A Me Yoga

A Me Yoga ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့ ယောဂတူတူကျင့်ကြရအောင်🧘
ယောဂသင်တန်းနှင့်ပတ်သက်ပြီးစုံစမ်းနိုင်ပါပြီ
ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊09400051598

❣️❣️❣️လှလိုက်တာ❣️❣️❣️ခုလိုပူတဲ့အချိန်လဲ အတန်းမှန်မှန်ယောဂ လေ့ကျင်ကြတာ ဇွဲကတော့ တကယ်လေးစားရတယ်။ညနေ ၅:၃၀-၆:၃၀ Wednesday, T...
04/06/2026

❣️❣️❣️လှလိုက်တာ❣️❣️❣️
ခုလိုပူတဲ့အချိန်လဲ အတန်းမှန်မှန်ယောဂ လေ့ကျင်ကြတာ ဇွဲကတော့ တကယ်လေးစားရတယ်။
ညနေ ၅:၃၀-၆:၃၀ Wednesday, Thursday, Friday

01/06/2026

❣️ကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုကျေးဇူးအရမ်းတင်ပါတယ်။
❣️ခြေလက်တွေသန်မာနေတာ၊ ကျန်းမာရေးတွေကောင်းနေတဲ့အခြေအနေလေးကိုပိုင်ဆိုင်ရတာ တကယ်ကျေးဇူးတင်ပါတယ်။
❣️ယောဂလေ့ကျင့်ဖြစ်စေတဲ့အခြေအနေ၊အထောက်အပံ့ အားလုံးကိုကျေးဇူးတင်ပါတယ်။

ရာဘာယောဂဖျာလေးတွေပြန်ရောက်ထားတယ်။ လိုအပ်ရင် 09768988395 ဆက်ပြီးမှာယူနိုင်ပါတယ်။
01/06/2026

ရာဘာယောဂဖျာလေးတွေပြန်ရောက်ထားတယ်။
လိုအပ်ရင် 09768988395 ဆက်ပြီးမှာယူနိုင်ပါတယ်။

31/05/2026

🍂အေမီရဲ့ယောဂ video လေးတွေတင်တာ ယောဂသင်တန်းတွေကြေညာနေရုံသက်သက်တင်တာမဟုတ်ပါဘူးနော်။
🍂ကြည့်တဲ့သူတွေ ကျန်းမာရေးလိုက်စားချင်လာအောင်၊လေကျင့်ခန်းလုပ်ချင်စိတ်လေးတွေပေါ်ပေါက်လာအောင် ဆိုတဲ့ရည်ရွယ်ချက်ကြောင့်ပါ။

🍂ဘာလေ့ကျင့်ခန်းပဲဖြစ်ဖြစ်လေ့ကျင့်ဖြစ်ဖို့ကအရေးကြီးဆုံးပါပဲ။
🍂ကိုယ်တိုင်လဲလေ့လာသင်ယူနေရဆဲပါ၊
🍂‌အသစ်တွေပေးနိုင်အောင် သင်တန်းချိန်လေးတွေလျော့ပြီးအကောင်းဆုံးလေ့လာသင်ယူနေပါတယ်။
🍂အေမီနဲ့ energy ကိုက်တဲ့သူ အေမီဆီရောက်လာမှာပါပဲ
🍂ကိုယ်ဆီလာတဲ့သူတွေကိုဘယ်လိုအကောင်းဆုံးတွေပေးရမလဲဆိုတာပဲ အေမီအတွက်အရေးကြီးဆုံး☺️

🍁အေမီနဲ့အတူ ယောဂလေ့ကျင့်ချင်ရင်ညနေ ၅:၃၀-၆:၃၀ Wednesday, Thursday, Friday အတန်းဝင်လို့ရပါသေးတယ်။🍁လတ်တလော ညနေ6-7အတန်းနှင့်...
31/05/2026

🍁အေမီနဲ့အတူ ယောဂလေ့ကျင့်ချင်ရင်
ညနေ ၅:၃၀-၆:၃၀ Wednesday, Thursday, Friday
အတန်းဝင်လို့ရပါသေးတယ်။

🍁လတ်တလော ညနေ6-7အတန်းနှင့်မနက် 6:30-7:30အတန်းလူပြည့်နေပါသေးတယ်။(အသစ်ထပ်လက်မခံသေးပါ)☺️
5:30-6:30 class join လို့ရပါသေးတယ်။🤗

🍁လက်ရှိအတန်းများလူပြည့်လျှင် အတန်းထပ်တိုးတော့မည်မဟုတ်တဲ့အတွက် မြန်မြန်စာရင်းသွင်းထားမှစိတ်ချရမယ်နော်။
Private အတန်းချိန်များရှိသေးတာကြောင့်ပါ🥰

❤️အရမ်းချစ်ဖို့ကောင်းပြီး အရမ်းပျော်တက်တဲ့ မနက်အတန်းကမမများကြောင့် တစ်ပတ် 4ရက်က ကုန်တာမြန်နေသလိုပါပဲ။မွေးနေ့ရှင် မမ Aye ...
28/05/2026

❤️အရမ်းချစ်ဖို့ကောင်းပြီး အရမ်းပျော်တက်တဲ့ မနက်အတန်းကမမများကြောင့် တစ်ပတ် 4ရက်က ကုန်တာမြန်နေသလိုပါပဲ။
မွေးနေ့ရှင် မမ Aye Sandar Moe Happy birthday 🎂 🎈 ကြိုလုပ်ပေးလိုက်ပါတယ်ရှင့်
❤️ခဏတာ ဘဝအမောလေးတွေပြေစေတာမို့ အားလုံးကိုချစ်ပြီးကျေးဇူးတင်ပါတယ်😘

27/05/2026

🪻ပုံမှန်က သင်တန်းချိန်တွေပဲလိုက်သင်နေတော့ ကိုယ့်ရဲ့လေ့ကျင့်ချိန်နည်းလာတာနဲ့အမျှ စိတ်တွေဖိစီးလာတယ်။
🪻ခန္ဓာကိုယ်လေးလံထိုင်းမိုင်းလာတယ်။
🪻ခဏခဏ နေမကောင်းချင်သလိုတွေဖြစ်လာတာမို့

🪻6လပိုင်းမှစပြီး 5-6အတန်းတစ်တန်းခဏနားထားပါတယ်ရှင့်။
🪻လက်ရှိသင်နေတဲ့သင်တန်းတွေကိုအကောင်းဆုံးများပြန်လည်မျှဝေနိုင်အောင် ကြိုးစားသင်ယူလေ့ကျင့်နေပါတယ်နော်☺️

23/05/2026

🍃လက်တွေ့ဘဝထဲမှာယောဂလေ့ကျင့်ကြမယ်🍃

🍂နေ့စဉ်ဖြတ်သန်းနေရတဲ့အချိန်မှာ ကိုယ်ကြိုက်တာတွေရော၊မကြိုက်တာတွေရော အစုံဖြစ်ပျက်နေကြတယ်။
🍂လူတိုင်းအကောင်းတွေပဲရချင်တာသဘာဝပါပဲ။

🍂ကိုယ်မကြိုက်တဲ့အရာတွေဆို မလိုချင်ဘူးတွန်းထုတ်ချင်တာလဲသဘာဝပါပဲ။

🍂ယောဂလေ့ကျင့်ချိန်မှာလဲ ခန္ဓာကိုယ်ကိုဆွဲဆန့်ချိန်တွေ၊ညောင်းနေအောင်ထိန်းထာရချိန်တွေဆိုခက်ခဲပါတယ်။(count လုပ်နေတဲ့ဆရာမကိုတောင်ဒေါသထွက်လာတက်တယ်😂သဘာဝပါ☺️)

🍂အာ့အချိန်တွေဆို အသက်ရှူသွင်း၊ ရှူထုတ်တာ အရေးအကြီးဆုံးဖြစ်လာပါတယ်။🧘🧘🧘

🍂အသက်ရှူသွင်း၊ရှူထုတ်ချိန်မှာ သတိဝင်လာပါတယ်။

🍂လက်တွေ့ဘဝမှာပဲဖြစ်ဖြစ်၊ ယောဂလေ့ကျင့်ချိန်ဖြစ်ဖြစ် အသက်ရှူသွင်း၊ရှူထုတ် ကိုသတိရှိရှိလေးပြုလုပ်လိုက်တာ ဖြစ်နေတဲ့ ကြိုက်မှု၊မကြိုက်မှုတွေ အကုန်လုံးကမှေးမှိန်သွားပါတော့တယ်။

🪷ဒါဟာယောဂနဲ့လက်တွေ့ဘဝချိတ်ဆက်မှုလေးတစ်ခုပါပဲ🪷

Address

Mogaung

Telephone

+959400003736

Website

Alerts

Be the first to know and let us send you an email when A Me Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share