Shwe Special Nurse Service

Shwe Special Nurse Service က​လေးတိုင်း ​ပျော်ရွှင်ကျန်းမာပြီး ရဲရင့်တဲ့က​လေး​လေး​တွေဖြစ်ကြပါ​စေ...😊

🌟🌟မွေးကင်းစ ရတနာလေးကို အိမ်မှာ ပြုစုစောင့်ရှောက်တော့မယ်ဆိုရင်... 👶✨​ဆေးရုံကဆင်းပြီး အိမ်ကို ရောက်ပြီဆိုတာနဲ့ မေမေတို့ ဖေ...
14/05/2026

🌟🌟မွေးကင်းစ ရတနာလေးကို အိမ်မှာ ပြုစုစောင့်ရှောက်တော့မယ်ဆိုရင်... 👶✨

​ဆေးရုံကဆင်းပြီး အိမ်ကို ရောက်ပြီဆိုတာနဲ့ မေမေတို့ ဖေဖေတို့ စိုးရိမ်ရဆုံးက
"ငါ့ကလေးလေးကို ဘယ်လို စနစ်တကျ ပြုစုရမလဲ" ဆိုတဲ့ မေးခွန်းပါ။
နုနယ်လွန်းတဲ့ ရတနာလေးတွေအတွက် ဒီအချက်လေးတွေကို အထူးသတိပြုပေးပါရှင်။

​🔹️ ချက်တိုင်ကို ခြောက်သွေ့အောင် ထားပါ။
ကလေးရဲ့ ချက်တိုင်က သူ့အလိုလို ခြောက်ပြီး ကျွတ်သွားဖို့အတွက် အမြဲတမ်း ခြောက်သွေ့နေဖို့ လိုပါတယ်။ သန့်ရှင်း​ရေးလုပ်​ပေးတဲ့အခါ ချက်တိုင်ကို ရေမစိုအောင် သတိထားပါ။
အဝတ်လျှော်တိုင်း (Sponge Bath) လေးနဲ့ပဲ သန့်ရှင်းပေးတာ အကောင်းဆုံးပါ။
ချက်တိုင်ကနေ ပြည်ထွက်တာ၊ နီရဲတာ ဒါမှမဟုတ် အနံ့ဆိုးထွက်တာမျိုး ရှိ၊ မရှိ အမြဲ စောင့်ကြည့်ပေးပါ။

🔹️ က​လေးကို ကိုင်တွယ်တဲ့အခါ ခေါင်းနဲ့ လည်ပင်းကို အမြဲ ထိန်းပေးပါ။
မွေးကင်းစကလေးတွေဟာ လည်ပင်းမခိုင်သေးတာကြောင့် ချီမတဲ့အခါ ဒါမှမဟုတ် ပြန်ချတဲ့အခါမှာ လက်တစ်ဖက်က ဦးခေါင်းနဲ့ လည်ပင်းကို သေချာ ပံ့ပိုးပေးထားဖို့ အရမ်း အရေးကြီးပါတယ်။

​🔹️ ရေချိုးပေးတဲ့အခါ ကြက်သီးနွေးရေကိုသာ သုံးပါ။
ကလေးရဲ့ အသားအရေက အရမ်းပါးလွှာတာကြောင့် ရေပူလွန်းရင် အပူလောင်လွယ်ပါတယ်။ မိမိရဲ့ တံတောင်ဆစ်နဲ့ ရေအပူချိန်ကို အရင်စမ်းသပ်ပါ။ နွေးရုံလေးရှိတဲ့ ရေ (Luke-warm water) နဲ့ပဲ တစ်ပတ်ကို (၂) ကြိမ်ကနေ (၃) ကြိမ်လောက် ရေချိုးပေးဖို့ လိုအပ်ပါတယ်။

🔹️ နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ (Burping)
ကလေးငယ်တွေဟာ နို့စို့နေစဉ်မှာ လေတွေ ပါသွားတတ်ပါတယ်။
ဒါကြောင့် နို့တိုက်ပြီးတိုင်း ပုခုံးပေါ်မှာ မှောက်တင်ပြီး ကျောလေးကို အသာအယာ ပွတ်ပေးတာမျိုး၊ ပုတ်ပေးတာမျိုး လုပ်ပြီး လေထုတ်ပေးရပါမယ်။
ဒါမှ ကလေး ဗိုက်ကယ်တာနဲ့ နို့ပြန်အန်တာတွေကို သက်သာစေမှာပါ။

​🔹️ သန့်ရှင်းမှုကို ဦးစားပေးပါ။
ကလေးကို မကိုင်တွယ်ခင်မှာ လက်ကို အမြဲ စင်ကြယ်အောင် ဆေးကြောပါ။
ကလေးနားမှာ ဖျားနာနေသူတွေ၊ ချောင်းဆိုးနေသူတွေ အနားမကပ်ပါစေနဲ့။
ကလေးရဲ့ ပတ်ဝန်းကျင်ကိုလည်း လေဝင်လေထွက် ကောင်းအောင် ထားပေးပါ။

​💡 မိမိကိုယ်တိုင် ပြုစုရတာ အခက်အခဲရှိနေရင် သို့မဟုတ် စနစ်တကျ ကျွမ်းကျင်သူနဲ့ ပြုစုချင်တယ်ဆိုရင်...
​ကျွန်မတို့ရဲ့ က မွေးကင်းစကလေးငယ် ပြုစုစောင့်ရှောက်ရေး (Newborn Care) အတွက် အိမ်တိုင်ရာရောက် အကူအညီပေးဖို့ အသင့်ရှိနေပါတယ်။
လုပ်သက်(၁၀) နှစ်ကျော် အတွေ့အကြုံရှိ ကျွမ်းကျင်သူကိုယ်တိုင် ​ဖေ​ဖေ ​မေ​မေတို့ရဲ့ ရတနာလေးတွေကို ဂရုတစိုက် ပြုစုပေးသွားမှာ ဖြစ်ပါတယ်ရှင်။

​📩 စိတ်ဝင်စားပါက Messenger မှတစ်ဆင့်ဖြစ်စေ၊
📲09420732754
📲09957327544 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

က​လေးလေးတွေမှာ "အသားဝါတာ" ဘယ်လိုသိနိုင်မလဲ? 👶💛​မွေးကင်းစကလေးငယ်တွေမှာ အသားဝါခြင်းဟာ အဖြစ်များလေ့ရှိပေမယ့် စနစ်တကျ မစောင့...
27/03/2026

က​လေးလေးတွေမှာ "အသားဝါတာ" ဘယ်လိုသိနိုင်မလဲ? 👶💛

​မွေးကင်းစကလေးငယ်တွေမှာ အသားဝါခြင်းဟာ အဖြစ်များလေ့ရှိပေမယ့် စနစ်တကျ မစောင့်ကြည့်ရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။

မိဘအသစ်တွေအနေနဲ့ ကိုယ့်ရင်သွေးလေးမှာ အသားဝါ၊ မဝါ ဆိုတာကို အိမ်မှာတင် အလွယ်တကူ စစ်ဆေးကြည့်လို့ရပါတယ်။

​🔍 ဘယ်လိုစစ်ဆေးမလဲ?

ကလေးရဲ့ နဖူး ဒါမှမဟုတ် နှာခေါင်းလေးကို လက်ချောင်းလေးနဲ့ အသာအယာ ဖိကြည့်ပါ။ လက်ချောင်းလေး ပြန်ကြွလိုက်တဲ့အခါ ဖိထားတဲ့နေရာလေးက ဖြူမသွားဘဲ ဝါနေမယ်ဆိုရင်တော့ အသားဝါနေတာ ဖြစ်နိုင်ပါတယ်။
(ဒါကို သဘာဝအလင်းရောင်ရှိတဲ့ နေရာမှာ စမ်းသပ်တာ အကောင်းဆုံးပါ)

​⚠️ သတိထားရမယ့် လက္ခဏာများ:

• ​မျက်လုံးရဲ့ အဖြူရောင်အပိုင်းတွေ ဝါလာခြင်း။
• ​ဗိုက်၊ လက်မောင်းနဲ့ ခြေထောက်တွေအထိ ဝါလာခြင်း။
• ​ကလေးက ပုံမှန်ထက် ပိုအိပ်နေပြီး နို့တိုက်ရခက်ခဲခြင်း။
• ​ကလေးက ဂျီကျလွန်းခြင်း (သို့မဟုတ်) နုံးခွေနေခြင်း။
• ​ဆီးအရောင် ရင့်လွန်းခြင်း။

​💡 ဘာတွေလုပ်ပေးသင့်လဲ?

အသားဝါတာ သိပ်မပြင်းထန်ရင်တော့ နို့များများ တိုက်ပေးဖို့ လိုအပ်ပါတယ်။
နို့များများစို့မှ ဆီးနဲ့ဝမ်းကတစ်ဆင့် အသားဝါစေတဲ့ ဓာတ်တွေကို မြန်မြန်စွန့်ထုတ်နိုင်မှာပါ။
ဒါပေမယ့် အသားဝါတာ အရမ်းများလာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး အလင်းပြကုသမှု (Phototherapy) ခံယူဖို့ လိုအပ်ပါတယ်။

​🏠 အိမ်မှာ ကလေးပြုစုရတာ စိတ်မချဖြစ်နေပါသလား?

☀️ ​မွေးကင်းစကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေကို လုပ်သက် (၁၀) နှစ်ကျော် အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်သူကိုယ်တိုင် အနီးကပ် စောင့်ကြည့်ပြုစုပေးမယ့် Special Nurse Service ရှိပါတယ်ရှင်။

​✅ ကလေးအသားဝါခြင်း ရှိ၊ မရှိ စနစ်တကျ စောင့်ကြည့်ပေးခြင်း။

✅ နို့တိုက်ကျွေးမှု မှန်ကန်စေရန် ကူညီပေးခြင်း။

✅ ကလေးရဲ့ နေ့စဉ်လှုပ်ရှားမှုနှင့် ကျန်းမာရေးကို မှတ်တမ်းတင်ပေးခြင်း။

​မိဘတွေ စိတ်အေးလက်အေး နားနားနေနေနဲ့ ရတနာလေးကို အကောင်းဆုံး ပြုစုနိုင်ဖို့ ကျွန်မတို့က ကူညီပေးပါရစေ။

​📞 အသေးစိတ်စုံစမ်းရန်:
09420732754
09957327544

💬 Messenger မှလည်း ဆက်သွယ်နိုင်ပါတယ်ရှင်။

☀️အပူဒဏ်ကြောင့် အသက်အန္တရာယ် မစိုးရိမ်ရအောင် မိသားစုဝင် သက်ကြီးရွယ်အိုများကို ဘယ်လိုစောင့်ရှောက်မလဲ? ☀️⚠️​အခုလို အပူချိန...
26/03/2026

☀️အပူဒဏ်ကြောင့် အသက်အန္တရာယ် မစိုးရိမ်ရအောင် မိသားစုဝင် သက်ကြီးရွယ်အိုများကို ဘယ်လိုစောင့်ရှောက်မလဲ? ☀️⚠️

​အခုလို အပူချိန် အဆမတန် မြင့်တက်လာတဲ့ နွေရာသီမှာ "Heat Stroke" (အပူလျှပ်ခြင်း) ဟာ လူတိုင်းအတွက် အန္တရာယ်ရှိပါတယ်။
အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများနဲ့ အိပ်ရာပေါ်လဲနေတဲ့ လူနာများအတွက် ပိုပြီး စိုးရိမ်ရပါတယ်။

​မိမိတို့ရဲ့ မိဘဘိုးဘွားတွေ အပူဒဏ်ကြောင့် ကျန်းမာရေးမထိခိုက်စေဖို့ အောက်ပါအချက်လေးတွေကို အထူးဂရုပြုပေးကြပါ -

​✅ ၁။ ရေဓာတ် မခမ်းခြောက်ပါစေနဲ့
​သက်ကြီးရွယ်အိုအများစုဟာ ရေငတ်ခြင်းကို ကောင်းကောင်း မခံစားရတတ်ပါဘူး။ ဒါကြောင့် ရေငတ်မှတိုက်တာမျိုး မဟုတ်ဘဲ တစ်နေ့တာလုံးမှာ ရေ သို့မဟုတ် ဓာတ်ဆားရည်ကို နည်းနည်းချင်းနဲ့ မကြာခဏ တိုက်ပေးဖို့ လိုအပ်ပါတယ်။

​✅ ၂။ ပတ်ဝန်းကျင်ကို အေးမြအောင် ထားပါ
​နေအိမ်အတွင်း လေဝင်လေထွက် ကောင်းမွန်ပါစေ။ အပူဆုံးအချိန်တွေမှာ လိုက်ကာများ ပိတ်ထားပေးပါ။ လူနာ သို့မဟုတ် သက်ကြီးရွယ်အို နားနေတဲ့နေရာမှာ ယပ်တောင်၊ ပန်ကာ (သို့မဟုတ်) အဲကွန်းကို အပူချိန် သင့်တင့်ရုံ ထားပေးပါ။

​✅ ၃။ သင့်တော်တဲ့ အဝတ်အစား ဝတ်ဆင်ပေးပါ။
​ချွေးစုပ်ယူမှုကောင်းပြီး လေဝင်လေထွက် ကောင်းမွန်တဲ့ ချည်သားပွပွ၊ အရောင်ဖျော့ဖျော့ အဝတ်အစားတွေကို ရွေးချယ် ဝတ်ဆင်ပေးပါ။

​✅ ၄။ ရေပတ်တိုက်ပေးပါ
​ခန္ဓာကိုယ် အပူချိန် အရမ်းတက်မလာစေဖို့ တစ်နေ့ ၂ ကြိမ်ခန့် ရေချိုးပေးခြင်း (သို့မဟုတ်) ရေပတ် မှန်မှန်တိုက်ပေးခြင်းဖြင့် အပူဒဏ်ကို လျှော့ချနိုင်ပါတယ်။

​🚨 ဘယ်လိုအချိန်မှာ အရေးပေါ် အကူအညီယူရမလဲ?

​▪️ကိုယ်အပူချိန် 104°F (40°C) အထက် တက်လာခြင်း။
▪️ ​စိတ်ဂယောက်ဂယက်ဖြစ်ခြင်း၊ သတိလစ်ခြင်း။
▪️ ပျို့အန်ခြင်း၊ အသက်ရှူ မြန်လာခြင်း။
▪️ အသားအရေ ပူပြီး ခြောက်သွေ့နေခြင်း။
​ဒီလိုလက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ချက်ချင်း ပို့ဆောင်ဖို့ လိုအပ်သလို ကျွမ်းကျင်တဲ့ သူနာပြုများရဲ့ အကူအညီကို ရယူသင့်ပါတယ်။



"မိသားစုဝင်များသဖွယ် နွေးထွေးစွာဖြင့် ကျွမ်းကျင်သူနာပြု စောင့်ရှောက်မှုပေးနေပါသည်"

🏥   🏥💛 လူတ​ယောက်အတွက်ကျန်းမာရေးက အရေးကြီးဆုံးပါ… 💛အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသော အထက်တန်းသူနာပြုဆရာမများမှကျွမ်းကျင်ပြီ...
26/03/2026

🏥 🏥

💛 လူတ​ယောက်အတွက်ကျန်းမာရေးက အရေးကြီးဆုံးပါ… 💛

အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသော အထက်တန်းသူနာပြုဆရာမများမှ
ကျွမ်းကျင်ပြီး စေတနာပြည့်ဝသော ကျန်းမာရေးဝန်ဆောင်မှုများကို
ဆေးရုံ / အိမ်အရောက် (၂၄နာရီ) ဝန်ဆောင်မှုပေးနေပါသည်။
━━━━━━━━━━━━━━━
👩‍⚕️ ဝန်ဆောင်မှုများ
━━━━━━━━━━━━━━━
✔️ Special Nurse (ကျွမ်းကျင်သူနာပြု)

✔️ Nurse Aid (သူနာပြုအကူ)
Care)
━━━━━━━━━━━━━━━

💉 ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ
━━━━━━━━━━━━━━━
✔️ နှာခေါင်းပိုက်ထည့်ခြင်း (Ryle’s Tube)
✔️ ဆီးပိုက်ထည့်ခြင်း (Catheter)
✔️ အကြောဆေးထိုးခြင်း (IV Injection)
✔️ အသားဆေးထိုးခြင်း (IM Injection)
✔️ အားဆေးပုလင်းချိတ်ပေးခြင်း (IV Drip)
✔️ အနာ​ဆေးထည့်ခြင်း (Dressing)
✔️ Newborn Care (မွေးကင်းစကလေး စောင့်ရှောက်မှု) 👶
━━━━━━━━━━━━━━━
🧡 အထူးဂရုစိုက်ဝန်ဆောင်မှု
━━━━━━━━━━━━━━━
✔️ တစ်ကိုယ်ရည်သန့်ရှင်းရေး
✔️ လူနာ စိတ်ခွန်အားမြှင့်တင်ပေးခြင်း
✔️ လေဖြတ်လူနာများအတွက် လေ့ကျင့်ခန်းများ လေ့ကျင့်ပေးခြင်း
✔️ မိသားစုသဖွယ် စေတနာဖြင့် ပြုစုစောင့်ရှောက်ပေးခြင်း

━━━━━━━━━━━━━━━
👶 မိခင်နှင့် မွေးကင်းစကလေးများအတွက်
━━━━━━━━━━━━━━━
✔️ မွေးပြီးနောက် မိခင်စောင့်ရှောက်မှု
✔️ ကလေးငယ်များကို လုံခြုံစိတ်ချစွာ ပြုစုစောင့်ရှောက်ပေးခြင်း
✔️ နို့တိုက်နည်း၊ ကလေးပြုစုနည်းများ လမ်းညွှန်ပေးခြင်း
✔️ မိခင်အသစ်များအတွက် လမ်းညွှန်မှုများပေးခြင်း
━━━━━━━━━━━━━━━
💰 Duty Fees
━━━━━━━━━━━━━━━
👩‍⚕️ Special Nurse
Day (7am–6pm) – 40000 Ks
Night (7pm–7am) – 40000 Ks

👩‍⚕️ Nurse Aid
Day – 25000 Ks
Night – 25000 Ks

📌 လပြတ်ခေါ်ယူလိုပါက ဈေးနှုန်းညှိနှိုင်းပေးပါမည်။
━━━━━━━━━━━━━━━
📞 ဆက်သွယ်ရန်
━━━━━━━━━━━━━━━
📲 09420732754
📲 09957327544

၂၄နာရီ အချိန်မရွေး ဆက်သွယ်ခေါ်ယူနိုင်ပါသည်

🚗 ဆေးရုံ / အိမ်အရောက် ဝန်ဆောင်မှုပေးပါသည်။
💬 ယုံကြည်စိတ်ချမှု + ကျွမ်းကျင်မှု + စေတနာ = သင့်မိသားစုအတွက် အကောင်းဆုံးရွေးချယ်မှု ✅️

Address

Naypyidaw

Telephone

+959420732754

Website

Alerts

Be the first to know and let us send you an email when Shwe Special Nurse Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share