Pwint Oo Longyi

Pwint Oo Longyi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pwint Oo Longyi, Clothing (Brand), Myaing.

official Shop-1
(57,59) C-division, Zegyo. 024034845
Shop-2
(E-6) Man Myanmar Zegyo plaza.024000297,09976777883,
Shop-3
A(1,2,3,4),
Man Myanmar Zegyo Plaza Second Floor,
Mandalay.09792007671/09772007671
Shop-4
B/C division,Zegyo.024024345,024035797

🎉 နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျေးဇူးတင်လွှာ 🎉နှစ်၂၀ တိုင်တိုင် ပွင့်ဦးလုံချည်ကို ယုံကြည်စွာ အားပေးချစ်ခင်ခဲ့ကြတဲ့ ဖောက်သည...
24/08/2026

🎉 နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျေးဇူးတင်လွှာ 🎉

နှစ်၂၀ တိုင်တိုင် ပွင့်ဦးလုံချည်ကို ယုံကြည်စွာ အားပေးချစ်ခင်ခဲ့ကြတဲ့ ဖောက်သည်မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 🙏💛

၂၀၀၆ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ… နှစ်ပေါင်း ၂၀ တိုင်တိုင် မိတ်ဆွေအားလုံးတို့ရဲ့ အားပေးမှုကြောင့်သာ ပွင့်ဦးလုံချည်ဟာ ဒီနေရာအထိ ရောက်ရှိလာနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့ရိုးရာ အလှတရားကို အစဉ်အမြဲ တန်ဖိုးထား ထိန်းသိမ်းပြီး၊ မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်း ထိန်းသိမ်းသွားကြပါစို့လို့ တောင်းဆိုပြောကြားလိုက်ပါတယ်။

Since 2006 - 20 Years of Timeless Tradition.

ဝတ်ဆင်လိုက်တာနဲ့ သပ်ရပ်ခန့်ညားပြီး ယုံကြည်မှုအပြည့်နဲ့ ပေါ်လွင်စေမယ့် `မြင့်မြတ်’ အဆင်🧵 အထည်အရည်အသွေး — ရိုးရာစက်ယက်ကန်း...
30/07/2026

ဝတ်ဆင်လိုက်တာနဲ့ သပ်ရပ်ခန့်ညားပြီး ယုံကြည်မှုအပြည့်နဲ့ ပေါ်လွင်စေမယ့် `မြင့်မြတ်’ အဆင်

🧵 အထည်အရည်အသွေး — ရိုးရာစက်ယက်ကန်းများဖြင့်ရက်လုပ်ထားပြီး ချည်သားစစ်စစ်ကို အသုံးပြုထားပါသည်။ဝတ်ဆင်ရာတွင် ပေါ့ပါးပြီးသက်တောင့်သက်သာရှိပါသည်။

🎨 ဒီဇိုင်းနှင့်အရောင် — ဒေါင်စင်းဒီဇိုင်းဖြစ်ပြီး ဘေးစင်းအမိတ်လေးနဲ့ ခေတ်ဆန်စွာပေါင်းစပ်ထားသဖြင့် အလုပ်ဝတ်၊ ပွဲတက်ဝတ် နှစ်မျိုးလုံးအတွက် သင့်လျော်ပါသည်။

🪡 လက်ရာစွမ်းရည် — အသင့်ဝတ်ဆင်ရန်အတွက် သေချာစွာချုပ်လုပ်ထားပြီး၊ အရောင်များ မမှိန်ဘဲ ကြာရှည်တည်တံ့စေရန် အထူးဂရုစိုက် ထုတ်လုပ်ထားပါသည်။

ပွင့်ဦး လုံချည် မှာ Since 2006 မှစတင်၍ ယနေ့ 2026 အထိ Premium Quality ကို ဦးစားပေးလျက် ဖောက်သည်များအား ယုံကြည်စိတ်ချစွာ ထုတ်လုပ်ပေးလျက်ရှိပါသည်။

#မြန်မြတ်

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ဗုဒ္ဓဒေသနာတော်များ စတင်ဟောကြားခဲ့သော မွန်မြတ်လှသည့် နေ့ထူးနေ့မြတ်ကြီးတွင် Pwint Oo ချစ်မ...
29/07/2026

🌕 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

ဗုဒ္ဓဒေသနာတော်များ စတင်ဟောကြားခဲ့သော မွန်မြတ်လှသည့် နေ့ထူးနေ့မြတ်ကြီးတွင် Pwint Oo ချစ်မိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ ချမ်းသာသုခ ရရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင့် 🙏

🌸 မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအမှတ်တရ 🌸အိမ်ကိုနွေးထွေးစေသူ၊ မိသားစုကိုအားဖြည့်ပေးသူ၊ အိပ်မက်တွေကိုရဲရဲဝံ့ဝံ့လိုက်လံအက...
03/07/2026

🌸 မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအမှတ်တရ 🌸

အိမ်ကိုနွေးထွေးစေသူ၊ မိသားစုကိုအားဖြည့်ပေးသူ၊ အိပ်မက်တွေကိုရဲရဲဝံ့ဝံ့လိုက်လံအကောင်အထည်ဖော်နေသူ… မြန်မာအမျိုးသမီးတိုင်းကို လေးစားဂုဏ်ပြုအပ်ပါတယ်။ 💖

ပွင့်ဦး လုံချည် မှ မြန်မာအမျိုးသမီးများနေ့တွင် မြန်မာ့ရိုးရာအမွေအနှစ်၊ယဉ်ကျေးမှု များကို ထိန်းသိမ်းပြီး အဓိပ္ပာယ်ရှိရှိ ရှင်သန်နေကြသော အမျိုးသမီးတိုင်းကို လေးစားဂုဏ်ပြုအပ်ပါသည်။

**Happy Myanmar Women's Day!** 🌺

#ပွင့်ဦးလုံချည် #မြန်မာအမျိုးသမီးများနေ့ #မြန်မာ့ရိုးရာ #လုံချည်

ဒီနေ့ကျရောက်တဲ့ Eid Al-Adha နေ့ထူးနေ့မြတ်မှာ လူသားအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်ချမ်းသာ၊ကိုယ်ချမ်းသာရှိကြပါစေ။ ✨Eid...
28/05/2026

ဒီနေ့ကျရောက်တဲ့ Eid Al-Adha နေ့ထူးနေ့မြတ်မှာ လူသားအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး စိတ်ချမ်းသာ၊ကိုယ်ချမ်းသာရှိကြပါစေ။ ✨
Eid Mubarak! 🎉
အားလုံးပဲ ပျော်ရွှင်စရာ အီးဒ်ပွဲတော်လေးဖြစ်ပါစေလို့ ပွင့်ဦး လုံချည် မိသားစု မှဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ပွင့်ဦးလုံချည်

ခန့်ညားမှုနဲ့ ရိုးရာယဉ်ကျေးမှုကို စမတ်ကျကျ ပေါင်းစပ်လိုက်ပါ 🌟မြန်မာ့ယဉ်ကျေးမှု ဖက်ရှင်ကို ခေတ်မီပြီး အထာကျကျ ဝတ်ဆင်ချင်တ...
17/05/2026

ခန့်ညားမှုနဲ့ ရိုးရာယဉ်ကျေးမှုကို စမတ်ကျကျ ပေါင်းစပ်လိုက်ပါ 🌟
မြန်မာ့ယဉ်ကျေးမှု ဖက်ရှင်ကို ခေတ်မီပြီး အထာကျကျ ဝတ်ဆင်ချင်တဲ့ အမျိုးသားထုအတွက် အထူးအဆန်းသစ်ဆုံး ဒီဇိုင်း။ အခုပုံထဲကအတိုင်း တည်ငြိမ်ရင့်ကျက်တဲ့ အပြာရင့်ရောင် တိုက်ပုံအင်္ကျီနဲ့ လိုက်ဖက်မှုအရှိဆုံးဖြစ်မယ့် ရွှေဝါရောင်သန်းတဲ့ ပိုးပုဆိုးတွဲဖက်မှုက သင့်ကို ဘယ်ပွဲတက်တက် လူအများကြားမှာ ထင်ပေါ်စေမှာ အသေအချာပါပဲ။

"Be Smart. Be Traditional." ဆိုတဲ့အတိုင်း မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ စမတ်ကျနေဖို့ ပွင့်ဦးလုံချည် ရှိပါတယ်။

အသားအနားကောင်းမွန်ပြီး အဆင်ဆန်းသည့် အမျိုးသားတိုင်းအတွက် ပွင့်ဦးလုံချည်

SINCE 2006 - ဆယ်စုနှစ်တစ်ခုကျော် လက်ရာမပျက် ထိန်းသိမ်းလာတဲ့ အရည်အသွေး

👉 လူကြီးမင်းတို့ စိတ်ကြိုက် အဆင်နှင့် အရောင်များကို ရွေးချယ်မှာယူနိုင်ပြီဖြစ်လို့ အခုပဲ Cb ကနေ ဆက်သွယ်လိုက်ပါဗျာ။

#ပွင့်ဦးလုံချည်

ရင်နှစ်သည်းချာ သားသမီးတွေအတွက် အရာရာကို ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ မေမေ...❤️နွေးထွေးတဲ့ မေတ္တာရိပ်အောက်မှာ ကျွန်တော်/ကျွန်...
10/05/2026

ရင်နှစ်သည်းချာ သားသမီးတွေအတွက် အရာရာကို ပေးဆပ်ဖို့ အသင့်ရှိနေတဲ့ မေမေ...❤️
နွေးထွေးတဲ့ မေတ္တာရိပ်အောက်မှာ ကျွန်တော်/ကျွန်မတို့ ဘဝတွေကို လှပအောင် ဖန်တီးပေးခဲ့တဲ့ မေမေတို့အားလုံး အမေများနေ့မှာ ပျော်ရွှင်ပါစေကြောင်း ပွင့်ဦး လုံချည် မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…
#အမေများနေ့

ကြိုးစားမှုတိုင်းမှာ တန်ဖိုးရှိသလို၊ အလုပ်သမားတိုင်းမှာလည်း ဂုဏ်သိက္ခာရှိပါတယ်…ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာပြည်သူပြည်သား...
01/05/2026

ကြိုးစားမှုတိုင်းမှာ တန်ဖိုးရှိသလို၊ အလုပ်သမားတိုင်းမှာလည်း ဂုဏ်သိက္ခာရှိပါတယ်…
ကမ္ဘာ့အလုပ်သမားနေ့မှာ မြန်မာပြည်သူပြည်သား လုပ်သားထုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း 'ပွင့်ဦး လုံချည်’ မိသားးစု မှဆုမွန်ကောင်းတောင်းအပ်ပါတယ်…

Address

Myaing

Telephone

+959792007671

Website

Alerts

Be the first to know and let us send you an email when Pwint Oo Longyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share