26/08/2024
တစ်ချို့က "စိတ်"သည် ပကတိအဖြူထည်ပါဟု
ဆိုကြ၏။ ခန္ဓာငါးပါးတွင် စိတ်သည် ဝိညာဏက္ခန္ဓာဖြစ်သည်ဟုလည်း ဆို၏။
ဒေသနာ၌ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်သည် ပရမတ္တ တရားဖြစ်၏ဟု စာ၌ ဆို၏။
မည်သို့ပင်ဆိုစေ။ စိတ်၊ စေတသိတ်သည် ပရမတ္တ တရားဖြစ်ပေသည်။ သို့သော် စိတ်{ပရမတ်}နှင့်ပတ်သက်လို့ အခေါ်ပညတ်တောင် မဟုတ်ပဲ သဘောပညတ်အနေဖြင့်ပင် ဆိုကြောင်း ရှေးပညာရှိများက ပါဠိအထောက်အထားများဖြင့် ချပြထားသည်ကိုတွေ့ရပေသည်။ ထို့သော် ထိုအပိုင်းသည် ဤနေရာတွင် အကျိုးမရှိနိုင်ဟု သုံးသပ်မိ၍ ပြန်လည်မတင်ပြတော့ပါ။ နောင်များရေးချင်စိတ်ဖြစ်ရင်တော့ တင်ပြပေးပါမည်။
ပထမဆုံး အပိုဒ်ကိုပဲ ဆက်ရေးပါမည်။ တကယ်တော့ စိတ်သည် အဖြူထည်မဟုတ်ပါ။ သို့သော် အဖြူထည်ဖြစ်စေနိုင်သော အကြောင်းတရားတို့ရှိ၏။ ခန္ဓာငါးပါးတွင် စိတ်သည် ဝိညာဏက္ခန္ဓာဖြစ်သည်ဟု အဆိုသည်ကါး မှန်၏။ ဝေဒနာကိုသိ၏။ သိခြင်းကိုလုပ်ဆောင်ပေး၏။ ဆုံးဖြတ်ပေး၏။ စီမံပေး၏။ ဉာဏ်ကိုဖြစ်စေ၏။ ပြုပြင်လို့ရ၏။ အကြောင်းအကျိုးတိုက်မှသာ သိသောကြောင့် သူသည် {နာမ်} အဖြစ်တရား ဖြစ်ပေသည်။
စေတသိက်"သည်ကါး "စိတ်"ကို အရောင်သာ ဆိုးပေးနိင်၏။ ဦးဆောင်မှု"ကိုကား မပေးနိုင်ကြချေ၊ "စိတ်"သာလျှင် "စေတသိက်"တို့ကို "ဦးဆောင်"လေတော့သည်။ "အဘိဓမ္မာ"၌ "စိတ်သည်၊အကျဉ်း(၈၉)မျိုး ရှိကြောင်း ဖော်ပြထား၏။ "လောဘမူစိတ်"ကို "စိတ်"ဟုသာ မြတ်ဗုဒ္ဓက ဟောလေ၏။
"လောဘမူစိတ်"အား စေတသိက်"ဟု မဖွင့်ဆိုပါ၊၊ "စိတ်"ဖြစ်စဉ်ပြန်ကြည့်ပါကလဲ အာရုံကို ဆင်ခြင်နိုင်တဲ့စွမ်းရည်သတ္တိသည် စိတ်မှာပဲရှိ၏။ အာရုံကိုလက်ခံနိုင်တဲ့စွမ်းရည်သတ္တိ၊ ရှေ့အာရုံကိုစုံစမ်းနိုင်တဲ့စွမ်းရည်သတ္တိ၊ နောက်အာရုံကို သုံးသပ် ဆုံးဖြတ်နိုင်တဲ့စွမ်းရည်သတ္တိများသည် "စိတ်"၌သာရှိပေသည်။ "စေတသိက်"တို့သည်ကါး အာရုံကို ဆုံးဖြတ်သုံးသပ်နိုင်စွမ်း မရှိချေ။
"စိတ်"သည် "ဝေဒနာစေတသိတ်၊ သညာစေတသိတ်၊ စေတနာစေတသိက်"တွေကိုလည်း "သိတတ်သောသဘော"ရှိပါသေး၏။ "ဝေဒနာစေတသိက်"သည် အာရုံကိုခံစားတတ်သော်လည်း မသိတတ်ပေ။ "သညာစေတသိက်" သည် အာရုံကို မှတ်သားတတ်သော်လည်း မသိတတ်နိုင်ပေ။ စေတနာစေတသိတ်သည်လဲ အာရုံကို စေ့ဆော်ပြုပြင်တတ်သော်လည်း မသိတတ်ချေ။ ဝိညာနက္ခန္ဓာ "စိတ်"ကသာလျှင် အာရုံကို သိတတ်၏။
ဥပမာ။ ။ လောဘဇော"စသည် စောတယ်ဆိုရင်၊ "စိတ်"က "ဦးဆောင်"ပြီးစောရတာပဲဖြစ်၏။ "စိတ်"အား "စေတသိက်"တို့သည် supporting လုပ်ပေးရုံမျှသာဖြစ်၏။ အဆုံးအဖြတ်ကိုတော့ "စိတ်"က decisidedလုပ်ရပေသည်။ "စေတသိက်"တွေက ဆုံးဖြတ်ချက်မချနိုင်ပေ။
ဝိပဿနာဉာဏ်ဖြင့် သုံးသပ်ကြည့်မယ်ဆိုရင်..
စေတသိတ်က "လောဘ"ဖြစ်ချင်ပေမဲ့ "စိတ်"က အကောင်းအဆိုးကို ပိုင်းခြားနိုင်သည့် ဉာဏ်ဖြစ်ထားမယ်ဆိုရင်၊ တနည်း၊ မဂ္ဂဉာဏ်ဖြစ်တယ် ဆိုပါက "စိတ်" သည်"လောဘ"ဖြစ်ခွင့် မပေးတော့ပေ။
"စေတသိတ်" တို့၏ "လောဘ" စသည်တို့အား supporting လုပ်ပေးသော်လဲ "စိတ်"သည် မဂ္ဂဉာဏ်ဖြစ်နေသောကြောင့် လက်ခံရယူခြင်းမရှိခြင်းကို ဆိုလိုပါသည်။ ဉာဏ်၌ပယ်၏။
ဝိဇ္ဇာစိတ်နှင့်ယှဥ်သော မဂ္ဂဉာဏ်သည် "စေတသိတ်ဖြစ်ခြင်းပျက်ခြင်းတို့အား သိ၍၊ ရုပ်နာမ်သင်္ခါရတို့အား ဥပေက္ခာပြုနေခြင်း။ ပုဂ္ဂိုလ်အရသော်လည်းကောင်း၊ ဓမ္မအရသော်လည်းကောင်း အသင်္ခတ ဖြစ်စေရန် စိတ်သည် decisided လုပ်၏။ ဖိုလ်ကိစ္စတွင်လဲ " စိတ်တစ်ခုသာ ရှိတော့၏။ ထိုစဥ်မှသာ စိတ်သည်ဖြူစင်တော့၏။
အရေးပါလှသော ထို"စိတ်" အား အစထဲကရှိပြီးသား အဖြူထည်ဟု မဆိုအပ်ပေ။ "စေတသိက်"ကပေးသော ကါလာစုံများကို မိမိ"စိတ်"က နှစ်သက်လို့သါ လက်ခံထားခြင်းပင်ဖြစ်ပေ၏။ "စေတသိတ်"တို့ပေးတိုင်းယူနေသော ထို"စိတ်"သည်၊ ယခုဘဝတင်မဟုတ်ပါ။ ဘဝပေါင်းသံသရာလည်ခဲ့ပေပြီ။
ထို့ကြောင့်သာ အကြောင်းမကောင်းခဲ့၍ အကျိုးမကောင်းသော ထိုစိတ်အား ပကတိအားဖြင့် လုံးဝမဖြူစင်ပါကြောင်း ဖော်ပြပေးခြင်း ဖြစ်ပါသည်။
ပညာရှိတို့သည် "စိတ်"ကိုဖြူစင်အောင် ထားရမည်ဟု အဆိုရှိကြလေသည် ။ ထိုသည်ကါး "စိတ်"သည် ပကတိအားဖြင့် မဖြူစင်သောကြောင့်ဖြစ်၏။
ချစ်သားတို့
"စိတ်သည်မကောင်းမှု၌သာ မွေ့လျှော်၏။ ဟုမိန့်တော်မူလေသည်။ ထိုသည်ကါး စိတ်သည် ပကတိအားဖြင့် မဖြူစင်သောကြောင့် ဖြစ်ပေ၏။
Zayar Linn { စာရေးသူ } 🙏🙏🙏🙏🙏