12/03/2023
Hello Our Customers...
ကျွန်တော်တို့ သူငယ်ချင်းတွေ စုပေါင်းပြီးဖွင့်ခဲ့ကြတဲ့
Blaze Vintage and Thrift clothings ဆိုတဲ့ ဆိုင်လေးက လာမယ့် March လ (၁၅)ရက်နေ့မှာဆိုရင် တစ်နှစ်တင်းတင်း ပြည့်တော့မှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒီတစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်း ဆိုင်မှာ အားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကိုလဲ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ Customer တွေကို အသိပေးရမယ့် ကိစ္စတစ်ခုရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ Blaze Vintage and Thrift
Shopကို လာမယ့် (17 )ရက်မှာ အပြီးတိုင် ပိတ်သိမ်းတော့မယ်ဆိုတာကို စိတ်မကောင်းစွာနဲ့ အသိပေးအပ်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ သူငယ်ချင်းတွေအတွက် ဒီဆိုင်ဟာ ပထမဆုံးအတွေ့အကြုံလို့ ပြောလို့ရတဲ့အတွက် ဆိုင်မှာ ၀ယ်ခဲ့တဲ့အချိန်အတွင်း အဆင်မပြေတာရှိခဲ့ရင်လဲ ကျွန်တော်တို့ အနေနဲ့ အနူးအညွှတ် တောင်းပန်အပ်ပါတယ်ခင်ဗျာ။ ဒီတစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကျွန်တော်တို့မျှော်လင့်မထားရဲခဲ့တဲ့အထိ ထင်မထားလောက်ခဲ့တဲ့အထိ အားပေးခဲ့ကြတဲ့၊ လက်ဆင့်ကမ်း ညွှန်းပေးခဲ့ကြတဲ့ Customers တစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ Blaze Vintage and Thrift Clothings ဆိုတဲ့ ဆိုင်အသေးစားလေးကို အားပေးခဲ့ကြတဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းရောင်းရင်းအားလုံးကို ကျေးဇူးတင်ရင်း အကောင်းဆုံးနေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ Blaze Vintage and Thrift Clothings ကနေ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။