A Nwayy Lone

A Nwayy Lone Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A Nwayy Lone, Sewing & Alterations, သပြေတောရလမ်း ဦးချစ်မြှားလမ်းသွယ်, Monywa.

ဇီးဖြူသီးစားပြီးရေသောက်ဆီးဖြူသီးရဲ့ဆေးဘက်ဝင်ပုံ ( ၆၁ ) နည်း*************************************(၁) ဒူလာသွေးဝမ်းပျက်ရောဂ...
27/08/2024

ဇီးဖြူသီးစားပြီးရေသောက်
ဆီးဖြူသီးရဲ့ဆေးဘက်ဝင်ပုံ ( ၆၁ ) နည်း
*************************************
(၁) ဒူလာသွေးဝမ်းပျက်ရောဂါအတွက်
ဆီးဖြူသီးခြောက်ကို ငါးရှဉ့်နှင့် ချက်စားရသည်၊

(၂) အရေးပြားတွင် ဖြစ်တတ်သော
ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်
ဆီးဖြူသီးခြောက်(သို့)အစိုကိုသွေး၍
သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည်။

(၃) ဆီးချိုရောဂါအတွက်
ဆီးဖြူ(သို့)မြေဆီးဖြူ ပဉ္စငါးပါးပြုတ်သောက်ရသည်၊

(၄) နှာခေါင်းသွေးလျှံခြင်းအတွက်
ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည်။

(၅)ဆီးပုပ်ရောက်ဂါအတွက်
ဆီးဖြူသီးခြောက်မှုန့်ကို
ထန်းလျက်၊ပျားရည်၊တကာနှင့်နယ်စားရသည်။

(၆)သွေးဝမ်းသွားလျှင်
ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီး
သံပုရာရည်နှင့် သောက်ရသည်။

(၇) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်
ရေစီးကမ်းပြိုခြင်းများအတွက်
ဆီးဖြူသီးရွက်ကို ရေနှင့် သုံးခွက်တစ်ခွက်တင်
ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည်။

(၈)ဆီးဖြူသီးသည်
ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည်၊

(၉) မီးလှောင်နာ၊ရေနွေးပူလောင်နာများအတွက်
ဆီးဖြူရွက်ကို အကျွမ်းလှော်၍အမှုန့်ပြူပြီး ဖြူးပေးရသည်၊

(၁၀) ကလေးများတွင် ဖြစ်တတ်သော
သောကျဗဟုံးနာအတွက်
ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍လိမ်းသောရသည်၊

(၁၁) ဝမ်းသက်ခြင်း၊ အစာမကြေခြင်းများ အတွက်
ဆီးဖြူရွက်နုများကိုပုန်းရည်နှင့် ကျွေးရသည်။

(၁၂) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက်
အစေ့ကို ထုထောင်းချေပြီးရေနွေးနှင့်ပြုတ်၍
မျက်စိကို ဆေးကြောပေးရသည်။

(၁၃) သွေးလွန်( ရာသီလွန်လျှင်)
ဆီးဖြူသီး အလုံးကြီးကို စားရသည်။

(၁၄) သွေးဒူလာ အတွက်
ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီ
သုံးခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်သောက်သုံးပေးရသည်။

(၁၅) ဒူလာသရောနာ(ဆီးသွားသော အခါ
ခါးကိုက်ပြီးအဖြူဖတ်များပါသောရောဂါ)တွက်
ဆီးဖြူသီး၊နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်၊

(၁၆) ဒူလာမုတ္တကိတ်ရောဂါအတွက်
ဆီးဖြူသီးကို စားပေးရသည်။

(၁၇) သွေးဝမ်းလွန်ရောဂါများ အတွက်
ဆီးဖြူရွက်ပြုတ်အရည်ကို
ထန်းလျက်(သို့)သကြားနှင့်ဖျော်သောက်ရသည်။

(၁၈) ထုံကျင်နာအတွက်
ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ဆင်သမနွယ်၊
ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊အိပ်မွေ့သီး၊
ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍
သကြားနှင့်သုံးဆောင်ရသည်၊

(၁၉) လျှာကွဲခြင်း အတွက်
ဆီးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍
ပလုတ်ကျင်းပေးရသည်၊

(၂၀)မက္ခရုရောဂါ အတွက်
ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို
ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။

(၂၁)မီးယပ်ဖြူဆင်းခြင်း အတွက်
ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍
ရေကိုစစ်ယူပြီး ပျားရည်၊ သကြားတို့နှင့် ရောသောက်ရသည်။

(၂၂)အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်
ငါးရှဉ့်ပနီမီးကင်ခြောက်ကို
ဆီးဖြူသီးခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။
ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်
မကြာမကြာ ကြော်ချက်စားရသည်။
(တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်းထိမှီဝဲရသည်။)

(၂၃) ဓါတ်ချူပ်ရောဂါအတွက်
ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီး
ပျားရည်နှင့် ရောစားရသည်။ဓါတ်ကို ပျော့စေပါသည်။

(၂၄)ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။
ယောကျာင်္ံးတို့၏ ခွန်အားကိုဖြစ်စေသည်။
ကာမအားကို ဖြစ်စေပါသည်။

(၂၅) အသက်ရှည်၊ အဆင်းလှစေရန်
ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီး
ပျားရည်နှင့် ရောစားရသည်။

(၂၆)ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန်
ဆီးဖြူသီး အစိမ်းကို စားရသည်။

(၂၇) အသံသာစေရန်
ဆီးဖြူသီးကို ဆားရည်စိမ်၍
ဟင်းလျှာများနှင့် ချက်စားရသည်။

(၂ဂ) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊
ပိုးများသေစေရန်
ဆီးဖြူသီးကို ဆားရည်စိမ်၍
ဟင်းများတွင် ထည့်ချက်စားရသည်။

(၂၉) လေတင်တုန်းရောဂါများအတွက်
ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။

(၃၀) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊
အသံသာ အဆင်းလှရန်၊
ဓါတ်ချူပ်မူ့ကိုကာကွယ်၍ ဓါတ်ပျော့ရန်
ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။

(၃၁) အတိသာရဝမ်းရောဂါ အတွက်
ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍
ချက်နားတွင် အုံပေးရသည်။

(၃၂) ကြို့ထိုးရောဂါအတွက်
ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊
ပျားရည်တို့ကို ရောကျွေးရသည်။
အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။

(၃၃)ပြည်တုလာသရော ရောဂါများတွက်
ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊
ပျားရည်နနွမ်းတို့ကိုရောကျွေးရသည်။

(၃၄) ဝမ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊
သည်းခြေရောဂါများတွက်
ဆီးဖြူသီးကို(၁၂) နာရီခန့် ရေစိမ်ရသည်။
ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။
အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍
ယိုထုတ်ထား၇သည်။

(၃၅) ဆီးအောင့်ရောဂါများ အတွက်
ဆီးဖြူသီးကြိတ်ညစ်ရည်ကို
ဖာလာမှုန့်ရော၍သောက်ရ၏။

(၃၆) ဆီးလွန်ရောဂါအတွက်
ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊
ပျားရည်၊သကြားတို့ကို ရောပြီးလျှက်ရသည်။

(၃၇) ပိတ်ဝမ်းကိုက်ခြင်း၊ဝမ်းသက်ခြင်း၊
သွေးလျှုံ၊ သွေးအန်၊သွေးကျရောဂါဖြစ်ခြင်း အတွက်
ဆီးဖြူသီးခြောက်ကို ပြုတ်ပြီး
သကြားခပ်၍ သောက်ရသည်။

(၃၈) မီးယပ်ဖြူဆင်း ရောဂါများအတွက်
ဆီးဖြူသီးခြောက်ကို ရေစိမ်၍တစ်နေ့(၂)ကြိမ်တိုက်ရသည်။

(၃၉) သွေးဒူလာအတွက်
ဆီးဖြူသီးခြောက်၊ဆားလှော်၊ စမုန်နက်လှော်၊
ကြက်သွန်ဖြူ လှော်၊ကြောင်ပန်းရွက်ခြောက်၊
ဆေးပိုတီတို့ကို ညက်ညက်ထောင်းပြီး
မန်ကျည်းစေ့ခန့်နေ့စဉ်စားရသည်။

(၄၀) လူပျိုနာများ အတွက်
ဆီးဖြူမြစ်၊ ထန်းမြစ်၊ဆူးရစ်မြစ်၊
ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍
သုံးခွက်တစ်ခွက် တင်ကျိုရသည်။
အရည်စစ်ပြီး ရေတစ်ဝက်ရော၍
သုံးခွက်တစ်ခွက်တင်ကျိုပြီးသုံးကြိမ်ပြုလုပ်ရသည်။
တနေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။

(၄၁) ဆီးကြောင့် ဖြစ်သော
မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါအတွက်
ဆီးဖြူသီး ကြိတ်ညစ်ရည် နှမ်းဆီစစ်စစ်၊
ကြိတ်မှန်ရွက်ကြိတ်ညစ်ရည်၊ နွားနို့ နွယ်ချို၊တို့ကို
သန့်စင်သော ကြေးအိုးတွင်ထည့်ချက်ရသည်။
ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။

(၄၂) ဆီးဝမ်းလေမှန်၍ ကျန်းမာ ဝဖြိုးစေရန်
ဆီးဖြူသီးခြောက် စမုန်နက် ၊ဆေးပိုးတီ ဆဝက်သာ၊
ကြစု၊ပွေးကိုင်း၊သိန္ဓော၊ ကျောက်ချဉ်၊ဆားတို့ကို
ညက်ညက်အမှုန့်ပြူပြီး လျှက်ပေးရသည်။

(၄၃) ဆီးဖြူရွက်ပြုတ်ရည်သည်
ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်းစေပါသည်။

(၄၄) သစ်ကိုင်းတွင် သီးလျှာက်ရှိသော အသီးမှ
ကွဲစိမ့်၍ ထွက်လာသော အရည်ကို
မျက်စဉ်းဆေးအဖြစ်သုံးသည်။
မျက်စိရောင်ရောဂါကို ကင်းဝေးစေသည်။

(၄၅) ထုံနစိုရောဂါ အတွက်
ဆီးဖြူသီး ကြိတ်ညစ်ရည်ကို
သကြားနှင့် ရော၍ဖျော်ရည် အဖြစ် သုံးဆောင်ကြသည်။

(၄၆) ဆီးဖြူသီး ကြိတ်ညစ်ရည်ကို
သကြားနှင့် ရော၍ သုံးဆောင်လျှင်
ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်း
သည်းခြေကြောင့် ထိုးအောင့်ခြင်း ၊ကြို့ထိုးခြင်း ၊
အန်ခြင်းနာတာရှည်ဝမ်းချူပ်ရောဂါတို့ကို
ပျောက်ကင်းစေပါသည်။

(၄၇) မျက်စဉ်းဆေး အဖြစ်
ဆီးဖြူသီးမှုန့်ကို ရေတွင် ထည့်၍ တစ်ညစိမ် ထားရသည်။
နံနက်တွင် မျက်စိဆေးပေးနိုင်သည်။
မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။

(၄ဂ) အစာမကြေရောဂါ ဝမ်းသွားရောဂါတို့ အတွက်
ဆီးဖြူသီး ရွက်နုနုကိုနွားနို့ ၊ ဒိန်ချဉ်နှင့်ရောသောက်ပေးရသည်။

(၄၉) ဆီးဖြူသီးမှုန့်သည်
လိပ်ခေါင်းရောဂါ ၊ ဝမ်းကိုက်ရောဂါ ဝမ်းသွားရောဂါ
နှာစေးရောဂါတို့အတွက်အလွန်အသုံးဝင်သည်။

(၅၀) ဆီးဖြူသီးသည်
ပန်းနာ၊ ချောင်းဆိုး ကိုယ်ခန္ဓာခန်းခြောက်ရောဂါ ၊
အသားဝါရောဂါဝမ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။

(၅၁) ဆီးဖြူသီး အဆံကို ပြုတ်၍
မျက်စဉ်းအဖြစ် မျက်စိနာ ရောဂါကို ပျောက်ကင်းစေပါသည်။

(၅၂) နှလုံး(ရင်ဘတ်)ကို ကောင်းစေသည်။

(၅၃) သွေးကို ချူပ်စေတတ်သဖြင့်
နှလုံး၊သွေးအန် ၊သွေးပေါင်ကျရောဂါ
သွေးဖောက်ပြန်သောရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၄) သုတ်ကိုပွားစေတတ်၊
သန္ဓေကို တည်စေတတ် အစွမ်းရှိသဖြင့်
သုတ်၊ဆီးရောဂါမီးယပ်ရောဂါ ၊
သားအိမ်အားနည်းရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၅) ချောင်းဆိုးရောဂါ ၊ပန်းနာရောဂါ ၊
အဆုတ်နာရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၆) ဆီးကိုများစေတတ်သည် ။
ဒူလာသရောနာကို ဖျက်ဆီးတတ်သဖြင့်
သည်းခြေကြောင့်ဖြစ်သောဒူလာသရောနာ တို့ကို
ပျောက်ကင်းစေပါသည်။

(၅၇) နူနာကို ဖျက်ဆီးတတ်သော အစွမ်းရှိ၍
နူနာ၊အနာကြီး အရေပြားရောဂါတို့ကို ပျောက်ကင်းစေပါသည်။

(၅၈)လတ်ဆတ်သောဆီးဖြူသီးသည်
အစာအိမ်အားတိုးဆေးနှင့်လေဆေးဖြစ်သည်။

(၅၉) လတ်ဆတ်သောဆီးဖြူသီးသည်
သန်ချဆေးအဖြစ်လဲ အသုံးဝင်သည်။

(၆၀) အားဆေးအဖြစ်
ဆီးဖြူသီးကြိတ်ညစ်ရည်ကို ထောပတ်နှင့် စားပေးရသည်။

(၆၁) လတ်ဆတ်သောဆီးဖြူသီးသည်
ဆီးရွင်စေခြင်း၊ ဝမ်းနုတ်ဆေး အဖြစ် အသုံးဝင်သည်။

Credit:အာရောဂျံမဂ္ဂဇင်း
အမှတ်(၅၁)အောက်တိုဘာ (၁၉၉၆)ခုနှစ်

ပခုံးကြိုးချည်ဂါဝန်လေးကြိုးကကိုယ်လိုသလိုလေးညှိပြီးချည်လို့ရပါတယ်နော်😘  Lb 90 to 130
28/01/2023

ပခုံးကြိုးချည်ဂါဝန်လေး

ကြိုးကကိုယ်လိုသလိုလေးညှိပြီး
ချည်လို့ရပါတယ်နော်😘


Lb 90 to 130

နောက်ကျောဘက်အလှဂါဝန်အဝဲလေး  Lb 90 to 130
28/01/2023

နောက်ကျောဘက်အလှဂါဝန်အဝဲလေး


Lb 90 to 130

ကြိုးချည်စကဒ်ဝမ်ဆက်အရှည် Lb 90 to 130
28/01/2023

ကြိုးချည်စကဒ်ဝမ်ဆက်အရှည်


Lb 90 to 130

စပေါ့ဂါဝန်ရှေ့ကွဲ  Lb 90 to 130
27/01/2023

စပေါ့ဂါဝန်ရှေ့ကွဲ


Lb 90 to 130

Akကြိုးပတ်ခါးတို croptop  lb 80 ...to....130
26/01/2023

Akကြိုးပတ်ခါးတို croptop


lb 80 ...to....130

Dress 👗 လှလှလေးအသားအေးအေးလေးနော်အပြင်ပုံလဲရိုက်ပြထားပါတယ်  Lb 120 ဝန်းကျင်ထိရ (ခန့်မန်း)
26/01/2023

Dress 👗 လှလှလေး

အသားအေးအေးလေးနော်
အပြင်ပုံလဲရိုက်ပြထားပါတယ်


Lb 120 ဝန်းကျင်ထိရ (ခန့်မန်း)

အသားကောင်း စတိုင်ပင်  Colour 5lb 80 to 105 ခန့်မှန်းပိန်ပိန်သေးသေးလေးတွေအတွက် အဓိကချုပ်ပေးထားတာပါရှင့်🥰🥰
20/01/2023

အသားကောင်း စတိုင်ပင်


Colour 5

lb 80 to 105 ခန့်မှန်း

ပိန်ပိန်သေးသေးလေးတွေအတွက် အဓိကချုပ်ပေးထားတာပါရှင့်🥰🥰

ဖဲပွင့်ခါးတိုအလန်းလေး😗  lb 80 to 125
17/01/2023

ဖဲပွင့်ခါးတိုအလန်းလေး😗

lb 80 to 125

Ak ဆွယ်သားခါးတို croptop  lb 80 to 125
17/01/2023

Ak ဆွယ်သားခါးတို croptop


lb 80 to 125

Address

သပြေတောရလမ်း ဦးချစ်မြှားလမ်းသွယ်
Monywa

Website

Alerts

Be the first to know and let us send you an email when A Nwayy Lone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share