BABY STAR

BABY STAR မွေးကင်းစမှစ၍ဘေဘီလေးတို့အတွက်အသုံးအ​ဆောင်ပစ္စည်းအမျိုးမျိုးနှင့်ဖြည့်စွက်စာ၊သင်​ထောက်ကူများ

မေမေတို့ရေ🌿 ဘေဘီလေးကို ဟင်းခပ်အမွှေးအကြိုင်တွေ ဘယ်အရွယ်က စမိတ်ဆက်သင့်လဲ? 🥣ဖြည့်စွက်စာစတင်တဲ့အချိန်ကစပြီး ဟင်းခပ်အမွှေးအက...
19/06/2026

မေမေတို့ရေ

🌿 ဘေဘီလေးကို ဟင်းခပ်အမွှေးအကြိုင်တွေ ဘယ်အရွယ်က စမိတ်ဆက်သင့်လဲ? 🥣

ဖြည့်စွက်စာစတင်တဲ့အချိန်ကစပြီး ဟင်းခပ်အမွှေးအကြိုင်အချို့ကို အနည်းငယ်စီ မိတ်ဆက်ပေးနိုင်ပါတယ်နော် 💛

👶 ၆ လမှ ၈ လ✅ နနွင်းမှုန့်✅ ချင်းမှုန့်✅ သစ်ကြံပိုးမှုန့်

အနံ့အရသာ ရှိပြီး ဘေဘီလေးအတွက် စတင်မိတ်ဆက်ဖို့ သင့်တော်ပါတယ်။

👶 ၈ လမှ ၁၂ လ✅ ကြက်သွန်ဖြူမှုန့်✅ စပါးလင်မှုန့်

ဟင်းလျာရဲ့ အနံ့အရသာကို ပိုမိုကောင်းမွန်စေပြီး အရသာအသစ်တွေကို စတင်ခံစားစေပါတယ်။

👶 ၁၂ လအထက်✅ ငရုတ်ကောင်းမှုန့်

အနည်းငယ်စီသာ စတင်အသုံးပြုပြီး ဘေဘီလေးရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပေးပါနော်။

✨ ဟင်းခပ်အမွှေးအကြိုင်တွေကို မှန်ကန်စွာ မိတ်ဆက်ပေးခြင်းက
✔️ အစားအစာအရသာ ပိုမိုစုံလင်စေတယ်
✔️ အစားရွေးစားတတ်မှုကို လျော့နည်းစေတယ်
✔️ မိသားစုစားသောက်ပုံစံနဲ့ ပိုမိုရင်းနှီးလာစေတယ်

🥣 Baby Porridge၊ အားဖြည့်ဆန်၊ Soup နဲ့ Baby Food အမျိုးမျိုးမှာ အနည်းငယ်စီ ထည့်သုံးနိုင်ပါတယ်။

💡 အသစ်မိတ်ဆက်တဲ့ အမွှေးအကြိုင်တိုင်းကို အနည်းငယ်စီသာ စတင်ပြီး ဓာတ်မတည့်မှုရှိ/မရှိ စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော် 💕

𝙉𝙞𝙨𝙨𝙞𝙣 𝘾𝙪𝙥 𝙉𝙤𝙤𝙙𝙡𝙚𝙨 မေမေတို့ရေ🍜 1 နှစ်အထက် ဘေဘီလေးတွေအတွက် ခေါက်ဆွဲခွက်လေးများ 🍜အစာစားချိန်ရောက်တိုင်း "ဘာကျွေးရမလဲ" စဉ်း...
19/06/2026

𝙉𝙞𝙨𝙨𝙞𝙣 𝘾𝙪𝙥 𝙉𝙤𝙤𝙙𝙡𝙚𝙨

မေမေတို့ရေ

🍜 1 နှစ်အထက် ဘေဘီလေးတွေအတွက် ခေါက်ဆွဲခွက်လေးများ
🍜အစာစားချိန်ရောက်တိုင်း "ဘာကျွေးရမလဲ" စဉ်းစားနေရတဲ့ မေမေတို့အတွက် အဆင်ပြေစေမယ့် ခေါက်ဆွဲခွက်လေးတွေ ရောက်ရှိထားပါပြီရှင့် 💛💚
✨ 1 နှစ်အထက် ကလေးလေးများ စားသုံးနိုင်ပါတယ်
✨ နူးညံ့တဲ့ ခေါက်ဆွဲသားလေးတွေမို့
✨ ပြင်ဆင်ရလွယ်ကူပြီး အချိန်ကုန်လဲသက်သာစေတယ်
✨ ခွက်ကလေးနဲ့မို့ အပြင်သွားချိန်လည်း အဆင်ပြေပါတယ်

💛 Cheese Flavor
ချိစ်အရသာမွှေးမွှေးလေး
နို့ထွက်ပစ္စည်းအရသာကြိုက်တဲ့ ဘေဘီလေးတွေအတွက် သင့်တော်ပါတယ်
💚 Seaweed Flavor
ရေညှိအရသာမွှေးမွှေးလေး
အရသာထူးခြားပြီး ကလေးလေးတွေအကြိုက်

🥣 ပိုမိုအာဟာရပြည့်စုံစေဖို့ ကြက်ဥ၊ ကြက်သားနုပ်နုပ်စင်း၊ ဟင်းသီးဟင်းရွက်လေးတွေ ထပ်ထည့်ပြီး ကျွေးနိုင်ပါတယ်ရှင့်။
💕 ဘေဘီလေးတွေ အကြိုက်တွေ့စေမယ့် Doraemon Design ခွက်လေးနဲ့ လာတာမို့ စားချင်စိတ်လေးလည်း ပိုတိုးစေပါတယ်နော်။
Price 💰 4000/-

မေမေတို့ရေ 𝐁𝐚𝐛𝐲 𝐊𝐞𝐧 Jumboလေးတွေက ရမယ့် Size နှင့် အရေအတွက်လေးတွေတင်ပေးပါရစေ။S 40PcsM 40PcsL 36PcsXL 32PcsXxl 32 Pcs ဈေးလ...
17/06/2026

မေမေတို့ရေ

𝐁𝐚𝐛𝐲 𝐊𝐞𝐧 Jumboလေးတွေက ရမယ့် Size နှင့် အရေအတွက်လေးတွေတင်ပေးပါရစေ။

S 40Pcs
M 40Pcs
L 36Pcs
XL 32Pcs
Xxl 32 Pcs
ဈေးလေးကတော့ မပြောင်းလဲပါဘူးရှင့်။

မေမေတို့ရေ𝗚𝗮𝗮𝗯𝗼𝗿 𝗕𝗮𝗯𝘆 𝗖𝗼𝗼𝗸𝗲𝗿လေးပြန်ရပြီရှင့်။👩‍👶 "ဘေဘီလေးအတွက် ဖြည့်စွက်စာတစ်ခါချက်ဖို့ အိုးအကြီးကြီးထုတ်ရတာ အလုပ်ရှုပ်န...
17/06/2026

မေမေတို့ရေ

𝗚𝗮𝗮𝗯𝗼𝗿 𝗕𝗮𝗯𝘆 𝗖𝗼𝗼𝗸𝗲𝗿လေးပြန်ရပြီရှင့်။

👩‍👶 "ဘေဘီလေးအတွက် ဖြည့်စွက်စာတစ်ခါချက်ဖို့ အိုးအကြီးကြီးထုတ်ရတာ အလုပ်ရှုပ်နေပြီလား မေမေတို့?"

တစ်ခါတလေ ဘေဘီလေးက တစ်နပ်စာပဲစားတာမို့ အိုးကြီးတွေနဲ့ချက်ရတာ အချိန်ကုန်၊ လူပင်ပန်းစေပါတယ်နော်။
ဒါကြောင့် မေမေတို့အတွက် Gaabor Baby Cooker လေးရှိပါတယ် ❤️

✨ ဘေဘီတစ်ယောက်စာ ပမာဏလေး အတိအကျချက်လို့ရပါတယ်
✨ ဖြည့်စွက်စာ၊ ဆန်ပြုတ်၊ စွပ်ပြုတ်လေးတွေ လွယ်လွယ်ကူကူ ပြင်ဆင်နိုင်တယ်
✨ အပေါ်ပေါင်းခံဇကာလေးနဲ့ ဟင်းသီးဟင်းရွက်၊ အသား၊ ကြက်ဥလေးတွေ ပေါင်းနိုင်ပါတယ်
✨ အလုပ်များတဲ့ မေမေတို့အတွက် အချိန်ကုန်သက်သာစေပါတယ်။

📌 အသုံးပြုရာမှာ ဆီလီကွန်ယောက်မ (သို့) သစ်သားယောက်မသာ အသုံးပြုပေးပါရှင့်။
📌 သံစနှင့်ဆေးကြောခြင်းကို ရှောင်ကြဉ်ပေးပါ။

ဘေဘီလေးရဲ့ အာဟာရပြည့်ဝတဲ့ အစားအစာလေးတွေကို မေမေတို့ လွယ်ကူစွာ ပြင်ဆင်ပေးနိုင်ဖို့ Helper လေးတစ်လုံးပါနော် 💕

Price 💰 71000/-

မေမေတို့ရေ👶 6 လပြည့် ဘေဘီလေး ဖြည့်စွက်စာ စတင်တဲ့အခါ သိထားသင့်တဲ့ အချက် (၅) ချက်1️⃣ 6 လပြည့်မှ စတင်ကျွေးပါ။ မိခင်နို့ (သိ...
16/06/2026

မေမေတို့ရေ

👶 6 လပြည့် ဘေဘီလေး ဖြည့်စွက်စာ စတင်တဲ့အခါ သိထားသင့်တဲ့ အချက် (၅) ချက်

1️⃣ 6 လပြည့်မှ စတင်ကျွေးပါ။ မိခင်နို့ (သို့) ဖော်မြူလာနို့က အဓိကအာဟာရဖြစ်နေဆဲပါ။
2️⃣ ဆန်အဖြူထည် ကြဲကြဲလေးနဲ့ စတင်ပါ။ ဘေဘီရဲ့ အစာခြေစနစ်ကို ဖြည်းဖြည်းချင်း အကျွမ်းတဝင်ဖြစ်စေပါတယ်။
3️⃣ အစားအစာအသစ်တစ်မျိုးကို ၃ ရက်ခန့် စောင့်ကြည့်ပါ။ ဓာတ်မတည့်ခြင်း၊ ဝမ်းလျှောခြင်း၊ အဖုထွက်ခြင်းများ ရှိမရှိ သတိပြုပါ။
4️⃣ ဆား၊ သကြား၊ ဟင်းခတ်အမွှေးအကြိုင်များ မထည့်ပါနဲ့။ ဘေဘီလေးရဲ့ ကျောက်ကပ်နဲ့ အစာခြေစနစ်အတွက် မလိုအပ်သေးပါဘူး။
5️⃣ ဖြည်းဖြည်းချင်း တိုးကျွေးပါ။ ပထမရက်တွေမှာ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကနေ စပြီး ဘေဘီလက်ခံနိုင်သလောက် တိုးပေးပါ။
💛 ဖြည့်စွက်စာစကျွေးတာဟာ ဗိုက်ပြည့်ဖို့ထက် အစားအစာအသစ်တွေနဲ့ ရင်းနှီးအောင် မိတ်ဆက်ပေးတဲ့ အချိန်လေး ဖြစ်ပါတယ်နော်။

မေမေတို့ရေ... အလျင်မလိုဘဲ ဘေဘီလေးရဲ့ ဖွံ့ဖြိုးမှုအလိုက် ဖြည်းဖြည်းချင်း စတင်ပေးကြရအောင် ☺️
BABY STAR မှာရရှိတဲ့ ဆန်၊ဆန်နို့လေးတွေလည်းလေ့လာလို့ရပါတယ်။

မေမေတို့ရေပန်းရောင်ဆားလေးတွေဆိုတာ 🌸 ပန်းရောင်ဆား (Pink Himalayan Salt) ရဲ့ ကောင်းကျိုးလေးတွေ 🌸ပန်းရောင်ဆားလေးဟာ သဘာဝတွင်...
15/06/2026

မေမေတို့ရေ

ပန်းရောင်ဆားလေးတွေဆိုတာ

🌸 ပန်းရောင်ဆား (Pink Himalayan Salt) ရဲ့ ကောင်းကျိုးလေးတွေ 🌸

ပန်းရောင်ဆားလေးဟာ သဘာဝတွင်းထွက်ဆားအမျိုးအစားဖြစ်ပြီး သတ္တုဓာတ်မျိုးစုံ ပါဝင်တာကြောင့် လူကြီးရော ကလေးတွေအတွက်ပါ အဆင်ပြေတဲ့ ဟင်းချက်ပစ္စည်းလေးတစ်မျိုးပါနော် 💕

✅ ပန်းရောင်ဆားရဲ့ ကောင်းကျိုးများ • ခန္ဓာကိုယ်ရဲ့ Electrolyte Balance ကို ထိန်းညှိပေးနိုင်တယ် • အစာချေစနစ်ကို အထောက်အကူပြုနိုင်တယ် • သတ္တုဓာတ်အနည်းငယ် ပါဝင်တာကြောင့် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေကို ကူညီပေးနိုင်တယ် • ဟင်းလျာတွေကို သဘာဝအရသာ ပိုမိုကောင်းမွန်စေတယ်

👶 ဘေဘီလေးတွေ ဘယ်အချိန်က စ‌ ကျွေးသင့်လဲ?

WHO နှင့် ကလေးအာဟာရပညာရှင်များရဲ့ အကြံပြုချက်အရ ဘေဘီလေးများကို ဆားထပ်မံဖြည့်စွက်ခြင်းကို ၁ နှစ်ပြည့်ပြီးမှ စတင်သင့်ပါတယ်။
⚠️ ၁ နှစ်မပြည့်ခင် ဘေဘီလေးတွေရဲ့ ကျောက်ကပ်က ဖွံ့ဖြိုးမှုမပြည့်စုံသေးတဲ့အတွက် ဆားများလွန်းတာ မသင့်တော်ပါဘူးနော်။
📌 ကလေးအသက်အရွယ်အလိုက် တစ်နေ့တာ စားသုံးသင့်တဲ့ ဆားပမာဏ
👶 ၁ နှစ်အောက် — ဆား မထည့်သင့်ပါ 👶 ၁ နှစ်မှ ၃ နှစ် — တစ်နေ့ ၂ ဂရမ် (လက်ဖက်ရည်ဇွန်း ၁/၃ ခန့်)
🧒 ၄ နှစ်မှ ၆ နှစ် — တစ်နေ့ ၃ ဂရမ် 👦 ၇ နှစ်မှ ၁၀ နှစ် — တစ်နေ့ ၅ ဂရမ်
🧑 လူကြီး — တစ်နေ့ ၅ ဂရမ်ထက် မပိုသင့်ပါ
💡 ပန်းရောင်ဆားဖြစ်စေ၊ ရိုးရိုးဆားဖြစ်စေ မျှတစွာ သုံးစွဲဖို့က အရေးကြီးပါတယ်နော်။

𝗞𝗶𝗱𝘀 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗣𝗲𝗿𝗳𝘂𝗺𝗲 (𝟱𝟬𝗺𝗹)မေမေတို့ရေ🌈 Kids Natural Perfume (50ml) 🌈👦👧 သားသားရော မီးမီးရော အသုံးပြုလို့ရတဲ့ Kids Natural...
14/06/2026

𝗞𝗶𝗱𝘀 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗣𝗲𝗿𝗳𝘂𝗺𝗲 (𝟱𝟬𝗺𝗹)

မေမေတို့ရေ

🌈 Kids Natural Perfume (50ml) 🌈
👦👧 သားသားရော မီးမီးရော အသုံးပြုလို့ရတဲ့ Kids Natural Perfume လေးတွေ ရောက်ထားပါပြီနော် ✨
ကျောင်းတက်တဲ့အရွယ် သားသားမီးမီးလေးတွေကို သန့်ရှင်းလတ်ဆတ်ပြီး ချစ်စရာကောင်းတဲ့ ရနံ့လေးနဲ့ တစ်နေ့တာလုံး ယုံကြည်မှုရှိစေဖို့ အထူးထုတ်လုပ်ထားတာပါ 💖
✨ ရနိုင်တဲ့ အနံ့လေးများ
💗 Cute Baby – နူးညံ့ချိုမြိန်တဲ့ Baby Powder Scent
🤍 Rich Baby – သန့်ရှင်းနူးညံ့ပြီး ကြာရှည်ခံတဲ့ ရနံ့
💙 Active Baby – လန်းဆန်းတက်ကြွတဲ့ Fresh Scent
🌌 Smart Baby – သန့်ရှင်းသပ်ရပ်ပြီး Smart ကျတဲ့ ရနံ့ ဆိုပြီးရနိုင်ပါတယ်။

✅ Alcohol Free
✅ Hypoallergenic Formula
✅ Dermatologist Tested
✅ အနံ့ပြင်းလွန်းခြင်းမရှိ
✅ သားသားရော မီးမီးရော နေ့စဉ်အသုံးပြုနိုင်
🎒 ကျောင်းသွားချိန် 🎂 မွေးနေ့ပွဲ 🎉 ပွဲတက်ချိန် 🚗 အပြင်ထွက်လည်ချိန်တွေမှာ ဆောင်ထားသင့်တဲ့ Perfume လေးပါရှင့်။
💝 Limited Edition Packaging လေးနဲ့ဆိုတော့ လက်ဆောင်ပေးဖို့လည်း အရမ်းလှပါတယ်နော်။
👦 သားသားအတွက် Active Baby, Smart Baby 👧 မီးမီးအတွက် Cute Baby, Rich Baby
ဒါပေမယ့် အနံ့ကြိုက်နှစ်သက်မှုပေါ်မူတည်ပြီး သားသားရော မီးမီးရော အနံ့အားလုံး ရွေးချယ်အသုံးပြုနိုင်ပါတယ်ရှင့် 💕✨
Price 💰 36500/-
#သားသားမီးမီးတို့အတွက်

𝗦𝘂𝗽𝗲𝗿 𝗥𝗶𝗻𝗴 𝗖𝗵𝗲𝗲𝘀𝗲 𝗖𝗿𝗮𝗰𝗸𝗲rမေမေတို့ရေ👶🧀 ဘေဘီလေးအတွက် အရသာရှိတဲ့ Snack Time လေး ဖန်တီးပေးချင်လား...၁ နှစ်အထက် ဘေဘီလေးတွေဆို...
13/06/2026

𝗦𝘂𝗽𝗲𝗿 𝗥𝗶𝗻𝗴 𝗖𝗵𝗲𝗲𝘀𝗲 𝗖𝗿𝗮𝗰𝗸𝗲r
မေမေတို့ရေ
👶🧀 ဘေဘီလေးအတွက် အရသာရှိတဲ့ Snack Time လေး ဖန်တီးပေးချင်လား...
၁ နှစ်အထက် ဘေဘီလေးတွေဆိုရင် အဓိကအစားအစာအပြင် သရေစာလေးတွေလည်း စတင်မိတ်ဆက်ပေးလို့ရလာပါပြီနော် 💙
ဒီ Cheese Biscuit လေးကတော့ Cheese အရသာမွှေးမွှေးလေးနဲ့ ကြွပ်ကြွပ်ရွရွ စားကောင်းတဲ့ Snack လေးပါရှင့် 😋
✨ တစ်ကိုက်ကိုက်လိုက်တာနဲ့ Cheese အရသာလေး မွှေးမွှေးဆိမ့်ဆိမ့်လေး
✨ လက်ကလေးနဲ့ ကိုင်စားလို့လည်း အဆင်ပြေ
✨ အပြင်သွားတဲ့အခါ Snack အဖြစ် ထည့်ပေးလို့ရ
✨ ဘေဘီလေးရဲ့ Self Feeding အတွက်လည်း အဆင်ပြေပါတယ်။
💡 မေမေတို့ သိထားသင့်တာလေး...
Snack ဆိုတာ အစာအစားထိုး မဟုတ်ဘဲ အစာစားချိန်ကြား သရေစာအဖြစ်သာ ကျွေးပေးသင့်ပါတယ်နော်။
👶 သင့်တော်သောအသက်အရွယ် - ၁ နှစ်အထက်ပါ။
Price 💰 8800/-

မေမေတို့ရေ🌧️ မိုးရာသီရောက်လာပြီဆိုတော့ မေမေတို့ရဲ့ အကြီးဆုံးအခက်အခဲက အနှီးမခြောက်တာနဲ့ အနှီးလျှော်ရတာပါပဲနော်...ညဘက် ဘေဘ...
13/06/2026

မေမေတို့ရေ

🌧️ မိုးရာသီရောက်လာပြီဆိုတော့ မေမေတို့ရဲ့ အကြီးဆုံးအခက်အခဲက အနှီးမခြောက်တာနဲ့ အနှီးလျှော်ရတာပါပဲနော်...
ညဘက် ဘေဘီလေး နိုးလာတိုင်း အနှီးလဲပေးရ၊ မနက်ရောက်ရင် အနှီးတောင်ပုံလေးနဲ့ ရင်ဆိုင်ရတာက မေမေ၊ ဖေဖေတို့အတွက် မလွယ်ကူပါဘူး🥹

ဒါကြောင့် မွေးစဘေဘီလေးကနေ စပြီး အသုံးပြုနိုင်တဲ့ တစ်ခါသုံးကတောင်းကျိုက်လေးကို မေမေတို့အတွက် အကြံပြုချင်ပါတယ်ရှင့် 💙

✨ ကပ်ခွာအမျိုးအစား ✨ ကြိုးချည်အမျိုးအစားနှစ်မျိုးလုံး ရရှိနိုင်ပါတယ်နော်။
✔️ ဘေဘီလေးကို သန့်သန့်ရှင်းရှင်းထားပေးနိုင်
✔️ မိုးရာသီမှာ အနှီးမခြောက်မှာ စိတ်ပူစရာမလို
✔️ အနှီးလျှော်ရတဲ့ အချိန်နဲ့ အလုပ်သက်သာ
✔️ ညဘက် ဘေဘီလေး အိပ်ရေးဝဝ အိပ်နိုင်
✔️ မေမေလည်း အိပ်ရေးမပျက်
✔️ ဖေဖေလည်း အနှီးလျှော်ရတာ သက်သာ☺️
ဘေဘီလေး သက်တောင့်သက်သာရှိဖို့၊ မေမေဖေဖေတို့ ပိုအနားယူနိုင်ဖို့အတွက် အဆင်ပြေတဲ့ အကူအညီကောင်းလေးပါရှင့် 🥰

Price 💰 15000/-


#တစ်ခါသုံးကတောင်းကျိုက်

မေမေတို့ရေ🍋🌟 မိုးရာသီမှာ ဘေဘီလေး ကိုယ်ခံအားကောင်းဖို့ Lil Critters Immune C 🌟🍋လေးရှိတယ်နော်။မိုးရာသီရောက်ပြီဆိုတာနဲ့ အအေ...
12/06/2026

မေမေတို့ရေ

🍋🌟 မိုးရာသီမှာ ဘေဘီလေး ကိုယ်ခံအားကောင်းဖို့ Lil Critters Immune C 🌟🍋လေးရှိတယ်နော်။

မိုးရာသီရောက်ပြီဆိုတာနဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေးတွေ ဖြစ်လွယ်လာပါပြီနော် မေမေတို့ရေ 💛
ဒါကြောင့် ဘေဘီလေးရဲ့ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးဖို့ Lil Critters Immune C Gummies လေးကို ရွေးချယ်ပေးလိုက်ပါ 🐻🍊

✨ Vitamin C ✨ Vitamin D ✨ Zinc
တို့ ပါဝင်တာကြောင့်
✅ ကိုယ်ခံအားစနစ်ကို အားကောင်းစေတယ်
✅ ရာသီဥတုပြောင်းလဲချိန်မှာ ကျန်းမာရေးကို ထောက်ပံ့ပေးတယ်
✅ အရိုးနှင့် သွားကျန်းမာရေးအတွက် အထောက်အကူပြုတယ်
✅ ကလေးလေးများ နေ့စဉ်လိုအပ်တဲ့ Vitamin C ကို ဖြည့်ဆည်းပေးတယ်

👶 ၂ နှစ်အထက် ကလေးများ သောက်သုံးနိုင်ပါတယ်

📝 သောက်သုံးပုံ 🔸 ၂-၃ နှစ် — တစ်နေ့ ၁ လုံး 🔸 ၄ နှစ်အထက် — တစ်နေ့ ၂ လုံး

⏰ အစာစားပြီးနောက် သောက်ပေးရန် အကြံပြုပါသည်။
😋 အရသာကောင်းတဲ့ Gummies ပုံစံဖြစ်လို့ ဘေဘီလေးတွေ အရမ်းကြိုက်ကြပါတယ်။
🌧️ မိုးရာသီမှာ ရာသီတုပ်ကွေးတွေကို ကြိုတင်ဂရုစိုက်ပြီး ဘေဘီလေးရဲ့ ကိုယ်ခံအားကို အားဖြည့်ပေးလိုက်ရအောင်နော် 💛🐻🍋
Price 💰38500/-

Address

East Nandawon Street
Myanaung
10041

Telephone

+959250601035

Website

Alerts

Be the first to know and let us send you an email when BABY STAR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BABY STAR:

Share