Rememberme

Rememberme Thrift shop & good second Clothes များကိုစျေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ပါသည်� Thrift Shop & Good Second Clothes

အဖြူထည်လေးများ😍
14/03/2022

အဖြူထည်လေးများ😍

Thrift အထည်များဖြစ်ပါသဖြင့် Error အနည်းအကျဥ်းလေးများကိုလက်ခံနိုင်မှဝယ်ယူအားပေးပါ😊
14/03/2022

Thrift အထည်များဖြစ်ပါသဖြင့် Error အနည်းအကျဥ်းလေးများကိုလက်ခံနိုင်မှဝယ်ယူအားပေးပါ😊

ပထမဦးစွာ Page လေးဖွင့်မယ်ပြောပြီး မဖွင့်ဖြစ်တဲ့အတွက် မိတ်ဆွေ များအားလုံးကို တောင်းပန်ပါတယ်🙏ခုချိန်ကစပြီး REMEMBER ME Pa...
14/03/2022

ပထမဦးစွာ Page လေးဖွင့်မယ်ပြောပြီး မဖွင့်ဖြစ်တဲ့အတွက် မိတ်ဆွေ များအားလုံးကို တောင်းပန်ပါတယ်🙏

ခုချိန်ကစပြီး REMEMBER ME Page လေး ဖွင့်လိုက်ပါပြီ ကာကာ များအားလုံးဝင်ရောက်အားပေးလို့ရပါပြီ🥰

ပစ္စည်းပို့တာကတော့ကားဖြတ်သွားလို့တဲ့နေရာတိုင်းကိုပို့ပါတယ်😁

မင်းလှမြို့နယ်နဲ့အနီးတစ်ဝိုက်ကတော့ deli free ပို့ပေးပါတယ်😊

Kpay-09401587243
Wavepay-09974205033

Page Adminကတော့ photo ထဲက မမ ပါ

ကျေးဇူးပါရှင့်🥰

⛔ ဘေထုပ် နဲ့ Vintage ကွဲပြားပါစေ ⛔Admin အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့သူတွေ ...
14/03/2022

⛔ ဘေထုပ် နဲ့ Vintage ကွဲပြားပါစေ ⛔

Admin အခုတင်ထားတဲ့ ခေါင်းစဉ်ကတော့
သိပြီးသားလူတွေ အတွက်က ဘာမှမဟုတ်ပေမယ့် မသိသေးတဲ့
သူတွေ အတွက်တော့ ထူးဆန်းနေလိမ့်မယ် ။ ဘာလို့ဆို ဒီနိုင်ငံမှာက
Vintage ဆိုတဲ့ အထည်တော်တော်များများကလည်း ဘေထုပ်
ထည်းကဘဲ ရတာကိုး ။ ဟုတ်ပါတယ်
အဲ့ဒါကလည်း မှန်သင့်သလောက်တော့ မှန်ပါတယ် ။ Vintage တွေ
ခေတ်စားနေတဲ့ နိုင်ငံတွေမှာတော့ Vintage Tee,
Vintage Cap, Vintage အသုံးဆောင်တွေရဖို့ကို ဈေးကြီးပေးဝယ်ကြရပါတယ် ။
တစ်ကယ်တန်ဖိုးထားတဲ့ သူတွေအတွက်တော့ Vintage Tee
တစ်ထည်ဟာ ရွှေထက် တန်ဖိုး ရှိပါတယ် ။ ဒါကြောင့် သူများနိုင်ငံ
တွေမှာ Vintage ကို ဈေးကြီးပေးဝယ်ကြသလို တန်ဖိုးထားကြပါတယ် ။

⛔ ဘေထုပ်ဆိုတာ

Bale ဆိုတာကတော့ English အခေါ်ဝေါ်ဖြစ်ပြီး
အထုပ်လိုက် ထုပ်ထားတာဖြစ်လို့ မြန်မာပြည်ရောက်တော့
ဘေထုပ်ဖြစ်သွားတာပါ ။ ဘေထုပ်ဆိုတာ အလွယ်ပြောရရင်
အထုပ်ထည်းက ထွက်တာမှန်သမျှကို ဘေထုပ်လို့ခေါ်နိုင်ပါတယ် ။
ဘေထုပ်ထည်းမှာတော့ အတုတွေ အစစ်တွေ အသစ်တွေ အဟောင်းတွေ အကုန်ရနိုင်ပါတယ် ။ ဒါကြောင့် ဘေထည်းကပါတဲ့
အထည်တိုင်း Authentic ဖြစ်မနေပါဘူး ။ Legit Check
ဖို့တော့ လိုပါလိမ့်မယ် ။ ဒါမှမဟုတ် စိတ်ချရတဲ့ Page တွေမှာ
ဝယ်ယူဖို့ အကြံပြုပါရစေ ။

⛔ Vintage Clothing

Vintage Clothing ဆိုတာကတော့ အထုပ်ထည်းကထွက်သမျှ
Vintage Clothing ဖြစ်မနေပါဘူး ။ Vintage Tee
တစ်ထည်မှာ ရှိသင့်တဲ့ Treadmark တွေ Copyright ခုနှစ်
ဘာညာ နဲ့ Vintage Tee တစ်ထည်လို့ ခေါ်ရလောက်တဲ့
Print တွေ Tag တွေ ရှိနေဖို့တော့ လိုအပ်ပါလိမ့်မယ် ။ Vintage
Tee တစ်ထည်ဟာ အနည်းဆုံး နှစ် ၂၀ လောက်တော့ ရှိသင့်ပါတယ်။
အလွယ်နည်းနဲ့ ပြောရရင် Uniqlo တစ်ထည်မှာ ဟိုးအရင်က ခုနှစ်တွေ ထည့်ထားတာဟာ Vintage မဟုတ်ပါဘူး ။
( Reproduction) လို့ အလွယ်ခေါ်ပါတယ် ။
အခု နောက်ပိုင်း အသစ် လိုက်ထုတ်ထားတာတွေလည်း ရှိပါတယ် ။
အပြဲအထာတွေ အဟောင်းအထာတွေ အဲ့တာတွေကလည်း
Vintage မဟုတ်ပါဘူး ။ (Vintage Style) လို့တော့ခေါ်နိုင်ပါတယ် ။

⛔ ဘေထုပ်နှိုက်ခြင်း အနုပညာ

ဘေထုပ်နှိုက်တာကလည်း ထင်သလောက် မလွယ်ကူပါဘူး ။
သူတို့ရဲ့ အချိန်တွေ ငွေတွေ ပညာတွေ ရင်းပြီးမှရတာပါ ။
Round Two Founder Sean Wotherspoon
ဆိုရင် မသိတဲ့သူ မရှိသလောက်ပါဘဲ ။
သူဆိုရင်လည်း သူ့ရဲ့ပညာနဲ့ သူရှာဖွေထားတဲ့ အထည်တွေကို
Round Two မှာ ပြန်တင်တယ် ။ သူ ဒီအထည်တွေကို
ဘယ်လောက်နဲ့ ရခဲ့လည်း ဘယ်သူမှ စိတ်မဝင်စားကြဘူး ။
သူတို့ စိတ်ဝင်စားကြတာက ဒါကိုဘယ်အချိန်တင်မလည်း ။
ဘာတွေပါမလည်း ။ ဘယ်တော့သွားဝယ်ကြမလည်း ။
အဲ့ဒါတွေဘဲ သူတို့ စိတ်ဝင်စားကြတာပါ ။

ဆိုတော့...ပြောချင်တာက ဈေးကြီးတိုင်းလည်း မကောင်းသလို
ဈေးနည်းတိုင်းလည်း မကောင်းတာမဟုတ်ပါဘူး ။
အဓိက ကတော့ ကိုယ်ကြိုက်နေဖို့ပါဘဲ ။
(ကိုယ်အရမ်းကြိုက်နေတဲ့ အရာက လုံးဝ မိုက်နေရင်တော့ Perfect
ပေါ့ဗျာ)

⛔ For ဂျင်း Sellers

စောစောက Admin ပြောခဲ့သလိုဘဲ စိတ်ချရတဲ့ Page တွေ
တစ်ကယ်နားလည်တဲ့ သူတွေထည်းက ဝယ်ယူပါ ။ ဘာလို့ဆို
Vintage Clothing အမည်ခံပြီး Sellers တွေ ကိုယ်တိုင်ကိုက
Google မှာ ရိုက်ရှာလို့ ပေါ်လာရင် အစစ်ထင်နေတဲ့ သူတွေ
အရမ်းများလာလို့ပါ ။ တစ်ချို့ကလည်း သိသိကြီးနဲ့ ဂျင်း ကြတယ်
(စီးပွားရေးအတွက်ဆို Thailand ကို USA ဖြစ်အောင် ပြောဖို့က
သူတို့အတွက် အရမ်းလွယ်ကူလွန်းပါတယ်) Vintage Culture
ကို ခေတ်မစားခင်ထည်းက မပျက်စီးစေချင်ရုံ စေတနာနဲ့ ပြောခြင်းပါ ။
ဒါမျိုးတွေက 2020 မှာ ထည်းက ရှိကို မရှိသင့်တော့ပါဘူး ။
(အနာထိလို့ စပ်တယ်ဆိုလည်း စပ်ကြပါ 😜😜😜)

ပြီးတော့ နိဂုံးမချုပ်ခင် Admin အကြံပြုချင်တာကတော့
Collector လုပ်ဖို့ဘဲဖြစ်ဖြစ် တစ်ထည်, နှစ်ထည် ဝယ်ဖို့ဘဲဖြစ်ဖြစ်
ကောင်းတာကိုဘဲဝယ်ပါ
မကောင်းတာ နှစ်ထည်နဲ့
ကောင်းတာ တစ်ထည်က ဈေးတူနေမယ်ဆိုရင် လုံးဝ မတွေဝေပါနဲ့
အဖြေကအရှင်းကြီးပါ လူတိုင်းကောင်းတာ ကြိုက်ကြတာဘဲလေ ။
ပိုက်ဆံ အကုန်ကျခံပြီး ဝယ်တာခြင်းအတူတူတော့ ကောင်းတာဘဲ
ဝယ်ဖို့ အကြံပြုပါရစေ ။

⛔2021 က စပြီး Vintage Culture ကို Bangkok ကို
မမှီရင်တောင်မှ အခုကစပြီး မှီအောင် ကြိုးစားစေချင်ပါတယ် ။
အတု အယောင်တွေကို ဖယ်ရှားပြီး အစစ် အမှန်တွေနဲ့
Vintage Culture ကြီး တိုးတက်လာအောင်
အားလုံး ဝိုင်းဝန်းကူညီ ပေးကြဖို့လည်း မေတ္တာရပ်ခံပါတယ် ။

⛔ Vintage Tag လေးတွေ သိသလောက် ရှာလို့ရသလောက်လေး တင်ပေးထားပါတယ် ။
(Sharing လုပ်ပေးခြင်းသာ ဖြစ်ပါတယ်)

စာ/ပုံ
မူရင်းတင်သူကို လေးစားသောအားဖြင့်🙏🙏🙏

14/03/2022

ပိုက်ဆံရှိတဲ့သူတွေပဲ ဝတ်လေ့ရှိတဲ့
thrifty Vintage (မြန်မာအခေါ် ဘေထုတ်)

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅

တကယ်တော့ နိုင်ငံတကာမှာ
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး😱
စိတ်ဝင်စားလေ့ရှိပါတယ်

ဘာကြောင့်လဲဆိုတော့
နံမည်ကြီးအမှတ်တံဆိပ်တွေမှ
အသစ်ထပ်မံ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်😱

သူကအသစ်မဟုတ်လို့ဆိုပြီးဝယ်ရင်စိတ်မသန့်တာမျိုးမဖြစ်ပဲဒီဇိုင်းကွာလာတီကိုပိုကြိုက်လို့ဆိုပြီးဝယ်စေချင်တယ်

ဒါ့အပြင်
ဒီဇိုင်းအသစ်တွေ
ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ

အခုပဲ Remember Me ကိုlikeလုပ်ထားကြစို့နော်🥰

Address

Minhla

Website

Alerts

Be the first to know and let us send you an email when Rememberme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category