LINN LAKK Online Shop

LINN LAKK Online Shop *ကျား၊မ၊ကလေး၊လူကြီး အဝတ်အထည်များ

06/06/2026

ကိုယ်ချက် ကိုယ်စား #မုန့်ဟင်းခါး 🤭

28/03/2025

ငလျင် အသားကုန်လှုပ်

၃ ခါရှိပြီ ပဲဟင်းကြိုက်လို့သွားသွားစားတာ 😁
19/03/2025

၃ ခါရှိပြီ
ပဲဟင်းကြိုက်လို့သွားသွားစားတာ 😁

14/03/2025

ဘာရယ်မဟုတ်ဘူး အမှတ်တရ Video ရိုက်နေတာ၊ 📱ဖုန်းလေး ထောင်တာမြင်တာနဲ့..
📸 ရိုက်ပြီပဲပေးမယ် ကိုကို့ပါလှမ်းခေါ်နေသေးတာ 😆😆

21/06/2024

ငပျင်း ( ပုံပြင် )
_________________

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။

သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကို
ငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။

သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်းသူ့ကိုလက်ဆောင်ပေးသေးတယ်။
ဒီလိုနဲ့ငပျင်းဟာ ရွာပြင်ထွက်ပြီး
ရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေက
ပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ၀ဖီးလာတယ်။

ဒါနဲ့ ရွာသားတွေက
မကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့သူ့နွားကလွဲရင်
ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။

ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲပြန်လာတာပေါ့။ အဲဒီမှာ ရွာသားတွေကသူ့ကိုသတ်ပစ်ချင်ကြတာပေါ့။

သူကြီးက သက်ညှာသောအားဖြင့်သူ့နွားကိုရွာသားတွေက သတ်စားစေဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့
ငပျင်းလည်း" နွားကိုသတ်စားရင်စားပါ ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ"လို့တောင်းတယ်။

ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။

ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ထုပ်ပိုးပြီး ရွာကနေ
ထွက်လာလိုက်တယ်။ ခြေဦးတည့်ရာသွားလိုက်တာ
တောအုပ်တစ်ခုထဲအဖြတ်မှာ
မိုးကချုပ်သွားတယ်။

ဒါနဲ့ နီးစပ်ရာညောင်ပင်ကြီးတစ်ပင်ပေါ်မှာ
တက်အိပ်လိုက်တယ်။ ညလည်းနက်ရော သူအိပ်နေတဲ့ ညောင်ပင်ကြီးအောက်မှာ
လူတစ်စုရောက်နေတာတွေ့လိုက်ရတယ်။ သူတို့အပြောအရ အဲဒီနယ်တစ်ဝှိုက်မှာ
ကျက်စားနေတဲ့ ဓါးပြအုပ်စုဖြစ်နေတယ်။
ဝေစုခွဲရင်း အရက်ထိုင်သောက်နေကြသည်။ ငပျင်းလည်း ကြောက်လန့်ပြီး
ခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေပေါ်ကို ပြုတ်ကျသွားတယ်။

ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ်ထင်ပြီး ဘာမှမယူနိုင်ပဲပြေးပါလေရော။
ငပျင်းလည်း တော်တော်ကြာသွားတော့မှ ဓါးပြတွေရဲ့ စားကျန်တွေစား
တိုက်ရာပါပစ္စည်းများထဲက တစ်ဝက်ကိုယူ ၊
တစ်ဝက်ကိုသူ့ရဲ့နွားသားရေခေါက်နဲ့အတူ မြေမြုပ်ထားခဲ့ပြီး
ရွာကိုနောက်နှစ်ရက်လောက်နေတော့ ပြန်လာခဲ့တယ်။
ရွာသားတွေက သူ့ကိုမြင်တော့တော်တော် အံ့သြသွားတယ်။

ကိုယ်ပေါ်မှာ စိန်တွေ ၊
ရွေတွေနဲ့ သီးနေတာကိုး။ ဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။ ငပျင်းကလည်း -
ကျွန်တော့်နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင်လိုက်တာဗျာ။ ဟိုး
နေပြည်တော်ဖက်မှာ နွားသားရေတွေ အရမ်းစျေးကောင်းနေတာဗျ။
နွားသားရေတစ်ခုထဲမို့လို့ ဒီလောက်ပဲရခဲ့တာ။ တစ်ခြားရွာကလူတွေဆို
ဒီအကြောင်းသိလို့ သွားရောင်းကြတာ တစ်ရွာလုံးသူဌေးဖြစ်နေပြီ။ ဒီရွာက
လူတွေကညံ့ပါတယ်။

ဒါနဲ့ ရွာသားတွေလည်း သူ့စကားယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဖက်မှာ
သွားရောင်းကြတာပေါ့။ ဟိုကလူတွေက သူတို့ကို
အရူးတွေထင်ပြီးမောင်းထုတ်လိုက်ကြတယ်။ ရွာသားတွေလည်း
စိတ်တိုပြီးပြန်လာကြတယ်။ ရွာရောက်တော့ ငပျင်းရဲ့အိမ်ကို
မီးဝိုင်းရှို့လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကို
မီးရှို့ပြီးထွက်လာတဲ့ပြာကိုတော့ သူ့ကိုပေးပါလို့တောင်းတယ်။
ရွာသားတွေကလည်းပေးတယ်။ ငပျင်းက ပြာကို ပုဆိုးနဲ့ထုပ်ပိုးပြီးရွာကနေ
ထွက်လာခဲ့တယ်။ အရင်တစ်ခါ ပစ္စည်းတွေမြေမြှုပ်ထားတာကို ပြန်ဖော်ပြီး
သုံးရက်နေတော့ ရွာပြန်လာတယ်။

ဒီတစ်ခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲဆိုတော့
ရွာသားတွေကမေးပြန်ရော။
ငပျင်းလည်း - အရှေ့ဖက်ကို သုံ့းရက်ခရီးသွားရင် အဲဒီမှာ
သာယာကုန်းဆိုတဲ့ရွာရှိတယ်ဗျ။ အဲဒီရွာက
အိမ်ကိုမီးရှို့လို့ထွက်လာတဲ့ပြာနဲ့ ပြာဆေးဖော်ရောင်းတယ်။ သူတို့ရွာက
သစ်တွေ ဝါးတွေက ဆေးဖက်မဝင်တော့ တခြားရွာက
အိမ်မီးရှို့တဲ့ပြာကိုဝယ်ရတယ်လေ။ သူတို့ဆေးကစွမ်းတော့ ရောင်းကောင်းပြီး
သူဌေးတွေဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပျာရောင်းပြီး ချမ်းသာနေပြီ။
ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံးဆိုပဲ။ ဒါကြောင့်
စျေးကောင်းပေးပြီးဝယ်တာလေ။ ဒါတောင် ပြာကနည်းနည်းပဲပါသွားလို့ပေါ့။ ဒါနဲ့
ရွာသားတွေလည်း အိမ်တွေကိုမီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ်တင်ပြီး
ပြာသွားရောင်းကြတယ်။ ထုံးစံအတိုင်း ဒေါသငယ်ထိပ်ရောက်ပြီး ပြန်လာရပြန်ရော။

ရွာသားတွေတိုင်ပင်ရတော့တာပေါ့။ ငပျင်းကြောင့် ခိုင်းနွားတွေလည်းဆုံး၊
အိမ်တွေလည်းဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှဖြစ်မယ် ဆိုပြီး
ရွာဘေးချောင်းက ငါးထောင်တဲ့မြှုံးတိုင်မှာချည်ထားပြီး ရွာပြန်လာကြတယ်။
ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။ ဒါနဲ့ ငပျင်းလည်း
ဒီတစ်ခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တစ်ခြားရွာက လူတစ်ယောက်က
မျက်လုံးတစ်ဖက်လပ်နေတဲ့ ကျွဲထီးတစ်ကောင်ကို ဆွဲပြီးလျှောက်လာရင်း
သူ့ကိုမြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။ ဟေ့လူ - ခင်ဗျားကို ဘယ်သူတွေက
ဒီလိုချည်ထားတာလဲ တဲ့။
ငပျင်းကလည်း - ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကိုအတင်း
သူကြီးလုပ်ခိုင်းတယ်လေ။ မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာလာချည်ထားကြတာ။
အဲဒီလူကလည်း - နေရာချင်းသာလဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ဆိုတာ
အိမ်မက်တောင် မမက်ဖူးဘူး။
ငပျင်းကလည်း - တကယ်လား ၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်းလဲမယ်လေ။ ရွာသားတွေကို
အဲဒါတော့ အကြောင်းကြားရမယ် ဆိုပြီး အဲဒီလူကို သူ့နေရာမှာချည်ခဲ့ပြီး
သူကတော့ ကျွဲကိုလက်ကဆွဲ ရွာထဲကိုပြန်ဝင်သွားတယ်။
အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။
ရွာသားတွေကလည်း ငပျင်းကို မသေတဲ့အပြင် ကျွဲတစ်ကောင်နဲ့တွေ့ရပြန်တော့
အံ့သြကြပြီး မေးတာပေါ့။

ငပျင်းကလည်း - အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တစ်ခါမှ
ရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့အတူ ကျွဲတွေမျောလာတာ။
ချောင်းကကျယ်တော့ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကို
ရေနက်နက်မှာမချည်ခဲ့တော့ ဒီမျက်လုံးတစ်ဖက်လပ်နေတဲ့ကျွဲပဲရခဲ့တာပေါ့။
ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့မြှုံးမှာ
အချည်ခံကြတော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေအကုန်ပဲ။
ရေနက်လေကောင်းလေဆိုတော့ ငပျင်းက သူတို့ကို ချောင်းလည်မှာချည်ထားလိုက်တယ်။
မိန်းမတွေနဲ့ ကလေးတွေကတော့ ကမ်းပေါ်မှာစောင့်နေကြတယ်။
ဒီရေလည်းတက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ မျောပါသွားကြတယ်။
အစအနတောင်မမြင်ရတော့ဘူး။ ငပျင်းလည်း - လင်တွေပြန်အလာကိုစောင့်နေတဲ့
မိန်းမတွေဆီအော်ပြောလိုက်တယ်။
ကဲ ၊ ဦးနှောက်မရှိတဲ့သူတွေတော့ သွားကြပြီ။ နင်တို့တွေ
ဒီနေ့ကစပြီးငါ့မယားဖြစ်သွားကြပြီ။ ငါ့ကိုလုပ်ကျွေးပြုစုကြပေတော့ လို့ဆိုလိုက်သတဲ့။

ပုံပြင်လေးကဒီတွင်ပြီးဆုံးသွားပါ
သည်။

တစ်ခါအလိမ်ခံရလျှင် လိမ်သူအပြစ်
နှစ်ခါအလိမ်ခံရလျှင် အလိမ်ခံရသူအပြစ်
ထိုကြောင့် အလိမ်မခံရအောင်
Fb သုံးသူများစာဖတ်ခြင်းဖြင့်
ဗဟုတရယူထားဖို့ တိုက်သွန်းပါ
ရစေ စာဖတ်သူ အားလုံးကိုလေးစားလျက်

ငပျင်း ( ပုံပြင် )
#ရွေသွေး

- To Original Writer
လေးစားစွာဖြင့် ပြန်လည်မျှဝေသည်.....

🧽အလုပ်အရမ်းများလို့ 😤စိတ်တိုလွယ်တဲ့မေမေတွေဖတ်သင့်တဲ့စာလေးပါ🥰မိခင်နဲ့ဖခင်တောင်မတူပါဘူး။ မိခင်ဖြစ်သူက အိမ်မှုကိစ္စ၊ ကလေးဝေ...
27/05/2024

🧽အလုပ်အရမ်းများလို့ 😤စိတ်တိုလွယ်တဲ့မေမေတွေဖတ်သင့်တဲ့စာလေးပါ🥰

မိခင်နဲ့ဖခင်တောင်မတူပါဘူး။ မိခင်ဖြစ်သူက အိမ်မှုကိစ္စ၊ ကလေးဝေယျာ၀စ္စ၊ လူကြီးဝေယျာ၀စ္စ၊ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စ၊ အခြားမိသားစု၀င်တွေကိစ္စ စသဖြင့် မရိုးနိုင်အောင် ဖိစီးမှုမှန်သမျှကို ဦးနှောက်ထဲထည့်နိုင်သူတွေဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း မိခင်ဖြစ်သူက ပိုပြီး ဖိစီးမှုများ၊ အာရုံများတတ်ပြီး စိတ်တိုဒေါသထွက်လွယ်လာတတ်ပါတယ်။ အဲဒီလိုအလုပ်အရမ်းများလို့ စိတ်တိုဒေါသဖြစ်လွယ်တဲ့အခါ သားသမီးတွေကို သတိလက်လွတ်အော်ဟစ်မိတာမျိုး၊ အိမ်ထောင်ရေးမှာ စကားများရတာမျိုး၊ အမေမိဘ မောင်နှမကို မချေမငံပြန်ပြောမိတာမျိုးတွေ မကြာခဏဆိုသလို ဖြစ်လာနိုင်ပါတယ်။ ပြောရရင် စိတ်တိုစိတ်ဆတ်မှုကြောင့် ရန်တွေလိုမိနေတာမျိုးပေါ့။ အဲဒါကြောင့် အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်စိတ်ကိုဘယ်လိုထိန်းမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။

၁) ကိုယ့်ကိုကိုယ်သိပါစေ။
ကိုယ့်ကိုကိုယ် နားလည်ဖို့လိုပါတယ်။ ဒီနေ့ အလုပ်တွေအရမ်းများလို့ စိတ်ရှုပ်နေလား၊ အိမ်မှုကိစ္စမှန်သမျှ စုပုံနေတာ ကိုယ်တစ်ယောက်တည်းဒိုင်ခံရှင်းနေရလို့ စိတ်က ဆတ်နေပြီလား။ ကိုယ့်အခြေအနေကိုယ်သိတယ်ဆိုတာနဲ့ ကိုယ့်ကိုကိုယ်ဘာလုပ်ရင် ဘယ်လိုစိတ်ထွက်ပေါက်ရမလဲဆိုတာ နားလည်ဖို့လွယ်ပါတယ်။ ကိုယ်ကတော့ မကြာခင် စိတ်တွေဖိစီးပြီး ပေါက်ကွဲမိတော့မယ်ဆိုတာမျိုးဆိုရင် ကိုယ့်ကိုစိတ်ပြေစေတဲ့အခြေအနေတစ်ခုခုကို လုပ်သင့်တယ်ဆိုတာ သိလာမှာဖြစ်ပါတယ်။

၂) အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပါ။
ကိုယ်စိတ်က တင်းကြပ်နေပြီ…..အဲဒီ့အချိန်မှာ ကလေးက တခုခုကို အမေးအမြန်းထူနေတာမျိုး ဒါမှမဟုတ် အမျိူးသားလုပ်သူက အလုပ်တွေတန်းစီပြီးလာခိုင်းနေတာမျိုး စသဖြင့်တခုခုလုပ်နေတယ်ဆိုရင် သေချာပါတယ်။ သင်ထိုလူအပေါ် သင့်ရဲ့တင်းကြပ်မှုတွေအကုန်ပေါက်ကွဲတော့မှာပါ။ အဲလို လက်မတင်အချိန်လေးမှာ သင့်ကိုယ်သင်ရိပ်စားမိနေတယ်ဆိုရင်တော့ သတိအနေအထားနဲ့ အသက်ကို ခပ်ပြင်းပြင်းရှုသွင်း၊ ရှုထုတ်လုပ်ကြည့်လိုက်ပါ။ မိနစ်ပိုင်းလောက် ခဏတဖြုတ် အသက်ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်လိုက်တဲ့အခါမှာ သင့်စိတ်တွေပြေလျော့သွားပါလိမ့်မယ်။

၃) ရေတစ်ခွက်လောက်သောက်လိုက်ပါ။
သင့်ကလေးက သင့်အခြေအနေကို နားမလည်ဘဲ မေးခွန်းတွေချည်း ဆက်တိုက်လာမေးနေတယ်ဆိုပါတော့။ ခဏလေး ဘာမှပြန်မပြောမိအောင်ထိန်းပြီး ရေတစ်ခွက်လောက် သောက်ချလိုက်ပါ။ အဲဒါက သင့်တင်းကြပ်မှုတွေကို အာရုံပြောင်းသွားစေပါတယ်။ ဒါမှမဟုတ်လည်း သင့်တင်းကြပ်နေတာတွေ၊ စိတ်တိုဒေါသထွက်နေတာတွေ အားလုံး ရေနဲ့မြောသွားပါလိမ့်မယ်။

၄) တစ်ယောက်တည်းဆိတ်ဆိတ်နေကြည့်လိုက်ပါ။
သင့်ကိုတခုခုလာပြောတာနဲ့ သင်ကစတင်ပြီး ဒေါသတကြီးအော်ဟစ်မိတော့မယ်ဆိုရင် အသံတိတ်လေးခဏတဖြုတ် နေကြည့်လိုက်ပါ။ ခဏတဖြုတ်လောက်ပဲဖြစ်ဖြစ် တစ်ယောက်တည်း ငြိမ်ငြိမ်လေးထိုင်နေလိုက်တာမျိုး၊ ခဏတဖြုတ် မှေးနေလိုက်တာမျိုး ဘယ်သူနဲ့မှ စကားမပြောဘဲ ဆိတ်ဆိတ်နေကြည့်လိုက်ပါ။ အဲဒီ့အချိန်လေးမှာ သင့်စိတ်တွေတည်ငြိမ်သွားပါလိမ့်မယ်။

၅) ပွေ့ဖက်ထားလိုက်ပါ။
ကလေးကို သင့်ရဲ့ဖိစီးမှုတွေကြားထဲကနေ အော်ဟစ်မိတော့မယ်ဆိုရင် အရင်ဆုံးမအော်ခင်ကလေးကို ခဏလောက်ဖက်ထားလိုက်ပါ။ ဘာဆိုဘာမှမပြောဘဲ ကလေးကိုဖက်ထားလိုက်ခြင်းက ကလေးနဲ့သင့်ကို နွေးထွေးမှုဖြစ်ပေါ်စေပြီး ဒေါသတကြီးပေါက်ကွဲချင်နေတဲ့စိတ်တွေလည်း အနည်ထိုင်သွားပါလိ့မ်မယ်။

မိခင်တွေက ပိုပြီးလည်း စိတ်ဖိစီးမှုကို ခံရပြီး ပိုပြီးလည်း တာ၀န်များအလုပ်များတဲ့သူမို့ ပိုပြီးလည်း စိတ်တိုဒေါသထွက်လွယ်ပါတယ်။ အဲဒီလိုပါပဲ….စိတ်တိုဒေါသထွက်ပြီးတိုင်းလည်း သနားမိ၊ စာနာမိ၊ အားနာမိတဲ့စိတ်တွေနဲ့ စိတ်မကောင်းဖြစ်၊ ယူကြုံးမရဖြစ်နေတတ်တာလည်း မိခင်တွေပါပဲ။ အဲဒါကြောင့် အလုပ်များတတ်တဲ့မေမေတွေ စိတ်ဖိစီးမှုတွေကြောင့် ဒေါသထွက်လွယ်၊ စိတ်ဆိုးလွယ်နေတယ်ဆိုရင် အထက်က အချက်လေးတွေလိုက်လုပ်ကြည့်လိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

" ဥာဏ်ပညာက စာရိတ္တရဲ့ကွက်လပ်ကို မဖြည့်ပေးနိုင်ဘူး "ဘာဖြစ်လို့ ဥရောပနိုင်ငံသားတွေက အမြဲတမ်း ရှေ့ပြေးနေရနေတာလဲ၊တကယ်လို့ သင...
21/05/2024

" ဥာဏ်ပညာက စာရိတ္တရဲ့
ကွက်လပ်ကို မဖြည့်ပေးနိုင်ဘူး "

ဘာဖြစ်လို့ ဥရောပနိုင်ငံသားတွေက အမြဲတမ်း ရှေ့ပြေးနေရနေတာလဲ၊

တကယ်လို့ သင် သြစတေးလျကိုသွားဖူးရင် သိပါလိမ့်မယ်၊ ဘတ်စကားစီးတာ၊ မော်တော်ဘုတ်စီးတာတွေမှာ လက်မှတ်စစ်မရှိဘူး၊ စာရိတ္တက နိုင်ငံရဲ့ အဓိက အုတ်အမြစ်ပဲ၊

ဖြစ်ရပ်မှန်ပုံပြင်လေးတစ်ပုဒ်ရှိခဲ့တယ်၊

လွန်ခဲ့တဲ့ ၁၂နှစ်လောက်တုန်းက လူငယ်တစ်ယောက်၊ ဘွဲ့ရပြီးတာနဲ့ ပြင်သစ်ကိုသွားပြီး အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ ကျောင်းတတ်တယ်၊ သူ သတိထားမိလိုက္တာက အဲဒီမှာ ဘယ်သွားသွားလက်မှတ်က ကိုယ့်ဖာသာကိုယ်ငွေထည့်ပြီး ကိုယ့်ဖာသာကိုယ်၀ယ်ရတာ၊ ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာအတွက်ပိုက်ဆံချေပြီး ကိုယ့်ကိုယ်လက်မှတ်၀ယ်၊ ဂိတ်တွေမှာလည်း တံခါးမရှိဘူး၊ လက်မှတ်စစ်ဖို့ အစောင့်မရှိဘူး၊ ရှောင်တခင် လက်မှတ်စစ်တယ်ဆိုတာ အရမ်းရှားတယ်၊

သူက ဒါကို အကွက်လို့မြင်ပြီး ကိုယ့်ကိုယ်ကို ဥာဏ်ကောင်းတယ်ပေါ့၊ လက်မှတ်စစ်လို့ မိနိုင်ခြေက ပြင်သစ်လူမျိုး အယောက်သိန်းသန်းနဲ့ချီမှ သူတစ်ယောက်တည်းရှိတယ်ပေ့ါ၊ အဲဒီအတွက် သူ့ကိုယ်သူ ဂုဏ်ယူပြီး နောက်ပိုင်း ဘယ်သွားသွား ဘာလက်မှတ်မှ မ၀ယ်တော့ဘူး၊ ကိုယ့်ကိုယ်ကို အော်.. ငါကအခုမှ အလုပ်အတည်တကျမရှိသေးတဲ့ ကျောင်းသားလေးပဲဟာ .. ချွေတာနိုင်သလောက် ချွေတာမှ ဖြစ်မှာပါလေ ဆိုပြီး ဒီလိုအကြောင်းပြချက်လေး ပေးတယ်၊

ဒီလိုနဲ့ လေးနှစ်ကုန်ဆုံးသွားတယ်၊

နာမည်ကြီး တက္ကသိုလ်တစ်ခုကနေ ရွှေစာလုံးနဲ့ ထူးချွန်အောင်မြင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ရတဲ့အတွက် သူ့ကိုယ်သူ အရမ်းဂုဏ်ယူတယ်၊ ဒါနဲ့ နာမည်ကြီး ပြင်သစ်ကုမ္ပဏီတွေမှာယုံကြည်ချက်အပြည့်နဲ့ သူ အလုပ်သွားလျှောက်တယ်၊

ဒါပေမယ့် အဲဒီကုမ္ပဏီတွေက အစပိုင်းမှာတော့ သူ့ကိုလှိုက်လှိုက်လှဲလှဲနဲ့ ဖိတ်ခေါ် အင်တာဗျူးပြီး နောက်ပိုင်း အင်တာဗျူးအားလုံး မအောင်ခဲ့ဘူး၊ ဒီ့အတွက် သူ့စိတ်ထဲမှာ တော်တော်လေး မကျေမချမ်းဖြစ်ခဲ့တယ်၊

ဒါနဲ့ နောက်ဆုံး ကုမ္ပဏီတစ်ခုမှာသူ အင်တာဗျူးကျမှန်းသိသွားတော့ ရုံးခန်းထဲ ဇွတ်အတင်း၀င်သွားပြီး အင်တာဗျူးလူကြီးတွေကိုမေးလိုက်တယ်၊ သူက နိုင်ငံခြားသားတစ်ယောက်ဖြစ်နေလို့ သူ့ကိုနှိမ်ရတာလား အထင်သေးတာလားတဲ့

သူလက်ခံနိုင်တဲ့ အကြောင်းပြချက်တစ်ခုပေးပါလို့ မေးလိုက်တယ်၊

ဇတ်သိမ်းမှာ သူလုံး၀ မျှော်လင့်မထားတဲ့အဖြေတစ်ခုက သူ့နားပင် သူမယုံနိုင်လောက်အောင် ခေါင်းကြီးသွားခဲ့့တယ် ..

မစ္စတာ၊ ကျနော်တို့ ခင်ဗျားကို အထင်မသေးပါဘူး၊ ဒါ့အပြင် အထင်တောင်ကြီးသေးပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကုမ္ပဏီက အခုထက္ထိ ကြီးသတဲ့ကြီးအောင် ကြိုးစားဆဲဖြစ်လို့၊ ခင်ဗျားတို့လို လူတော်လူမော်တွေကို အရမ်းကိုလိုအပ်လျက်ရှိပါတယ်၊ ဒါ့ကြောင့် ခင်ဗျား ဒီအခန်းထဲစစ၀င်လာပြီး ကျနော်တို့နဲ့အင်တာဗျူးတာနဲ့ ခင်ဗျားရဲ့ ပညာရေးနဲ့ အရည်အချင်းကို အင်မတန်မှသဘောကျခဲ့တယ်၊ အမှန်အတိုင်းပြောရင်၊ ကုမ္ပဏီဘက်ကကြည့်ရင် ခင်ဗျားဟာ ကျနော်တို့ရှာနေတဲ့လူတော်တစ်ဦးပါ

ဒါဆို ဘာဖြစ်လို့ ကျနော့်လို လူတော်ကို ခင်ဗျားတို့ကုမ္ပဏီအတွက် အသုံးမချရတာလဲ ထိုသူပြန်မေးလိုက်သည်၊

ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ သမိုင်းကို ပြန်ကြည့်တာ၊ ခင်ဗျားcredit card ထဲကနေ လက်မှတ်စစ်တဲ့အခါ လက်မှတ်မပြနိုင်တဲ့အတွက် သုံးကြိမ်တိတိ ငွေဒဏ်ရိုက်ထားတာ တွေ့ ရှိရလို့ ဖြစ်တယ်

ကျနော် ဒီအကြောင်းပြချက်ကို လက်မခံနိုင်ဘူး.. ဒီကိစ္စလေးအတွက် နာမည်ကြီးကျောင်းတစ်ခုက ဘွဲ့ရပညာတတ်တစ်ယောက်ကို ငြင်းပယ်ရဲတယ်ဆိုတာ ကျနော်မယုံဘူး

ကိစ္စလေး ဟုတ်လား၊ ကျနော်တို့က ဒါကို ကိစ္စလေးလို့ မမြင်ပါဘူး၊ ကျနော်တို့ သတိထားမိတာ ပထမအကြိမ်ခင်ဗျားလက်မှတ်စစ်မိတာ ကျနော်တို့နိုင်ငံကိုရောက်ပြီးပထမအပတ်မှာဖြစ်တာ၊ လက်မှတ်စစ်က ခင်ဗျားပြောသမျှကို လက်ခံယုံကြည်ပေးခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နိုင်ငံခြားသားဆိုတော့ ရောက်တာသိပ်မကြာသေးလို့ လက်မှတ်မ၀ယ်တတ်ဘူးဆိုပြီးအကြောင်းပြချက်ပေးခဲ့လို့ ခင်ဗျားကိုခွင့်လွှတ်ခဲ့တယ်၊
ဒီလိုနဲ့ ဒုတိယအခေါက်ထပ်ကျူးလွန်ပြန်တယ်

အဲတုန်းက ကျနော့်အိတ်ကပ်ထဲမှာ ပိုက်ဆံအကြွေမရှိလို့

မဟုတ်ဘူး၊ မဟုတ်ဘူး မစ္စတာ၊ ကျနော် ဒီအကြောင်းပြချက်ကိုလက်မခံနိုင်ဘူး၊ ခင်ဗျားက ကျနော့်ရဲ့ အကဲဖြတ်နိုင်စွမ်းဥာဏ်ကို သံသယ၀င်နေပြီ၊ ဒီဖြစ်ရပ်နှစ်ခုကြားမှာ ခင်ဗျား လက်မှတ်မ၀ယ်တာ အကြိမ်တစ်ရာအထက်မနည်းဘူး လို့ ကျနော်ယူဆတယ်

အဲဒါလေးနဲ့ပဲ အပြစ်က ဒီလောက်ကြီးသွားရောလား .. နောက်ပြင်လို့ရတာပဲလေ မဟုတ္ဘူးလား

မရဘူး.. မရဘူးမစ္စတာ၊ ဒီကိစ္စအတွက် ကျနော် အချက်နှစ်ချက်ကို ထောက်ပြချင်တယ် ..

တစ်... ခင်ဗျားဟာ စည်းကမ်းကိုမလေးစားဘူး၊ ဒါတင်မကဘူး၊ ခင်ဗျားဟာ စည်းကမ်းထဲက လစ်ဟာနေတဲ့အချက်ကိုအသုံးချပြီး မကောင်းကြံခဲ့တယ်

နှစ် ခင်ဗျားဟာ ယုံကြည်ထိုက်သူမဟုတ်ဘူး၊ ကျနော်တို့ကုမ္ပဏီက ယုံကြည်မှုကိုအားထားပြီး အလုပ်လုပ်နေရတဲ့ကုမ္ပဏီဖြစ်တယ်၊ တကယ်လို့ကျနော်တို့ခင်ဗျားကို အလုပ်ခန့်လိုက်ရင် ခင်ဗျားတာ၀န်ယူရတဲ့အပိုင်းက ဒေသတစ်ခုအတွက် စျေးကွက်ဖြန့်ကျက်ဖို့လည်းဖြစ်သွားချင် ဖြစ်သွားနိုင်တယ်၊ ကုမ္ပဏီရဲ့ ဘဏ်ဏာရေးကို ချွေတာတဲ့အနေနဲ့ ကျနော်တို့ ကုမ္ပဏီတွေမှာ လုံခြုံရေးကင်မရာတွေ၊ လုံခြုံရေး စနစ်တွေလည်းထားရှိတာမဟုတ်ဘူး၊ ကျနော်တို့ အများပြည်သူသုံး ဘတ်စကား၊ရထားလိုမျိုးပေါ့။

ဒါ့ကြောင့် ကျနော်တို့ ခင်ဗျားကိုလုံး၀ အသုံးချလို့မရဘူး၊ အသေအချာပြောရရင်၊ ကျနော်တို့ မှမဟုတ်ဘူး၊ ခင်ဗျားကို ကျနော်တို့တစ်နိုင်ငံလုံးက အခြားကုမ္ပဏီတွေလည်း အသုံးချရဲမှာလည်းမဟုတ်ဘူး၊

ဒီအချိန်မှာမှ သူအိပ်မက်က နိုးထလာသလို ဖျက်ခနဲ အသိတစ်ခုရသွားတယ်၊

တကယ်မှာ သူအသိတရားရသွားစေတဲ့စကားတစ်ခွန်းက အင်တာဗျူးလူကြီး ပြောလိုက်တဲ့ နောက်ဆုံးစကားတစ်ခွန်းကြောင့်ဖြစ်တယ်။

ထိုလူကြီးပြောလိုက်တဲ့စကားတစ်ခွန်းက

စာရိတ္တက ဥာဏ်ပညာရဲ့ ချို့တဲ့မှုကွက်လပ်ကိုခဏခဏ ဖြည့်ပေးနိုင်တယ်၊
ဒါပေမယ့် ဥာဏ်ပညာက စာရိတ္တရဲ့ ကွက်လပ်ကို လုံးဝ မဖြည့်ပေးနိုင်ဘူး တဲ့ ။



Credit
တေဇ





#ဘဝအတွက်
#မှတ်သားထားသင့်တဲ့စာစုများ
်းပညာ
်းပညာ


အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများလူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊...
07/05/2024

အသက် ၄ဝ အရွယ်......သတိပြုဖွယ်ရာများ

လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ။

ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။

ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။
ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။
၄ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။

ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်အောင် ကာကွယ်ရတယ်။ တားရမယ်။
ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။

ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြ
တယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ ...ဒါတွေ ...ပြီးခဲ့ပါပြီ ...ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။

၄ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။

သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိူးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။

၄ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်... ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)

ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရဲ့ ှStaple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။

သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။

နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။

ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။

အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။

အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။

Credit

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး (၃၀-၄-၂၀၂၄)အင်္ဂါနေ့ နေ့လယ် တစ်နာရီဆယ်မိနစ် အချိန်တွင် ပျံလွန်တော်မူသည်၊၊ #သံသရာမရှည်စေနဲ...
30/04/2024

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
(၃၀-၄-၂၀၂၄)အင်္ဂါနေ့ နေ့လယ် တစ်နာရီဆယ်မိနစ် အချိန်တွင် ပျံလွန်တော်မူသည်၊၊

#သံသရာမရှည်စေနဲ့

ဘဝမှာတစ်ယောက်ယောက်ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ်ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲ လို့
သဘောထားလိုက်ပါ။

ကိုယ်ပါသွားလို့ပြန်ယူမယ်ဆိုတဲ့
စိတ်မျိုးမမွေး ပါနဲ့။
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့အချိန်မှာ
အကြွေးတစ်ခု ဆပ်ခွင့်ရလိုက်တာပဲ လို့
ဖြေကြည့်လိုက်ပါ။

ကိုယ်ခံစားရသလို ပြန်ခံစားစေရမယ်
ဆိုတဲ့ စိတ်မျိုးတော့ မဖြစ်ပါစေနဲ့။
အတုံ့အလှည့်တွေက ထပ်လာနေအုံး
မှာပဲလေ။

ကိုယ့်မှာခံစားရတဲ့ ဒုက္ခတွေကကြီးလွန်း
တဲ့အခါဝဋ်ကြွေးတွေဆပ်နေရတာပဲလို့
သဘောထားပါ။

အတိုး မများခင်ဆပ်ရတာ ကောင်းတယ်
လို့ ကျေနပ်လိုက်ပါ။
ကိုယ်ဒုက္ခကြီးသလို သူတို့တွေလည်း
ကြီးပါစေ ဆိုတာမျိုးနဲ့တော့
မတုန့်ပြန်ပါနဲ့။

ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။
တကယ်တမ်းတော့ သတ္တဝါတွေမှာ
ကံသာ အားကိုးရှိတာပါ။

ကိုယ့်သံသရာ ကောင်းဖို့ ကိုယ်ပဲ
လုပ်ရ မှာလေ။
ကိုယ့်သံသရာပြတ်ဖို့လည်း ကိုယ်ပဲ
ဖြတ်ရမှာပါ။
ကိုယ့်ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ။

အကြွေးဆပ်ရင်း အကြွေးတွေ ထပ်မ
တင်အောင်ပဲ သတိနဲ့ ရှောင်ဖို့ပါပဲလေ။
ဓမ္မတရားဖြင့် ငြိမ်းအေးကြပါစေ။

🙏 #မဟာဗောဓိမြိုင်ဆရာတော်🙏

Photo Credit

ဆရာတော်ဘုရားကြီးအားရှိခိုးကန်တော့ပါ၏
🙏🙏🏼🙏🏼🙏🏼🙏🏼🙏🏼

☀️အပူဒဏ်တော်တော်ဆိုးတယ်လှုပ်ရှားလိုက်တာနဲ့ မောတာ.. နှလုံးခုန်ပါမြန်တယ်.. တော်တော်နဲ့မငြိမ်ဘူး..😰
25/04/2024

☀️အပူဒဏ်တော်တော်ဆိုးတယ်
လှုပ်ရှားလိုက်တာနဲ့ မောတာ.. နှလုံးခုန်ပါမြန်တယ်.. တော်တော်နဲ့မငြိမ်ဘူး..😰

Address

Pyay-Paukkaung Road
Paukkaung
2251987

Telephone

+959977062131

Website

Alerts

Be the first to know and let us send you an email when LINN LAKK Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LINN LAKK Online Shop:

Share

Category