ်းလုံးများ။

​၂။ အဓိကအားသာချက်များ

​ပိုးမွှားကင်းစင်မှု: အရေပြားယားယံခြင်း မရှိစေဘဲ မျက်လုံး၊ ပါးစပ်အထိ စိတ်ချစွာ သုံးနိုင်ခြင်း။

​အရည်အသွေး: အရည်စုပ်ယူမှု အထူးကောင်းမွန်ပြီး ရေစိမ်ပြီးညှစ်လျှင်လည်း ဂွမ်းလုံးမသေးသွားခြင်း၊ ဂွမ်းမျှင်ကပ်ကျန်ခဲ့ခြင်း မရှိခြင်း။

​ထုပ်ပိုးမှု: လေလုံရေလုံ ဇစ်ပိတ်အိတ် (Zip-lock Bag) များဖြင့် ထုတ်ပိုးထား၍ သိုလှောင်ရလွယ်ကူခြင်း။

​၃။ ရရှိနိုင်သော ဆိုဒ်များ (Sizes)

​100g, 200g နှင့် 400g (ဆိုင်တိုင်းအတွက် ရွေးချယ်စရာစုံလင်ခြင်း)

​၄။ မှာယူနိုင်သည့်နည်းလမ်း

​Viber / Phone: 09 43 10 15 34

​Page Messenger မှတစ်ဆင့် တိုက်ရိုက်မှာယူနိုင်ပါသည်။

"မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း" Cocoon Baby...
17/04/2026

"မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း" Cocoon Baby Product မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

"ရင်သွေးငယ်လေးတွေရဲ့ အနာဂတ်တိုင်းမှာ ကြင်နာနူးညံ့တဲ့ ချစ်ခြင်းများစွာဖြင့်ဂရုစိုက်မှုတွေနဲ့အတူ နှစ်သစ်မှာ ပျော်ရွှင်ခြင်းများစွာ ပိုင်ဆိုင်နိုင်ကြပါစေ" 🩷🩷🩷🩷🩷

Cocoon Baby comfort Bag Cocoon ကလေးရင်ဘတ်ဖိခေါင်းအုံးHello Mommy တို့ရေ ဒီတခါ Cocoon ကနေ Mommy တို့ကိုပစ္စည်းအသစ်လေးနဲ့မ...
03/04/2026

Cocoon Baby comfort Bag
Cocoon ကလေးရင်ဘတ်ဖိခေါင်းအုံး

Hello Mommy တို့ရေ
ဒီတခါ Cocoon ကနေ Mommy တို့ကိုပစ္စည်းအသစ်လေးနဲ့မိတ်ဆက်ပေးရပါစေနော် ...
ကလေးငယ်လေးတွေအိပ်စက်တဲ့အခါ နှစ်ခြိုက်စွာအိပ်ပျော်နိုင်ဖို့၊ လန့်မနိုးစေဖို့အတွက်ကို Mommy တို့က ဘေဘီလေးတွေရဲ့ ရင်ဘတ်ပေါ်ကို စောင် (သို့) အဝတ်ပါးလေးတွေတင်ပေးကြတယ်မဟုတ်လား?
ဒါလေးကို Cocoon က စဉ်းစားမိလို့ Mommy တို့ရဲ့ Baby လေးတွေအတွက် ပစ္စည်းအသစ်လေးတစ်ခုကိုထုတ်လုပ်ထားပါတယ်။
Baby Comfort bag လို့ခေါ်တဲ့ ကလေးရင်ဘတ်ဖိခေါင်းအုံးလေးကတော့ ဘေဘီလေးတွေအတွက်တကယ့်ကိုမရှိမဖြစ်ပါနော်။
***Baby Comfort bag လေးကို မွေးကင်းစအရွယ်ကနေစပြီးအသုံးပြုနိုင်ပါတယ်။

***Baby Comfort bag လေးကိုအသုံးပြုခြင်းအားဖြင့် ဘေဘီလေးတွေကို ပုံစံမှန်မှန်နှင့် ငြိမ်သက်စွာအိပ်စက်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဘေဘီလေးတွေ အိပ်ပျော်နေစဉ်မှာ လန့်နိုးခြင်းမရှိဘဲ နှစ်ခြိုက်စွာအိပ်ပျော်စေလို့ အိပ်ရေးဝစေမှာအသေချာပါဘဲနော်။

***Baby Comfort bag လေးကို ရေလျှော်လို့ရပြီး အကြိမ်ကြိမ်အသုံးပြုနိုင်ပါတယ်။
*** Baby Comfort bag လေးက စျေးနှုန်းလည်းချိုသာတဲ့အပြင် တစ်ခုဝယ်ထားရင် ဘေဘီလေးတွေ ကြီးတဲ့အထိသုံးလို့ရတာမို့ မေမေတို့အတွက်လဲတွက်ချေကိုက်ပါတယ်။
မီးဝင်သွားဖို့ လက်ဆောင်အဖြစ်ဝယ်သွားရင်လည်း ကိုယ်ပေးတဲ့လက်ဆောင်လေးကို အကြာကြီးသုံးလို့ရတော့ အမှတ်ရနေမှာအသေချာပါဘဲ။ စျေးနှုန်းသက်သာပြီး အရမ်းသုံးဝင်လှတဲ့ပစ္စည်းလေးဖြစ်တာမို့ မေမေလောင်းလေးတွေရော၊ မေမေတွေရော၊ မီးဝင်သွားကြမယ့် ဦးဦး အန်တီတို့ရော Cocoon Baby comfort bag လေးကို ဆောင်ထားကြပါစို့လားရှင့် 🥰

ရှင်....ဪ အစွပ် အပိုတခုက က ခနခန လျှော်လို့ ရအောင် အပိုထည့်ပေးထားတာဖြစ်ပါတယ်ရှင့်

ပြန်လည်ရောင်းချလိုသူများအနေဖြင့် မှာယူလိုပါက-
📌page messenger မှဖြစ်စေ၊
📌viber ဖုန်းနံပါတ် 09 43 10 15 34 မှဖြစ်စေ၊
📌📱 09 43 10 15 34 သို့ တိုက်ရိုက်ဆက်၍ ဖြစ်စေ မှာယူနိုင်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင့်..






#ကလေးကျန်းမာရေး
#ကလေးလိုအပ်ချက်
#မေမေတို့အတွက်

မေမေ့ဗိုက်ထဲက အပြင်ရောက်လာတာမကြာသေးတဲ့ ဘေဘီလေးတွေကို အီးအီးပါရင်၊ ရှူးရှူးပေါက်ရင်၊ မျက်နှာ၊ ကိုယ်လက်သန့်ရှင်းပေးရင်...🤱...
26/03/2026

မေမေ့ဗိုက်ထဲက အပြင်ရောက်လာတာမကြာသေးတဲ့ ဘေဘီလေးတွေကို အီးအီးပါရင်၊ ရှူးရှူးပေါက်ရင်၊ မျက်နှာ၊ ကိုယ်လက်သန့်ရှင်းပေးရင်...🤱🤱

၄၅ ရက်၊ တစ်လ မကျော်သရွေ့ ရေချိုးတာ ရေဆေးပေးတာ Wet Tissue တွေနဲ့ သုတ်တာ၊ တွေ့ကရာ အဝတ်နဲ့သုတ်တာတွေ လုပ်လို့မရဘူးနော်မေမေတို့...🙅🙅

နူးညံ့သိမ့်မွေ့တဲ့ အသားအရေလေးတွေမို့ သားသားမီးမီးလေးတို့ကို ဂရုစိုက်တဲ့အခါ မေမေတွေအတွက်
နူးညံ့ပြီး ပိုးသတ်ထားတဲ့ အသင့်သုံး Cocoon ဂွမ်းလုံးလေးတွေက မရှိမဖြစ်ပါနော်...🥰🥰

👶Cocoon ဂွမ်းလုံးလေးတွေက ကလေးလေးတွေအသားအရေလေးနဲ့ ကိုက်ညီအောင် နူးညံ့တယ်
👶အညစ်အကြေး၊ အီး၊ သေး စုပ်ယူလွယ်တယ်
👶100% cotton နဲ့ပြုလုပ်ထားတယ်
👶ပိုးမွှားသန့်စင်ထားပြီးအရည်အသွေးကောင်းမွန်စွာထုတ်လုပ်ထားတယ်
စတဲ့အချက်တွေကြောင့် မေမေတို့အတွက်မရှိမဖြစ် ဖြစ်ပြီး ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ်နော်...🤗

မေမေတို့က.......ကိုယ့်သားသားမီးမီးလေးတွေရဲ့ နူးညံ့တဲ့ အသားအရည်အတွက် ဘယ်လိုပစ္စည်းမျိုးတွေကို အဓိကထားပြီး ရွေးချယ်တတ်လဲဆိုတာ Comment မှာ ပြောပြပေးခဲ့ပါဦးနော်။

Cocoon Cotton ballsလေးတွေကို 100g, 200g နှင့် 400g ဆိုဒ်များဖြင့် ထုတ်လုပ်ထားပြီး အနယ်နယ်အရပ်ရပ်ရှိ Baby Store ဆိုင်ကြီးများတွင်လည်းမေးမြန်းဝယ်ယူနိုင်ပါတယ်ရှင်။
ပြန်လည်ရောင်းချလိုသူများအနေဖြင့် မှာယူလိုပါက-
📌page messenger မှဖြစ်စေ၊
📌viber ဖုန်းနံပါတ် 09 43 10 15 34 မှဖြစ်စေ၊
📌📱 09 43 10 15 34 သို့ တိုက်ရိုက်ဆက်၍ ဖြစ်စေ မှာယူနိုင်ပါတယ်ရှင်။




#ကလေးကျန်းမာရေး
#ကလေးလိုအပ်ချက်
#မေမေတို့အတွက်

မင်္ဂလာရှိလှတဲ့ အီးဒ်ပွဲတော်နေ့အချိန်အခါမှာ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး မိသားစုနှင့်အ...
21/03/2026

မင်္ဂလာရှိလှတဲ့ အီးဒ်ပွဲတော်နေ့အချိန်အခါမှာ အစ္စလာမ်ဘာသာဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ.......
Cocoon Baby Product family

ဒီနေ့ မျှဝေချင်တဲ့ အကြောင်းအရာလေးတွေကတော့ မီးဖွားပြီးခါစ မေမေတချို့မှာ ဖြစ်လေ့ရှိတတ်တဲ့ စိတ်မတည်မငြိမ်ဖြစ်ပြီး စိတ်ကျရော...
13/03/2026

ဒီနေ့ မျှဝေချင်တဲ့ အကြောင်းအရာလေးတွေကတော့ မီးဖွားပြီးခါစ မေမေတချို့မှာ ဖြစ်လေ့ရှိတတ်တဲ့ စိတ်မတည်မငြိမ်ဖြစ်ပြီး စိတ်ကျရောဂါလိုခံစားရတတ်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ ဒီလို ခံစားရတာကို "Baby Blues" ဒါမှမဟုတ် "မီးတွင်းစိတ်ကျရောဂါ Postpartum Depression" လို့ ခေါ်ဆိုပါတယ်။ ဒီအခြေအနေတွေဟာ ကလေးမွေးပြီးချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်ပြီး၊ မိခင်လောင်းအများစုမှာ ကြုံတွေ့ရနိုင်ပါတယ်။ ဒီအခြေအနေနှစ်ခုက ဆင်တူယိုးမှားဖြစ်နေပေမဲ့ ကွာခြားချက်လေးတွေ ရှိပါတယ်။

မီးဖွားပြီးနောက် မိခင်တွေရဲ့ စိတ်အခြေအနေ “Baby Blues” ဆိုတာဘာများပါလိမ့်?

မိခင်ဖြစ်လာတာ အရမ်းပျော်စရာကောင်းတဲ့အကြောင်းအရာပဲဆိုပေမယ့်… မီးဖွားပြီးနောက် ပထမဆုံးအချိန်တွေမှာ မိခင်တချို့အတွက် စိတ်အခြေအနေ တဖြည်းဖြည်း မတည်မငြိမ်ဖြစ်တတ်ပါတယ်။ ဒီအခြေအနေကို “Baby blues” လို့ခေါ်ပါတယ်။

👩‍🍼 Baby Blues ဆိုတာ

မီးဖွားပြီး ၁ပတ်လောက်အတွင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ခံစားမှုဆိုင်ရာ ပြောင်းလဲမှုတွေဖြစ်ပြီး၊ မိခင်လောင်းအများစုမှာ ကြုံတွေ့ရတတ်တာကြောင့် သဘာဝကျတဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

ဒါက ရာသီသွေးဆုံးပြီးနောက် ဒါမှမဟုတ် ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ထဲက ဟော်မုန်းဓာတ်တွေ ရုတ်တရက် ပြောင်းလဲသွားတဲ့အတွက် သဘာဝအတိုင်း ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါ။

🌀 လက္ခဏာများကတော့

- အလွယ်တကူ စိတ်မကောင်းဖြစ်ခြင်း

- မကြာခဏ ငိုချင်ခြင်း၊

- စိတ်မပါလက်မပါအားပျက်အားလျော့လွယ်ခြင်း

- ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရခြင်း

*အများအားဖြင့် ၁–၂ ပတ်အတွင်း အလိုအလျောက် သက်သာသွားတတ်ပါတယ်။

⚠️ သတိထားရမယ့်အချက်
အကယ်၍ လက္ခဏာတွေ ၂ပတ်ကျော် ဆက်လက် ရှိနေတယ် ဆိုရင်တော့ “Postpartum Depression” (မီးဖွားပြီးနောက် စိတ်ကျရောဂါ) ဖြစ်နိုင်တဲ့အတွက် စောစောဆေးဘက်ဆိုင်ရာ အကူအညီရဖို့လိုပါတယ်။

🌷 မိခင်တွေသတိထားရမယ့် အချက်လေး

မိခင်ဖြစ်ခြင်းရဲ့ အခက်အခဲတွေကို တယောက်တည်း မခံစားရအောင်၊ အိမ်ထောင်ဘက်၊ မိသားစုနဲ့ ချစ်ခင်ရင်းနှီးသူတွေက နားလည်ပေးဖို့၊ ကူညီပေးဖို့ လိုအပ်ပါတယ်။ မိခင်မဟုတ်သူတွေကလည်း ဒီအကြောင်း သိထားပေးမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ အထောက်အပံ့ ဖြစ်ပေးနိုင်ပါတယ်ရှင်။

🌑 Postpartum Depression မီးတွင်းစိတ်ကျ‌ရောဂါ
ဆိုတာ?

မိခင်တချို့မှာ မီးဖွားပြီးနောက် ၂ပတ်ကျော်အထိ Baby Blues လက္ခဏာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အလုပ်အကိုင်၊ မိသားစုဘဝ၊ ကလေးပြုစုရေးမှာ အကျိုးသက်ရောက်မယ့် စိတ်ကျရောဂါအ‌ခြေအနေထိဖြစ်လာတတ်ပါတယ်။ ကလေးမွေးပြီး ပထမတစ်နှစ်အတွင်းမှာ ဖြစ်နိုင်ပေမယ့်၊ အများဆုံးကတော့ ကလေးမွေးပြီး ၃ ပတ်အတွင်း စတင်ဖြစ်တတ်ပါတယ်။ ကုသမှုမခံယူရင် လနဲ့ချီပြီး ကြာမြင့်နိုင်ပါတယ်။

အမျိုးသမီး ၁၀ ဦးမှာ ၁–၂ ဦးလောက်မှာ ဖြစ်လာနိုင်တဲ့ အလွန်ကျယ်ပြန့်တဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။
---

🌀 လက္ခဏာများ

- အမြဲတမ်း စိတ်ပျက်၊ စိတ်ကျ၊ အားမရှိ

- ငိုချင်၊ မိမိကိုယ်ကို အပြစ်မဲ့ အပြစ်တင်တတ်

- အိပ်မပျော် (သို့) အိပ်ချင်လွန်း

- အစားအသောက် မစားချင် (သို့) မထိန်းနိုင်အောင်စား

- ကလေးအပေါ်မှာ ချစ်ခင်မြတ်နိုးစိတ်မရှိသေးခြင်း

- ကလေးနဲ့မိခင်ကြား နွေးထွေးယုံကြည်မှုမချိတ်ဆက်မိ
သေးခြင်း

- အနာဂတ်အပေါ် မယုံကြည်မှု

တခါတရံ မနေချင်တော့ဘူးဆိုပြီး အဆိုးဘက်အထိ စိတ်က ဆွဲချလာခြင်း
---

⚠️ အန္တရာယ်ရှိသည့်အခါ

အလွန်အကျွံ စိတ်ကျနစ်နာခြင်း

မိမိကိုယ်ကို ဒါမှမဟုတ် ကလေးကို ထိခိုက်အောင်လုပ်ချင်တဲ့ အတွေးတွေ ဝင်လာခြင်း (ဒီအချက်က အလွန်ပြင်းထန်တဲ့ အခြေအနေဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်)

➡️ ဒီလိုဖြစ်လာရင် အလျင်အမြန် ဆရာဝန်၊ စိတ်ကျန်းမာရေး ပညာရှင်ဆီ အကူအညီယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။

---

မီးတွင်းစိတ်ကျရောဂါ ဖြစ်ရတဲ့ အဓိကအကြောင်းရင်းတစ်ခုတည်းရယ်လို့ မရှိပါဘူး။ ဟော်မုန်းပြောင်းလဲမှု၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေနဲ့ လူနေမှုပုံစံ ပြောင်းလဲသွားတာ စတဲ့ အကြောင်းအရင်းများစွာ ပေါင်းစပ်ပြီး ဖြစ်ပွားတတ်ပါတယ်။
ကလေးမွေးပြီးတာနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ မြင့်တက်နေတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းတွေဟာ ရုတ်တရက် ကျဆင်းသွားပါတယ်။ ဒီလို ဟော်မုန်းအပြောင်းအလဲက စိတ်ခံစားချက်တွေကို ထိခိုက်စေပါတယ်။
ကလေးကို ဂရုစိုက်ရတာ၊ အိပ်ရေးပျက်တာ၊ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကို ရုတ်တရက် ထမ်းဆောင်ရတာ စတဲ့ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်ပွားနိုင်ပါတယ်။

🌷 မိခင်အတွက် အကူအညီလိုအပ်မှု

မိသားစု၊ ခင်ပွန်း၊ သူငယ်ချင်းတွေက နားလည်ပေး၊ အချိန်ပေး၊ ကူညီပေးဖို့ လိုပါတယ်။

မိခင်အနေနဲ့လည်း မိမိကိုယ်ကို စောင့်ရှောက်ပေးဖို့ (အနားယူ၊ စားသောက်မှန်၊ အိပ်ပျော်စေ) အရေးကြီးပါတယ်။

မိခင်တစ်ယောက်အတွက် ကလေးမွေးဖွားပြီးနောက် စိတ်ခံစားချက်တွေ မတည်ငြိမ်တာဟာ သဘာဝကျတဲ့ အခြေအနေဖြစ်ပြီး၊ ရှက်ရွံ့စရာ ဒါမှမဟုတ် အားငယ်စရာကိစ္စ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုအခြေအနေမျိုး ကြုံလာရရင် အချိန်မီ ဆေးကုသမှု ခံယူတာ၊ ပတ်ဝန်းကျင်ရဲ့ အကူအညီနဲ့ နားလည်မှုကို ရယူတာတွေက အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို Cocoon Baby Product က လေ့လာဖတ်ရှုမှတ်သားပြီး တဆင့် ပြန်လည်မျှဝေလိုက်ရပါတယ်။ "မျှဝေခြင်းသည်လည်း မေတ္တာတခု" မဟုတ်ပါလားရှင်။




#မေမေ့ကျန်းမာရေး

Happy New Year 2026 🎉✨🎉🥳🎊🌟"ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာလုံးမှာ မိမိတို့ရဲ့ ရတနာလေးတွေအတွက် Cocoon Baby Product ကို ယုံကြည်စိ...
01/01/2026

Happy New Year 2026 🎉✨🎉🥳🎊🌟

"ဖြတ်သန်းခဲ့တဲ့ တစ်နှစ်တာလုံးမှာ မိမိတို့ရဲ့ ရတနာလေးတွေအတွက် Cocoon Baby Product ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးခဲ့ကြတဲ့ မေမေတို့ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ နှစ်သစ်မှာလည်း ရတနာလေးတွေ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာဖို့ Cocoon Baby Product က အမြဲအနားမှာ ရှိနေမှာပါ။ မေမေတို့နဲ့ ရင်သွေးငယ်လေးများအားလုံး ပျော်ရွှင်စရာ နှစ်သစ်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်"

Cocoon Baby Product

Merry Christmas to you !!!!  🎄🦌 ✨             ချစ်သော Customer များအားလုံး ခရစ္စမတ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာ...
25/12/2025

Merry Christmas to you !!!! 🎄🦌 ✨

ချစ်သော Customer များအားလုံး ခရစ္စမတ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ တလုံးတဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ☃️⛄

အားလုံးပဲ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေး ဖြစ်ပါစေ 💚💜💛 ❤️

ဘေဘီလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလေးကို တွေ့ရတာဟာ မိခင်တိုင်းအတွက် စိတ်အချမ်းမြေ့ဆုံးထဲက တစ်ခုဆိုရင် မမှားပါဘူး ...
29/10/2025

ဘေဘီလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလေးကို တွေ့ရတာဟာ မိခင်တိုင်းအတွက် စိတ်အချမ်းမြေ့ဆုံးထဲက တစ်ခုဆိုရင် မမှားပါဘူး 🥰

ညအခါမှာ ဘေဘီလေး နှစ်နှစ်ခြိုက်ခြိုက်အိပ်စေဖို့ အခက်အခဲတွေရှိနေလား?

ဒီအချက်တွေနဲ့ ကြိုးစားကြည့်ပါ 😊

၁။ နေ့ခင်းမှာ ကလေးကို နိုးကြားစေပြီး စကားပြော ဆော့ကစားပေးပါ

၂။ ညပိုင်း အစာအဟာရကျွေးတဲ့အခါ (သို့) အဝတ်အစားလှဲပေးတဲ့အခါ ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံး တိတ်ဆိတ်ငြိမ်သက်ပါစေ

၃။ ကလေးလေး အိပ်ချင်သလိုဖြစ်လာတဲ့အခါ မအိပ်ပျော်ခင်မှာ အိပ်ယာပေါ်ထားပေးပါ

၄။ ဘေဘီလေးကို အိပ်ယာပေါ်ထားတဲ့အခါ ဂျီကျနေရင် မချီသေးပဲ ခနစောင့်ကြည့်ပေးပါ

Sweet dream, sweet child 👶🏻



Address

Corner Of 76th & 9th Street
Mandale
05032

Website

Alerts

Be the first to know and let us send you an email when Cocoon -Baby Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share