Pyae Sone Linn - Tomboy Accessories Shop

Pyae Sone Linn - Tomboy Accessories Shop "Let's build our dreams together."

သင်္ကြန်တွင်းမိုးကုတ်လာဖို့ရှိလို့ မှာချင်တာလေးရှိရင် page cbမှာ April 9ရက်နေ့နောက်ဆုံးထားပြီး message ပို့ထားနိုင်ပါတယ်...
02/04/2026

သင်္ကြန်တွင်းမိုးကုတ်လာဖို့ရှိလို့ မှာချင်တာလေးရှိရင် page cbမှာ April 9ရက်နေ့နောက်ဆုံးထားပြီး message ပို့ထားနိုင်ပါတယ်ခင်ဗျာ. အလုပ်အားတာနဲ့ reply ပြန်ပေးပါ့မယ်ခင်ဗျ

မိုးကုတ်က ညီအကိုတို့ binder လေးတွေလိုရင် ‌ဒီ TitTok အကောင့်ကို ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ.  အမွှေးပေါက်ဆေး အနည်းင...
09/09/2025

မိုးကုတ်က ညီအကိုတို့ binder လေးတွေလိုရ
င် ‌ဒီ TitTok အကောင့်ကို ဆက်သွယ်ပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ. အမွှေးပေါက်ဆေး အနည်းငယ်ရှိပါလိမ့်မယ်ခင်ဗျ.

226 Followers, 175 Following, 2441 Likes - Watch awesome short videos created by Thuka930

ကျွန်တော်တို့ T on တဲ့ transman အများစုမှာ ဝက်ခြံပြသနာ အသားညစ်တဲ့ပြသနာကြုံရတတ်ပါတယ်. အဲ့ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ ဘာလ...
26/05/2025

ကျွန်တော်တို့ T on တဲ့ transman အများစုမှာ ဝက်ခြံပြသနာ အသားညစ်တဲ့ပြသနာကြုံရတတ်ပါတယ်.
အဲ့ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ ဘာလိုလဲဆိုတော့ ကိုယ်skin care ဖို့ ဂရုစိုက်ပေးမယ့် ကောင်မလေး လိုပါတယ်ခင်ဗျာ...
(စတာပါဗျာ 😁😁😁)

T on ကြတဲ့ သူတွေမှာ တယောက်နဲ့တယောက် သုံးတဲ့ဆေးတွေ သွေးသားမတူတာတွေ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဝက်ခြံထွက်တာ အသားညစ်တာတွေဖြစ်လာတတ်ပါတယ်. ကျွန်တော်လဲ တခြားလူတွေလိုပဲ ဒီပြသနာတွေကြုံခဲ့ရပါတယ်. စထိုးပြီး မကြာခင်မှာပဲ မေးရိုးတလျှောက်ရော နဖူးတွေမှာရော မျက်နှာတပြင်လုံးနီးပါး ဝက်ခြံတွေ မပြတ်တမ်းကို ထွက်ပါတယ်. ဒါပေမယ့် ငါ T onလို့ထွက်တာ ထွက်စမ်းပါစေ တွေးပြီး ပေလျကန်ဂရုမစိုက်ဘဲထားပါတယ်. နောက် ဝက်ခြံသက်သာတယ်ဆိုတဲ့ ကောင်းတယ်ပြောတဲ့ဟာတွေ ရမ်းသုံးတဲ့အခါလဲသုံးပါတယ်. ဒါပေမယ့် မသက်သာသွားပါဘူး.
ဒီနောက်ပိုင်းမှာတော့ Thi Beauty pageရဲ့ admin ကျွန်တော့်ကောင်မလေး ပြောပြပေးပြီး သူသုံးခိုင်းတာလေးတွေလိုက်သုံးတော့မှ ကျွန်တော့်ဝက်ခြံပြသနာလျှော့သွားပါတယ်. Brother ဘာသုံးလဲ မေးရင်တော့ ကျွန်တော်တို့က တယောက်နဲ့တယောက် အသားအရည်မတူညီတာကြောင့် သုံးရမယ့်ပစ္စည်းတွေမတူညီပါဘူးတဲ့.

အသားအရည်ခြောက်လား. အဆီပြန်တဲ့အသားအရည်လား . T Zone (နှာခေါင်းနဲ့နဖူး) မှာပဲ အဆီပြန်တတ်တဲ့လူလား အဲ့ရာတွေပေါ်မူတည်ပြီး သုံးရမယ့်ပစ္စည်းကွဲပြားသွားပါတယ်တဲ့. ညိုကီတို့လဲ ကိုယ် ဘယ်လိုအသားအရည်ရှိလဲ သိနားလည်တဲ့လူမေးပြီး မှန်ကန်တဲ့ skin care များ ရွေးချယ်သုံးရင်း ဝက်ခြံကင်းစင်ပြုံးပျော်ရွှင်နိုင်ပါစေခင်ဗျာ..


Testosterone အကြောင်း ကျွန်တော်သိသလောက် (၁)ဘာမှမပြောခင်မှာ ဒါလေးတွေက ကျွန်တော် ဖတ်မိထားတာလေးတွေ ရှာဖတ်ထားတာလေးကနေ ကျွန်တ...
24/05/2025

Testosterone အကြောင်း ကျွန်တော်သိသလောက် (၁)

ဘာမှမပြောခင်မှာ ဒါလေးတွေက ကျွန်တော် ဖတ်မိထားတာလေးတွေ ရှာဖတ်ထားတာလေးကနေ ကျွန်တော်သိသလောက်လေးတွေဝေမျှပေးတာဖြစ်လို့ လိုအပ်ခဲ့တာရှိရင် မှားနေခဲ့တာရှိရင် ထောက်ပြပေးဖို့ ပြောလိုပါတယ်ခင်ဗျ. ဖတ်မိတဲ့လူမှာ အမှားအသိကြီး မကျန်နေဖို့အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်ခင်ဗျ.

ကျွန်တာ်တို့ပြောင်းလဲမှုစတင်တဲ့အခါ ဇာတ်လိုက်ကြီးဖြစ်တဲ့Testosterone သုံးရာမှာ ထိုးဆေး၊ သောက်ဆေး နဲ့ လိမ်း‌ဆေး ဆိုတဲ့ ပုံစံ၃မျိုးရှိပါတယ်

ကျွန်တာ်တို့ဆီမှာတော့ လိမ်းဆေးက မသုံးသလောက်ရှားပါးပြီး သောက်ဆေးကတော့ သုံးနေကြတဲ့သူတွေရှိပါတယ်. ထိုးဆေးထက်စာရင် အချိန်ပိုပြီးယူရတဲ့အတွက် အများဆုံးကတော့ ထိုးဆေးထိုးကြတာပဲ များကြပါတယ်.

Testosterone အမျိုးအစားတွေ မပြောခင်မှာ ဆေးမသုံးသင့်တဲ့သူတွေအကြောင်း၊ ဘာတွေပြောင်းလဲသွားမယ် ဆိုတဲ့အကြောင်းလေးတွေအရင်ပြောပြပေးပါမယ်.

-ခေါင်းတခြမ်းကိုက်‌‌တဲ့ရောဂါရှိရင်
-အိပ်‌နေရင်း အသက်ရှူကြပ်တတ်တဲ့သူတွေ
-သွေးတွင်းသွေးနီဥများတဲ့သူ
-သွေးတိုး ၊ နှလုံး ၊ ကျောက်ကပ် ၊အသည်းရောဂါ နာတာရှည်ရာဂါရှင် တွေ ကင်ဆာရောဂါဝဒနာရှင်တွေ
-သွေးမတိတ်ရောဂါ သွေးနဲ့ပတ်သက်တဲ့ရာဂါ ရှိသူတွေ testosterone မသုံးသင့်ပါဘူးတဲ့ခင်ဗျာ.

တခြားနိုင်ငံမှာတော့ ဆေးကို ၁၈နှစ်မပြည့်သေးခင်မှာ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့ hormone therapy ခံယူတဲ့လူတွေရှိပေမယ့် ကျွန်တာ်တို့နိုင်ငံမှာတော့ အဲ့လို ဆွေးနွေးတိုင်ပင်ပြီး ထိုးလို့ရတဲ့ ဆေခန်းရှားပါးနေပါ‌သေးတယ်.

ဆေးထိုးမယ်ဆိုရင် ၁၈နှစ်ပြည့်ပြီးမှထိုးသင့်ကြာင်းလဲ သိနားလည်တဲ့သူတွေက တိုက်တွန်းထားပါတယ်. ဆေးထိုးပြီးရင် ပြောင်းလဲမှုတွေက ရှိလာမှာမို့ မိမိ စိတ်ကို သေချာအောင် သေချာဆန်းစစ်ပြီးမှ တကယ်ဖြစ်ချင်တယ် သေချာမှ ထိုးသင့်ပါတယ်. ဆေးမထိုးခင် ၊ ဆေးထိုးနေချိန် တွေမှာလဲ မိမိကျန်းမာရေး hormone level တွေကို ၆လ/တနှစ် တကြိမ်စစ်ဆေးသင့်ပါတယ်.

နောက်တပိုင်းမှာ ဘာတွေပြောင်းလဲမယ်ဆိုတဲ့ဟာလေးဆက်ပါအုန်းမယ်ဗျ



20/05/2025

ကျွန်တော်နဲ့ဟော်မုန်းဆေး(၂)

ကျွန်တော်နဲ့ဟော်မုန်းဆေးအကြောင်းပြောတဲ့အခါ "ဒီခေတ်ကလေးတွေသိပ်‌ကံကောင်းတယ်" ဆိုတာနဲ့ စချင်ပါတယ်.

ဘာလို့ကံကောင်းလဲမေးရင် ကျွန်တော်တို့ခေတ်မှာဆိုရင် transman အချင်းချင်းသိကျွမ်းခင်မင်တဲ့အသိုင်းအဝိုင်းကမဟုတ်ရင်၊ Google ခေါက်တတ်ပြီးလေ့လာတတ်တဲ့လူမဟုတ်ရင် တခြားသူတွေဟာ ဘာဆေးသုံးရမယ် ဈေးဘယ်လောက်ရှိတယ် ဘယ်မှာထိုးရမယ် ဘယ်လိုထိုးရမယ် ဘာတွေဆိုးကျိုးရှိပြီးဘာတွဖြစ်လာမယ် အစရှိသဖြင့်သိဖို့ခဲယဉ်းပါတယ်.

2မျိုးလုံးအကျုံးဝင်နေတဲ့ကျွန်တော်က ဆေးထိုးဖို့ကိုအများကြီး တွေဝေပြီး စထိုးဖြစ်ဖို့နှစ်တွေအများကြီးကြာခဲ့ပါတယ်. ကျွန်တော်အသက် ၃၁နှစ်ပြည့်တဲ့နေ့မှာမှဆေးစထိုးခဲ့တာပါ.

ဒီခေတ်မှာ‌ေတာ့ Facebook သုံးရုံနဲ့တင် ဆေးအမျိုးမျိုး ဈေးအစားစားကအစ ဆေးထိုးနည်းအလယ် ဆိုးကျိုးကောင်းကျိုးအဆုံး အစစအရာရာ ပွင့်လင်းမြင်သာစွာနဲ့ အချင်းချင်း ဝေမျှလာပြီး လေ့လာလို့ရလာပါတယ်.

Transman Myanmar By Ye Wint Thu တို့လို ဝေမျှပေးလိုစိတ်သီးသန့်နဲ့ အသိပညာ ဝေမျှပေးနတဲ့လူတွေလဲ အများကြီးပေါ်လာပြီး သိချင်တာ မေးသမျှ ဖြေပေးတာလဲ ကျေးဇူးတင်စရာပါ.

ဟော်မုန်း‌ေဆးအ‌ေကြာင်းပြန်ကောက်ရရင် ကျွန်တာ် 2020.8လပိုင်းမှာဆေးထိုးခဲ့ပါတယ်. ဆေးမထိုးခင် ကျွန်တာ်အားကျရတဲ့ အကောင့်ထဲက ဘဲကြီးကို မေးတာ့ "ကျွန်တာ်တို့ စိတ်ရှည်ရမယ်. ဆေးတမျိုးထဲကို တလချင်းစီ တစ်နှစ်လာက်ထိုးတယ် တစ်နှစ်‌ေကျာ်မှ တလနှစ်လုံးထိုးဖြစ်တာ .ဈေးမတတ်နိုင်ရင် BPI , ပါကစ်၊ India ဈေးနည်းတယ် .စိတ်ရှည်ရှည်နဲ့ တလတလုံးခြင်းသာထိုး ပြောင်းလဲလာလိမ့်မယ်. ထိုးလိုက်ရပ်လိုက်မလုပ်နဲ့ ဆက်တိုက်သာထိုးသွား ကျွန်တော်လဲ တခါမှမနားဘူးတောက်လျှောက်ပဲထိုးတယ်. ဆေးတမျိုးလဲ ခြောက်လုံးအနည်းဆုံးထိုး ခနခနမပြောင်းနဲ့"

ဟုတ်ကဲ့ ကျွန်တော်စံထားတဲ့အဲ့ဘဲစကားအတိုင်း ကျွန်တော်က အဲ့အချိန်ထိဆေးဘယ်က ဝယ်ရကောင်းမှန်းမသိ ဈေးကြီးရင်အဆင်မပြေတဲ့ကျွန်တော်က ဆေးဆိုင်တွေမှာဝယ်လို့ရတဲ့ BPI ဆေးကို ရွေးလိုက်ပါတယ်. BPIကတော့ ဆေးအာနိသင်ပြတာ ကြာပါတယ်. ပြောင်းလဲမှုနှုန်းနှေးပါတယ်. ကျွန်တော်ဆိုဆေးထိုးရင်း ၁၀လလောက်ထိရာသီလာပါတယ်. အသံကတော့ပြောင်းပါတယ်.

တနှစ်ပြည့်ပြီးတော့ budget နည်းနည်းပိုလာတော့ ဂျာဖြူစထိုးပါတယ်. ဂျာဖြူစထိုးတော့ အရှေ့ကထိုးလာတဲ့အရှိန်ကြောင့်ရော ဂျာဖြူအစွမ်းကြောင့်ရော အသံငြိမ်သွားပါတယ်. ဂျာဖြူထိုးတော့ ဘာထူးလာလဲဆို(ကျွန်တော့်တဦးထဲအမြင်ပါ.တယောက်နဲ့တယောက်မတူပါ) အမွှေးလေးတွေ ထွက်လာပါတယ် အသံငြိမ်ပါတယ် .အဆီမတက်ဘူး. ဝက်ခြံမထွက် အသားမညစ်ပါဘူး. ရက်၂၀တခါထိုးပါတယ်. ဂျာဖြူ၈ရှစ်လုံးထိုးပြီးတာ့ budget အခြေအနေအရ ဆေးပြောင်းတော့ ဂျာညိုကိုရွေးလိုက်ပါတယ်.

ဂျာညိုထိုးတဲ့အခါမှာတော့ ရင်အုပ်နဲ့ပခုံးကျယ်လာပြီးလူကောင်ထွားလာပါတယ်. ဂျာညိုထိုးတာမှာသ‌ေဘာမကျတာကတော့ ကျွန်တော်ဝက်ခြံ ထွက်ပါတယ်. အသားအနည်းငယ်ညစ်ပါတယ်. အားသာချက်ကတာ့ ကိုယ့်budgetအရလဲ အဆင်ပြေပြီး ပြောင်းလဲမှုနှုန်းတွေကလဲသိသာပါတယ်. လူကောင်ထွားလာလွန်းလို့ သူငယ်ချင်းတွနဲ့ ပြန်တွေ့ရင်တောင် အံ့ဩရပါတယ်.

နောက် တပိုင်းမှာ ဆေးအမျိုးအစားလေးတွေနဲ့ ဆေးအကြောင်းလေးတွေ ဆက်ရေးပေးပါ့မယ်ဗျ. ကျွန်တော် ဆေးထိုးတဲ့ပြောင်းလဲမှုတွေ video လေးတွေ အမှတ်တရရိုက်ထားမိတာလေးတွ တင်ပေးထားပါတယ် . ပြောင်းလဲမှုလေးတွေ တွေ့နိုင်ပါတယ်ဗျ.



ကျွန်တော်နဲ့ဟော်မုန်းဆေး (၁)"ဟော်မုန်းဆေးဘာလို့ထိုးတာလဲ? ""ဟော်မုန်းဆေးဘာလို့သုံးတာလဲ? " တခြားလူတော့ မသိပေမယ့် ကျွန်တော်...
19/05/2025

ကျွန်တော်နဲ့ဟော်မုန်းဆေး (၁)

"ဟော်မုန်းဆေးဘာလို့ထိုးတာလဲ? "

"ဟော်မုန်းဆေးဘာလို့သုံးတာလဲ? "

တခြားလူတော့ မသိပေမယ့် ကျွန်တော်က ဆေးကို သူ့အချိန်ရောက်တိုင်း ထိုးနေတာ အဲ့မေးခွန်းကို ‌မေ့နေခဲ့တာဗျ. ထိုးလို့သာ ဆက်ထိုးနေတာ ရည်ရွယ်ရင်းအစကို ပြန်စဉ်းစားလို့ မရခဲ့ဘူး. တွေးကြည့်တော့

-ယောင်္ကျားလေးနဲ့ပိုတူချင်လို့ထိုးတယ်.
-ကိုယ်နဲ့ ဘဝတူ transman တွေ ကျားယားနေတာ ကြည့်ရင်း ကိုယ်လဲ ဖြစ်ချင်လာလို့ အားကျလို့ထိုးတယ်.
-ကိုယ့်အသိမိတ်‌ဆွေအပေါင်းအသင်း ကိုယ့် idol ကိုကြည့်ရင်း သူတို့ပြောင်းလဲမှုတွေသဘောကျလို့ သူတို့လိုဖြစ်ချင်လို့ထိုးတယ်.

ဒီလောက်ပဲထွက်လာတယ် စိတ်ထဲ ဒီထပ်ပိုတဲ့ အဓိပ္ပါယ်ကို လိုချင်ပေမယ့် မထွက်လာဘူး. တရက် Transman Myanmar By Ye Wint Thu ရဲ့ Founder ကို Ye Wint Thu ရဲ့ video တပုဒ်မှာ သူပြောတာလေးကိုတော်တော်သဘောကျသွားတယ် .နောက် ဟော်မုန်းဆေးအကြောင်း Google မှာ ရှာရင်းနဲ့လဲ ထပ်တွေ့ပြန်တယ်.

အဲ့ဟာက To improve quality of life တဲ့ ဗျာ.

ဟော်မုန်းဆေးကို ကျွန်တော်တို့ရဲ့ စိတ်မလုံခြုံမှုတွေလျော့ကျအောင် ၊ ကျွန်တော်တို့ရဲ့ အတွင်းစိတ်နဲ့ အပြင်ပုံစံနဲ့ ထပ်တူကျသွားပြီး ကိုယ့်ဖာသာ ယုံကြည်မှုပိုပြီး တိုး‌လာအောင် . ကူညီပေးနိုင်လို့ သုံးကြတာပါတဲ့.

အရမ်းမှန်ပါတယ်ဗျာ. ကျွန်တော်တို့ transm‌an တွေ အများစုက မိသားစုက ထောက်ခံတာက ရှားပါတယ်. မိသားစုက မကြိုက်တာတွေ နားလည်မပေးနိုင်တာတွေ ရှက်ကြတာတွေ အစရှိသဖြင့် အမျိုးမျိုး ကြုံရတဲ့အခါ မိသားစုနဲ့ မိမိမူလစိတ်ကြားမှာ ဘယ်ဘက်ကမှ စိတ်သက်သာရာမရဘဲ ပင်ပန်းရတယ်. ပြသနာတွေ ဖြစ်လာရတဲ့အခါတိုင်းမှာလံ၊ ငါက မဟုတ်တာကြီးလုပ်ထားမိသလား ငါက မိသားစုအတွက်အရှက်ရစရာလား အမျိုးမျိုးတွေးရင်း ယုံကြည်မှုလျော့နည်းပြီး စိတ်မပျော်ဖြစ်လာတယ်.

ဟော်မုန်းဆေးသုံးပြီးတဲ့အခါမှာတော့ အဲ့ခံစားချက်တွေ တစစနဲ့ပျောက်လာပြီး ကိုယ့်ဖာသာ ယုံကြည်မှုပိုတိုးလာတယ်. ကိုယ့်စိတ်နဲ့ လူနဲ့က တသားထဲကျသလိုခံစားလာရတယ်. ပိုပြီးနေပျော်လာသလိုခံစားလာရပါတယ်.

ဒါပေမယ့်အသက် ၁၈နှစ်ပြည့်ပြီးမှ ဟော်မုန်းဆေးထိုးသင့်ပါတယ်. ဆေးမထိုးခင်မှာလဲ ဘာအမျိုးအစားတွေရှိတယ်ဆိုတာ လေ့လာသင့်ပြီး ကိုယ်နဲ့သင့်တော်ရာ ရေရှည်ဆက်သွားရမှာဖြစ်တဲ့အတွက် ကိုယ့်budgetနဲ့ကိုက်မယ့်ဆေးကိုလဲ ရွေးချယ်ထိုးသင့်ပါတယ်.
ဟော်မုန်းဆေးထိုးတဲ့အခါ ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေကိုလဲ သေချာလေးလေ့လာစုံစမ်းမေးမြန်းသင့်ပါတယ်.
သိပြီးတဲ့နောက်မှာလဲ အဲ့ဒီနောက်ဆက်တွဲဖြစ်လာနိုင်တာတွေဖြစ်လာတာ‌တွေကို ခံနိုင်ရည်ရှိမရှိကိုယ့်ဖာကိုယ် သေချာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်.

စာရှည်သွားပြီဖြစ်လို့ နောက်တပိုင်းမှ ဆက်ပြောကြမယ်ဗျာ. ကျွန်တော် ဆေးမထိုးခင်နဲ့ အခုလက်ရှိပုံလေး ထည့်ထားပေးပါတယ်.

မင်္ဂလာပါ ညီအကိုတို့ခင်ဗျာ ...ဈေးမရောင်းဖြစ်သေးတဲ့အချိန်မှာ ကျွန်တော်က ကျွန်တော်ဆေးထိုးခဲ့တဲ့အတွေ့အကြုံတွေ ခံစားချက်တွေ ...
18/05/2025

မင်္ဂလာပါ ညီအကိုတို့ခင်ဗျာ ...

ဈေးမရောင်းဖြစ်သေးတဲ့အချိန်မှာ ကျွန်တော်က ကျွန်တော်ဆေးထိုးခဲ့တဲ့အတွေ့အကြုံတွေ ခံစားချက်တွေ ‌ဆေးအကြောင်းတွေ ၊ ကျွန်တော် သိသလောက်လေးတွေကို ကျွန်တော် နဲ့ ဟော်မုန်းဆေး အကြောင်း အပိုင်းလေးတွေခွဲပြီး မျှဝေ‌သွားပါ့မယ်ခင်ဗျာ..

ပစ္စည်းလေးတွေပြန်ရောင်းဖြစ်တဲ့အခါလဲ post တင်ပေးပါ့မယ်ဗျ.

မမေ့မလျော့ လိုအပ်တာလေးတွေလာမေးကြဝယ်ယူအားပေးကြတဲ့ တယောက်ခြင်းစီတိုင်းကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်.

𝗠𝗲𝗿𝗿𝘆 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝘁𝗼 𝘆𝗼𝘂 𝗮𝗹𝗹...
25/12/2024

𝗠𝗲𝗿𝗿𝘆 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝘁𝗼 𝘆𝗼𝘂 𝗮𝗹𝗹...

မင်္ဂလာပါခင်ဗျာ.... ဒီရက်ပိုင်းထဲ ညီအကိုတချို့ Pyae Sone Linn - Tomboy Accessories Shop  နဲ့ Pyae Tomboy accessories ဆို...
23/10/2024

မင်္ဂလာပါခင်ဗျာ....

ဒီရက်ပိုင်းထဲ ညီအကိုတချို့ Pyae Sone Linn - Tomboy Accessories Shop နဲ့ Pyae Tomboy accessories ဆိုတာလေး တခုနဲ့ မှားမှားပြီး လာမေးကြလို့ပါခင်ဗျ. ကျွန်တော့်ဆီမှာ မျက်မှန်လေးတွေ မရှိပါဘူးခင်ဗျာ.

ပြီးတော့ ကျွန်တော်က လောလောဆယ် မိုးကုတ်မနေဖြစ်‌တော့ ပစ္စည်းလေးတွေလဲ ထပ်မတင်ဖြစ်ပါဘူးခင်ဗျ.
Binder လေးတွေ လိုရင်တော့ ကျွန်တော် မိုးကုတ်အိမ်မှာ အရင်ဈေးနဲ့ပဲ ရောင်းပေးဖို့ ထားခဲ့တာမို့ မိုးကုတ်က လိုအပ်တဲ့ ညီအကိုတွေရှိရင် မိုးကုတ်အိမ်မှာ သွားဝယ်လို့ရပါတယ်ခင်ဗျ

No.178၊ကိုသန်းဦး(ရွှေပန်းထိမ်)
ရုပ်ရှင်ရုံလမ်း ၊ လေဆာစတိုးအနီး
မြို့မရပ်
မိုးကုတ်မြို့

သီတင်းကျွတ်အချိန်အခါသမယမှာ အားလုံးပဲ စိတ်ချမ်းမြေ့ကြပါစေ .. ကျန်းမာကြပါစေ .... အစစအရာရာအဆင်ပြေကြပါကြောင်း ဆုတောင်းပေးပါတ...
17/10/2024

သီတင်းကျွတ်အချိန်အခါသမယမှာ အားလုံးပဲ စိတ်ချမ်းမြေ့ကြပါစေ .. ကျန်းမာကြပါစေ .... အစစအရာရာအဆင်ပြေကြပါကြောင်း ဆုတောင်းပေးပါတယ် ခင်ဗျာ
🎇🎇🎆🎆

Address

No. 178 , Ko Than Oo( Gold-Smith ) , Cinema Street, Myo Ma Quarter, East Mogok
Mogok

Telephone

+959402623126

Website

Alerts

Be the first to know and let us send you an email when Pyae Sone Linn - Tomboy Accessories Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share