10/05/2023
မယားငယ်မတွေကိုပြသင့်တဲ့စာ
စာသားအရမ်းမိုက်လို့ တိုက်ဆိုင်မဲ့ညီမလေးတွေတွက်
🙍မိကောင်းဖခင်သားသမီးပါလို့
ပါးစပ် အမြုပ်ထွက်မတတ်အော်မနေနဲ့ ညီမလေး
-သူများရဲ့ အသိုက်အမြုံ မိသားစုဘဝကို
ဖျက်စီးလိုက်တာနဲ့ ညီမေလးဟာ မိကောင်းဖခင်သားသမီး မဟုတ်တော့ဘူး မိန်းမပျက်ဖြစ်နေပြီ
ညီမလေး...
-ကိုယ့်လင်ကို နိုင်အောင်ထိန်း
အော်မနေပါနဲ့ ညီမလေး
အနေတည်တဲ့ မိန်းမတစ်ယောက်ကို
လူအိုမပြောနဲ့ လူပျိုတောင် လက်ဖျားနဲ့ မထိရဲဘူး
ကိုယ့်လင်ကို ထိန်းကျပေမဲ့ ရေလာမြောင်းပေး
လာသမျှ လက်ခံနေတဲ့ ညီမတို့လို မိန်းကလေးတွေ
ရှိနေသ၍ သံဇကာအထပ်ထပ်ကာထားလည်း
တဏှာအတွက် မယားကြီးလည်း မနိုင်ဘူး
ညီမလေးရေ...
မယားကြီးထက် ငါပိုလှလို့ ငါ့ဘက်ပါလာတယ်
မထင်လေနဲ့ မယားကြီးဆိုတာ သောက်ရေအိုးထဲက
ရေပါ ညီမေရ ညီမတို့ကတော့ လမ်းဘေးဗွက်ရေနဲ့ တူပါတယ် ကွယ်
သောက်ရေအိုးထဲက ရေကို ဘယ်သူမှ ခြေမဆေးပေမဲ့ လမ်းဘေးဗွက်ရေကိုတော့ လူတကာခြေဝင်ဆေးတယ် ညီမလေးရေ
တရားဝင်မဟုတ် တိတ်တိတ်ပုန်းဘဝနဲ့
ပြည့်တန်ဆာဘဝရောက်နေတာကို ဘဝင်မမြင့်လေးနဲ့ ညီမလေး
သေရင် ငရဲ ကျနိုင်နေလို့
အမှားတွေ ပြင် အမှန်မြင်လို့ လောကအလယ်
တင့်တယ်လှပ ဂုဏ်ယူရအောင် ညီမလေးရေ
သူများအသိုက်အမြုံ မိသားစုကို မဖျက်စီးကြဖို့
ရှောင်ကျဉ်ကြပါလို့ အကြံပေးပါစေ
လောကမှာ လင်မရှားပါဘူး ညီမလေးရေ. ..
#မယားငယ်မများကိုနှိမ်နင်းမယ် #