13/06/2026
တခြားသူ နှိမ်တာ မခံချင်ရင် ကိုယ့်ကိုယ်ကို နှိမ်။
ဘာတွေကို နှိမ်ရမလဲဆိုတော့ အချိန်မတိုင်သေးခင်
** သုံးချင် ဖြုန်းချင်တဲ့စိတ်ကို နှိမ်
** ကြွားချင် ဝါချင်တဲ့စိတ်ကို နှိမ်
** အချိန်မတန်သေးခင် ဇိမ်ခံချင်တဲ့စိတ်ကို နှိမ်
သူများခိုင်းတာ မခံနဲ့ ကိုယ့်ကိုယ်ကို ခိုင်း။
သူများခိုင်းတာ ခံနေရသရွေ့ ဝန်ထမ်းပဲ ဖြစ်နေမှာပဲ၊
ကိုယ့်ကိုယ်ကို ခိုင်းမှ လုပ်ငန်းရှင်ဖြစ်မှာ။
လူဆိုတာ ကိုယ့်ဘဝ ကိုယ်တိုင် တည်ဆောက်ရတယ်၊
ကိုယ့်ဘဝကိုယ် မတည်ဆောက်ရင် သူများတည်ဆောက်နေတဲ့ ဘဝမှာ ကိုယ်က အသုံးချခံဖြစ်သွားတတ်တယ်။
ဒါကြောင့် တိုးတက်ချင်တဲ့ လူငယ်တိုင်းဟာ
ကိုယ့်ကိုယ်ကို နှိမ်ပါ ၊ ကိုယ့်ကိုယ်ကို ခိုင်းပါ။
စာရေးသူကိုလေးစားစွာဖြင့်မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်🙏