Phoenix Cafe' & Bar

Phoenix Cafe' & Bar ok Welcome

Bar & Restaurant ကျရှုံးခြင်း 6 မျိုးဆိုင်တစ်ဆိုင်ကိုတည်ဖို့အတွက်မလွယ်ကူဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ System ကျပြ...
25/12/2025

Bar & Restaurant ကျရှုံးခြင်း 6 မျိုး

ဆိုင်တစ်ဆိုင်ကိုတည်ဖို့အတွက်မလွယ်ကူဘူးဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ ။ System ကျပြီး အောင်မြင်တဲ့ဆိုင်တစ်ဆိုင် တည်ဆောက်ဖို့ဆိုတာက ပိုပြီးတော့မလွယ်ကူပါဘူး ။ မည်မျှပင် System ကျနေပါစေ ၊ မည်မျှပင်အောင်မြင်နေပါစေ ဒီအရာကိုရေရှည်ထိန်းထားနိုင်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ကူလှပါဘူး ။

ဒါဆိုရင်ဆိုင်တစ်ဆိုင်ကို ရေရှည်အောင်မြင်ဖို့ ဘာတွေနဲ့ထိန်းကျောင်းပြီး ဘာတွေနဲ့ထောက်ထားရပါမလဲ ။

1.Decorations
ကိုယ်ရောင်းချမည့်အစားအသောက်နဲ့လိုက်ဖက်မည့် သင့်တင့်လျောက်ပတ်တဲ့အပြင်အဆင်မျိုးကိုလိုအပ်ပါတယ် ။ ဆိုင်တစ်ဆိုင်ကိုဧည့်သည်တွေအနေနဲ့ စတင်ပြီးတွေ့ရမယ့်အရာသည် ဆိုင်အပြင်အဆင်ပဲဖြစ်ပါတယ် ။ ဒီအတွက်ကြောင့်မိမိဆိုင်နဲ့လိုက်ဖက်မယ့် အခင်းအကျင်း ၊ အပြင်အဆင် ၊ နေရာအထားအသို ၊ မီးအထားအသို ၊ ဆိုင်နဲ့လိုက်ဖက်မယ့်သီချင်းအမျိုးအစား စတာတွေကလည်းမပါမဖြစ်ထည့်သွင်းစဉ်းစားရမယ့်အချက်ပဲဖြစ်ပါတယ် ။

တချို့ဆိုင်‌‌တွေက Entertainment နဲ့ထိန်းကျောင်းထားကြသလို ၊ တချို့ဆိုင်တွေက ဝန်ဆောင်မှုနဲ့ထိန်းသိမ်းထားတတ်ကြပါတယ် ။ တချို့ဆိုင်တွေကတော့ အစားအသောက်အရသာတွေနဲ့ထိန်းသိမ်းကြပြန်ပါတယ် ။ တချို့ဆိုင်တွေကြပြန်တော့ အေးချမ်းတဲ့နေရာထိုင်ခင်း ၊ သာယာတဲ့ဂီတအမျိုးအစားစတာတွေနဲ့ ထိန်းသိမ်းထားတတ်ကြပြန်ပါတယ် ။ ဒါတွေကတော့မိမိဆိုင်ရဲ့အခြေအနေအပေါ်မူတည်နေပါတယ် ။

2.Service
ဝန်ဆောင်မှုလို့အဓိပ္ပါယ်ရတဲ့အတွက် အစားအသောက်ရဲ့အရသာ၊ ဟင်းပွဲနှောင့်နှေးမှုမရှိခြင်း ၊ ကောင်းမွန်တဲ့ဧည့်ဝတ်ပြုခြင်း ၊ သက်တောင့်သက်သာ‌ဖြစ်နေနိုင်သောနေရာထိုင်ခင်း စတာတွေအပြင် ဆိုင်ဝန်ထမ်းများရဲ့ဝတ်စားဆင်ယင်ပုံ စတာတွေကလည်း ဧည့်သည်အတွက်စိတ်အနှောင့်အယှက်မဖြစ်စေဖို့လိုအပ်သလို ဆိုင်ထဲသို့ဝင်သည့်အချိန်မှစပြီး ဆိုင်ကနေပြန်ထွက်သည့်အချိန်အထိ ပြည့်စုံနေဖို့အပ်ပါတယ် ။

3.Taste
အရသာဆိုတဲ့နေရာမှာပြောစရာရှိနေတာက ဟင်းပွဲတစ်ပွဲကိုမစားသုံးခင် အမြင်၊အနံ့စတာတွေနဲ့အရင်ဆုံးစားသုံးကြတာဖြစ်ပြီး နောက်ဆုံးအချိန်မှအရသာကိုထိတွေ့ခံစားကြရတာပါ ။

ဆိုလိုချင်တာက ဟင်းပွဲတစ်ပွဲအတွက် အနံ့ ၊ အရောင်အဆင်း ၊အထိအတွေ့ ၊ အရသာဆိုပြီး အာရုံ ၄ ပါးတိတိလွှမ်းမိုးထားတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ် ။

ဟင်းပွဲတွေအနေနဲ့မည်မျှပင်ပြည့်စုံနေကာမူ သင့်လျော်တဲ့နေရာထိုင်ခင်း ၊ ကောင်းမွန်တဲ့ဧည့်ဝတ်ပြုမှုတွေမရှိခဲ့ရင်လည်း အရသာဆိုတာထင်သလောက်မပေါ်လွင်တော့ပြန်ပါဘူး ။

ဒါတွေဟာ စိတ်ခံစားချက်နဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေဖြစ်ပါတယ် ။

4.Waste
ဆိုင်တစ်ဆိုင်၊လုပ်ငန်းတစ်ခုကိုထိန်းကျောင်းပေးတဲ့အချက်တွေထဲမှ အလေအလွင့်ဆိုတဲ့အခန်းကဏ္ဌကလည်း သိပ်ကိုအရေးပါလွန်းလှပါတယ် ။ အလေအလွင့်များရင်ဘာဖြစ်မလဲဆိုတာ အားလုံးသိကြမယ်ထင်ပါတယ် ။

အလေအလွင့်မများအောင် မှန်ကန်တဲ့နည်းစနစ်တွေနဲ့ထိမ်းသိန်းထားတာမျိုးကလည်းလိုအပ်ပါတယ် ။ အလေအလွင့်ဆိုတဲ့နေရာမှာ Kitchen တစ်ခုတည်းကိုဆိုလိုခြင်းမဟုတ်ပဲ ဌာနအားလုံးရဲ့အလေအလွင့်ကိုထိန်းသိမ်းနိုင်မှသာလျှင် ပိုမိုအောင်မြင်တဲ့လုပ်ငန်း‌အဖြစ်ရေရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ် ။

အလေအလွင့်ဆိုသည့်အရာကို ဌာနတစ်ခုတည်းအတွက်ရည်ညွှန်းပြီးမပြောတော့ပဲ ဌာနအားလုံးကိုကိုယ်စားပြုပြီးပြောမှာဖြစ်တဲ့အတွက် ဘယ်အရာတွေကဆိုင်တစ်ဆိုင်အတွက် အလေအလွင့်ဖြစ်စေခဲ့သလဲဆိုတာကို တချက်ကြည့်ကြရအောင်ပါ ။

အဓိကအလေအလွင့်အဖြစ်ဆုံးနေရာတွေကတော့ Production လို့ခေါ်တဲ့ထုတ်လုပ်မှုအပိုင်းတွေက အများဆုံးအလေအလွင့်ဖြစ်တတ်ကြပါတယ် ။ ဥပမာ Kitchen , BBQ , Cold Station & Bar ,စတဲ့ဌာနတွေကိုဆိုလိုပါတယ် ။

နောက်ထပ်အလေအလွင့်ဖြစ်စေနိုင်တဲ့ဌာနတွေက Management ပိုင်းဆိုင်ရာအလေအလွင့်ဖြစ်ပါတယ် ။ မလိုအပ်ပဲဝန်ထမ်းခန့်အပ်ခြင်း ၊ မလိုအပ်ပဲလျှပ်စစ်မီးသုံးစွဲမှု ၊ မလိုအပ်တဲ့အထွေထွေအသုံးစားရိတ်များခြင်း စတာတွေကိုပါထည့်သွင်းပြီးဖေါ်ပြရပါမယ် ။

5.Cost
ကုန်ကျစားရိတ်လို့သုံးနှုန်းရမယ့်ဒီအပိုင်းမှာတော့ Production ဌာနတွေကိုဦးတည်ရပါမယ် ။ ဘာလို့ဒီဌာနတွေကိုပဲပြောကြရမလဲဆိုရင် ဆိုင်တစ်ဆိုင်အတွက်အဓိကဝင်ငွေတွေကိုရှာပေးနေတဲ့အတွက်ကြောင့် ကုန်ကျစားရိတ်ကိုတိတိကျကျသိထားနိုင်မှ ဆိုင်ရဲ့အနေအထားအပေါ်မူတည်ပြီး သင့်လျော်တဲ့ရောင်းဈေးကိုရောင်းချနိုင်မှာဖြစ်ပါတယ် ။

6.SOP ( standard operating procedure)
ဒီအပိုင်းမှာကလွယ်မယောင်နဲ့ အရမ်းကိုရှုပ်ထွေးပြီးများပြားလှတာကြောင့် အရေးကြီးတာတွေကိုပဲထည့်သွင်းဖေါ်ပြပေးပြမယ် ။ SOP လို့ဆိုထားတဲ့အတွက် စံချိန်၊စံညွှန်းမီတဲ့စည်းစနစ်တွေကို ချမှတ်ဖေါ်ဆောင်နိုင်ရပါမယ် ။ ဖေါ်ဆောင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းကိုလည်း မည်သည့်ရာထူးမျိုးမဆိုလိုက်နာဆောင်ရွက်နိုင်ဖို့လည်း အရေးတကြီးလိုအပ်ပါတယ် ။

စည်းမျဉ်းစည်းကမ်းဆိုသည်မှာ လုပ်ငန်းရှင်နှင့်ဝန်ထမ်းများအကြား သင့်တင့်လျောက်ပတ်သောစည်းမျဉ်းစည်းကမ်းမျိုးကိုဆိုလိုပြီး မည်သည့်ဘက်ကိုမျှမပါသောစည်းမျဉ်းစည်းကမ်းမျိုးဖြစ်ရန်ပိုပြီးအရေးကြီးပြန်ပါတယ် ။

SOP ရေးဆွဲသော ၊ Management ပြုလုပ်သောခေါင်းဆောင်ပိုင်းရဲ့စိတ်နေစိတ်ထား၊ပြဿနာကိုပါးနပ်စွာဖြေရှင်းနိုင်ခြင်း ၊ လုပ်ငန်းရှင်နှင့်ဝန်ထမ်းများအကြား မျှတအောင်အုပ်ချုပ်နိုင်တဲ့ခေါင်းဆောင်ကောင်းရှိရန်လည်းလိုအပ်ပါသေးတယ် ။

အထက်ပါအချက်တွေကိုနားလည်ပြီး အမှန်တကယ်လိုက်ပါဆောင်ရွက်နိုင်မှသာလျှင် လုပ်ငန်းတစ်ခုကိုအကောင်းမွန်ဆုံးအကောင်ထည်ဖေါ်ဆောင်နိုင်မှာဖြစ်ပြီး ရေရှည်အောင်မြင်မှုကိုပိုင်ဆိုင်နိုင်မှာဖြစ်ပြီး ခဏတာလိုက်နာကျင့်သုံးရုံမျှဖြင့် မည်သို့မျှထူးခြားလာခြင်းမရှိနိုင်ဘူးဆိုတာကိုလည်း နားလည်သဘောပေါက်ထားဖို့လိုအပ်ပါတယ် ။

အကျယ်ချဲ့ပြီးရေးရင် ရေးသလောက်ကျယ်ပြန့်လာမှာဖြစ်တဲ့အတွက် အကြမ်းဖျဉ်းမျှသာတင်ဆက်ပေးလိုက်ရပါတယ် ။




အသက်ကြီးလာတော့ ဘာကိုအကြောက်ဆုံးလဲသိလား????👇👇👇ပါဆယ်ဆွဲလာတဲ့ ဘီယာ​အေးအေးလေး နွေးသွားမှာကိုပဲ🥺🥺
26/07/2025

အသက်ကြီးလာတော့ ဘာကိုအကြောက်ဆုံးလဲသိလား????
👇👇👇
ပါဆယ်ဆွဲလာတဲ့ ဘီယာ​အေးအေးလေး နွေးသွားမှာကိုပဲ🥺🥺

ဖင်မနိူင် ပဲကြီးဟင်းသောက်...စသဖြင့် CM အလားတူ မန့်မျိုး ရေးကြည့်.. #ဝမရှိဝိလုပ်
24/07/2025

ဖင်မနိူင် ပဲကြီးဟင်းသောက်...

စသဖြင့် CM အလားတူ မန့်မျိုး ရေးကြည့်..

#ဝမရှိဝိလုပ်

Address

Pathein

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Telephone

+959421729932

Website

Alerts

Be the first to know and let us send you an email when Phoenix Cafe' & Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phoenix Cafe' & Bar:

Share