26/08/2026
မွေးနေ့ ပညာဒါနနဲ့ လက်ဆောင် အစီအစဉ် ရွှေ့ဆိုင်းခြင်း အသိပေးစာ
နှစ်စဉ် အစီအစဉ် ပျက်ကွက်ရခြင်း: ချစ်ရတဲ့ မိတ်ဆွေ
တွေနဲ့ တပည့်တွေအားလုံးပဲ မင်္ဂလာပါရှင်။
နှစ်တိုင်း မွေးနေ့ရောက်ပြီဆိုရင် ပညာဒါနသင်တန်းတွေနဲ့
လက်ဆောင် မဲဖောက်ပေးတဲ့ အစီအစဉ်လေးတွေ လုပ်
ဖြစ်ပေမယ့် ဒီနှစ်တော့ အကြောင်းရင်း: မနေ့က
ကျွန်မရဲ့ မွေးနေ့မှာ ကျမချစ်ရတဲ့ ညီမလေး မနှင်းနှင်းရဲ့
ဆိုင်ဖွင့်ပွဲကို သွားရောက် အားဖြည့်ပေးခဲ့ရလို့ မလုပ်ဖြစ်ခဲ့သလို၊
ဒီနေ့မှာလည်း ပွဲတက်ထားတဲ့ လို့ ပဲများထားတဲ့ အရှိန်နဲ့
ကျန်းမာရေး ကြောင့် မဲဖောက်ပေးမယ့် အစီအစဉ်လေး
ပါ ထပ်ပြီး ရွှေ့ဆိုင်းလိုက်ရပါတယ်။ပြန်လည်ကျင်းပ
မည့် အစီအစဉ်: နှစ်တိုင်း စောင့်မျှော်အားပေးကြတဲ့ ချစ်
ရသူတွေကို အများကြီး အားနာရပါတယ်။ ဒါပေမဲ့ နေ
လေးနည်းနည်း ပြန်ကောင်းတာနဲ့ မဲဖောက်မယ့်
အစီအစဉ်ရော၊ ပညာဒါန အစီအစဉ်လေးပါ
မပျက်မကွက် သေချာ ပြန်လုပ်ပေးပါမယ်လို့ ကတိပေးပါတယ်ရှင်။
မွေးနေ့ဆုတောင်းပေးကြသူ တစ်ယောက်ချင်းစီကိုလည်း
Lady Fashion Designer မစုမွန်မှ ကျေးဇူးအထူးပဲ တင်
ရှိပါတယ်ရှင်။