14/05/2026
🌟🌟မွေးကင်းစ ရတနာလေးကို အိမ်မှာ ပြုစုစောင့်ရှောက်တော့မယ်ဆိုရင်... 👶✨
ဆေးရုံကဆင်းပြီး အိမ်ကို ရောက်ပြီဆိုတာနဲ့ မေမေတို့ ဖေဖေတို့ စိုးရိမ်ရဆုံးက
"ငါ့ကလေးလေးကို ဘယ်လို စနစ်တကျ ပြုစုရမလဲ" ဆိုတဲ့ မေးခွန်းပါ။
နုနယ်လွန်းတဲ့ ရတနာလေးတွေအတွက် ဒီအချက်လေးတွေကို အထူးသတိပြုပေးပါရှင်။
🔹️ ချက်တိုင်ကို ခြောက်သွေ့အောင် ထားပါ။
ကလေးရဲ့ ချက်တိုင်က သူ့အလိုလို ခြောက်ပြီး ကျွတ်သွားဖို့အတွက် အမြဲတမ်း ခြောက်သွေ့နေဖို့ လိုပါတယ်။ သန့်ရှင်းရေးလုပ်ပေးတဲ့အခါ ချက်တိုင်ကို ရေမစိုအောင် သတိထားပါ။
အဝတ်လျှော်တိုင်း (Sponge Bath) လေးနဲ့ပဲ သန့်ရှင်းပေးတာ အကောင်းဆုံးပါ။
ချက်တိုင်ကနေ ပြည်ထွက်တာ၊ နီရဲတာ ဒါမှမဟုတ် အနံ့ဆိုးထွက်တာမျိုး ရှိ၊ မရှိ အမြဲ စောင့်ကြည့်ပေးပါ။
🔹️ ကလေးကို ကိုင်တွယ်တဲ့အခါ ခေါင်းနဲ့ လည်ပင်းကို အမြဲ ထိန်းပေးပါ။
မွေးကင်းစကလေးတွေဟာ လည်ပင်းမခိုင်သေးတာကြောင့် ချီမတဲ့အခါ ဒါမှမဟုတ် ပြန်ချတဲ့အခါမှာ လက်တစ်ဖက်က ဦးခေါင်းနဲ့ လည်ပင်းကို သေချာ ပံ့ပိုးပေးထားဖို့ အရမ်း အရေးကြီးပါတယ်။
🔹️ ရေချိုးပေးတဲ့အခါ ကြက်သီးနွေးရေကိုသာ သုံးပါ။
ကလေးရဲ့ အသားအရေက အရမ်းပါးလွှာတာကြောင့် ရေပူလွန်းရင် အပူလောင်လွယ်ပါတယ်။ မိမိရဲ့ တံတောင်ဆစ်နဲ့ ရေအပူချိန်ကို အရင်စမ်းသပ်ပါ။ နွေးရုံလေးရှိတဲ့ ရေ (Luke-warm water) နဲ့ပဲ တစ်ပတ်ကို (၂) ကြိမ်ကနေ (၃) ကြိမ်လောက် ရေချိုးပေးဖို့ လိုအပ်ပါတယ်။
🔹️ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ (Burping)
ကလေးငယ်တွေဟာ နို့စို့နေစဉ်မှာ လေတွေ ပါသွားတတ်ပါတယ်။
ဒါကြောင့် နို့တိုက်ပြီးတိုင်း ပုခုံးပေါ်မှာ မှောက်တင်ပြီး ကျောလေးကို အသာအယာ ပွတ်ပေးတာမျိုး၊ ပုတ်ပေးတာမျိုး လုပ်ပြီး လေထုတ်ပေးရပါမယ်။
ဒါမှ ကလေး ဗိုက်ကယ်တာနဲ့ နို့ပြန်အန်တာတွေကို သက်သာစေမှာပါ။
🔹️ သန့်ရှင်းမှုကို ဦးစားပေးပါ။
ကလေးကို မကိုင်တွယ်ခင်မှာ လက်ကို အမြဲ စင်ကြယ်အောင် ဆေးကြောပါ။
ကလေးနားမှာ ဖျားနာနေသူတွေ၊ ချောင်းဆိုးနေသူတွေ အနားမကပ်ပါစေနဲ့။
ကလေးရဲ့ ပတ်ဝန်းကျင်ကိုလည်း လေဝင်လေထွက် ကောင်းအောင် ထားပေးပါ။
💡 မိမိကိုယ်တိုင် ပြုစုရတာ အခက်အခဲရှိနေရင် သို့မဟုတ် စနစ်တကျ ကျွမ်းကျင်သူနဲ့ ပြုစုချင်တယ်ဆိုရင်...
ကျွန်မတို့ရဲ့ က မွေးကင်းစကလေးငယ် ပြုစုစောင့်ရှောက်ရေး (Newborn Care) အတွက် အိမ်တိုင်ရာရောက် အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။
လုပ်သက်(၁၀) နှစ်ကျော် အတွေ့အကြုံရှိ ကျွမ်းကျင်သူကိုယ်တိုင် ဖေဖေ မေမေတို့ရဲ့ ရတနာလေးတွေကို ဂရုတစိုက် ပြုစုပေးသွားမှာ ဖြစ်ပါတယ်ရှင်။
📩 စိတ်ဝင်စားပါက Messenger မှတစ်ဆင့်ဖြစ်စေ၊
📲09420732754
📲09957327544 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။