ReLove Vera

ReLove Vera ��

Content Monetization မေးတာ များလာလို့​Monetization ဘယ်လိုအလုပ်လုပ်လဲဆိုတာကျွန်တော်​သိထားသလောက်ပြောပြပေးပါမယ်Facebook​ ကန...
15/09/2025

Content Monetization မေးတာ များလာလို့​
Monetization ဘယ်လိုအလုပ်လုပ်လဲဆိုတာ
ကျွန်တော်​သိထားသလောက်ပြောပြပေးပါမယ်

Facebook​ ကနေ ပိုက်ဆံဝင်စေတဲ့
Monetization နည်းမျိုးစုံရှိပါတယ်..

Star​,​ Subscription, Content Monetization
ဒီ​ 3 မျိုးက​ အတွေ့ရအများဆုံးနည်းတွေပါ..

Star​ နဲ့​ Subscription​ ​ဆိုတာက
ပရိတ်သတ်ပိုက်ဆံပေးမှ​ ငွေဝင်မဲ့နည်းတွေပါ

ဥပမာ​ ကိုယ်တင်တဲ့ Content ကို
ပရိတ်သတ်က အရမ်းသဘောကျလို့
5$ ဖိုး​ Star လက်ဆောင်ဝယ်ပေးရင်
ကိုယ့်ဆီ​ 4.5$ ဖိုး​ ငွေဝင်ပါတယ်..

ဒီ​ငွေကို​ ထိုင်းဘဏ်နဲ့ချိတ်ထုတ်လို့ရပါတယ်

ဒါပေမဲ့​ မြန်မာမှာက ကိုယ်တင်တဲ့ Content ကို
ဘယ်လောက်ပဲကြိုက်နေပါစေ​ ငွေအကုန်ခံပြီး
Star ပေးတဲ့သူ မရှိသလောက်ရှားပါတယ်

အဲ့တော့ Monetization မှာ​ Starလောက်ပွင့်​ရုံနဲ့
ငွေမဝင်သေးဘူးလို့တောင်​ ပြောလို့ရပါတယ်

Post တင်ရုံနဲ့ငွေဝင်တာက
Content Monetization ဆိုတဲ့ဟာလေးပါ..

အဲ့တစ်ခုကပဲ ငွေတကယ်ဝင်စေပါတယ်..

Star​ ​ပွင့်ရုံနဲ့​ ငွေမဝင်ပါ..​

===

Content​ Monetization က​ အလွယ်ပြောရရင်
Facebook​​ မှာ​ Content တွေ တင်​ရင်း
ကိုယ်ရလာတဲ့ View အပေါ်မူတည်ပြီး
Facebook​ ဘက်က ဒေါ်လာပြန်ပေးတာမျိုးပါ..

ဒါကအလွယ်ပြောတာပေါ့..
လက်တွေ့မှာ​ အများကြီးပိုရှုပ်ပါတယ်..

Content​ Monetization​ က​မြန်မာမှာမရသေးပါ

Account စစဖွင့်တုန်းက Facebook​ဘက်က
Auto သတ်မှတ်ပေးတဲ့​ Primary​ Location​က
Myanmar ဖြစ်နေရင် ပွင့်ဖို့ခက်ပါတယ်

နိုင်ငံခြား Location နဲ့ဆိုရင်တောင်
ကံအရမ်းကောင်းတဲ့ Account တွေ၊
ကံကောင်းတဲ့ Page တွေလောက်ပဲပွင့်တာပါ

နည်းမှန်လမ်းမှန်မလုပ်တတ်ရင်
ပွင့်ဖို့ မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရပါတယ်

Content Monetization မပွင့်သရွေ့
Post တင်​ရုံနဲ့ ငွေမဝင်နိုင်ပါ..

===

Monetization အရမ်းလုပ်ချင်လို့ Monetization ပွင့်ပြီးသား Page ဝယ်​လိုက်တယ်ဆိုပါစို့

ဝယ်ပြီးရုံနဲ့မရသေးပါ

ရလာတဲ့ငွေထုတ်ဖို့ Payout ချိတ်ရပါတယ်

Payout ဆိုတာ​ အလွယ်ပြောရရင်
ငွေထုတ်ဖို့ ဘဏ်အကောင့်ချိတ်တာပေါ့

ဒီမှာ​မြန်မာဘဏ်အကောင့်မရပါ

အနည်းဆုံး​ထိုင်းဘဏ်လောက်ဖြစ်မှရပါမယ်

အဲ့ဒီ​တော့
- ကိုယ်က​ထိုင်းမှာနေတာပဲဖြစ်ဖြစ်
- ထိုင်းမှာ အသိမိတ်တွေရှိတာပဲဖြစ်ဖြစ်
- Payout Service အပ်တာပဲဖြစ်ဖြစ်
လုပ်တော့မှ ငွေထုတ်လို့ရပါတယ်..

===

Payout Service အပ်ပြီး ငွေထုတ်နိုင်ပြီဆိုပါစို့

တင်တဲ့ Post တွေက​ View Million နဲ့ချီပြီး
ရမှသာ Facebook က​ ပိုက်ဆံပေးမှာပါ

1 Million View ဆိုတာ​ ၁၀ သိန်းပါ

Boost​ကနေ​ရတဲ့​ View တွေကိုထည့်မတွက်ပါ

စျေးရောင်း​ရင်း​ Page မှာ​တင်တဲ့ ပိုစ့်တောင်
View 1000 မပြည့်တဲ့အချိန်မှာ
တစ်ပိုစ့်တည်းနဲ့ View 1Million ရအောင်
Content​ မျိုးစုံ​တင်နိုင်မယ်ထင်သလား?

ဒီမှာအရေးကြီးတာက တစ်ပိုစ့်တည်းနဲ့
View ၁၀သိန်း​ ပြည့်မှ ရမှာပါ

View 1000 နဲ့​ Post 1000​ တင်လို့မရပါ

အဲ့တော့ လူတွေစိတ်ဝင်စားမဲ့
Quality Content ပုံမှန်ဖန်တီးနိုင်မှ
ခိုင်မာတဲ့​ဝင်ငွေလမ်းကြောင်းတစ်ခုရပါမယ်

Content​ကောင်းကောင်းတင်ရမှာဖြစ်သလို
- သူများဟာယူတင်လို့မရပါဘူး
- CopyRight ငြိ​ရင်​ တိုင်ပတ်မယ်
- Policy မျိုးစုံ​ ဂရုစိုက်ရပါမယ်

အဲ့လို​ Content သေချာပြင်ဆင်ပြီး
View 1 Million လောက်ရရင်တော့
တစ်ပိုစ့်ကို $15 (67500 ကျပ်)​ရပါပြီ
(ရတဲ့ဒေါ်လာပမာဏက မိမိတင်လိုက်တဲ့
Post အမျိုးအစား​ အပေါ်မူတည်ပါတယ်)​

နေ့တိုင်း View သန်းနဲ့ချီအောင်တင်နိုင်ရင်
ဒီငွေနဲ့​တင်​ စားဝတ်နေရေးလုံလောက်ပါပြီ

ဒီအထိရောက်ရင်တော့​ Congratulations​ ​ပါ

===

Monetization​နဲ့​ အသက်မွေးသူတွေရှိပါတယ်

သူတို့က​ မနက်က ညအထိ Content တွေလုပ်၊
Edit​ ​တွေလုပ်၊ Content​ Idea​ မျိုးစုံတင်ပြီး
ဝင်ငွေကောင်းနေသူတွေရှိပါတယ်..

ဒါပေမဲ့​ မလွယ်ပါ..

Page​ မှာ​ Content ရေးဖူးသူဆိုသိပါလိမ့်မယ်

Content တစ်ပုဒ်ရအောင်တောင်​
မနည်းညှစ်ထုတ်ပြီး ရေးနေရတဲ့အချိန်၊
သုံးနာရီလောက်စဥ်းစားပြီးရေးတာတောင်
View 1000 တောင် မရတဲ့အချိန်မှာ

တစ်ပုဒ်နဲ့ View ၁၀သိန်းရဖို့ မလွယ်ပါ

Admin တို့​ အသိဆုံးဖြစ်ပါလိမ့်မယ်

===

အဲ့ဒီ​တော့​ နောက်ဆုံးပြောချင်တာက
စျေးရောင်းနေတဲ့သူဆို စျေးဆက်ရောင်းပါ

စျေးရောင်း​ရင်း​အပိုဝင်ငွေလေး
ရလိုရငြား​ဆိုပြီး​ Monetization​အတွက်
မရမက Service လျှောက်မအပ်ပါနဲ့

ငွေကုန်သွားတာပဲအဖတ်တင်ပါလိမ့်မယ်

အဲ့ဒီအစား ကြော်ငြာကောင်းကောင်း
Content ကောင်းကောင်း ဖန်တီးနိုင်ဖို့ပဲ
စိတ်ထဲမှာ​ အဓိက​ Target​ ​ထားပါ..

Content​ ကောင်းကောင်းတင်နိုင်လို့
View ၁သိန်း ရရင်​ ရလာတဲ့ရောင်းအားက
Monetization ကနေ​ ရမဲ့ငွေထက်
ဆယ်ဆလောက်​ ပိုများနေပါလိမ့်မယ်

Page​ ကနေ​ စျေး​ရောင်းတာ​ဆို​
စျေးရောင်းတာကိုပဲ​ အာရုံစိုက်ပါ

===

Monetization နဲ့အသက်မွေးချင်ရင်တော့
Monetization သင်တန်းတစ်ခုခုအရင်တက်ပါ

Monetization က​ မြန်မာမှာ မရသေးတာမို့
နားမလည်ပဲ လျှောက်လုပ်ရင်း ငွေထုတ်မရ၊
Policy တွေငြိကုန်ရင်​ လုပ်ထားသမျှ
အချိန်ကုန်၊ သဲထဲရေသွန် ဖြစ်ပါလိမ့်မယ်..

Monetization​ လုပ်ချင်ရင် သင်တန်းတက်ပြီး
လုပ်ရမဲ့အဆင့်ဆင့်ကို​ စနစ်တကျ​ စလုပ်ပါ..

===

Monetization က​သာ​ အရမ်းလွယ်နေရင်
Facebook​ မှာ Post တင်တတ်သူတိုင်း
ကျိကျိတက်ချမ်းသာနေကြမှာပေါ့..

ဇူဇူက​ အဲ့လောက်မရက်ရောပါ 🥶

လောကမှာ​ အလကားရတာ ဘာမှမရှိပါ

တစ်ခုခုလိုချင်ရင် ကြိုးစားရမှာပါပဲ..

အသားကုန်ကြိုးစားရင်တော့
ဘာမဆိုဖြစ်နိုင်ပါတယ်...

စျေး​ရောင်းနေတဲ့​ Admin တွေအနေနဲ့
စျေးရောင်းတာကိုပဲ အဓိကအာရုံထားပါ

Monetization လျှောက်စမ်းကြည့်​တော့မှ
Marketing ပိုင်း​ အားနည်းလာပြီး
ရောင်းအားတွေ​ ကျလာနေပါဦးမယ်😁

===

မင်္ဂလာညချမ်းလေးဖြစ်ပါစေ 💖


14/09/2025

လိုက်ပို့ပေးလိုက်ကြပါအုံးရှေ့ဆုံးကအစ်မကြီးကို 🤣

゚viralシ #ရယ်စရာ

လကြတ်တာ မကြည့်ရဘူးပြောလို့ တကူးတကကိုစောင့်ပြီးကြည့်တဲ့အဖွဲ့ကပါ 🤣🤣       #ဟာသ  #ရယ်စရာ  #လကြတ်
07/09/2025

လကြတ်တာ မကြည့်ရဘူးပြောလို့
တကူးတကကိုစောင့်ပြီးကြည့်တဲ့အဖွဲ့ကပါ 🤣🤣

#ဟာသ #ရယ်စရာ #လကြတ်

06/09/2025

မော်လမြိုင်ကမ်းနားလမ်းမှာ အမှတ်တရဘာတွေရှိကြလဲ😍😍

゚viralシ #ရယ်စရာ #ဟာသ

05/09/2025

#ပိုင်ရှင်ရှိရင်ရှောင်ကြပါအမျိုးသမီးလေးတို့ရယ် 😥

ညီမတောင်အက်လောက်ချစ်သာအမသာဆိုဘယ်လောက်တောင်ချစ်မှာလဲစဉ်းစားကြည့်ပါ
ညီမလေးရယ် ဒီနေ့ကမောင်နဲ့တွဲသာတစ်နှစ်ပြည့်တဲ့နေ့လေ
အက်မိန်းခလေးနဲ့သာမဖောက်ပြန်ခဲ့ရင်ပေါ့
ဖောက်ပြန်သွားတဲ့ရှင်ရော ပိုင်ရှင်ရှိပြီလိုသိခဲ့ရပြီးသာတောင်နောက်မဆုတ်ပေးခဲ့ညီမလေးရောအမအံ့ဩပါတယ်
ဘဝမှာပထမဆုံးရင်ကွဲမတတ်ခံစားရခဲ့တယ်
သူငါ့အပေါ တွဲလာတဲ့သံယောဇဉ်မမထောက် ‌လုပ်ရက်လိုက်လေခြင်းလို့တွေးတိုင်း
မျက်ရည်တွေကုန်ခမ်းမတတ်ငိုခဲ့ရတယ်
တွဲခဲ့တဲ့တစ်နှစ်သာလုံးစိတ်ချမ်းသာအောင်ထားပေးခဲ့တဲ့မောင့်ကိုကျေးဇူးတင်ပါတယ်
မောင်သာမဖောက်ပြန်ရင်ပျော်စရာကောင်းတဲ့anniversaryနေ့လေးဖြစ်မှာ
အခုတော့ကြေကွဲစရာကောင်းတဲ့အဆုံးသတ်လေးဖြစ်ခဲ့ရပြီ ၃လလုံးလုံး ပီ"ပြင်"ဖုံးကွယ်နိုင်ခဲ့တဲ့မောင့်ကိုအရမ်းအံ့ဩမိတယ်
ဘယ်လိုစိတ်နဲ့များလုပ်ရက်ရသာလဲ မောင်ပြောနေကြစကားတစ်ခုရှိတယ်
အတူတူရှိနေမှ စကားတွေပြောနေမှ video callတွေပြောနေမှ ဖုန်းတွေပြောနေမှ အချစ်စစ်မဟုတ်ဘူးတဲ့
စိတ်ထဲမှာကိုယ်ချစ်ရတဲ့ရှိနေရင်ကိုရပြီတဲ့ မောင်ကလိမ်သာသိပ်ပိရိသာဘဲ လူတွေရယ်
ဒီကမိန်းမကိုတော့အလုပ်တွေမအားလို့ ကုမ္ပဏီအသစ်ပြောင်းရသာဖုန်းမကိုင်လို့ အမျိုးမျိုးအကြောင်းပြပြီး
တစ်ဖက်မိန်းခလေးနဲ့ကြ "ဘုရားတွေအတူသွား"နေကြတယ်
တစ်ဖက်ကလူမှာ စိတ်ပူနေရပြီ တစ်ဖက်လူမှာပျော်ရွှင်နေကြတယ် အက်နေ့ကသာမောင်နဲ့နောက်ဆုံးစကားပြောခဲ့ရမယ်ဆို မောင့်ကိုဘယ်လောက်ချစ်ကြောင်း ဘယ်လောက်တောင်သတိရကြောင်း ဘယ်လောက်တောင်လွမ်းနေရကြောင်းတွေတစ်ဝကြီးပြောခဲ့ပါတယ် မောင်၁ပတ်လောက်အဆက်သွယ်ဖြတ်ခဲ့တယ်
ဘယ်လိုအကြောင်းအရာကြောင့်အဆက်သွယ်ဖြတ်ခဲ့ပေလည်းမသိပေမဲ့ မောင့်ကိုစိတ်ပူနေမိခဲ့တယ်
နေ့ကောညပါစိတ်ပူရလို့စိတ်နဲ့လူနဲ့မကပ်ခဲ့‌တဲ့ရက်တွေ....
မောင့်ဆီပုံမှန်အတိုင်းစာပို့တယ် မနက်တိုင်း နေ့လည်တိုင်း ညနေတိုင်းစာတွေပို့ခဲ့တယ်
မောင်ကတော့ဒီကလူပို့တဲ့စာတွေမဖတ်ခဲ့ဘူး
တစ်ဖက်လူစိတ်ပူပင်သောကရောက်နေတဲ့အချိန် တစ်‌ဖက်လူမှာတစ်ခြားမိန်းမနဲ့ပျော်ရွှင်နေခဲ့တယ်💔
မောင်နဲ့အဆက်သွယ်မပြတ်ခင်ဖုန်းပြောခဲ့ရတယ် couple တက်တူးထိုးကြမယ်တဲ့
ကျွန်မအရမ်းပျော်ရွှင်ခဲ့ရတယ် ဒီနေ့လည်းရောက်ဖို့ လက်ချိုးရေတွက်နေခဲ့ရတယ်
အက်နောက်ပိုင်းအဆက်သွယ်ဖြတ်သွားခဲ့တယ် စိတိပူရလို့လူပါရူးမတတ်ပါဘဲ
ညနေအလုပ်နားလို့ကျွန်မtiktokခနဝင်ကြည့်ခဲ့တယ် ကျွန်မtiktokဝင်"ခြင်းvideoလေးတစ်ပု‌ဒ်တက်လာခဲ့တယ် ""မောင်နဲ့အက်မိန်းခလေးတွဲရိုက်ထားတဲ့ပုံကိုကျွန်မမြင်လိုက်ရတယ်💔
"" ‌ကျွန်မမျက်ရည်တွေစီးကြလာခဲ့တယ် အသက်ရှုဖို့အင်အားမရှိခဲ့ဘူး💔
ဘာမစဉ်းစားချင့်ချိန်နိုင်စွမ်းမရှိဘဲကျွန်မရူးမတတ် ငိုခဲ့ရတယ် မောင်ကျွန်မကိုညာခဲ့တယ်💔 မောင့်ကိုစာပို့ခဲ့တယ်
" အက်မိန်းခလေးကမောင့်accသုံးနေလေရဲ့ သူမရှိဘူး သူ့ကောင်မလေးတဲ့ ဘာပြောစရာရှိလို့လဲတဲ့"
ကျွန်မဆွံ့အသွားခဲ့တယ် အက်မိန်းခလေးကိုစကားပြောဖို့တောင်းဆိုခဲ့တယ်
နောက်ဆုံးကျမဘဲရှုံးခဲ့ပါတယ် ကျမချစ်ရတဲ့သူပျော်ရွှင်ဖို့ကျမဘာမဆိုလုပ်မှာပါ‌
မောင်နဲ့အက်မိန်းခလေးပျော်ရွှင်ဖို့ ကျမရင်တွေအကွဲခံပြီး ကျမနောက်ဆုတ်ပေးခဲ့ပါတယ် မောင်ပြောခဲ့သလိုပေါ့...
နောက်ဆုံးအနေနဲ့မောင်ကျမကိုတောင်းပန်ခဲ့ရင်တောင် အရာအားလုံးကိုခွင့်လွတ်ပေးမိမှာပါ မောင်
အက်မိန်းခလေးအတွက်နဲ့ကျမကိုစွန့်လွတ်ခဲ့တယ်💔 ညီမလေးလည်းအချစ်ခံရပါစေလို့အမဆုတောင်းပေးပါတယ်
သူတစ်ပါးမျက်ရည်ကျပြီးမှရလာတဲ့အချစ်မို့မောင့်ကိုတန်ဖိုးထားပေးပါ
အမရင်အကွဲခံပြီးနောက်ဆုတ်ပေးခဲ့တယ်ဆိုသာ မောင့်ပျော်နေသာဘဲမြင်ချင်ခဲ့လို့ပါ....... ‌

Crd...

゚viralシ #ရယ်စရာ

03/09/2025

🏳️‍🌈🫥ဒီကောင်မလေးကို ကျနော် ဟိုးလွန်ခဲ့တဲ့5 လထဲက ကြိုက်နေတာပါ
သူ့ကိုဈေးထဲမှာ စစတွေ့ခြင်း မြင်မြင်ချင်ချစ်မိသွာ:တာပါ
ဒါကိုသူလဲ သိပါတယ်အလုပ်သွားအလုပ်ပြန် သူ့နောက် ကို တကောက်ကောက်လိုက်ပါတယ်
သူ့အိမ်က မုန့်တီဆိုင်လေးဖွင့်ထားတော့ နေ့တိုင်းသွားသောက်ပါတယ်
ဒီလိုနဲ့သူနဲ့ ကျနော် မျက်လုံးချင်းဆုံလိုက်မုန့်တီသောက်လိုက်နဲ့တော့ ဟုတ်နေတာပဲနောက်ပိုင်း ဘာဖစ်လို့လဲ မသိဘူး
သူ့ဆိုင်လေးပိတ်သွားခဲ့တယ် သူ့အလုပ်ကလဲ မနက်ပိုင်း
ဖယ်ရီကားက သူ့အိမ်ရှေ့ထိလာခေါ်တာဆိုတော့ ညနေပိုင်းလောက်ပဲ သူ့နောက်ကို လိုက်လို့ရတာပေါ့
သူ့သူငယ်ချင်းနဲ့နှစ်ယောက်အတူ ပြန်တာပေါ့ သူ့သူငယ်ချင်း က ကျနော်သူ့ နောက်လိုက်တာကိုမကြိုက်ပါဘူး
သူ့အိမ်ကိုသွားတိုင်းတာလားမသိဘူး နောက်နေ့သူ အလုပ်ပါပြောင်းသွားတယ်
ဒီလိုနဲ့ ကျနော်သူ့ကိုမတွေ.ဖစ်တာ2 လလောက်ကြာသွားတယ်
မထင်မှတ်ပဲတနေ့ သူ့ကိုပြန်တွေ့ခဲ့တယ် ပြန်တွေ့တဲ့ချိန်မှာ
တယောက်နဲတယောက်ကြည့်နေကျတာပေါ့
သူကတော့ သူအမ စက်ရုံကို ပြောင်းသွားတာပေါ့ အလုပ်သွားတော့လဲသူ့အမနဲ့ အလုပ်ပြန်တော့လဲ သူ့အဖေက လာသုံးဘီနဲ့လာကြိုတာပေါ့ မိုးတွင်းဆိုတော့ ကျနော်လဲ စက်ဘီးစီးရတာအဆင်မပြေလို့ ဖယ်ရီကားပဲစီးဖစ်တော့
သူနဲ့ နောက်ထပ်2လလောက် မတွေ့ဖစ်တော့ဘူး သူ့ကိုအချိန်ပြည့် သတိရနေတာပါ တရက်မှ မမေ့ခဲ့ဘူး ဒီ5 လအတောအတွင်းမှာကျနော်ကိုလာ ကြိုက်တဲ့သူတွေရှိပါတယ်
ဒါပေမဲ့ ကျနော်ပြန်မကြိုက်ခဲ့ပါဘူး ဘယ်သူနဲ့မှ ဇယား မရှုပ်ချင်လို့ကျနော် မှာရည်းစားရှိတယ်လို့ပဲ တွေ့တဲ့သူတိုင်းကို လိုက်ပြောလိုက်တယ်
ဒီလိုနဲ့ သူ့ကိုတွေချင်စိတ်က မနေနိုင်တဲ့ အဆုံး ကျနော် ပြီးခဲ့တဲ့အပတ်က စက်ဘီးပြန်စီးပြီးသူ့နောက်ကိုပြန်လိုက်ပါတယ်
သူကအရင်လိုမဟုတ်တော့ဘူး အလုပ်သွားတော့လဲသူအမလင်မယားနဲ့ ပြန်တော့လဲ
သူ့အဖေက လာကြိုတော့ ကျနော်မှာ သူ့နားကိုကပ်လို့မရဘူးဖစ်နေပါတယ် အဝေးကပဲကြည့်နေရတယ်
အဲဒါ သူရဲ့tt အကောင့်ပဲဖစ်ဖစ်သူနဲ့ သိတဲ့သူများရှိရင် ပြောပေးကြပါဦးဗျာ
သူနာမည်လဲမသိဘူး ဘယ်မှာလုပ်နေတာလဲမသိဘူး ဘာမှကိုမသိတာပါသူ့အကြောင်းကို
ဒါပေမဲ့သူကို တော်တော်လေး ချစ်မိသွားတယ် အဲအကြောင်းကိုသူ့ကို သိစေချင်ပါတယ် ဒီvideo ကတော့ ပြီးခဲ့တဲ့2 ရက်လောက်ကမှ ခိုးရိုက်ထားတာပါခွင့်မတောင်းပဲ ရိုက်ခဲ့မိလို့ တောင်းပန်ပါတယ် #😘🥰🥰🏳️‍🌈🏳️‍🌈🏳️‍🌈

29/08/2025

ရပ်ကွက်ထဲက CCTV 🥴
အပိုင်း (၁)

゚viralシ #ဟာသ

29/08/2025

゚viralシ #နတ်သမီး

22/02/2025

6 ထည် 30000 Page Chatbox မှာ အော်ဒါမှာလို့ရပါပြီ
Viber 09 740 917 910


Address

Naypyidaw

Telephone

+959740917910

Website

Alerts

Be the first to know and let us send you an email when ReLove Vera posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share