31/05/2020
ပစ္စည်းတွေမရောက်သေးလို့စိုးရိမ်နေကြလားချစ်လေးတို့ရေ။
မေး - မမ ပစ္စည်းတွေဘယ်တော့ရမှာလဲ?
ဖြေ - ဟုတ်ကဲ့။ ညီမလေး ပစ္စည်းတွေက လမ်းပန်းဆက်သွယ်ရေးကောင်းပြီး အရင်လိုဂိတ်တွေပြန်ဖွင့်တဲ့ခါကျရင်ချက်ချင်းရပါမယ်ရှင့်။
မေး -ဝယ်သူတွေကမေးနေပြီ ခုထိမရသေးဘူးလား
(Ps မမဆို ငွေတွေစိုက်ထားရတာ မြန်မြနိရချင်တာပေါ့)❗❗❗
ဖြေ- ဟုတ်ကဲ့ရှင့်။ ပစ္စည်းမရမှာမပူပါနဲ့ရှင်။ တရုတ်ပြည်တိုက်ရိုက်အလုပ်လုပ်တာပါရှင့်
မေး -ပစ္စည်းရဖို့စောင့်ရတဲ့အချိန်ကကြာလိုက်တာ?
ဖြေ- ဟုတ်ကဲ့ ။၁၄ရက်ကနေတခါတလေ တလထိကြာတာက ကားတန်းရလို့ပါရှင့် စောပြီးရောက်တဲ့အချိန်တွေလဲရှိပါတယ်ရှင့်။
ဒီတခေါက်က တရုတ်ပြည်ဂိတ်ပိတ်ပြီး လူအဝင်ထွက်မရတာကြောင့်အချိန်တွေကြန့်ကြာကုန်တာပါရှင့်။
မေး - ဘာကြောင့်ကြိုလွှဲရတာလဲ?
ဖြေ- တချို့ တချို့သော cusတွေက (အားလုံးတော့မဟုတ်ပါဘူးနော်) ဒီဟာယူမယ် ဖယ်ပေးပါ။ ဟိုဟာလေးယူမယ်။ အိမ်ရောက်မှငွေရှင်းမယ်။ onlineshopတွေက ယုံပြီး deli အပ်လိုက်ကော
ဟော အဲ့မှာစတွေ့ပြီ။ ph ဆက်လဲမကိုင် စက်ကပိတ်ထား ။ အဲ့တော့ဘာလုပ်သင့်သလဲ?တချို့ကျ messenger မှာ မှာတယ် ပစ္စည်းစာရင်းလဲတွက်ပြီး လာပို့မယ်ပြောတော့ အဖက်မလုပ် online shop လုပ်တဲ့သူတွေမှာလဲ သူ့အခက်အခဒနဲ့သူရှိတက်ကြပါတယ်။ ဖောက်သည်ဆို တမျိုးပေါ့။deliခ လေးလဲတဆက်တည်းရှင်းပြချင်ပါတယ်ရှင့်။ deli ကြေးတောင်းတယ်ဆိုတာက မ တို့ရတာမဟုတ်ပါဘူး ။ နေပူပူ မိုးရွှာရွှာ ပင်ပန်းပြီးလိုက်ပို့နေရတဲ့ ဝန်ထမ်းတွေရတာပါရှင့်။
ချစ်လေးတို့မှာထားတဲ့ပစ္စည်းလေး ၂/၃ပတ်ထက်ကျော်သွားလို့
တဂယ်ကို စိတ်လဲမကောင်းမပါဘူး ။ ဘယ်တက်နိုင်ပါ့မလဲ လူကိုယ်တိုင်ဝင်ယူလို့မှမရဘဲ ။ ချစ်လေးတို့လဲ fb သုံးနေတာဆိုတော့ သတင်းတွေအမြဲတွေ့ရမှာပါနော်။
သယ်ထုတ်လာပေးတဲ့ကားထဲက ပစ္စည်းလေးတွေ မ လက်ထဲရောက်တာနဲ့ အမြန်စစ်ပြီး ချစ်လေးတို့ဆီ အမြန်ဆုံးပြေးပြီး လာပို့ပေးပါမယ်နော်
💓ကျေးဇူး တင်ပါတယ်ရှင့်💓