19/04/2026
ကလေးတစ်ယောက် ကျန်းမာပြီး ဖွံ့ဖြိုးမှု အားကောင်းဖို့ဆိုတာ "ကိုယ်အလေးချိန်" နဲ့ "အရပ်အမြင့်" က အဓိက အညွှန်းကိန်းတွေပါပဲ။
မွေးစကနေ ၂ နှစ်အထိက ကလေးရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် အမြန်ဆုံး ဖွံ့ဖြိုးတဲ့အချိန်မို့ WHO စံနှုန်းလေးတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ ပုံမှန် စစ်ဆေးပေးဖို့ လိုပါတယ်နော်။ ✅
ဒီနေ့မှာတော့ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) က သတ်မှတ်ထားတဲ့ "မွေးစမှ ၂ နှစ်အထိ" ပျမ်းမျှ ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမြင့် ဇယားလေးကို မျှဝေပေးလိုက်ပါတယ်။
✨ ပထမ (၆) လအတွင်းမှာ ကိုယ်အလေးချိန် အမြန်ဆုံးအတက်ဆုံးအချိန်ပါ။
✨ ၁ နှစ်ပြည့်ရင် မွေးစကထက် ကိုယ်အလေးချိန် (၃) ဆ တိုးလာတတ်ပါတယ်။
✨ ကလေးတစ်ယောက်နဲ့တစ်ယောက် ဖွံ့ဖြိုးမှုနှုန်း မတူနိုင်လို့ ဇယားထဲက ကိန်းဂဏန်းနဲ့ အနည်းငယ် ကွာဟနေရင်လည်း စိတ်မပူပါနဲ့။
ပုံမှန်အတိုင်း အပေါ်ကို တက်နေတဲ့ Growth Curve လေး ရှိနေဖို့က အရေးကြီးဆုံးပါပဲ။ ❤️
ကလေးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ပူတာမျိုး ရှိရင်ဖြစ်စေ၊ ဒီဇယားပါ ကိန်းဂဏန်းတွေနဲ့ အများကြီး ကွာဟနေရင်ဖြစ်စေ ကလေးအထူးကု ဆရာဝန်နဲ့ ပြသပေးပါ
#ကလေးကျန်းမာရေး #မိဘတွေအတွက်