Diamond Traditional Dress

Diamond Traditional Dress Clothing brand

12/03/2024

မိဘဆောက်ပေးပြီးသား
လှေကားကနေ အမြင့်တက်ရသူနဲ့

လှေကားတစ်ထစ်ချင်းစီတိုင်းကို
ကိုယ်တိုင်တည်ဆောက်ပြီး အမြင့်တက်ရသူရဲ့

ပင်ပန်းမှုချင်းကလည်း ကွာပါတယ် ။

Credit # #

03/10/2023

“ချစ်ခြင်းမေတ္တာကို လက်ခံတတ်ဖို့”

🔳 ကိုယ့်ကို ချစ်တာ၊ ဂရုစိုက်တာ၊ တစ်ခုခု လုပ်ပေးတာကို လူတိုင်းလိုချင်ကြပေမဲ့ လူတိုင်းကတော့ လက်မခံတတ်ကြပါဘူး။

ကျွန်တော်တို့မိဘတွေမှာ တွေ့ရတတ်တယ်။ အားလုံးမဟုတ်ပေမဲ့ တော်တော်များများပဲ။ သူတို့မျိုးဆက်က အစစအရာရာ ခြိုးခြံချွေတာပြီး နေခဲ့ရတာနဲ့ ဆိုင်သလို၊ မိဘဆိုတာ သားသမီးအတွက် ပေးဆပ်ရမယ်၊ အနစ်နာခံရမယ် စတဲ့ ထုံးတမ်းဓလေ့တွေကို ကိုင်ဆွဲထားကြတာလည်း ပါတယ်။

🔳 အထူးသဖြင့် မိခင်တွေ (အမျိုးသမီးတွေ) ဆို ပိုဆိုးတယ်။ “သားကို သခင်၊ လင်ကို ဘုရား” ဆိုပြီးတောင် စကားပုံ ရှိသေးတယ်မို့လား။ ငယ်ငယ်ကတည်းကလည်း အစ်ကိုတွေ၊ မောင်တွေကို ညှာရတယ်။ ညီမအငယ်တွေကို ဦးစားပေးရတယ်။ နောက်တော့ လင်ယောက်ျား၊ နောက်တော့ သားသမီးတွေ၊ သူတို့ဘက်က ပေးဆပ်ရမယ်ဆိုတာချည်းပဲ။

Obsessive Selflessness တဲ့။ ကျွန်တော်လည်း တစ်ခါ ရေးဖူးတယ်။ ကိုယ့်အကျိုးကို နောက်ပို့ထားရတာကို စွဲလမ်းသလိုတောင် ဖြစ်လာကြတယ်။ အပြင်လေး ထွက်ရတာ၊ တစ်ခုခုလေး ဝယ်ရတာ၊ စားချင်တာလေး မှာစားရတာကိုပဲ အပြစ်ကြီးတစ်ခု ကျူးလွန်မိသလို နေမတတ် ထိုင်မတတ် ခံစားနေကြရတယ်။

အဖေတွေမှာလည်း ဒီလိုပါပဲ။ သူတို့ကပဲ ပေးမယ်။ သားသမီးက ပြန်ပေးမယ်ဆို လက်မခံချင်ကြဘူး။ စိတ်ထဲမှာတော့ ဝမ်းသာနေမှာပေါ့။ ဒါပေမဲ့ အပြင်ကို ထုတ်မပြကြဘူး။

🔳 ငွေကုန်တယ်၊ မင်းတို့ ပင်ပန်းပါတယ်၊ အလုပ်ပိုပါတယ်နဲ့ ငြင်းတတ်ကြတယ်။ လက်ဆောင်ပေးရင် ဘာကြိုက်လဲ သွားမေးလို့ မရဘူး။ တစ်ခုခု လုပ်ပေးမယ်ဆို ကြိုပြောလို့ မရဘူး။ မေးလိုက်၊ ပြောလိုက်တာနဲ့ ငြင်းတော့တာပဲ။ ပေးရသူတွေမှာ အတော့်ကို ခက်ခက်ခဲခဲ ကြိုးစားရသလို၊ ပြည့်ပြည့်၀၀လည်း မပျော်ရွှင်ရဘူး။ ရင်ခံသွားရတာပဲ များတယ်။ (ခေတ်စကားနဲ့ ပြောရရင် ဟတ်ကော့ကြီး ဖြစ်ဖြစ်သွားတာပေါ့။)

ငွေကုန်တာတော့ ဟုတ်တာပေါ့။ ပင်ပန်းတာလည်း သိတယ်။ ဒါပေမဲ့ တစ်ခုခု ဝယ်ပေးတယ်၊ လုပ်ပေးတယ် ဆိုတာက ပျော်သွား၊ ဝမ်းသာသွား၊ ကျေနပ်သွားတာကို လိုချင်လို့လေ။ အသိအမှတ်ပြုတာလေးကို ခံချင်လို့။

အခုကျ လိုချင်သလိုလို၊ မလိုချင်သလိုလို လုပ်နေတော့ ပိုဆိုးတယ်။ အဲဒီတော့မှ ငွေကုန်ရကျိုးမနပ် ဖြစ်သွားတာ။

ကိုယ်က ဟင်းတွေ အပင်ပန်းခံ ချက်ထားပြီး ကျွေးတဲ့အခါ မြိန်ရည်ယှက်ရည် စားတယ်ဆို ပင်ပန်းထားသမျှ အကုန်ပျောက်။ စားချင်သလို မစားချင်သလို လုပ်နေရင်သာ အဆင်မပြေတာလေ။ အခုလည်း အဲဒီလိုပဲ။

🔳 မိဘတွေမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဖြစ်တတ်တယ်။ အထူးသဖြင့် ကိုယ့်ဘက်က ပေးရတာကိုပဲ ပျော်တဲ့သူတွေပေါ့။ ပေးဆပ်သူတို့ နှလုံးသားပိုင်ရှင်တွေလို့ ဆိုရမလားပဲ။

ကောင်းလားဆိုတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်လည်း လူပဲ။ အကူအညီ လိုတဲ့အခါ ရှိမယ်။ အဆင်မပြေတဲ့အခါ ရှိမယ်။ ရင်ဖွင့်ချင်တဲ့အခါ ရှိမယ်။ ဒါတွေကိုလည်း အရှိအရှိအတိုင်း လက်ခံဖို့ လိုမယ်။

ပေးရတာကိုပဲ ပျော်တာကြောင့် ပါသလို၊ မာနနဲ့လည်း ဆိုင်မယ်ထင်တယ်။ ငါက အကူအညီယူရအောင် ဘာဖြစ်နေလို့လဲ၊ ငါက သူများပေးတာကို လက်ခံစရာလား စသဖြင့်ပေါ့။ ကိုယ့်ကိုယ်ကိုယ် သေချာစဉ်းစားကြည့်ပါ။ မသိစိတ်ထဲမှာ အဲဒီမာနကလေးကို တွေ့နေရတတ်ပါတယ်။

🔳 ဝန်ခံရရင် ကျွန်တော်လည်း အဲဒီလိုလူထဲမှာ ပါတယ်။ ခုနောက်ပိုင်းတော့ ကြိုးစားပြီး ပြင်ဆင်နေပါတယ်။ ကိုယ့်ကို ကူညီချင်သူတွေ၊ လက်ဆောင်ပေးချင်သူတွေ ရင်မခံရလေအောင်ပေါ့။ ကိုယ်တိုင်လည်း ရင်ခံရတာတွေ ရှိဖူးတော့လေ။

လက်ဆောင်ပေးချင်လို့ဆို တစ်ခါတော့ ငြင်းကြည့်တယ်။ မရရင်တော့ လက်ခံလိုက်တယ်။ ကျေကျေနပ်နပ် အသိအမှတ်ပြုပေးတယ်။ ဒီတော့ တစ်ဖက်လူတွေလည်း ဝမ်းသာရတယ်။

အကူအညီလိုရင် တောင်းတယ်။ ကူညီပေးသူတွေကို ကျေးဇူးတင်စကား ပြောတယ်။ အခွင့်ကြုံလာရင်လည်း ပြန်ကူညီပေးတယ်။

ချစ်ခြင်းမေတ္တာ ဆိုတာကို ပေးခြင်းဖြင့်ပဲ ပြသလို့ ရတာမဟုတ်ပါဘူး။ ‘ပေးချင်သူတွေ’အတွက် ကိုယ့်ဘက်က ‘ယူပေးခြင်း’ဟာလည်း ချစ်ခြင်းမေတ္တာတစ်မျိုးပါပဲ။ အမြဲတမ်းချည်း ယူမနေဖို့သာ လိုတာပါ။

🔳 ဘယ်သူ့အပေါ်မှာမှ မှီခိုစရာ မလိုဘူး၊ Independent ဖြစ်တယ် ဆိုတာ ကောင်းပါတယ်။ သူရှိမှ စားဝတ်နေရေး အဆင်ပြေမယ်၊ သူရှိမှ ကိုယ့်စိတ်လုံခြုံမယ်၊ သူရှိမှ ကိုယ့်ဘ၀ ပြည့်စုံမယ် ဆိုတာတွေက ရေရှည်မှာ ကောင်းတဲ့ကိစ္စတွေ မဟုတ်ဘူး။ အရွယ်ရောက်လာသည်ထိ အလုပ်မလုပ်သေးဘူး၊ ငွေမရှာသေးဘူး၊ မိဘက တင်ကျွေးထားရတယ်ဆိုလည်း ဘယ်ကောင်းမလဲ။

တစ်ဖက်မှာလည်း Interdependent ဖြစ်ဖို့ လိုအပ်သေးတယ်လို့ နားလည်လာတယ်။ အပြန်အလှန် အမှီသဟဲ ပြုတတ်ဖို့ပေါ့။ Independent တော့ ဖြစ်ပါရဲ့၊ Interdependent မဖြစ်တဲ့သူက ထီးထီးကြီး တည်ရှိနေတဲ့ သစ်ပင်နဲ့ တူတယ်။ ကြံ့ခိုင်သော်ငြား အမှီသဟဲ၊ အပေါင်းအဖော် မရှိတော့ သူ့ခံနိုင်ရည်ထက် ကျော်လွန်လာတဲ့အခါ ပြိုလဲသွားတတ်တယ်။

Interdependent ဖြစ်တဲ့သူကတော့ သစ်ပင်တွေ အုပ်လိုက်ကြီးထဲ ရှိနေတာမျိုးနဲ့ တူပါတယ်။ သူ့ကိုယ်မှီလိုက်၊ ကိုယ့်သူမှီလိုက်နဲ့ အခက်အခဲတွေကို ပိုပြီး ကြံ့ကြံ့ခံနိုင်ပါလိမ့်မယ်။

🔳 ဒါကြောင့် ငါပဲ လုပ်ပေးမယ်ဆိုတဲ့ စိတ်မျိုး မထားပါနဲ့။ ပရဟိတစိတ် ဆိုပေမဲ့ တစ်ဖက်မှာလည်း အတ္တ ဖြစ်သွားပါတယ်။ ချစ်တဲ့သူကို တစ်ခုခု လုပ်ပေးလိုက်ရလို့ ကျေနပ်သွားတဲ့စိတ်မျိုး ကိုယ်ပဲ ခံစားမယ်၊ တစ်ဖက်လူကိုတော့ ခံစားခွင့်မပေးသလို ဖြစ်နေလို့ပါ။

ဒီတော့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ သားသမီးတွေ၊ တပည့်တွေ၊ မိတ်ဆွေတွေကိုလည်း အဲဒီခံစားချက်ကလေး ပေးခံစားလိုက်ပါ။ ကိုယ်ကျေးဇူးပြုဖူးတဲ့သူက ကိုယ့်ကို ကျေးဇူးတုံ့ပြန်ချင်တယ်ဆိုလည်း ခွင့်ပြုပေးပါ။ စိတ်တွေကို ဖွင့်ထားပါ။ ချစ်ခြင်းမေတ္တာတွေကို လက်ခံပါ။ အသိအမှတ်လည်း ပြုပေးပါ။

🔳 အမှီအခိုကင်းတာ ကောင်းပေမဲ့ လုံးလုံးလျားလျား မမှီခိုတတ်တော့တာကလည်း ကိုယ့်ကို လိုတာထက် ပိုပင်ပန်းစေတယ် ဆိုတာ သတိပြုစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃.၁၀.၂၀၂၃

Photo credit - Pixabay

No need for love like poisonLove is not urgent for meI just want selfless love🥰
02/10/2023

No need for love like poison

Love is not urgent for me

I just want selfless love🥰

27/09/2023

A person who enjoys working 🤪

18/09/2023

လူတော်တော်များများ
လူပျို၊ အပျော်ဘော်ဝင်လာတာနဲ့ ၊ အကြောင်း အရာများစွာနဲ့ အရွယ်ရောက်လာပြီဆိုတာနဲ့ စိတ်ကစားလာကြတော့တာပါပဲ
ပထမအရွယ်ဆိုတဲ့ ကာလတစ်ခု အသိပညာသာမက၊ အတတ်ပညာတစ်ခု ဆည်းပူးသင့်တဲ့ ကာလမှာတော့ အိမ်ထောင်ပြုခြင်းဟာ စောလွန်းပါတယ်

အိမ်ထောင်မပြုဖို့ ပြောတာမဟုတ်ပါဘူး
ပြီးတော့ အချို့ပြောကြတယ်
မင်းတို့ အဲ့လိုတွေးနေလို့ကတော့ အဆင်ပြေမှာမဟုတ်ဘူး။ သူ့ဘာသာ အဆင်ပြေသွားလိမ့်မယ်

နှစ်ယောက်ယူပြီး စုစုဆောင်းဆောင်းနဲ့ အဆင်ပြေသွားကြတာတွေ အများကြီးပဲ ဆိုတာတွေလည်း အမြဲ မြင်နေ၊ ကြားနေရတာပါပဲ။ ဒါတွေ အဆင်ပြေကောင်း ပြေနိုင်ပါတယ်

ဒါပေမဲ့
ဖြတ်သန်းမှု အရပဲ ဖြစ်ဖြစ်
ဘယ်သူ့ကို မဆို ကိုယ့်ညီ၊ ကိုယ့်ညီမလေးလိုပဲ မြင်ပြီး ငယ်ငယ် ရွယ်ရွယ်လေးတွေမှာ လှလှပပ ကောင်းကောင်း မွန်မွန်လေးတွေနဲ့ နေစေချင်သေးတယ်

မုဒိတာ ပွါးလွန်းတာ မတတ်နိုင်ရင်တောင်
ဒီအရွယ်လေးတွေ ကိုယ့်အသိ၊ ကိုယ့်အတတ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး သပ်သပ်ရပ်ရပ် နေထိုင်နေတာလေးတွေ မြင်ချင် တွေ့ချင်ပါသေးတယ်

ဒါ့ကြောင့်
ဘဝမှာ ပထမဆုံး
အတန်းပညာ သင်ပါ
အလားတူ အတတ်ပညာ သင်ပါအုံး

ပြီးတော့
ကိုယ့်ခြေထောက်ပေါ် ခဏ တစ်ဖြုတ် ရပ်နိုင်တာမျိုး မဟုတ်ပါဘူး
အကောင်းပဲ ကြုံကြုံ၊ အဆိုးနဲ့ပဲ ဆုံဆုံ ဘယ်အခြေအနေမှာမဆို မတ်မတ်ရပ်နိုင်အောင် ကြိုးစားပါအုံး

ကိုယ့်လုပ်စာနဲ့
ကိုယ့်မိဘကို ကျွေးဖူးတယ်ရှိအောင် ကျွေးပါအုံး

ကိုယ်တိုင် အချမ်းသာကြီးမဟုတ်တောင် ကိုယ့်လိုအင် ကိုယ်ဖြည့်ပြီး လူတန်းစေ့လေး ဝတ်၊ စား၊ နေထိုင်ပါအုံး

ကိုယ့်ကိုယ်ကိုယ် တောက်ပြောင်အောင် ထားနိုင်လာတဲ့ အခါ အိမ်ထောင်ဖက်လည်း မရှားဘူး
ဒါတင်မက
ကိုယ်နဲ့ ထိုက်တန်တဲ့အရာလေးတွေလည်း ကောင်းကောင်း မွန်မွန်တွေ့နိုင်ပါသေးတယ်

အိမ်ထောင်ပြုဖို့ အလျင်မလိုပါနဲ့
အိမ်ထောင်ပြုတယ်ဆိုမှတော့ အတင်းအကြပ် ပေးစားတဲ့ ခေတ်တွေလည်း ကုန်နေပါပြီ။ ကိုယ်ချစ်လို့၊ ကိုယ်ကြိုက်လို့ ယူကြတာ ပိုများပါတယ်

ဒီတော့ အဆင်ပြေပြေ မဟုတ်ဘဲ အဆောတလျင် အိမ်ထောင်ပြုတဲ့အခါ သာယာလည်း ခဏပဲ
သူ့လိုအင်လည်း မဖြည့်နိုင်
ကိုယ့်လိုအင်လည်း မပြည့်နိုင်တဲ့အခါ နားလည်မှုခိုင်ခိုင်မာမာသာ မရှိရင် အချိန်ကြာကြာ တည်တံ့ဖို့ တော်တော်လေးကို ခဲယဉ်းပါတယ်

ပိုက်ဆံ ရှိတိုင်း အိမ်ထောင်ရေး အဆင်မပြေပါဘူး
မှန်ပါတယ်
သူ့အကျိုးပေးနဲ့ သူဆိုပေမဲ့
ပထမအရွယ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်သေးဘဲ
ချစ်တာ တစ်ခုနဲ့
စိတ်မချတာ တစ်ခုနဲ့
အတူနေချင်တာ တစ်ခုနဲ့ အိမ်ထောင်မပြုကြပါနဲ့ …

လူငယ် သဘာဝ
ကိုယ်တိုင်ကြိုးစားပြီး ခရီးတွေ သွားပါအုံး

ကိုယ့်ဝါသနာဘာလဲ ကိုယ်တိုင်ပြန်မေးပြီး
ရည်မှန်းချက်တွေ ဖော်ပါအုံး

လူဖြစ်လာတဲ့ အခိုက်အတံ့
ကောင်းကောင်းမွန်မွန် ဝတ်စားနေထိုင်ပါအုံး

မျိုးဆက်တွေ ချန်ထားဖို့အတွက် အိမ်ထောင်ပြုပါဆိုသော်ငြား ဥပမာပေးရရင်
ကိုယ်ထားခဲ့မယ့် မျိုးဆက်ဆိုတာ
ခြင်တွေလို ပွါးဖို့ မလိုပါဘူး
ခြင်အစား ဆင်တွေလို အားနဲ့ အင်နဲ့ထားနိုင်ခဲ့ရင် ပိုတန်ဖိုးရှိပါတယ်

ဒါ့ကြောင့်
အိမ်ထောင်ပြုဖို့ ဆန္ဒမစောပါနဲ့
အိမ်ထောင်ပြုဖို့ မလောပါနဲ့ …

ဆြာချစ်
(၂၀၂၃ စက်တင်ဘာ ၁၇)

17/09/2023

🌱အ​ကြောက်တရားကို ​ကျော်လွန်ပြီး တစ်ကိုယ်တည်း ရှင်သန်ရပ်တည်ပါ...🌱

⏳ "ငါ့ကိုလူ​တွေ ဘယ်လို ​ပြောကြမလည်း မသိဘူး" ဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိသမျှလူ​တွေရဲ့ အကြီးမားဆုံး အ​ကြောက်တရား​တွေထဲက တစ်ခု ဖြစ်ပါတယ်.... ​ဝေဖန်ခံရမှာ ​ကြောက်တာ​ကြောင့် လူ​တော်​တော်များများက ပုံမှန် ရည်မှန်းချက်မရှိတဲ့ ဘဝမှာ ​ရေစုန်​မျော​​နေတတ်ပါတယ်...

🎯 သင့်ရဲ့ ရည်မှန်းချက်ကို ထက်သန်တဲ့ လုပ်​ဆောင်မှုအ​ပေါ် ယုံကြည်ချက်က လူ​တော်​တော်များများကို မျက်ခုံးပင့်​စေပြီး အဲဒီအချက်ကပဲ မြင့်မြင့်ပျံမယ့် သင့်​တောင်ပံတွေကို ဆွဲဖြဲပစ်​နေတာပါ...သင့်ရဲ့ ရင့်ကျက်ကြီးထွားမှုက ဘယ်သူတစ်ဦးတစ်​ယောက်ကိုမှ မထိခိုက်ဘူးဆိုရင် ရဲရဲသာ ​ရှေ့ဆက်ပါ....

🔎 ဒီ​နေ့ဆိုတာဟာ အ​ပြောင်းအလဲ တစ်ခုဖြစ်​အောင်လုပ်ဖို့ အချိန်​ကောင်းပါပဲ...သင့်ရဲ့အတွင်းစိတ်က ညွှန်ပြသလို ဒီ​လောကြီးထဲမှာ ရဲရဲဝံ့ဝံ့ ​တောက်ပလိုက်ပါ...

😍 သူများတစ်ကာရဲ့ အကြည့်​အောက်မှာ မကျရှုံးစမ်းပါနဲ့...ကိုယ်ဟာကိုယ် စစ်မှန်နိုင်ဖို့ သတ္တိ​တွေ ရှိလာပြီးဆိုရင်
သင့်ကို ဘယ်သူကမှ မတားဆီးနိုင်​တော့ပါဘူး...

🌞 ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကိုယ်ပိုင် ​နေ့သစ်​တွေကို ဖန်တီးယူပါ...ဘဝကြီးက ​ပေးသ​လောက်နဲ့ ​ကျေနပ်​နေမယ့်အစား သင့်ဘဝကို ကိုယ်တိုင် ပုံ​ဖော်ဖို့ စတင်ကြိုးစားပါ...

17.9.2023
#ချစ်ခင်​လေးစားစွာဖြင့်
(DFL)

A smile can mean a thousand words,     but it can also hide a thousand problems 🥰
01/09/2023

A smile can mean a thousand words,
but it can also hide a thousand problems 🥰

07/08/2023

ကိုယ့် ဘဝကို အခက်အခဲ ကြားက မနဲ ရုန်းနေရသူ တွေ အတွက် မကောင်းတဲ့ vibe တွေ ကြောင့် ကိုယ် က ခက်ခဲ နေရတဲ့ ထဲ ပို ပင်ပန်း ရတတ်လို့ ကိုယ့် vibe လေး ပြန်ကောင်းအောင် ၊ အကြည်ဓာတ်လေး နဲ့ ပြန် အဆင်ပြေအောင် ခု အောက်က ၁၀ ချက် ကို တဖြေးဖြေးချင်း လုပ်ကြည့်ပါ နော် ~

1️⃣ အတင်းအဖျင်း တွေ နဲ့ ဒရာမာတွေ နဲ့ ခပ်ခွါခါနေပါ

2️⃣ ကိုယ် control လုပ်မရနိုင်တဲ့ အရာတွေ၊ ထိန်းချုပ် ပြုပြင်မရနိုင်တာတွေ အတွက် စိတ်ပင်ပန်း မခံ ပါနဲ့

3️⃣ ကိုယ့်ကိုယ်ကို သူတပါးနဲ့ နှိုင်းယှဉ်ကြည့်ခြင်းမှ ရှောင်ကြဉ်ပါ ၊ လူဆိုတာ တဘဝစီပဲမို့ တူညီတဲ့ ပေတံ နဲ့ တိုင်းတာ လို့ မရပါဘူး

4️⃣ ယုံကြည်မှု “faith” ကို စိတ်မှာ အဓိကထားပါ ၊ ကြောက်တတ်တဲ့ စိတ်ကို နောက်ပို့ပါ

5️⃣ စိတ်ထဲ သိပ်ဘဝင်မကျဘူး ထင်တဲ့ ကိစ္စမျိုးဆိုရင် ရှေ့ဆက်မလုပ်ပါနဲ့ ၊ လူတွေရဲ့ gut feeling ခေါ် အာရုံရတယ် ဆိုတာက အများစု မှန်နေတတ်လို့ပါ

6️⃣ တယောက်ထဲ ဖြစ်မှာစိုးပီး people pleaser မလုပ်ပါနဲ့ ၊ တခါတရံ တကိုယ်ထဲ အေးဆေး နေရတာလည်း ကောင်းကြောင်း သိလာမှာပါ

7️⃣ ကိုယ့်ကိုယ်ကို ညှာတာပါ ၊ စိတ်ထဲက နေ ကိုယ့်ကိုယ် အမြဲ ပစ်တင် ပြောဆို နေမဲ့ အစား အားပေးပါ ၊ ချီးကျူးပါ

8️⃣ သူများ ကို အလိုလိုက် အကြိုက်ဆောင် လိုက်ပေါင်းတာမျိုးထက် ကိုယ့်ကိုယ်ကို အလိုလိုက် ပီး စိတ်ချမ်းသာအောင် ထားပါ

9️⃣ ကိုယ့် ဆီကသာ ရသမျှ ယူပီး ကျေးဇူးကန်း ၊ ကျေးဇူး မသိတတ်သော ၊ ကိုယ့် energy ကို ယုတ်လျော့ စေသူများ နဲ့ ခပ်ခွါခွါ နေပါ

🔟 ကိုယ့် ဘဝ ကောင်းကျိုးကို လိုလားလို့ မဟုတ်တဲ့ အသားလွတ် ကဲ့ရဲ့ ပစ်တင် ဝေဖန်မှုတွေကို အရေးမစိုက်တတ်တဲ့ အကျင့် လုပ်ပါ ( ဒါလေး ထပ်ချဲ့ ရေးဖို့ ရှိပါသေးတယ် ၊ နောက်ရက်မှ )

မိုး လည်း ကြိုးစားနေဆဲပဲ ..

bad vibes လေးတွေ ဆို remove လိုက်ပါ ..
Credit

03/08/2023

ငွေဆိုတာ
လိုတဲ့အချိန်တိုင်းရှာလို့
ရတာမဟုတ်ဘူး။

၁။အခါအခွင့်သင့်ချိန်။
၂။ကံကောင်းနေတဲ့အချိန်...။
၃။အရွယ်ကောင်းနေတဲ့အချိန်...။
၄။ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ခေတ်ကောင်းနေတဲ့အချိန်...။

အခါအခွင့်သင့်လို့
အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။

ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။

အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။

ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး။


Credit-To Original Writer
ပြန်လည်မျှဝေသည်.....
-BH🦚🦚🦚

02/08/2023

ချစ်တဲ့အမျိုးသမီးတွေကို စကားလက်ဆောင်
ပါးချင်တာက အိမ်ထောင်ပြုဖို့ မလောပါနဲ့။
ဘဝကို ပြီးစလွယ်မနေပါနဲ့။
ဖြစ်သလို မနေပါနဲ့။
အသက်၃၀ ရောက်တာနဲ့
အိမ်ထောင်ပြုရမယ်လို့ ဘယ်သူများ
ပြောထားလို့လဲ။

တဖြည်းဖြည်းနဲ့ တစ်ယောက်ထဲ သမားတွေ
ပိုများလာလိမ့်မယ်။ဘာလို့ဆို အချစ်စစ်
ရှားတာရေ အိမ်ထောင်ပြုဖို့ ငွေလိုတာရေ။

အလုပ်ကြိုးစားပါ။ငွေရှာပါ။စုဆောင်းပါ။
လိုချင်တာ ဝယ်ပါ။စားချင်တာ စားပါ။
ကိုယ့်ပိုက်ဆံနဲ့ သုံးရတဲ့ feeling က
လုံးဝမိုက်တယ်။အဲဒီခံစားချက်လေး
ဘာနဲ့မှကို မလဲနိုင်ဘူး။ကိုယ်ပိုင်ဝင်ငွေ
ရှာတတ်တဲ့ အမျိုးသမီးက ကိုယ့်မျက်စိထဲ
အလှဆုံးပဲ။Independent Woman
ဖြစ်အောင် ကြိုးစားပါ။

ကိုယ့် own style နဲ့ အထာကျကျ
နေထိုင်ပါ။Lifelong Learning
အမြဲလုပ်နေပါ။သင်ယူမှုနဲ့ပတ်သက်ပြီး
ဘယ်တော့မှ မရပ်လိုက်နဲ့။
အားတဲ့အခါ မဖြစ်မနေ စာဖတ်တဲ့အကျင့်
ရှိပါ။

ကိုယ့်ဘဝ သာယာလှပဖို့ ကိုယ့်မှာ
အပြည့်အဝ တာဝန်ရှိတယ်။
အမြဲဂုဏ်ယူရတဲ့သူအဖြစ်နဲ့ အမြဲကြိုးစားပါ။
တန်ဖိုးရှိအောင် နေထိုင်ပါ။
ကိုယ့်ဘဝကို တန်ဖိုးထားပါ။
ကိုယ့်နုပျိုခြင်းတွေကို ထိုက်တန်တဲ့သူနဲ့
အတူ ကုန်ဆုံးပါ။
ကိုယ့်ဘဝနဲ့ ပျော်ပျော် နေပါ။

#နူးနူးအောင်
Sep 28/22

30/07/2023

ဘယ်သူ့ကိုမှ အပြစ်တင်မ​နေနဲ့​
ဘယ်သူမှာမှ ကိုယ့်အတွက် ထည့်​တွေး​ပေးဖို့ တာဝန်မရှိဘူး​လေ

သူတို့အဆင်​ပြေဖို့ သူတို့အတွက်ပဲ သူတို့​တွေးမှာ​ပေါ့

​လောကကြီးမှာ ​နေတတ်​အောင် ကြိုးစား

အရမ်း​ခေါင်းရှုပ်လာရင် ခဏတဖြုတ်​​မေ့သွား​အောင်

အိပ်လိုက် . . . အိပ်ယာနိုးလာရင်​တော့ လုပ်စရာရှိတာလုပ်​ပေါ့ . . . .

#သျှင်ယွန်း

Address

Mawlamyine

Telephone

+959425368160

Website

Alerts

Be the first to know and let us send you an email when Diamond Traditional Dress posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share