15/09/2025
Content Monetization မေးတာ များလာလို့
Monetization ဘယ်လိုအလုပ်လုပ်လဲဆိုတာ
ကျွန်တော်သိထားသလောက်ပြောပြပေးပါမယ်
Facebook ကနေ ပိုက်ဆံဝင်စေတဲ့
Monetization နည်းမျိုးစုံရှိပါတယ်..
Star, Subscription, Content Monetization
ဒီ 3 မျိုးက အတွေ့ရအများဆုံးနည်းတွေပါ..
Star နဲ့ Subscription ဆိုတာက
ပရိတ်သတ်ပိုက်ဆံပေးမှ ငွေဝင်မဲ့နည်းတွေပါ
ဥပမာ ကိုယ်တင်တဲ့ Content ကို
ပရိတ်သတ်က အရမ်းသဘောကျလို့
5$ ဖိုး Star လက်ဆောင်ဝယ်ပေးရင်
ကိုယ့်ဆီ 4.5$ ဖိုး ငွေဝင်ပါတယ်..
ဒီငွေကို ထိုင်းဘဏ်နဲ့ချိတ်ထုတ်လို့ရပါတယ်
ဒါပေမဲ့ မြန်မာမှာက ကိုယ်တင်တဲ့ Content ကို
ဘယ်လောက်ပဲကြိုက်နေပါစေ ငွေအကုန်ခံပြီး
Star ပေးတဲ့သူ မရှိသလောက်ရှားပါတယ်
အဲ့တော့ Monetization မှာ Starလောက်ပွင့်ရုံနဲ့
ငွေမဝင်သေးဘူးလို့တောင် ပြောလို့ရပါတယ်
Post တင်ရုံနဲ့ငွေဝင်တာက
Content Monetization ဆိုတဲ့ဟာလေးပါ..
အဲ့တစ်ခုကပဲ ငွေတကယ်ဝင်စေပါတယ်..
Star ပွင့်ရုံနဲ့ ငွေမဝင်ပါ..
===
Content Monetization က အလွယ်ပြောရရင်
Facebook မှာ Content တွေ တင်ရင်း
ကိုယ်ရလာတဲ့ View အပေါ်မူတည်ပြီး
Facebook ဘက်က ဒေါ်လာပြန်ပေးတာမျိုးပါ..
ဒါကအလွယ်ပြောတာပေါ့..
လက်တွေ့မှာ အများကြီးပိုရှုပ်ပါတယ်..
Content Monetization ကမြန်မာမှာမရသေးပါ
Account စစဖွင့်တုန်းက Facebookဘက်က
Auto သတ်မှတ်ပေးတဲ့ Primary Locationက
Myanmar ဖြစ်နေရင် ပွင့်ဖို့ခက်ပါတယ်
နိုင်ငံခြား Location နဲ့ဆိုရင်တောင်
ကံအရမ်းကောင်းတဲ့ Account တွေ၊
ကံကောင်းတဲ့ Page တွေလောက်ပဲပွင့်တာပါ
နည်းမှန်လမ်းမှန်မလုပ်တတ်ရင်
ပွင့်ဖို့ မဖြစ်နိုင်ဘူးလို့တောင် ပြောလို့ရပါတယ်
Content Monetization မပွင့်သရွေ့
Post တင်ရုံနဲ့ ငွေမဝင်နိုင်ပါ..
===
Monetization အရမ်းလုပ်ချင်လို့ Monetization ပွင့်ပြီးသား Page ဝယ်လိုက်တယ်ဆိုပါစို့
ဝယ်ပြီးရုံနဲ့မရသေးပါ
ရလာတဲ့ငွေထုတ်ဖို့ Payout ချိတ်ရပါတယ်
Payout ဆိုတာ အလွယ်ပြောရရင်
ငွေထုတ်ဖို့ ဘဏ်အကောင့်ချိတ်တာပေါ့
ဒီမှာမြန်မာဘဏ်အကောင့်မရပါ
အနည်းဆုံးထိုင်းဘဏ်လောက်ဖြစ်မှရပါမယ်
အဲ့ဒီတော့
- ကိုယ်ကထိုင်းမှာနေတာပဲဖြစ်ဖြစ်
- ထိုင်းမှာ အသိမိတ်တွေရှိတာပဲဖြစ်ဖြစ်
- Payout Service အပ်တာပဲဖြစ်ဖြစ်
လုပ်တော့မှ ငွေထုတ်လို့ရပါတယ်..
===
Payout Service အပ်ပြီး ငွေထုတ်နိုင်ပြီဆိုပါစို့
တင်တဲ့ Post တွေက View Million နဲ့ချီပြီး
ရမှသာ Facebook က ပိုက်ဆံပေးမှာပါ
1 Million View ဆိုတာ ၁၀ သိန်းပါ
Boostကနေရတဲ့ View တွေကိုထည့်မတွက်ပါ
စျေးရောင်းရင်း Page မှာတင်တဲ့ ပိုစ့်တောင်
View 1000 မပြည့်တဲ့အချိန်မှာ
တစ်ပိုစ့်တည်းနဲ့ View 1Million ရအောင်
Content မျိုးစုံတင်နိုင်မယ်ထင်သလား?
ဒီမှာအရေးကြီးတာက တစ်ပိုစ့်တည်းနဲ့
View ၁၀သိန်း ပြည့်မှ ရမှာပါ
View 1000 နဲ့ Post 1000 တင်လို့မရပါ
အဲ့တော့ လူတွေစိတ်ဝင်စားမဲ့
Quality Content ပုံမှန်ဖန်တီးနိုင်မှ
ခိုင်မာတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုရပါမယ်
Contentကောင်းကောင်းတင်ရမှာဖြစ်သလို
- သူများဟာယူတင်လို့မရပါဘူး
- CopyRight ငြိရင် တိုင်ပတ်မယ်
- Policy မျိုးစုံ ဂရုစိုက်ရပါမယ်
အဲ့လို Content သေချာပြင်ဆင်ပြီး
View 1 Million လောက်ရရင်တော့
တစ်ပိုစ့်ကို $15 (67500 ကျပ်)ရပါပြီ
(ရတဲ့ဒေါ်လာပမာဏက မိမိတင်လိုက်တဲ့
Post အမျိုးအစား အပေါ်မူတည်ပါတယ်)
နေ့တိုင်း View သန်းနဲ့ချီအောင်တင်နိုင်ရင်
ဒီငွေနဲ့တင် စားဝတ်နေရေးလုံလောက်ပါပြီ
ဒီအထိရောက်ရင်တော့ Congratulations ပါ
===
Monetizationနဲ့ အသက်မွေးသူတွေရှိပါတယ်
သူတို့က မနက်က ညအထိ Content တွေလုပ်၊
Edit တွေလုပ်၊ Content Idea မျိုးစုံတင်ပြီး
ဝင်ငွေကောင်းနေသူတွေရှိပါတယ်..
ဒါပေမဲ့ မလွယ်ပါ..
Page မှာ Content ရေးဖူးသူဆိုသိပါလိမ့်မယ်
Content တစ်ပုဒ်ရအောင်တောင်
မနည်းညှစ်ထုတ်ပြီး ရေးနေရတဲ့အချိန်၊
သုံးနာရီလောက်စဥ်းစားပြီးရေးတာတောင်
View 1000 တောင် မရတဲ့အချိန်မှာ
တစ်ပုဒ်နဲ့ View ၁၀သိန်းရဖို့ မလွယ်ပါ
Admin တို့ အသိဆုံးဖြစ်ပါလိမ့်မယ်
===
အဲ့ဒီတော့ နောက်ဆုံးပြောချင်တာက
စျေးရောင်းနေတဲ့သူဆို စျေးဆက်ရောင်းပါ
စျေးရောင်းရင်းအပိုဝင်ငွေလေး
ရလိုရငြားဆိုပြီး Monetizationအတွက်
မရမက Service လျှောက်မအပ်ပါနဲ့
ငွေကုန်သွားတာပဲအဖတ်တင်ပါလိမ့်မယ်
အဲ့ဒီအစား ကြော်ငြာကောင်းကောင်း
Content ကောင်းကောင်း ဖန်တီးနိုင်ဖို့ပဲ
စိတ်ထဲမှာ အဓိက Target ထားပါ..
Content ကောင်းကောင်းတင်နိုင်လို့
View ၁သိန်း ရရင် ရလာတဲ့ရောင်းအားက
Monetization ကနေ ရမဲ့ငွေထက်
ဆယ်ဆလောက် ပိုများနေပါလိမ့်မယ်
Page ကနေ စျေးရောင်းတာဆို
စျေးရောင်းတာကိုပဲ အာရုံစိုက်ပါ
===
Monetization နဲ့အသက်မွေးချင်ရင်တော့
Monetization သင်တန်းတစ်ခုခုအရင်တက်ပါ
Monetization က မြန်မာမှာ မရသေးတာမို့
နားမလည်ပဲ လျှောက်လုပ်ရင်း ငွေထုတ်မရ၊
Policy တွေငြိကုန်ရင် လုပ်ထားသမျှ
အချိန်ကုန်၊ သဲထဲရေသွန် ဖြစ်ပါလိမ့်မယ်..
Monetization လုပ်ချင်ရင် သင်တန်းတက်ပြီး
လုပ်ရမဲ့အဆင့်ဆင့်ကို စနစ်တကျ စလုပ်ပါ..
===
Monetization ကသာ အရမ်းလွယ်နေရင်
Facebook မှာ Post တင်တတ်သူတိုင်း
ကျိကျိတက်ချမ်းသာနေကြမှာပေါ့..
ဇူဇူက အဲ့လောက်မရက်ရောပါ 🥶
လောကမှာ အလကားရတာ ဘာမှမရှိပါ
တစ်ခုခုလိုချင်ရင် ကြိုးစားရမှာပါပဲ..
အသားကုန်ကြိုးစားရင်တော့
ဘာမဆိုဖြစ်နိုင်ပါတယ်...
စျေးရောင်းနေတဲ့ Admin တွေအနေနဲ့
စျေးရောင်းတာကိုပဲ အဓိကအာရုံထားပါ
Monetization လျှောက်စမ်းကြည့်တော့မှ
Marketing ပိုင်း အားနည်းလာပြီး
ရောင်းအားတွေ ကျလာနေပါဦးမယ်😁
===
မင်္ဂလာညချမ်းလေးဖြစ်ပါစေ 💖