05/06/2024
*အမေ ဖြစ်ရခြင်းရဲ့နောက်ကွယ်မှာ....*
ပင်ပန်းရတာတွေ ရှိတယ်...
ဝမ်းနည်းရတာတွေ ရှိတယ်...
ပူပင်ရတာတွေ ရှိတယ်...
ငိုကြွေးရတာတွေ ရှိတယ်...
စိတ်ဖိစီးမှု့တွေ ရှိတယ်...
နာကျင်မှု့တွေ ရှိတယ်...
အနစ်နာခံမှု့တွေ ရှိတယ်...
အားငယ်မှု့တွေ ရှိတယ်...
အထီးကျန်ခြင်းတွေ ရှိတယ်...
သောကရောက်ရတာတွေ ရှိတယ်...
ယုံကြည်ချက်ပျောက်ရတာတွေ ရှိတယ်...
ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းတွေ ရှိတယ်...
အလိုမကျမှု့တွေ ရှိတယ်...
တခါတလေ သေလောက်အောင်
စိတ်ဓာတ်ကျတဲ့
အချိန်မျိုးတွေရှိတယ်...
အမေတွေထဲမှာ
မျိုသိပ်တတ်တဲ့သူရှိသလို
မမျိုသိပ်တတ်တဲ့ သူလဲ ရှိတယ်...
မမျိုသိပ်တတ်ပဲ
မျိုသိပ်နေရတဲ့ အမေတွေက
ပိုခံစားရသလိုပဲလေ...
လွယ်တယ်မထင်ကြနဲ့နော်...
: