22/05/2026
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်း မရှိသည့် ကျောင်းသား ကျောင်းသူများအတွက် Placement Test အစီအစဉ်ကောင်းတစ်ခုကို ဝေမျှပေးပါမယ်
✌️လျှောက်ထားနိုင်သူများ-၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာသင်ယူရန် (ကျောင်းတက်ရန်) အခက်အခဲဖြစ်ခဲ့ရသည့် ကျောင်းသား ကျောင်းသူများအားလုံး
✌️လျှောက်လွှာရယူတင်သွင်းနိုင်သည့်နေရာ-နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးများ
✌️လျှောက်လွှာရယူတင်သွင်းနိုင်သည့်နေ့- ၂၂-၅-၂၀၂၆ ရက်နေ့မှ ၅-၆-၂၀၂၆ ရက်နေ့အထိ ပိတ်ရက်မရှိ ရုံးချိန်အတွင်း
ပညာရေးနှောင့်နှေးနေသူများအတွက် အခွင့်အလမ်းကောင်းမို့ မိမိတို့ နီးစပ်ရာကို သတင်းကောင်း ပါးပေးကြပါဦးနော်
🎉စာမေးပွဲဖြေဆိုရမည့်ရက်-၁၅-၆-၂ရ၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အတွင်း
🎉စာမေးပွဲဖြေဆိုရမည့်နေရာ-သတ်မှတ်စာစစ်ဌာနများ
📒စည်းကမ်းချက်အသေးစိတ်ကို သတင်းစာကြော်ငြာမှာ ဖတ်ကြည့်ကြပါနော်📒
အသေးစိတ်သိရှိလိုပါက ဖုန်း/ Viber တို့မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်
09-400044010
09-797313038 (Viber)
#ပညာရေး