27/11/2023
HELLO from အောင်သုခလမ်း....ဟမ်း...ဟမ်း....
အခုတစ်ခေါက်ကတော့
📢"ဆိုင်ခန်းရှင်အဒေါ်ကြီးက အဝတ်ဆိုင်ကိုကျူးကျော်ကာ ပန်းကန်ဆိုင်လာဖွင့်နေကြောင်း" အက်မင့်ကာကာတွေကို သတင်းလာပို့တာပါ
ဒါလေးတွေကတော့ ဆူရှီမြေခေါ် (အက်မင့်အခေါ် Otaku Land) ဂျပန်ပြည်က Used ပန်းကန်ခွက်ယောက်လေးတွေပါ
Used ဆိုပေမယ့် စည်းကမ်းရှိတဲ့ နိပွန်သားတွေသုံးထားတာဆိုတော့ မြန်မာပြည်က ကျားကျားယားယားမိန်းမသားတို့ရဲ့ (အက်မင်အပါအဝင်)used လိုမဟုတ်ဘဲ အသစ်လေးတွေအတိုင်း၊ မပဲ့မကျိုး၊ အနားမပဲ့ ...လှလှပပလေးရှိပါသေးတယ်
ပန်းကန်လှလှလေးတွေဝယ်စုရတာကြိုက်တဲ့ မေမေတို့ရော၊ ဆူရှီကို ဂျပန်ပြည်ကပန်းကန်ထဲထည့်စားချင်တာဆိုတဲ့ ကိုကိုမမတွေရော၊ ပန်းကန်/ခွက်လှလှလေးနဲ့စားမှ/သောက်မှ ပိုချိုတာဆိုတဲ့ သူလေးတွေအကုန်
အက်မင်ဆိုင်မှာလာကပ်ဖွင့်ထားတဲ့ အဒေါ်ကြီးဆီ လာအားပေးလိုက်ကြပါဦးနော်
ဆိုင်လိပ်စာ⛩👀⛩
စ/၅၉၊ အောင်သုခလမ်း၊ စျေးကုန်းရပ်၊ မိုးကောင်းမြို့ ၊ ကချင်ပြည်နယ်။