Zin Pyae Fashion

Zin Pyae Fashion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zin Pyae Fashion, Clothing (Brand), Naypyidaw.

အားပေးလို့ရပါတယ်နော်ပေါင် ၁၈၀ထိရပါတယ်
11/03/2024

အားပေးလို့ရပါတယ်နော်
ပေါင် ၁၈၀ထိရပါတယ်

ချစ်တာ
06/03/2024

ချစ်တာ

ပေါင် 140 ကနေ 160ထိ ဝတ်လိို့ရပါတယ် price.. 8000ph..09660492080
07/02/2024

ပေါင် 140 ကနေ 160ထိ ဝတ်လိို့ရပါတယ်

price.. 8000

ph..09660492080

ကြိုက်တယ်
05/02/2024

ကြိုက်တယ်

တစ်ချို့က ကူညီပေးနေရင် အဆင်ပြေနေတယ်လို့ ထင်ကြတယ်
05/02/2024

တစ်ချို့က ကူညီပေးနေရင် အဆင်ပြေနေတယ်လို့

ထင်ကြတယ်

" မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ "===================အချိန် သွားနေတယ်၊အသ၊က်အရွယ် ပြောင်းနေတယ်။ကလေးအရွယ်ကနေ ဆယ်ကျော်သ၊က်...
04/02/2024

" မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ "
===================
အချိန် သွားနေတယ်၊
အသ၊က်အရွယ် ပြောင်းနေတယ်။
ကလေးအရွယ်ကနေ ဆယ်ကျော်သ၊က်အရွယ်က
အပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။
ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်က
ဘာလုပ်လုပ် စိတ်အားထက်သန်တယ်။
လူရွယ်ကနေ လူလတ်ပိုင်းအရွယ်ရောက်တော့
စိတ်ပျက်လက်မှိုင်ချရတာတွေ များလာခဲ့တယ်။
ဘဝဆိုတာ ရုပ်ရှင်ရိုက်သလိုပါပဲ။
ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင် ငါတို့ဖြစ်လာတယ်။
အရံကနေ ခေါင်းဆောင်သရုပ်ဆောင်ဖြစ်လာတယ်။
အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး
အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။
မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်၊ တည်ငြိမ်လာခဲ့တယ်။
အရာတော်တော်များများကိုလည်း
သဘောပေါက် နားလည်လာခဲ့တယ်။
လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။
စစချင်းမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက
နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။
စစချင်းမှာ ကြည့်မရတဲ့အရာတွေက
နောက်ပိုင်းမှာ ထားလိုက်တော့လို့ဖြစ်သွားတယ်။
ဒီဘဝခရီးလမ်းက
ပြောင်းလဲမှုမြန်ဆန်နေတယ်။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
မိဘတွေ ဖြစ်ကုန်ကြပြီ။
ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။
အမှားလုပ်မိရင် တာဝန်ယူရပြီ။
မိသားစုရှိလာတော့ တာဝန်ကိုထမ်းပိုးရပြီ။
အရင်ကလို အဖေတို့ အမေတို့လုပ်လိုက်မယ်ဆိုတာမျိုး မရတော့ဘူး။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။
ဗိုက်ပူလာပြီ။
အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ်ဖြစ်လာခဲ့ပြီ။
အိမ်ကို ပိုပိုသံယောဇဉ်ရှိလာခဲ့ပြီ။
ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။
ကျန်းမာရေးကိုပထမလို့ ထားတတ်လာခဲ့ပြီ။
ငွေကြေးဥစ္စာအပေါ် အမြင်တဖြည်းဖြည်းပေါ့လာခဲ့ပြီ။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
မောတဲ့အခါ နားသင့်ရင်နားပါ..
ခန္ဓာကိုယ်က အဓိကပါ။
နွမ်းတဲ့အခါ အိပ်သင့်ရင်အိပ်ပါ..
အိပ်ရေးတွေ အပျက်မခံနဲ့တော့။
ဆာတဲ့အခါ စားသင့်ရင်စားပါ...
ချွေတာမနေနဲ့တော့။
တစ်သက်တာက တိုလွန်းပါတယ်..
မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာပါပဲ။
ကောင်းတဲ့အရာကို နောက်ဆုံးသိမ်းမထားပါနဲ့။
သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက်မဟုတ်ဘူးဖြစ်သွားလိမ့်မယ်။
မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
crd📖📖📖

မုန့်စားရမယ်ဆိုလို့😆..photo
25/01/2024

မုန့်စားရမယ်ဆိုလို့😆..
photo

23/01/2024

ဟာသ....

ကျွန်တော် အသက်က အိမ်ကနွားမကြီးပျောက်သွားတဲ့အချိန်ပဲ

❝ ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ❞  - လှသန်း                                   ကျန်းမာရေး မကောင်းလို့ဝင်ငွေ မကောင်းလို့မိ...
23/01/2024

❝ ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ❞ - လှသန်း

ကျန်းမာရေး မကောင်းလို့
ဝင်ငွေ မကောင်းလို့
မိုးလေဝသ မကောင်းလို့

ခုလို အခက်အခဲတွေထဲမှာ
ဖိနပ်သဲကြိုးကို သတိထားနေရ
ခုံကလည်း လှုပ်လှုပ်
မြင်းကလည်း လှုပ်လှုပ်
ပြုတ်ကျသွားချင်လည်းသွား
ဒုက္ခဆိုတာ သစ္စာတရား

ကျွန်တော့်ရဲ့ မိုက်မဲမှုများ
လောကကြီးက အလိုက်သိပါ့မလား

ရေပြင်ရဲ့ မာယာကို မုန်းတယ်
ပိုက်ကွန်ထဲက ငါးတွေကို သနားတယ်
ထောင်ချောက်ကို လိုက်ရှာနေတဲ့ သားကောင်ဆိုတာ
ရှိပါ့မလား
ပျော်ရွှင်မှုဆိုတာ လှောင်အိမ်ထဲမှာ မမွေးဖွားဘူး

ပြိုင်ကားတစ်စီးလို ဓာတ်ဆီဖြုန်းခဲ့ပြီးပြီ
လူနာတင်ယာဉ်တစ်စီးလို အသုံးဝင်ချင်တယ်

ရော့ခ်အင်ရိုးလ် တစ်ခေတ်လုံးကို နားထောင်ခဲ့တယ်
ပွင့်လင်းတဲ့ လူ့ဘောင်ကို မျှော်လင့်မိတယ်
ကဗျာနဲ့ ဘဝကို ချည်နှောင်ထားခဲ့တယ်

သူငယ်ချင်းရယ် ဒီဇာတ်လမ်းမှာ
လူဆိုးတွေ တစ်ယောက်မှ မသေသေးဘူးလား
သူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်
အသက်တစ်ချောင်း ဆုံးရှုံးမယ်ဆိုရင်
နာမည်တစ်လုံးတော့ အဖတ်တင်ချင်တယ်

ချောက်ကမ်းပါးစွန်းက လူကို
တွန်းအားတွေ မပေးကြပါနဲ့
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ။ ။

Photo credit

#လှသန်း
#ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Zin Pyae Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share