Phonepyae Baby Store & Educational Toys

Phonepyae Baby Store & Educational Toys ကလေးအသုံးအဆောင်ပစ္စည်း ၊အရုပ် နှင့?

ဆိုင်က best seller ဖြစ်တဲ့ Pizza Candy လေးတေ အသစ်ထပ်ရောက်ထားပါဘီရှင့် #ဦးအစ်တ်စားသောက်ဆိုင်မြောက်ဘက်
23/04/2023

ဆိုင်က best seller ဖြစ်တဲ့ Pizza Candy လေးတေ အသစ်ထပ်ရောက်ထားပါဘီရှင့်

#ဦးအစ်တ်စားသောက်ဆိုင်မြောက်ဘက်

📕Life cycle 📕ကလေးတွေ ဗဟုသုတရအောင် တဆင့်ချင်းပြောပြပေးရင်း ဝေါဟာရအသစ်တွေ လေ့လာကြရအောင်  crd
30/12/2020

📕Life cycle 📕

ကလေးတွေ ဗဟုသုတရအောင် တဆင့်ချင်းပြောပြပေးရင်း ဝေါဟာရအသစ်တွေ လေ့လာကြရအောင်
crd

သားသား မီးမီးလေးတွက် စာအုပ်လေးတေရောက်ပီနော်
15/10/2020

သားသား မီးမီးလေးတွက် စာအုပ်လေးတေရောက်ပီနော်

28/09/2020

ှာဒါလေးတွေလုပ်ပေးပါ
(မတ်တတ်ပြေး ကလေးများအတွက်)

1️⃣ အိပ်ရာဝင်ချိန်မှာ ပုံပြောပြပါ။ အတူတူစာဖတ်ပါ။

2️⃣ ထမင်းဟင်းချက်၊ အဝတ်လျှော်၊ အိမ်ရှင်းရာမှာ ကလေးကိုပါ အတူတူပါဝင်ခွင့်ပေးလိုက်ပါ။

3️⃣ သစ်ပင်လေးတစ်ပင်လောက် အတူတူစိုက်ကြည့်ပါ။ ကလေးဝါသနာပါရင် အိမ်မွေးတိရစ္ဆာန်လေးတွေ ပေးမွေးနိုင်ပါတယ်။

4️⃣ Board game တွေ ကျား၊ စစ်တုရင်၊ မြွေလှေကား စတာတွေ အတူကစားပါ။ ပြိုင်ပွဲယှဉ်ပြိုင်ကစားရင် ကလေးကို တမင်အမြဲအနိုင်မပေးသင့်ပေမယ့် တစ်ခါတလေ အလျော့ပေးကစားပေးနိုင်ပါတယ်။ နိုင်ခြင်း၊ ရှုံးခြင်းအရသာကို ကစားပွဲက သူတို့စလေ့လာသင်ယူပါတယ်။

5️⃣ မေမေတို့အခုစိတ်ညစ်နေရသလို ကလေး​တွေလည်း စိတ်ဖိစီးနေပါတယ်။ နားလည်ပေးပါ။ တစ်နေ့တာမှာ သူတို့ဝါသနာလေးတွေ လုပ်တာ ဖြစ်ဖြစ်၊ Gameတစ်ပွဲဖြစ်ဖြစ်၊ ချောကလက်တစ်တုံးဖြစ်ဖြစ် ပေးကျွေးလို့ရပါတယ်။ သူတို့ပျော်ပါစေ။

6️⃣ အိမ်သို့အခန်းရဲ့အထားအသို ပြောင်းပြောင်းကြည့်ပါ။ ဒါက စိတ်ကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။ ကစားနေကျ ကစားစရာတွေအပြင် မကစားတာကြာနေတဲ့ ကစားစရာအဟောင်းတွေ ပြန်ရှာပြီး သူတို့ကို ပေးကစားကြည့်ပါ။ အပြောင်းအလဲ ဖြစ်စေပါတယ်။

7️⃣ Covid 19အကြောင်း ကလေးနဲ့အတူ Art & Craft သို့ စာတစ်ပုဒ် သို့ သတင်းတစ်ပုဒ် ရေးကြည့်ပါ။ ကမ္ဘာမှာ ဖြစ်နေတဲ့ နောက်ဆုံး up to dateအနေအထားကို အတူလေ့လာပါ။

8️⃣ လှုပ်လှုပ်ရှားရှား တစ်နေ့ကို နာရီဝက်လောက်နေပေးပါ။ အတူတူဘောလုံးကန်၊ ကြိုးခုန်နိုင်ပါတယ်။ သွေးပူလှုပ်ရှားအောင် ကစားပါ။ ခြံရှိရင် ခြံထဲလမ်းလျှောက်ပါ။ အတူတူကပါ။

9️⃣ ကလေးလေးအတွက် စိတ်ခွန်အားပေးနိုင် ချစ်ခြင်းမေတ္တာကို ပြနိုင်တဲ့ စာကြောင်းတိုလေးတွေ နေ့စဉ်ရေးပေးပြီး သူတို့ကိုချစ်ကြောင်း၊ သူတို့ မိဘရိပ်မှာ လုံခြုံစွာ ရှိနေကြောင်း ပြနိုင်ပါတယ်။

🔟ကလေးနဲ့အတူ နေ့စဉ် ဘုရားရှိခိုး၊ တရားအတူထိုင်ပါ။ ဝင်လေ ထွက်လေမှတ်ပါ။

1️⃣1️⃣ သီချင်းအတူနားထောင်ပါ။ ရုပ်ရှင်အတူကြည့်ပါ။ ပန်းချီအတူရေးပါ။

1️⃣2️⃣ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ စကားပြောဖို့ zoom video call စတာတွေသုံးပြီး ဆက်သွယ်ဖို့ ကူညီပေးပါ။

1️⃣3️⃣ နေ့စဉ်လုပ်ဖို့ တနေ့တာအချိန်ဇယား အတူတူဆွဲထားပြီး ဇယားအတိုင်း အတူတူ လိုက်လုပ်ကြည့်ပါ။

1️⃣4️⃣ အတူတူ ထမင်းစားပါ။ အတူတူနေရတဲ့ အချိန်တွေဟာ ရခဲပါတယ်။ အမှတ်တရတွေကျန်အောင် ကောင်းစွာ အသုံးချကြည့်ပါ။

1️⃣5️⃣ ဒီကာလအပြီးမှာ ဘာတွေလုပ်ကြမလဲ ဆွေးနွေးတဲ့အခါ ကလေးကိုပါ ပါဝင်ပါစေ။ မိသားစုတွေ စုပေါင်းပြီး ဒီကာလကို အတူတူရင်ဆိုင်ရအောင်။

မကြာခင် Back to normal ဖြစ်လာဖို့ တကယ်မျှော်လင့်ပါတယ်။

❤️နွယ်နီကံဝင်း

❌ဈေးရောင်း post မဟုတ်ပါ 🤩ဘယ်အကောင်လေးက ဘာစားလဲ ???စဉ်းစား 💭 တွေးတောခိုင်းပြီး ခုလ်ို stay home ကာလမှာ ဖေဖေမေမေတို့နှင့်အ...
27/09/2020

❌ဈေးရောင်း post မဟုတ်ပါ 🤩
ဘယ်အကောင်လေးက ဘာစားလဲ ???
စဉ်းစား 💭 တွေးတောခိုင်းပြီး ခုလ်ို stay home ကာလမှာ ဖေဖေမေမေတို့နှင့်အတူ သားသားမီးမီးတို့ရဲ့ အချိန်တွေကို အကျိုးရှိစွာ ဖြတ်သန်းကြမယ် ။ 🥰

်ထောက်ကူပစ္စည်းဆိုင်

16/09/2020

ရွေးခြယ်လို့မရတဲ့အထဲမှာတော့ "မိဘ"က အရေးအကြီးဆုံးပဲ။

ရွေးခြယ်ခွင့်မရတဲ့ ဒီမိဘကံကောင်းဖို့ဟာ လူ့ဘဝမှာ အတော်အရေးပါတယ်။

ပညာရယ်
အမှားအမှန်ရယ်
သေချာ ပိုင်းခြားပေးနိုင်တဲ့အပြင်
မေတ္တာပါပေးတဲ့ မိဘမျိုးရလို့ကတော့ ဒီကလေးက ကံအကောင်းဆုံးပါပဲ။

​ဟိုးငယ်ငယ်က တရုတ်ဇာတ်လမ်းမှာ အမေကသေခါနီး သူ့ကလေးငါးယောက်ကို မွေးစားဖို့ လူလိုက်ရွေးပေးတဲ့ ကားတစ်ကား ကြည့်ဖူးတယ်။

အဲ့ထဲက ပြကွက်တစ်ခု ခုထိမှတ်မိတယ်။ အငယ်ဆုံးကောင်လေးကို မွေးစားတဲ့မိဘတွေကို သူစိတ်အပူဆုံးပဲ အရမ်းချမ်းသာလွန်းတယ်။ မေတ္တာပေးနိုင်သူနည်းတယ်တဲ့။

ဒီတော့ ချမ်းသာတဲ့မိဘရတိုင်းလည်း ကံကောင်းတာတော့ မဟုတ်ဘူးဆိုတာ ဒီထဲက နားလည်မိတယ်။

အိမ်ကသားကိုတော့ မင်းကံကောင်းတယ်လို့ ပြောမိတယ်။ ငွေထက် သူ့ငယ်ဘဝမှာ လိုသမျှအကုန် အဖေရော အမေရောက ဖြည့်ဆည်းပေးတယ်။

အရေးအကြီးဆုံးက ကလေးအတွက် အချိန်ပေးတယ်။

မှန်ကန်တဲ့ ပြုစုစောင့်ရှောက်မှုပေးတယ်။

လိုအပ်ရင် ကိုယ်တိုင်စာပါသင်ပေးတယ်။

ကြီးလာရင် ဘာအမွေမှ မပေးဘူးနော်လို့ သူတို့နားလည်လာတဲ့အခါ ပြောရမယ်ဆိုတာလည်း သိပ်ချစ်လွန်းလို့သာ ဖြစ်ပါတယ်။

နွယ်နီကံဝင်း

နာရီသင်ဖို့ အတွက် DIY Clock လေး​ေတွဆိုင်မှာရှိပါတရ်နော်တစ်ခု ၁၅၀၀ပါ
08/09/2020

နာရီသင်ဖို့ အတွက် DIY Clock လေး​ေတွဆိုင်မှာရှိပါတရ်နော်

တစ်ခု ၁၅၀၀ပါ

ဘုန်းပြည့်လေးအတွက် မြန်မာစာသင်ပေးဖို့😍🥰😘
08/09/2020

ဘုန်းပြည့်လေးအတွက် မြန်မာစာသင်ပေးဖို့😍🥰😘

Opposite Words လေးတွေ လေ့လာချင်တဲ့ ကလေးတို့အတွက်ပါနော်...  crd
07/09/2020

Opposite Words လေးတွေ လေ့လာချင်တဲ့ ကလေးတို့အတွက်ပါနော်...
crd

သားသား ဝတ်ထားတဲ​့ Avengers ဝမ်းဆက်လေး ဆိုင်မှာရှိပါတရ်ရှင့်   မိုးတွင်းဆိုတော့ ခြင်ကိုက်မှာလဲစိတ်မပူရတော့ဘူးနော်   အသားအ...
07/09/2020

သားသား ဝတ်ထားတဲ​့ Avengers ဝမ်းဆက်လေး ဆိုင်မှာရှိပါတရ်ရှင့် မိုးတွင်းဆိုတော့ ခြင်ကိုက်မှာလဲစိတ်မပူရတော့ဘူးနော် အသားအရမ်းကောင်း
ရေဘလောက်လျှော်လျှော်အရောင်မကျွတ် မကျုံသွားဘူးနော် ၁၀၀%အာမခံပါတရ် ရှင့်
၃နှစ်ကနေ ၁၂နှစ်ထိရှိတရ်နောိ


Address

Pindaya

Telephone

+959782893668

Website

Alerts

Be the first to know and let us send you an email when Phonepyae Baby Store & Educational Toys posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phonepyae Baby Store & Educational Toys:

Share