Crown Fashion

Crown Fashion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Crown Fashion, Design & Fashion, Myitkyina.

ယနေ့ဟာ "ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ" လို့ မှတ်သားရလောက်အောင် ထူးခြားမွန်မြတ်လှတဲ့ ကဆုန်လပြည့...
14/05/2022

ယနေ့ဟာ "ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
ကဆုန်လပြည့် ရက်မြတ်များ" လို့ မှတ်သားရလောက်အောင် ထူးခြားမွန်မြတ်လှတဲ့
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ အခါသမယပဲဖြစ်ပါတယ်။ 🙏

ယခုလို ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ရဲ့ မွန်မြတ်လှတဲ့ နေ့ထူးရက်မြတ်မှာ
မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ကျန်းမာဘေးကင်းကြပြီး
စီးပွားလာဘ်လာဘတွေလည်း တိုးပွားပါစေကြောင်း Crown Fashion မိသားစုများမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏

#ကဆုန်လပြည့်နေ့

08/05/2022

ကမ္ဘာပေါ်က လူသားတိုင်း လူသားတိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ အရာတွေထဲက တစ်ခုကို ပြပါဆိုရင်တော့ မိခင်ကိုပြရမှာပါ။

အရာအားလုံးထက် တန်ဖိုးကြီးမားတဲ့ မိခင်များကို ဂုဏ်ပြုသောအားဖြင့် မေလ ၈ ရက်နေ့ကို အမေများနေ့လို့ သတ်မှတ်ခဲ့ကြပြီး Crown Fashion မိသားစုကနေလည်း ကမ္ဘာပေါ်ရှိ မိခင်တိုင်းရဲ့ ကောင်းကျိုးများကို ရည်စူးလို့ လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။



ဒီယနေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်တာကြောင့် လုပ်ငန်းအသီးသီးမှာ လုပ်ကိုင်နေကြသော အလုပ်သမားအားလုံး သက်ဆိုင်ရာလုပ်...
01/05/2022

ဒီယနေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဖြစ်တာကြောင့်

လုပ်ငန်းအသီးသီးမှာ လုပ်ကိုင်နေကြသော အလုပ်သမားအားလုံး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ ပျော်ရွှင်အေးချမ်းစွာဖြင့် အလုပ်လုပ်ကိုင်နိုင်ပြီး

အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများပါစေလို့ ကျွန်မတို့ Crown Fashion မိသားစုမှ ဆုမွန်ကောင်းတောင်းပေးရင်း အလုပ်သမားနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါတယ်။

အတွင်းစိတ်ကို သိပြီးမှ လူတစ်ယောက်ကို ဆုံးဖြတ်တတ်တဲ့ ခေတ်လား?🤔ကုန်ခဲ့ပါပြီ... 🤗မာယာများတဲ့ လောကကြီးထဲမှာ အပြင်ပန်းပုံစံကိ...
26/04/2022

အတွင်းစိတ်ကို သိပြီးမှ လူတစ်ယောက်ကို ဆုံးဖြတ်တတ်တဲ့ ခေတ်လား?🤔

ကုန်ခဲ့ပါပြီ... 🤗

မာယာများတဲ့ လောကကြီးထဲမှာ အပြင်ပန်းပုံစံကို ကြည့်ပြီး သင်ဟာ ဘယ်လိုလူဖြစ်ကြောင်း သတ်မှတ်ကြတဲ့ စံနှုန်းတွေ များပြားလာတဲ့အခါ...

အပေါ်ယံပကာသနတွေက အတွင်းစိတ်ထားလှဖို့ထက် ပါးပါးလေး အရေးကြီးနေပြီဆိုတာ လက်ခံရဖို့လိုနေပါပြီ။

ကိုယ့်ရဲ့ ရုပ်ရည်သွင်ပြင် ဝတ်စားနေထိုင်ပုံကို First Impression အဖြစ် ကြည့်ပြီး တန်ဖိုးသတ်မှတ် အကဲခတ်တတ်ကြတာဟာ လူ့အသိုင်းဝိုင်းရဲ့ သဘာဝပါ။

ဒါကြောင့်
ဒီနေ့ခေတ်လူငယ်တော်​တော်များများဟာ ကိုယ်ရဲ့ Physical Appearance နဲ့ ဝတ်စားဆင်ယင်မှုတွေကို အရင်ကထက်ပိုပြီးအလေးထား ပြင်ဆင်လာကြပါ​ပြီ။

ဒီလိုပြင်ဆင်တဲ့နေရာမှာလည်း ကိုယ်နဲ့ လိုက်ဖက်မယ့် အဝတ်အစားကို ရွေးခြယ်တတ်ဖို့က သိပ်ကိုအရေးပါပါတယ်။

ကိုယ်က cute type လား
Smart & Sexy လားဆိုတာကိုတော့ အရင်ဆုံး ခွဲခြားတတ်ဖို့ လိုပါတယ်နော်။

တစ်ကယ်လို့ သင်ဟာ Smart ဖြစ်တဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတာဆိုရင်တော ကိုယ်နဲ့ မလိုက်မဖက်ပုံစံဖြစ်တဲ့ ချစ်စရာ အဝတ်အစားလေးတွေကို မရွေးချယ်သင့်ပါဘူးနော်။

ဒါ့အပြင် ဒူးနေရာဒူး တော်နေရာတော်ဆိုသလို ကိုယ်ရှိရမယ့် နေရာ ကိုယ်သွားရမယ့်နေရာတွေနဲ့ လိုက်ဖက်မှုရှိတဲ့ အဝတ်အစားတွေကိုလည်း ရွေးခြယ်တတ်ရဦးမှာပါ။

ကိုယ်က အလှုမင်္ဂလာပွဲတွေသွားတဲ့အခါမှာ sexy dress တွေနဲ့ အဆင်မပြေသလို Bar&club တွေကို JJ ဘောင်းဘီနဲ့သွားမယ်ဆိုရင်လည်း မဖြစ်သေးပါဘူး။

သင့်တော်တဲ့နေရာမှာ သင့်တော်သလို ဝတ်စားဆင်ယင်တတ်ဖို့ ပြင်ဆင်ခြယ်သဖို့ဆိုတာလိုအပ်တာပဲမို့ အချိန်ပေးပြီး သပ်သပ်ရပ်ရပ်ပြင်ဆင်တတ်မယ်ဆိုရင် လူတိုင်းကကြည့်လို့ကောင်းနေကြမှာပါ။

ဒီလို Physical Appearance က ကြည့်ကောင်းနေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ မိမိကိုယ်ကိုယုံကြည်မှုတွေတိုးလာမှာဖြစ်ပြီးတော့ တစ်ဖက်မှာလည်း လူများရဲ့ လေးစားမှု ယုံကြည်မှုတွေကို ပိုပြီးရရှိလာမှာ အမှန်ပါပဲ။

ကဲ....... ဒါဆို Physical Appearance ကလူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာသိပြီဆို​တော့ ခေတ်ဟောင်းနေတဲ့ ဝတ်စားဆင်ယင်မှုတွေကိုပြောင်းပြီး အရင်ကထက် ပိုလှကြပါစို့နော် 😍




ရွှေမြန်မာတို့ရဲ့ Vintage (သို့မဟုတ်) Thrift Clothing အကြောင်းတစေ့တစောင်း💁‍♀️အခုခေတ်မှာ ခေတ်စားလာတဲ့ Vintage တွေကို အရင်...
22/04/2022

ရွှေမြန်မာတို့ရဲ့ Vintage (သို့မဟုတ်) Thrift Clothing အကြောင်းတစေ့တစောင်း💁‍♀️

အခုခေတ်မှာ ခေတ်စားလာတဲ့ Vintage တွေကို အရင်က ဘေထုပ်လို့ ခေါ်ခဲ့ကြပါတယ်။

နိုင်ငံခြားဖြစ် second hand အထည်တွေ ဖြစ်ကြတဲ့ thrift clothings တွေဟာ တစ်ဖက်နိုင်ငံကို ဝင်ပြီဆိုတာနဲ့ Bale လို့ ခေါ်တဲ့ အထုပ်လိုက်၊အစည်းလိုက် နဲ့ ဝင်လာကြပါတယ်။ အဲ့ဒီမှာပဲ အင်္ဂလိပ် အသံထွက် Bale ကို မြန်မာမှု ပြုလိုက်တဲ့ ရွှေမြန်မာတို့ကြောင့် ဒီ Thrift ထည်တွေဟာ ဘေထုပ်ဆိုပြီး ဖြစ်သွားပါတယ်။

ဒီနေရာမှာ နောက်တစ်ခုရှိတာက Bale တွေကို ဘေထုပ်လို့ ခေါ်မယ့်အစား Vintage လို့ အခုခေတ်မှာ ပြောင်းခေါ်လာကြတယ်ပေါ့။

ဒီလို ခေါ်ကြတဲ့နေရာမှာ တစ်ချို့က Vintage ဆိုတာ ရှေးခတ်က တန်ဖိုးကြီး ရှားပါး အထည်တွေကိုမှ ခေါ်တာဖြစ်ပြီး နိုင်ငံခြားက second hand clothing ဖြစ်တဲ့ Bale တွေကို ခေါ်တာ မဟုတ်ကြောင်း အငြင်းပွားဖွယ်တွေ ဖြစ်လာကြတာပေါ့နော်။

ဒါကလည်း မှန်သင့်သလောက်မှန်ပေမယ့် Bale တွေကို Vintage လို့ သုံးနှုန်းတာကလည်း အပြစ်ကြီးတစ်ခုလို့တော့ မထင်မိပါဘူး။

ဘာကြောင့်ဆို ဒီ Bale အထုပ်တွေထဲမှာ

နိုင်ငံခြားဖြစ် Brand စုံ၊ အရောင်စုံ၊ ဒီဇိုင်းစုံ ဆိုဒ်စုံ စတဲ့ အဝတ်အစား အမျိုးအစားအစုံပါပါတယ်။
Thrift ဖြစ်တဲ့အလျောက် အဟောင်းထည်တွေ ပါကောင်းပါပေမယ့်
တစ်ချို့ ဂေါင်ထည်လို့ ခေါ်ကြတဲ့
ပစ္စည်းအသန့်တွေ
တံဆိပ်တောင် မဖြုတ်ရသေးတဲ့ အသစ်တွေ
တစ်ချို့ဆို Limited Edition တွေလည်း
ပါနိုင်တာမို့ Thrift တိုင်းဟာလည်း Thrift မဟုတ်နေပြန်ပါဘူး။

Branded တွေ ဝယ်ဝတ်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ခြွေတာနေရတဲ့အခါမျိုးမှာ စျေးအသင့်အတင့်နဲ့
ကွာလတီကောင်းကောင်း Brand တွေ
ကိုတော့ ရွေးချယ်တတ်မယ်ဆို ဒီ Thrift အထည်တွေထဲမှာ ရနိုင်ပါတယ်။

တစ်ချို့က Bale ထည်တွေဆို ရွေးရမှာ ရှက်ကြပါတယ်။ ဒါပေမယ့် မြန်မာတို့အထင်ကြီးတတ်ကြတဲ့ နိုင်ငံခြားသားတွေကတော့ ငွေကြေးကို စေ့စေ့စပ်စပ်နဲ့ အပိုအလိုမရှိ သုံးတတ်ကြတဲ့ သူတွေပီပီ Vintage တွေကိုမှ ရွေးရ ရှာရတာကို ကြိုက်နှစ်သက်ကြတာပါ။

အခြေခံလူတန်းစားတွေ ပိုက်ဆံမတတ်နိုင်တဲ့သူတွေပဲ Vintage ဝတ်တယ်ဆိုတဲ့ တလွဲအယူအဆကြီးက ခေတ်ဟောင်းမှာကျန်ခဲ့ပါ​ပြီ။
နိုင်ငံတကာမှာ နာမည်ကြီး Cele တွေတောင် Vintage တွေကို သေချာ ရှာဝတ်ပါတယ်။

ရွေးတတ်တဲ့သူတွေ အတွက်တော့ Bale ထဲက ရတဲ့ အထည်​ကောင်းတွေဟာ သိပ်ကို တန်ဖိုးရှိတာမို့

ငွေကြေး ခြွေတာပြီး အထည်များများ အလဲအလှယ်နဲ့ ကံကောင်းရင် အသစ်စက်စက်နဲ့ Branded တွေပါ ရရှိနိုင်တဲ့
Vintage Wears (Bale) တွေကို ဘာကြောင့်ဝတ်ကြသလဲဆိုတာ သိပြီဆိုရင်တော့... 🏃‍♀️🏃‍♀️😍





19/04/2022

မဲပေါက်ပြီး တချို့ ပစ္စည်းမရသေးတာရှိရင် chat box မှာလာပြောပေးကြပါဦးနော် page က ခုမှပြန် run ရမှာမို့လို့ပါ🤒🤒

ပိုလှလာတော့မယ့် မနက်ဖြန်တွေအတွက် သင်္ကြန်တွင်းမှာ  အိမ်တွင်းပုန်းလို့ အားယူရှေ့ဆက်နေကြတဲ့ အလိမ္မာလေးတို့ရေ... 😍‍🧏🏻‍♀ နှစ...
19/04/2022

ပိုလှလာတော့မယ့် မနက်ဖြန်တွေအတွက် သင်္ကြန်တွင်းမှာ အိမ်တွင်းပုန်းလို့ အားယူရှေ့ဆက်နေကြတဲ့ အလိမ္မာလေးတို့ရေ... 😍

‍🧏🏻‍♀ နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ လူတွေရှေ့ပြန်ထွက် လုပ်ငန်းခွင်ပြန်ဝင်ဖို့ဆိုရင် ကိုယ်က အလှဆုံးဖြစ်နေမှရမှာနော်။💃

🥳 နှစ်ဟောင်းက အဆိုးတွေကို အတိုးချပြီး စိန်ခေါ်ဖို့ အတွက်ဆိုရင်တော့

👗 Crown Fashion က အဝတ်အစားတွေက သင့်ကို လူရော စိတ်ပါ လန်းဆန်းလှပ ယုံကြည့်မှုအပြည့်ဝရစေဖို့ အာမခံပါတယ်။💁‍♀️

🙆‍♀️ ညှိုးငယ်နေတဲ့ အတွေးတွေကို အတိတ်မှာထားခဲ့ပြီး အားလုံးထဲမှာ အထင်ပေါ်ဆုံးဖြစ်ဖို့ အားအင်ပြည့်ဝ
👘 dress လှလှလေးတွေနဲ့ အနာဂတ်အတွက် ခြေလှမ်းတွေကို Crown Fashion နဲ့အတူ စတင်လိုက်ကြရအောင်နော်...👭





မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ နှစ်ဆန်း ၁ ရက်နေ့ အခါကို ရောက်ရှိလို့လာပါပြီ။တစ်နှစ်ပတ်လုံးအတွက် စိတ်ချမ်းသာ ပျော်ရွှင်ပြီ...
17/04/2022

မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ နှစ်ဆန်း ၁ ရက်နေ့ အခါကို ရောက်ရှိလို့လာပါပြီ။
တစ်နှစ်ပတ်လုံးအတွက် စိတ်ချမ်းသာ ပျော်ရွှင်ပြီး ကံကောင်းခြင်းတွေ ပိုင်ဆိုင်ကြဖို့...

ဒီကနေ့ နှစ်ဆန်း တစ်ရက်နေ့ကစလို့ ပူပင်စရာတွေ ခနမေ့ထားပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြဖို့ ကျွန်မတို့ Crown Fashion မိသားစုကနေ ချစ်ခင်စွာ တိုက်တွန်းအပ်ပါတယ်ရှင်။

Live Sale မရောင်းရသေးပဲ ကိုယ်ဝတ်တာနဲ့ ဂါဝန်တွေ က ကိုယ့်ထဲ ပါပါနေပီ 😅😅😅
11/04/2022

Live Sale မရောင်းရသေးပဲ ကိုယ်ဝတ်တာနဲ့ ဂါဝန်တွေ က ကိုယ့်ထဲ ပါပါနေပီ 😅😅😅

ရွှေပိတောက်တွေ မြူးတဲ့ မြန်မာတို့ရဲ့ နှစ်ဦး တန်ခူးလ အခါသမယကို ရောက်ရှိလို့လာပါပြီ။💦💦💦နှစ်ဦးကနေ နှစ်ဟောင်းကုန်ဆုံးသည်အထ...
08/04/2022

ရွှေပိတောက်တွေ မြူးတဲ့ မြန်မာတို့ရဲ့ နှစ်ဦး တန်ခူးလ အခါသမယကို ရောက်ရှိလို့လာပါပြီ။💦💦💦
နှစ်ဦးကနေ နှစ်ဟောင်းကုန်ဆုံးသည်အထိ
ကံကောင်းခြင်း မင်္ဂလာတွေကို ပိုင်ဆိုင်နိုင်ကြဖို့ အခု နှစ်သစ်ကစလို့ ကောင်းမှုကုသိုလ်တွေ အစဥ်မပြတ် ပြုလုပ်ကြပါစို့ရှင်...🎉



ပူအိုက်တဲ့ ရာသီအတွက် ပေါ့ပါးလန်းဆန်းမှုတွေလား 🤔အေးမြတဲ့ ရာသီအတွက် နွေးထွေးမှုတွေလား🤔🧏‍♀️ ပြောင်းလဲ တတ်တဲ့ ရင်ခွင်တွေကို ...
04/04/2022

ပူအိုက်တဲ့ ရာသီအတွက် ပေါ့ပါးလန်းဆန်းမှုတွေလား 🤔

အေးမြတဲ့ ရာသီအတွက် နွေးထွေးမှုတွေလား🤔

🧏‍♀️ ပြောင်းလဲ တတ်တဲ့ ရင်ခွင်တွေကို ဝေးဝေးပြေးရှာနေမယ့်အစား
အရွေးမမှားဖို့ Crown ကို လာခဲ့လိုက်ပါ။🏃‍♀️

👑 Crown Fashion ဆိုတာကတော့

ချစ်ရတဲ့ ကာကာလေးတွေ အကြိုက်🧏‍♀️

✨Quality မှာစိတ်ချရတဲ့BKK အဝတ်အထည်တွေ

✨အသစ်ဆုံး အလန်းဆုံး Vintage အထည်တွေ ကို ရောင်းချပေးနေတာပဲဖြစ်ပါတယ်။

📌ဒါ့အပြင် Crown Fashion ကနေ ဝယ်ယူအားပေးကြတဲ့ ကာကာလေးတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ live sale တွေမှာ အထည်တွေကို စျေးလျော့ပေးခြင်း မဲဖောက်ခြင်း စတဲ့ promotion လေးတွေကိုလဲ အမြဲမပြတ်ပေးနေတာမို့

ပူပူအေးအေး ကြိုက်တာရွေး အဝတ်လှလှလေးတွေနဲ့ သင့်ရဲ့ အလှတရားတွေကို ကာကွယ်မှုအပြည့်ပေးမယ့် Crown Fashion ကို လာခဲ့လိုက်ပါနော်။🤗





07/03/2022

2 လပိုင်း 18 ရက်ကနေ အခု ဒီနေ့ထိ မင်မင် နေမကောင်းဖြစ်နေလို့ အရောင်းတွေလဲနား Live တွေလဲ ပျောက်နေပါအုံးမယ် နော် ။
😪😪😪😰😰😰

Address

Myitkyina

Telephone

+959265697897

Website

Alerts

Be the first to know and let us send you an email when Crown Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share